×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 30 December 2020

ဘယ်သူ့ကိုအရင်ကူညီမလဲ။

ဘယ်သူ့ကိုအရင်ကူညီမလဲ။
ဒီပုံလေးကိုကြည့်လိုက်ပါ။ ဒီပုံထဲက အကူအညီလိုနေတဲ့(၄)ယောက်ထဲမှာ ဘယ်သူ့ကို သင်အရင်ကူညီမလဲ?

help-test-1024x597_1_1.jpg

 

သင့်ရဲ့ရွေးချယ်မှုက သင် ဘယ်လိုလူလဲဆိုတာကိုအဖြေပေးပါလိမ့်မယ်။ ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာ သိရအောင် ဒီ Link ထဲကနေ အဖြေဝင်ကြည့်ပေးနော်။


(၁) အဖွားကြီးကို အရင်ကူညီမယ်ဆိုရင်။
ဒီအဖြေကိုရွေးချယ်ခဲ့ရင်တော့သင်က နူးညံ့တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ သင့်ကို လူတွေကခဏခဏအခွင့်ကောင်းယူတတ်ကြတာဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ကျင့်တရားက တကယ့်ကို ကောင်းမွန်ပြီး သင်ကအမြဲသူများတွေကို ကူညီဖို့စိတ်အားထက်သန်နေသူဖြစ်ပါတယ်။ သင်ကယဉ်ကျေးသိမ်မွေ့ပြီး သင့်ဘေးနားကလူတွေကိုလည်း သင့်လိုပဲ နူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်နေစေချင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

 

(၂) ကြောင်ကို ရွေးချယ်ခဲ့မယ်ဆိုရင်။
ဒီလိုဆိုရင်တော့ သင်ကတိရစ္ဆာန်ချစ်သူတစ်ယောက်ဖြစ်ပါတယ်။ လူတွေထက်သူတို့ကိုပိုပြီးခင်တွယ်တဲ့သူဖြစ်ပါတယ်။ ပြီးတော့ သင်က သစ္စာရှိတယ်။ ခင်မင်တတ်တယ်။ သင်က ယုံကြည်မှုကိုတန်ဖိုးထားပြီး သစ္စာမရှိတာကိုတော့ လုံးဝလက်မခံတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်းသင့်ဘေးနားမှာ သင်ယုံကြည်ရတဲ့လူအနည်းငယ်ပဲရှိပြီး အဲ့လူတွေကိုလည်း သင်က သင့်အသက်ကိုပေးနိုင်လောက်တဲ့အထိကိုတန်ဖိုးထားသူတစ်ယောက်ဖြစ်ပါတယ်။

 

(၃) ကားနဲ့လူကို ကူညီမယ်ဆိုရင်။
ဒီရွေးချယ်မှုက မိုနာလီဆာသီအိုရီအရပြောမယ်ဆိုရင် သင်က ဉာဏ်ကောင်းပြီး စိတ်ပြတ်သားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သင်က ကူညီတတ်တဲ့စိတ်ထားနဲ့ မတူညီတဲ့ကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သင်ကလောကကြီးကို အကောင်းဆုံးတွေ၊ ကောင်းမှုတွေနဲ့ပဲ အလှဆင်လိုသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်က ဘယ်အရာမှာမဆို အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းတွေကိုပိုင်ဆိုင်နိုင်ဖို့အမြဲကြိုးစားနေခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးတော့ ဒီရွေးချယ်မှုကိုရွေးချယ်ခဲ့တဲ့သင်က ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်တဲ့။

 

(၄) အိတ်တွေနဲ့မနိုင်မနင်းဖြစ်နေတဲ့အမျိုးသမီးကို ကူညီမယ်ဆိုရင်။
ဒါဆိုရင်တော့ သင်က attention ကိုနှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ သင်က သင်ကူညီလိုက်ပြီဆိုရင်ဘာမှမရရင်တောင် အပြုံးလေးတစ်ခုရဖို့ကို အမြဲမျှော်လင့်နေတတ်သူပါ။ သင့်ကိုယ်သင်လည်း စေတနာ့ဝန်ထမ်းတစ်ယောက်လိုအမြဲတွေးထင်နေတတ်ပြီး အမြဲတမ်း ပတ်ဝန်းကျင်ကလူတွေကိုပဲ အာရုံစိုက်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘာတွေလိုအပ်နေလဲ၊ ငါဘယ်လိုကူညီပေးရမလဲလို့ အမြဲတွေးနေတတ်သူဖြစ်ပါတယ်။ ပြောရရင်တော့သင်က ကောင်းသောစကားတွေကို ပြန်မျှော်လင့်နေတတ်တဲ့ စေတနာ့ဝန်ထမ်းတစ်ဉီးဖြစ်ပါတယ်။

 

ကဲ ဒီလောက်ဆို ကိုယ့်ကိုယ်ကိုဘယ်လိုလူမျိုးလဲဆိုတာသိသွားလောက်ပြီပေါ့နော်။

 

 

 

ဘယ္သူ႔ကိုအရင္ကူညီမလဲ။
ဒီပုံေလးကိုၾကည့္လိုက္ပါ။ ဒီပုံထဲက အကူအညီလိုေနတဲ့(၄)ေယာက္ထဲမွာ ဘယ္သူ႔ကို သင္အရင္ကူညီမလဲ?

