×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 15 December 2020

၂၀၂၁ မှာ ရေပန်းစားလာမယ့်အလုပ်အကိုင်များ

သင်ကအခုမှ သင့် Career Path ကိုရွေးချယ်မယ့်လူလား? ဒါဆိုရင်တော့ အခုပြောပြမယ့် ၂၀၂၁ မှာ ရေပန်းစားလာမယ့်အလုပ်အကိုင်တွေကို သိထားဖို့လိုမယ်နော်။

 

အားလုံးသိတဲ့အတိုင်း ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေထိခိုက်တဲ့အပြင် စီးပွားရေးလုပ်ငန်းအားလုံးလည်း တစ်ဆစ်ချိုးပြောင်းလဲသွားရပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ မှာ အလုပ်အကိုင်ရှာဖွေမယ့်လူတွေအနေနဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာပြီးစဉ်းစားဖို့လိုပါတယ်။ ဒါဆို ၂၀၂၁ မှာရေပန်းစားလာမယ့်အလုပ်တွေကဘာတွေလဲ။

 

(၁) Hybrid Role
တကယ်ဆိုရင်တော့ "Hybrid Role" ဆိုတာ ရာထူးတစ်ခုရဲ့ခေါင်းစဉ် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ "Hybrid Role" ဆိုတာ ရေပန်းစားလာမယ့် အလုပ်တွေရဲ့ထိပ်ဆုံးကို ရောက်ရှိနေရတာပါလဲ??? ဘာကြောင့်လည်းဆိုတော့ Covid ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ စီးပွားရေးလုပ်ငန်း အများစုက လုပ်ငန်းတွေထိခိုက်ခဲ့တယ်။ ဝင်ငွေတွေလျော့နည်းလာခဲ့ပါတယ်။ ဒီ့အတွက် 2021 မှာ လုပ်ငန်းတွေအောင်မြင်ဖို့ရာ ပြန်လည်ပြီး အားယူလည်ပတ်ရမယ့်အချိန်ဖြစ်ပါတယ်။ ဝင်ငွေထိခိုက်လာတာနဲ့အမျှ ကုမ္ပဏီတစ်ခု (သို့) လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းအများကြီးခန့်မယ့်အစား စွယ်စုံရဝန်ထမ်းအနည်းငယ်နဲ့ ပြန်ပြီးလည်ပတ်ဖို့ကို အဓိကအလေးထား စဉ်းစားကြမှာပဲဖြစ်ပါတယ်။ ဒီ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုအားကောင်းတဲ့ "Hybrid - စွယ်စုံရ" သမားတွေအတွက် အခွင့်အလမ်းတွေ ပိုကောင်းလာမှာပါ။

ဥပမာ - Administrative Assistant ရာထူးလို့ဆိုပေမယ့်" Admin နဲ့သက်ဆိုင်တဲ့ ရုံးတွင်းပိုင်းတွေရော၊ HR နဲ့သက်ဆိုင်တဲ့ ဝန်ထမ်းရေးရာပိုင်းတွေရော" ကျွမ်းကျင်တဲ့သူမျိုးတွေ ပိုမိုလိုအပ်လာပါလိမ့်မယ်။

 

(၂) Digital Marketing Specialists
ဒီနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ စီးပွားရေးပုံစံတွေ၊ ကြော်ငြာပုံစံတွေ၊ ကုန်ပစ္စည်းတွေကို ထိုးဖောက်တဲ့ပုံစံတွေ အများကြီးပြောင်းလဲလာပါတယ်။ "eCommerce Platforms" တွေလည်း အများကြီး ပေါ်ပေါက်လာခဲ့တယ်။ စီးပွားရေးလုပ်ငန်းတိုင်းက လေလှိုင်းပေါ်ကို ရောက်ရှိလာပါတယ်။ အသက်အရွယ်အပိုင်းအခြားမရွေး Social Media မှာပဲ ပျော်မွေ့လာကြတဲ့အခါ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့စိတ်ဝင်စားတဲ့အရာတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရတဲ့ နည်းလမ်းတွေက ပြောင်းလာခဲ့ပါတယ်။။ ဒါကြောင့် Social Media ကို ပိုင်နိုင်တဲ့ Digital Marketing သမားတွေကို လိုအပ်လာမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မင်းအနေနဲ့ "SEO" "Google ads" ကျွမ်းကျင်မှုရှိလားဆိုတဲ့ JD တွေကို အများဆုံး တွေ့မြင်ရပါလိမ့်မယ်။

