×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 08 January 2021

ကိုးရီးယားကားတွေထဲမှာ စန္ဒရားတီးတဲ့ကောင်လေးတွေက အဆင့်တစ်အမြဲဖြစ်နေရတဲ့ အကြောင်းအရင်း

ကိုးရီးယားကားတွေထဲမှာ စန္ဒရားတီးတဲ့ကောင်လေးတွေက အဆင့်တစ်အမြဲဖြစ်နေရတဲ့ အကြောင်းအရင်း

ကိုးရီးယားဇာတ်ကားတော်တော်များများမှာဆို အတန်းထဲစာတော်ပြီးဉာဏ်ကောင်းတဲ့ကလေးတော်တော်များများက စန္ဒရားတီးတဲ့နေရာမှာလည်းတော်တဲ့ ကလေးဇာတ်ရုပ်တွေကိုအမြဲတွေ့ရတတ်တယ်။ ဒါပေမယ့် ဒီလို ဇာတ်ကောင်မျိုးကို ကိုးရီးယားဇာတ်ကားတွေမှာမှမဟုတ်ဘူး။ အနောက်တိုင်းရုပ်ရှင်ကားတွေမှာလည်း တွေ့ရပါတယ်။

 

ဘာကြောင့်လဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကလေးတွေ စာသင်ရမယ့်အရွယ်မှာ စာပဲသင်ရတာထုံးစံပါ။ စာ အပြင် တခြားအရာတွေ သူတို့စိတ်ဝင်စားသွားတဲ့အခါ စာဘက်မှာ လစ်လပ်သွားမှာကို စိုးရိမ်ကြတယ်။ ဒါပေမယ့် သူများနိုင်ငံတွေမှာတော့ ကလေးတစ်ယောက်က အနည်းဆုံးတော့ စာ အပြင်တခြားဂီတပညာတစ်ခုကို အပိုသင်ရပါတယ်။ အများစုကတော့ စန္ဒရားအတီးသင်ကြတာပေါ့။ ဒါဆို ဘာကြောင့် ဒီလိုစန္ဒရားအတီးသင်တဲ့ကလေးတွေက အဆင့်တစ်အမြဲဖြစ်နေရလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

 

(၁) ဂီတ က စိတ်ကိုညွှတ်နူးစေလို့ပါ။
ဆိုရိုးတစ်ခုရှိပါတယ်။ “တရားနဲ့နီးအောင်နေ၊ မနေနိုင်ရင် ဂီတနဲ့နီးအောင်နေပါ” တဲ့။ ကလေးတွေ ဉီးနှောက်ဖွံ့ဖြိုးဖို့အတွက် စာသင်ရသလို၊ နှလုံးသားတွေကြီးထွားဖို့အတွက် နူးညံ့ခြင်း လိုအပ်ပါတယ်။ ဒီအချက်ကို အခြားနိုင်ငံက လူတွေရိပ်စားမိတဲ့အခါ သူတို့ကလေးတွေကို ဂီတနဲ့လည်းရင်းနှီးစေတာဖြစ်ပါတယ်။

 

(၂) သင်ရလွယ်လို့ပါ။
ဂီတမှာ အခြားအမျိုးအစားတွေအများကြီးရှိတာပဲ။ ဘာလို့ စန္ဒရားကိုမှရွေးချယ်ကြတာလဲ ဆိုပြီးမေးလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စန္ဒရားက ကလေးတစ်ယောက်သင်ဖို့အတွက် အလွယ်ကူဆုံးမလို့ပါ။ ဉပမာ- ကလေးတစ်ယောက်ကို ဂီတာအတီးသင်ခိုင်းမယ်ဆိုပါစို့။ ဂီတာတီးတာက ဂီတာကြိုးနဲ့ လက်ထိပ်တွေပွတ်တိုက်အားရှိတတ်ပါတယ်။ ဒါကြောင့် ကလေးလက်တွေပွန်းပဲ့တဲ့အခါ စာသင်ရာမှာ အနှောင့်အနှေးဖြစ်စေပါတယ်။ ပလွေတို့ ဆက်စိုဖုန်းတို့ဆိုရင်လည်း နှုတ်ခမ်းကြွက်သားတွေအကြောင်း၊ လေထုတ်ပုံ လေသွင်းပုံတွေကိုပါ သေချာလေ့ကျင့်လေ့လာရတာမလို့ ကလေးတွေအတွက်ခက်ခဲပါတယ်။ တကယ်ဝါသနာပါမှ ဆက်လေ့လာနိုင်တာမလို့ ဒီဂီတအမျိုးအစားတွေကိုပေးမသင်တာဖြစ်ပါတယ်။ ဒါဆို စန္ဒရားကရော။ စန္ဒရားတီးတာက ထိုင်နေပြီး ခလုတ်လေးတွေကို ဖိနှိပ်ကစားရုံပါပဲ။