 

help-test-1024x597_1_1.jpg

 

သင့္ရဲ႕ေ႐ြးခ်ယ္မႈက သင္ ဘယ္လိုလူလဲဆိုတာကိုအေျဖေပးပါလိမ့္မယ္။ ကိုယ္က ဘယ္လိုလူမ်ိဳးလဲဆိုတာ သိရေအာင္ ဒီ Link ထဲကေန အေျဖဝင္ၾကည့္ေပးေနာ္။
(၁) အဖြားႀကီးကို အရင္ကူညီမယ္ဆိုရင္။
ဒီအေျဖကိုေ႐ြးခ်ယ္ခဲ့ရင္ေတာ့သင္က ႏူးညံ့တဲ့ႏွလုံးသားပိုင္ရွင္တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေၾကာင့္ပဲ သင့္ကို လူေတြကခဏခဏအခြင့္ေကာင္းယူတတ္ၾကတာျဖစ္ပါတယ္။ သင့္ရဲ႕ကိုယ္က်င့္တရားက တကယ့္ကို ေကာင္းမြန္ၿပီး သင္ကအၿမဲသူမ်ားေတြကို ကူညီဖို႔စိတ္အားထက္သန္ေနသူျဖစ္ပါတယ္။ သင္ကယဥ္ေက်းသိမ္ေမြ႕ၿပီး သင့္ေဘးနားကလူေတြကိုလည္း သင့္လိုပဲ ႏူးညံ့တဲ့ႏွလုံးသားပိုင္ရွင္ေတြျဖစ္ေနေစခ်င္သူတစ္ေယာက္လည္းျဖစ္ပါတယ္။

 

(၂) ေၾကာင္ကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္။
ဒီလိုဆိုရင္ေတာ့ သင္ကတိရစာၦန္ခ်စ္သူတစ္ေယာက္ျဖစ္ပါတယ္။ လူေတြထက္သူတို႔ကိုပိုၿပီးခင္တြယ္တဲ့သူျဖစ္ပါတယ္။ ၿပီးေတာ့ သင္က သစၥာရွိတယ္။ ခင္မင္တတ္တယ္။ သင္က ယုံၾကည္မႈကိုတန္ဖိုးထားၿပီး သစၥာမရွိတာကိုေတာ့ လုံးဝလက္မခံတဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္းသင့္ေဘးနားမွာ သင္ယုံၾကည္ရတဲ့လူအနည္းငယ္ပဲရွိၿပီး အဲ့လူေတြကိုလည္း သင္က သင့္အသက္ကိုေပးႏိုင္ေလာက္တဲ့အထိကိုတန္ဖိုးထားသူတစ္ေယာက္ျဖစ္ပါတယ္။

 

(၃) ကားနဲ႔လူကို ကူညီမယ္ဆိုရင္။
ဒီေ႐ြးခ်ယ္မႈက မိုနာလီဆာသီအိုရီအရေျပာမယ္ဆိုရင္ သင္က ဉာဏ္ေကာင္းၿပိီး စိတ္ျပတ္သားတဲ့လူတစ္ေယာက္ျဖစ္ပါတယ္။ သင္က ကူညီတတ္တဲ့စိတ္ထားနဲ႔ မတူညီတဲ့ေကာင္းျခင္းေတြကို ပိုင္ဆိုင္ထားတဲ့သူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ သင္ကေလာကႀကီးကို အေကာင္းဆုံးေတြ၊ ေကာင္းမႈေတြနဲ႔ပဲ အလွဆင္လိုသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သင္က ဘယ္အရာမွာမဆို အေကာင္းဆုံးႀကိဳးစားၿပီး ရလဒ္ေကာင္းေတြကိုပိုင္ဆိုင္ႏိုင္ဖို႔အၿမဲႀကိဳးစားေနခဲ့တဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ၿပီးေတာ့ ဒီေ႐ြးခ်ယ္မႈကိုေ႐ြးခ်ယ္ခဲ့တဲ့သင္က ေခါင္းေဆာင္ေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္တဲ့။

 

(၄) အိတ္ေတြနဲ႔မႏိုင္မနင္းျဖစ္ေနတဲ့အမ်ိဳးသမီးကို ကူညီမယ္ဆိုရင္။
ဒါဆိုရင္ေတာ့ သင္က attention ကိုႏွစ္သက္သူတစ္ေယာက္ျဖစ္ပါတယ္။ သင္က သင္ကူညီလိုက္ၿပီဆိုရင္ဘာမွမရရင္ေတာင္ အၿပဳံးေလးတစ္ခုရဖို႔ကို အၿမဲေမွ်ာ္လင့္ေနတတ္သူပါ။ သင့္ကိုယ္သင္လည္း ေစတနာ့ဝန္ထမ္းတစ္ေယာက္လိုအၿမဲေတြးထင္ေနတတ္ၿပီး အၿမဲတမ္း ပတ္ဝန္းက်င္ကလူေတြကိုပဲ အာ႐ုံစိုက္ေနတတ္သူတစ္ေယာက္ျဖစ္ပါတယ္။ သူတို႔ဘာေတြလိုအပ္ေနလဲ၊ ငါဘယ္လိုကူညီေပးရမလဲလို႔ အၿမဲေတြးေနတတ္သူျဖစ္ပါတယ္။ ေျပာရရင္ေတာ့သင္က ေကာင္းေသာစကားေတြကို ျပန္ေမွ်ာ္လင့္ေနတတ္တဲ့ ေစတနာ့ဝန္ထမ္းတစ္ဉီးျဖစ္ပါတယ္။

 

ကဲ ဒီေလာက္ဆို ကိုယ့္ကိုယ္ကိုဘယ္လိုလူမ်ိဳးလဲဆိုတာသိသြားေလာက္ၿပီေပါ့ေနာ္။

Read times
Rate this articles
(0 votes)