 

(၃) Graphic Designers/Creatives
ဒီအလုပ်ကလည်း ၂၀၂၁ မှာတော်တော်ရေပန်းစားလာမယ့်အလုပ်တစ်ခုဖြစ်ပါတယ်။ အကယ်၍သင်က Creativity ပါတဲ့ အလုပ်ကိုလုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့သူဆိုရင်တော့ ဒီအလုပ်ကသင်နဲ့အကိုက်ညီဆုံးဖြစ်မှာပါ။ ခုတည်းက သေချာလေ့လာလိုက်စားပြီး ပြင်ဆင်ထားလိုက်ပါ။

 

(၄) Marketing Strategists
ဒီရာထူးကလည်း ၂၀၂၁ မှာခေတ်စားလာမယ့် အလုပ်တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ "marketing strategies" "identifying the best messaging & creative concept" "executing the strategy" တွေ ရေးဆွဲတာတွေက ရေပန်းစားလာမှာပဲဖြစ်ပါတယ်။

 

(၅) Data Analysts
အခုနောက်ပိုင်းမှာ လုပ်ငန်းရှင်တော်တော်များများက Data (အချက်အလက်)ရဲ့အရေးကြီးပုံကို အာရုံစိုက်မိလာကြပါတယ်။ ခုခေတ်မှာ ရေပန်းအစားဆုံး ဥပမာတစ်ခုအနေနဲ့ဆိုရင် - Facebook Page တစ်ခုထောင်ရင်တောင် ထောင်ပြီး ပြီးရော၊ ရောင်းရ ပြီးရောမထားဘဲ Page Insight ထဲက တစ်နေ့ဘယ်နှယောက် page ကို ဝင်ကြည့်သလဲ၊ ဘာတွေကို ပိုနှစ်သက်ကြသလဲ၊ ဘယ်အသက်အရွယ်တွေက ပိုအကြည့်များသလဲ စသဖြင့် ဒေတာတွေကို ဂရုတစိုက်မှတ်သားထားတတ်ကြပါတယ်။


တိကျသေချာတဲ့အချက်အလက်တွေ၊ Reporting တွေ၊ သေသေချာချာ စာရင်းပြုစုထားတဲ့ "Analyze Data" တွေ . . .စတာတွေနဲ့အတူ Data Analysts ကလည်း တကယ့်ကို ရေပန်းစားလာမယ့်အလုပ်တစ်ခုဖြစ်ပါတယ်။

 

ဒီရာထူးတွေအပြင် (၂၀၂၁) အတွက် "High-Demand" ဖြစ်နေအုန်းမယ့် ရာထူးတွေကတော့
(၁) Accountants
(၂) HR Professional
(၃) Operations Manager
(၄) IT Professionals
(၅) Web Engineers တို့ပဲ ဖြစ်ပါတယ်။

 

ဒီလိုရေးပန်းစားလာမယ့် ရာထူးတွေကို ခန့်မှန်းခြေ သိရှိပြီဆိုရင်တော့ ကိုယ် တကယ်စိတ်ပါဝင်စားတဲ့ နယ်ပယ်မှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်ဖို့ရာ လိုအပ်တဲ့ သင်တန်းတွေ၊ လေ့ကျင့်မှုတွေ ပြုလုပ်ထားဖို့ အကြံပြု တင်ပြလိုက်ပါတယ်။

 

Ref: https://careergroupcompanies.com/top-careers-for-the-new-decade/

 

 

သင္ကအခုမွ သင့္ Career Path ကိုေ႐ြးခ်ယ္မယ့္လူလား? ဒါဆိုရင္ေတာ့ အခုေျပာျပမယ့္ ၂၀၂၁ မွာ ေရပန္းစားလာမယ့္အလုပ္အကိုင္ေတြကို သိထားဖို႔လိုမယ္ေနာ္။

