×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 05 January 2021

ကလေးတစ်ယောက်ကို သွန်သင်တဲ့အခါ မိဘတိုင်းလုံးဝ(လုံးဝ) သတိထားရမယ့် အချက်တစ်ချက်

ကလေးတစ်ယောက်ကို သွန်သင်တဲ့အခါ မိဘတိုင်းလုံးဝ(လုံးဝ) သတိထားရမယ့် အချက်တစ်ချက်

ကလေးတိုင်းရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ အင်္ကျီချိတ်၊ ခါးပတ်၊ တံမြက်စည်းရိုး စတဲ့ အဖော်ကောင်းတွေက အမြဲတွဲပါနေတတ်ပါတယ်။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းဆိုရင်တော့ အင်္ကျီချိတ်ပါပဲ။ သူ့အရသာက ဘယ်လိုပြောရမလဲ။ အသားပေါ်ကို ဖြန်းဆိုပြီး ကျလာတဲ့အချိန်မှာ ပထမဦးဆုံးစပ်ဖြင်းဖြင်းအရသာကို ခံစားရပြီး တဖြည်းဖြည်းနဲ့မှ နာလာတာပါ။ ဒီက စာဖတ်သူတွေရဲ့ အမှတ်တရသူငယ်ချင်းကရော ဘာလဲ ပြောခဲ့ကြပါဦး။

 

အခု ဒီစကားကို ကျွန်တော် ခပ်သောသောပြောနိုင်နေပေမယ့် တစ်ချိန်ကတော့ ဒီအရာကြီးက ကျွန်တော့်အတွက်အိပ်မက်ဆိုးကြီးဖြစ်ခဲ့ပါတယ်။ ကျွန်တော့်တစ်ယောက်တည်းအတွက်ပဲမဟုတ်ပါဘူး။ ကလေးတိုင်းအတွက် ဒီအရာကအိပ်မက်ဆိုးအပြင်းစားကြီးပါ။

မြန်မာနိုင်ငံရဲ့ ထုံးစံအရတော့ ကလေးတွေကိုရိုက်နှက်ဆုံးမခြင်းက ရိုးအီနေတဲ့ကိစ္စရပ်တစ်ခုပါ။ ဒါပေမယ့် ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းက မှန်ကန်တဲ့ဆုံးမနည်းမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်သားသမီးကို တကယ်မြတ်နိုးရင်မရိုက်ကြပါနဲ့။

 

ဒီ စကားဟာ အမေတွေအတွက် ခက်ခဲပါလိမ့်မယ်။ တစ်ခါတစ်လေ စိတ်အခန့်မသင့်တဲ့အခါ ကလေးတွေကို ရိုက်မိကြတာ ထုံးစံပါ။ ဒါပေမယ့် အမေတိုင်းလိုလို ကလေးကိုရိုက်ပြီသွားရင် အရမ်းခံစားရပါတယ်။
ကလေးကို ဆုံးမရင် မရိုက်ဖို့ကို အတတ်နိုင်ဆုံးကြိုးစားကြည့်ကြပါ ။
ကလေးများရဲ့ဉာဏ်ဟာလူကြီးတွေအတွေးကို လိုက်မမှီပါဘူး။ ကိုယ်အလိုမကျတိုင်း ရိုက်ပုတ်နေရင်တော့ဖြင့် အဲဒီကလေးရဲ့ဘဝဟာ ဆုံးရှုံးသွားနိုင်ပါတယ်။

 

၅ နှစ်မပြည့်တဲ့ကလေးတစ်ဦးကိုကိုယ်ကနောင်ပြင်အောင် ရိုက်ပုတ်ဆုံးမပေမဲ့ သူ့ရဲ့ဉာဏ်ရည်ဟာ ရိုက်လို့နာတယ်ဆိုတဲ့ အသိကလွဲလို့ ပြင်မယ်ဆိုတဲ့အသိမရှိသေးပါဘူး။သူ့မှာကြောက်စိတ်ကလွဲလို့ဘာမှရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကလေးတွေကို ဆုံးမတဲ့အခါ

၁ နှစ်မှ ၅ နှစ် ချော့သင်ပါ။
၅ နှစ်မှ ၁၀ နှစ် ခြောက်ပြီးသင်ပါ…။
၁၀ နှစ်မှ ၁၃ နှစ်ချော့တစ်ခါခြောက်တစ်လှည့် သင်ပါ…။
၁၃ နှစ်ကျော်လျှင် သူငယ်ချင်းလိုသင်ပါ ။

သင့်ကလေးရဲ့ အနာဂတ်ဟာသင့်လက်ပေါ်မှာရှိတယ်ဆိုတာကို မိဘများသတိပြုနိုင်ကြပါစေ။ သစ်ပင်ဟာ ငယ်ငယ်က အပွေးမရှိပေမဲ့ ကြီးလာတာနဲ့အမျှ နည်းနည်းချင်းစီအပွေးတတ်လာပါလိမ့်မယ်။


ကလေးများကိုလည်း အဲဒီလိုပဲမြင်ကြပါ။ ကလေးလွတ်လပ်ခွင့် ကလေးအခွင့်အရေး ကလေးသဘာဝတွေကို မိဘတွေကလည်း ကလေးတယောက်စိတ်နဲ့ပဲ မြင်ပေးနိင်ကြပါစေ။

 

 

