×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 02 December 2020

သင်က Makeup Artist တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသူလား?

သင်က Makeup Artist တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသူလား? ဒါဆို ဒီအချက်လေးတွေကို သတိပြုလေ့ကျင့်ပြီး အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။

 

လူတိုင်းမှာ အိပ်မက်ပန်းတိုင်အသီးသီးရှိကြပါတယ်။ အထူးသဖြင့် လူငယ်တွေက ပိုပြီး အိပ်မက်မက်တတ်ကြပါတယ်။ အခုခေတ် လူငယ်တော်တော်များများ က Social Media အသုံးပြုမှုများလာတာနဲ့အမျှ မျက်စိပွင့်နားပွင့်ဖြစ်လာကာ သူတို့ရဲ့အိပ်မက်ပန်းတိုင်တွေက ပိုတောက်ပလာကြပါတယ်။ အကယ်၍ သင်က Makeup Artist တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသူ ဆိုရင်တော့ ဒီ ဆောင်းပါး က သင့်အတွက်ဖြစ်တာမို့ ဆက်ဖတ်ကြည့်နော်။

 

Beauty trends တွေနဲ့ အမြဲယှဉ်တွဲနေချင်တယ်၊ မတူညီတဲ့ Makeup looks တွေကို ဖော်ထုတ်ချင်တယ်၊ ရေပန်းစားနေတဲ့ Celebrity တွေနဲ့ အမြဲ တူတူအလုပ်လုပ်ချင်တယ်ဆိုရင်တော့ သင်က Makeup Artist တစ်ယောက်ဖြစ်ချင်တာလုံးဝသေချာသွားပါပြီ။

ဒါဆို အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက် ( ၄ ) ချက် ကို ဝေမျှပေးပါ့မယ်။

 

( ၁ ) လေ့ကျင့်ပါ၊ ထပ်ပြီးလေ့ကျင့်ပါ၊ အမြဲလေ့ကျင့်ပါ။
“ Practice makes perfect” ဆိုတဲ့စကား က အားလုံးနဲ့ ရင်းနှီးပြီးသားပါ။ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့လူလည်း လေ့ကျင့်ရပါမယ်။ သင့်ကိုယ်သင်ပဲဖြစ်ဖြစ်၊ သင့်သူငယ်ချင်းကိုပဲဖြစ်ဖြစ် မတူညီတဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေ အမြဲလုပ်ပြီးလေ့ကျင့်ပါ။ များများလေ့ကျင့်လေ သင့်အတွက် ရလဒ်ပိုကောင်းလေပါပဲ။ International Makeup Artist တစ်ယောက်ဖြစ်တဲ့ Simone ( ဆိုင်မွန် ) က “ Practice is key” လို့ပြောပါတယ်။ သူက “ပရိုဖက်ရှင်နယ်တွေဆီက သင်ယူခြင်းက သိပ်ကိုအရေးပါပေမဲ့ နေ့တိုင်းသင်လေ့ကျင့်နေဖို့ က အရေးကြီးဆုံးပါပဲ” လို့ ဆိုပါတယ်။

 

( ၂ ) မိတ်ကပ်ကောင်တာတွေမှာ အလုပ်လုပ်ပါ။
Professional Makeup Artists တော်တော်များများ က Beauty Store တွေ ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ မိတ်ကပ်ကောင်တာတွေမှာအလုပ်လုပ်ဖို့ အကြံပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့လူအများရဲ့ Personality တွေ၊ သူတို့ရဲ့ အသားအရေအမျိုးအစားတွေ၊ မတူညီတဲ့ အသက်အရွယ်အပိုင်းအခြားက လူတွေ အားလုံးနဲ့ အကျွမ်းတဝင်ဖြစ်သွားစေတာမို့ပါ။ Makeup Artist တစ်ယောက် က အလှအပပြင်တတ်ရုံနဲ့ အဆင်မပြေပါဘူး။ ပေါင်းသင်းဆက်ဆံရေးပါးနပ်ဖို့လည်း လိုအပ်တာကြောင့်ပါ။ ဒီတော့ မိတ်ကပ်ကောင်တာတွေ က သင့်ကို Makeup Artist တစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့အတွေ့အကြုံတွေပေးစွမ်းနိုင်တဲ့နေရာတစ်ခုပါ။

 

( ၃ ) ဆိုရှယ်ပလက်ဖောင်းတစ်ခုမှာ နေရာတစ်ခုရဖို့ ကြိုးစားပါ။
အင်တာနက် ကို ကျေးဇူးတင်ပါ။ အင်တာနက်ကြောင့် Beauty World တစ်ခုလုံးက အဆမတန်ပြောင်းလဲလာတာပါ။ ဒီလို ပြောင်းလဲလာတာနဲ့အမျှ သင့်အတွက်နေရာတစ်နေရာစာ ကိုလည်း ရှာဖွေပါ။ သင်က Makeup Artist တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဆိုရှယ်မီဒီယာမှာ သင်ရှိနေကြောင်းလူတွေကို သင်ချပြနိုင်ရပါမယ်။ အခုလက်ရှိ Youtuber ၊ Instagrammer တော်တော်များများက Makeup Blog တွေဖန်တီးကြတာသတိပြုပါ။ ဒါကြောင့် သင်အောင်မြင်ချင်ရင် Follow the Trend နော်။

 

( ၄ ) နည်းပြကောင်းကိုရှာဖွေပါ။
သင့် career တစ်လျှောက်မှာ သင့်ကို နည်းမှန်လမ်းမှန် ပြသနိုင်မယ့် နည်းပြကောင်းတစ်ယောက်ရှိကိုရှိရပါမယ်။ သူတို့နဲ့အတူ အလုပ်သင်အနေနဲ့ သင်ဝင်လုပ်နိုင်မယ့်အခွင့်အရေးရခဲ့ရင်တော့အကောင်းဆုံးပေါ့။

>>> Make-up - ပညာကိုသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင် https://www.sayar.com.mm/subjects/all-teachers/subject-295.html<<

 

2020 အတွင်းမှာ ကျော်ကြားရေးပန်းစားတဲ့ Make-up Tutorial တွေကိုလေ့လာဖို့ သင့်လျော်တဲ့ နိုင်ငံတကာ Website နဲ့ Blog တစ်ချို့ကို စုစည်းတင်ပြပေးလိုက်ပါတယ်။


(1) https://cristincooper.com/category/beauty/tutorials/
(2) https://www.uptownwithellybrown.com/videos/
(3) http://workingwithmonolids.blogspot.com/
(4) https://realtechniques.com/
(5) https://blog.skindinavia.com/
(6) http://kireimakeup.com/category/makeup-tutorials/
(7) https://keikolynn.com/beauty-tutorials/
(8) https://www.youtube.com/c/AbbySmithtwistmepretty/videos
(9) https://www.hellofashionblog.com/videos-page

 

 

 


 


 


 


 


 


 


 


 


 




Read times
Rate this articles
(1 Vote)