အားလုံးသိတဲ့အတိုင္း ကိုဗစ္ေၾကာင့္ ကမာၻ႔စီးပြားေရးလုပ္ငန္းေတြထိခိုက္တဲ့အျပင္ စီးပြားေရးလုပ္ငန္းအားလုံးလည္း တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားရပါတယ္။ ဒါေၾကာင့္လည္း ၂၀၂၁ မွာ အလုပ္အကိုင္ရွာေဖြမယ့္လူေတြအေနနဲ႔ အေျခအေနအရပ္ရပ္ကို သုံးသပ္ေလ့လာၿပီးစဥ္းစားဖို႔လိုပါတယ္။ ဒါဆို ၂၀၂၁ မွာေရပန္းစားလာမယ့္အလုပ္ေတြကဘာေတြလဲ။

 

(၁) Hybrid Role
တကယ္ဆိုရင္ေတာ့ "Hybrid Role" ဆိုတာ ရာထူးတစ္ခုရဲ႕ေခါင္းစဥ္ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီ "Hybrid Role" ဆိုတာ ေရပန္းစားလာမယ့္ အလုပ္ေတြရဲ႕ထိပ္ဆုံးကို ေရာက္ရွိေနရတာပါလဲ??? ဘာေၾကာင့္လည္းဆိုေတာ့ Covid ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ကမာၻအႏွံ႔မွာရွိတဲ့ စီးပြားေရးလုပ္ငန္း အမ်ားစုက လုပ္ငန္းေတြထိခိုက္ခဲ့တယ္။ ဝင္ေငြေတြေလ်ာ့နည္းလာခဲ့ပါတယ္။ ဒီ့အတြက္ 2021 မွာ လုပ္ငန္းေတြေအာင္ျမင္ဖို႔ရာ ျပန္လည္ၿပီး အားယူလည္ပတ္ရမယ့္အခ်ိန္ျဖစ္ပါတယ္။ ဝင္ေငြထိခိုက္လာတာနဲ႔အမွ် ကုမၸဏီတစ္ခု (သို႔) လုပ္ငန္းတစ္ခုမွာ ဝန္ထမ္းအမ်ားႀကီးခန႔္မယ့္အစား စြယ္စုံရဝန္ထမ္းအနည္းငယ္နဲ႔ ျပန္ၿပီးလည္ပတ္ဖို႔ကို အဓိကအေလးထား စဥ္းစားၾကမွာပဲျဖစ္ပါတယ္။ ဒီ့အတြက္ လုပ္ငန္းပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈ ပိုမိုအားေကာင္းတဲ့ "Hybrid - စြယ္စုံရ" သမားေတြအတြက္ အခြင့္အလမ္းေတြ ပိုေကာင္းလာမွာပါ။

ဥပမာ - Administrative Assistant ရာထူးလို႔ဆိုေပမယ့္" Admin နဲ႔သက္ဆိုင္တဲ့ ႐ုံးတြင္းပိုင္းေတြေရာ၊ HR နဲ႔သက္ဆိုင္တဲ့ ဝန္ထမ္းေရးရာပိုင္းေတြေရာ" ကြၽမ္းက်င္တဲ့သူမ်ိဳးေတြ ပိုမိုလိုအပ္လာပါလိမ့္မယ္။

 

(၂) Digital Marketing Specialists
ဒီေန႔ေခတ္မွာ နည္းပညာေတြတိုးတက္လာတာနဲ႔အမွ် စီးပြားေရးပံုစံေတြ၊ ေၾကာ္ျငာပံုစံေတြ၊ ကုန္ပစၥည္းေတြကို ထိုးေဖာက္တဲ့ပံုစံေတြ အမ်ားႀကီးေျပာင္းလဲလာပါတယ္။ "eCommerce Platforms" ေတြလည္း အမ်ားႀကီး ေပၚေပါက္လာခဲ့တယ္။ စီးပြားေရးလုပ္ငန္းတိုင္းက ေလလႈိင္းေပၚကို ေရာက္ရွိလာပါတယ္။ အသက္အ႐ြယ္အပိုင္းအျခားမေ႐ြး Social Media မွာပဲ ေပ်ာ္ေမြ႕လာၾကတဲ့အခါ လုပ္ငန္းရွင္ေတြအေနနဲ႔ သူတို႔စိတ္ဝင္စားတဲ့အရာေတြနဲ႔ စားသုံးသူေတြကို ဆြဲေဆာင္ရတဲ့ နည္းလမ္းေတြက ေျပာင္းလာခဲ့ပါတယ္။။ ဒါေၾကာင့္ Social Media ကို ပိုင္ႏိုင္တဲ့ Digital Marketing သမားေတြကို လိုအပ္လာမွာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ မင္းအေနနဲ႔ "SEO" "Google ads" ကၽြမ္းက်င္မႈရွိလားဆိုတဲ့ JD ေတြကို အမ်ားဆံုး ေတြ႕ျမင္ရပါလိမ့္မယ္။