ကေလးတစ္ေယာက္ကို သြန္သင္တဲ့အခါ မိဘတိုင္းလုံးဝ(လုံးဝ) သတိထားရမယ့္ အခ်က္တစ္ခ်က္

ကေလးတိုင္းရဲ႕ ငယ္ဘဝအမွတ္တရေတြထဲမွာ အက်ႌခ်ိတ္၊ ခါးပတ္၊ တံျမက္စည္း႐ိုး စတဲ့ အေဖာ္ေကာင္းေတြက အၿမဲတြဲပါေနတတ္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ငယ္သူငယ္ခ်င္းဆိုရင္ေတာ့ အက်ႌခ်ိတ္ပါပဲ။ သူ႔အရသာက ဘယ္လိုေျပာရမလဲ။ အသားေပၚကို ျဖန္းဆိုၿပီး က်လာတဲ့အခ်ိန္မွာ ပထမဦးဆုံးစပ္ျဖင္းျဖင္းအရသာကို ခံစားရၿပီး တျဖည္းျဖည္းနဲ႔မွ နာလာတာပါ။ ဒီက စာဖတ္သူေတြရဲ႕ အမွတ္တရသူငယ္ခ်င္းကေရာ ဘာလဲ ေျပာခဲ့ၾကပါဦး။

 

အခု ဒီစကားကို ကြၽန္ေတာ္ ခပ္ေသာေသာေျပာႏိုင္ေနေပမယ့္ တစ္ခ်ိန္ကေတာ့ ဒီအရာႀကီးက ကြၽန္ေတာ့္အတြက္အိပ္မက္ဆိုးႀကီးျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ့္တစ္ေယာက္တည္းအတြက္ပဲမဟုတ္ပါဘူး။ ကေလးတိုင္းအတြက္ ဒီအရာကအိပ္မက္ဆိုးအျပင္းစားႀကီးပါ။

ျမန္မာႏိုင္ငံရဲ႕ ထုံးစံအရေတာ့ ကေလးေတြကို႐ိုက္ႏွက္ဆုံးမျခင္းက ႐ိုးအီေနတဲ့ကိစၥရပ္တစ္ခုပါ။ ဒါေပမယ့္ ကေလးေတြကို ႐ိုက္ႏွက္ဆုံးမျခင္းက မွန္ကန္တဲ့ဆုံးမနည္းမဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္သားသမီးကို တကယ္ျမတ္ႏိုးရင္မ႐ိုက္ၾကပါနဲ႔။

 

ဒီ စကားဟာ အေမေတြအတြက္ ခက္ခဲပါလိမ့္မယ္။ တစ္ခါတစ္ေလ စိတ္အခန႔္မသင့္တဲ့အခါ ကေလးေတြကို ႐ိုက္မိၾကတာ ထုံးစံပါ။ ဒါေပမယ့္ အေမတိုင္းလိုလို ကေလးကို႐ိုက္ၿပီသြားရင္ အရမ္းခံစားရပါတယ္။
ကေလးကို ဆုံးမရင္ မ႐ိုက္ဖို႔ကို အတတ္ႏိုင္ဆုံးႀကိဳးစားၾကည့္ၾကပါ ။


ကေလးမ်ားရဲ႕ဉာဏ္ဟာလူႀကီးေတြအေတြးကို လိုက္မမွီပါဘူး။ ကိုယ္အလိုမက်တိုင္း ႐ိုက္ပုတ္ေနရင္ေတာ့ျဖင့္ အဲဒီကေလးရဲ႕ဘဝဟာ ဆုံးရႈံးသြားႏိုင္ပါတယ္။

၅ ႏွစ္မျပည့္တဲ့ကေလးတစ္ဦးကိုကိုယ္ကေနာင္ျပင္ေအာင္ ႐ိုက္ပုတ္ဆုံးမေပမဲ့ သူ႔ရဲ႕ဉာဏ္ရည္ဟာ ႐ိုက္လို႔နာတယ္ဆိုတဲ့ အသိကလြဲလို႔ ျပင္မယ္ဆိုတဲ့အသိမရွိေသးပါဘူး။သူ႔မွာေၾကာက္စိတ္ကလြဲလို႔ဘာမွရရွိမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကေလးေတြကို ဆုံးမတဲ့အခါ

၁ ႏွစ္မွ ၅ ႏွစ္ ေခ်ာ့သင္ပါ။
၅ ႏွစ္မွ ၁၀ ႏွစ္ ေျခာက္ၿပီးသင္ပါ…။
၁၀ ႏွစ္မွ ၁၃ ႏွစ္ေခ်ာ့တစ္ခါေျခာက္တစ္လွည့္ သင္ပါ…။
၁၃ ႏွစ္ေက်ာ္လွ်င္ သူငယ္ခ်င္းလိုသင္ပါ ။

သင့္ကေလးရဲ႕ အနာဂတ္ဟာသင့္လက္ေပၚမွာရွိတယ္ဆိုတာကို မိဘမ်ားသတိျပဳႏိုင္ၾကပါေစ။ သစ္ပင္ဟာ ငယ္ငယ္က အေပြးမရွိေပမဲ့ ႀကီးလာတာနဲ႔အမွ် နည္းနည္းခ်င္္းစီအေပြးတတ္လာပါလိမ့္မယ္။
ကေလးမ်ားကိုလည္း အဲဒီလိုပဲျမင္ၾကပါ။ ကေလးလြတ္လပ္ခြင့္ ကေလးအခြင့္အေရး ကေလးသဘာဝေတြကို မိဘေတြကလည္း ကေလးတေယာက္စိတ္နဲ႔ပဲ ျမင္ေပးနိင္ၾကပါေစ။

Read times
Rate this articles
(0 votes)