 

(၃) Graphic Designers/Creatives
ဒီအလုပ္ကလည္း ၂၀၂၁ မွာေတာ္ေတာ္ေရပန္းစားလာမယ့္အလုပ္တစ္ခုျဖစ္ပါတယ္။ အကယ္၍သင္က Creativity ပါတဲ့ အလုပ္ကိုလုပ္ခ်င္ကိုင္ခ်င္စိတ္ရွိတဲ့သူဆိုရင္ေတာ့ ဒီအလုပ္ကသင္နဲ႔အကိုက္ညီဆုံးျဖစ္မွာပါ။ ခုတည္းက ေသခ်ာေလ့လာလိုက္စားၿပီး ျပင္ဆင္ထားလိုက္ပါ။

 

(၄) Marketing Strategists
ဒီရာထူးကလည္း ၂၀၂၁ မွာေခတ္စားလာမယ့္ အလုပ္ေတြထဲက တစ္ခုအပါအ၀င္ပဲျဖစ္ပါတယ္။ "marketing strategies" "identifying the best messaging & creative concept" "executing the strategy" ေတြ ေရးဆြဲတာေတြက ေရပန္းစားလာမွာပဲျဖစ္ပါတယ္။

 

(၅) Data Analysts
အခုေနာက္ပိုင္းမွာ လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားက Data (အခ်က္အလက္)ရဲ႕အေရးႀကီးပုံကို အာ႐ုံစိုက္မိလာၾကပါတယ္။ ခုေခတ္မွာ ေရပန္းအစားဆံုး ဥပမာတစ္ခုအေနနဲ႔ဆိုရင္ - Facebook Page တစ္ခုေထာင္ရင္ေတာင္ ေထာင္ၿပီး ၿပီးေရာ၊ ေရာင္းရ ၿပီးေရာမထားဘဲ Page Insight ထဲက တစ္ေန႔ဘယ္ႏွေယာက္ page ကို ဝင္ၾကည့္သလဲ၊ ဘာေတြကို ပိုႏွစ္သက္ၾကသလဲ၊ ဘယ္အသက္အ႐ြယ္ေတြက ပိုအၾကည့္မ်ားသလဲ စသျဖင့္ ေဒတာေတြကို ဂ႐ုတစိုက္မွတ္သားထားတတ္ၾကပါတယ္။ 


တိက်ေသခ်ာတဲ့အခ်က္အလက္ေတြ၊ Reporting ေတြ၊ ေသေသခ်ာခ်ာ စာရင္းျပဳစုထားတဲ့ "Analyze Data" ေတြ . . .စတာေတြနဲ႔အတူ Data Analysts ကလည္း တကယ့္ကို ေရပန္းစားလာမယ့္အလုပ္တစ္ခုျဖစ္ပါတယ္။

 

ဒီရာထူးေတြအျပင္ (၂၀၂၁) အတြက္ "High-Demand" ျဖစ္ေနအုန္းမယ့္ ရာထူးေတြကေတာ့
(၁) Accountants
(၂) HR Professional
(၃) Operations Manager
(၄) IT Professionals
(၅) Web Engineers တို႔ပဲ ျဖစ္ပါတယ္။

ဒီလိုေရးပန္းစားလာမယ့္ ရာထူးေတြကို ခန္႔မွန္းေျခ သိရွိၿပီဆိုရင္ေတာ့ ကိုယ္ တကယ္စိတ္ပါ၀င္စားတဲ့ နယ္ပယ္မွာ ေအာင္ျမင္တဲ့သူတစ္ဦးျဖစ္ဖို႔ရာ လိုအပ္တဲ့ သင္တန္းေတြ၊ ေလ့က်င့္မႈေတြ ျပဳလုပ္ထားဖို႔ အႀကံျပဳ တင္ျပလိုက္ပါတယ္။

Ref: https://careergroupcompanies.com/top-careers-for-the-new-decade/

Read times
Rate this articles
(1 Vote)