 

(၃) ခွဲဖြာအာရုံစိုက်အားကောင်းစေလို့ပါ။
စန္ဒရားအသံတစ်ခုထွက်ဖို့အတွက်ဆို လက်ချောင်းလေးတွေကိုအသုံးပြုရမယ်။ တစ်ချိန်ထဲမှာပဲ သံစဉ်တွေကိုဖတ်နေရမယ်။ ပြီးရင် ကိုယ်တီးလိုက်တဲ့ Note တွေမှန်ရဲ့လား လို့နားထောင်ရမယ်။ ဒါပဲလား။ မဟုတ်ပါဘူး။ ခြေနင်းကိုလည်းနင်းနေရပါမယ်။ ဒီအလုပ်တွေကိုအားလုံးကို တစ်ခါတည်းမှန်မှန်ကန်ကန်လုပ်နိုင်တော့မှ စန္ဒရားတီးခြင်းအောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်တည်းမှာ အကြောင်းအရာအမျိုးမျိုးကို အာရုံစိုက်ရတာမလို့ စန္ဒရားတီးခြင်းက multitasking ကိုလည်းတိုးတက်စေပါတယ်။

 

(၄) Neuroplasticity ကောင်းလာစေလို့ပါ။
Neuroplasticity ဆိုတာ ခန္ဓာကိုယ်ကနှိုးဆော်တဲ့ကောင်းခြင်း၊ မကောင်းခြင်းအားလုံးကို အကောင်းဘက်ကိုပဲ ဉီးတည်တွေးနိုင်ခြင်းပါ။ စန္ဒရားတီးတာက ဦးနှောက်ကို အကောင်းမြင်စိတ်တိုးပွားအောင် နှိုးဆွပေးနိုင်ပါတယ်။ ပြီးတော့ ကလေးတစ်ယောက် Neuroplasticity ကောင်းလာခြင်းက သူ့ရဲ့မှတ်ဉာဏ်၊ စကားပြောဟန်၊ ဘာသာစကားတတ်ကျွမ်းမှု နဲ့ သင်္ချာစွမ်းရည်တွေကိုပါ တိုးတက်လာစေတာမလို့ ကလေးတွေကို စန္ဒရားအတီးသင်ပေးခြင်းက အကောင်းဆုံးပျိုးထောင်ခြင်းဖြစ်ပါတယ်။

 

(၅) အမှတ်တွေပိုကောင်းလာစေပါတယ်။
စန္ဒရားတီးတဲ့ကလေးတွေ ဘာလို့စာပိုတော်ရသလဲ ဆိုတဲ့အကြောင်းပြချက်လာပါပြီ။ ဘာလို့လဲဆိုတော့ စန္ဒရားတီးလို့ပါပဲ။ စန္ဒရားတီးခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုအနေနဲ့ ကလေးတွေရဲ့ ကျောင်းစာမေးပွဲအမှတ်တွေပိုတိုးလာရခြင်းဖြစ်ပါတယ်။ သုတေသနပညာရှင်အချို့ရဲ့ စစ်တမ်းအရ စန္ဒရားအတီးသင်တဲ့ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မတီးတဲ့ကလေးတွေထက် အပုံကြီးသာပါတယ်တဲ့။ ဒါကြောင့် အခြားနိုင်ငံတွေမှာဆို ကလေးတစ်ယောက် စန္ဒရားအတီးသင်နေတယ် ဆိုတဲ့စကားကြားကြရင် သတင်းကောင်းတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်တဲ့။

 

ဒါကြောင့် သင်တို့ကလေးငယ်တွေကိုလည်း ကျောင်းစာလေ့လာရာမှာ အထောက်အကူဖြစ်စေမယ့် ဂီတပညာတွေကိုပါ တစ်ခါတည်းသင်ပေးဖို့လိုအပ်ပါတယ်။ ကလေးတွေရဲ့အနာဂတ်က လူကြီးတွေလက်ထဲမှာပါ။

 

စန္ဒယားသင်ကြားပြသပေးသော ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင်
>>>https://www.sayar.com.mm/subjects/all-teachers/subject-232.html<<<

 

 

ကိုးရီးယားကားေတြထဲမွာ စႏၵရားတီးတဲ့ေကာင္ေလးေတြက အဆင့္တစ္အၿမဲျဖစ္ေနရတဲ့ အေၾကာင္းအရင္း

ကိုးရီးယားဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာဆို အတန္းထဲစာေတာ္ၿပီးဉာဏ္ေကာင္းတဲ့ကေလးေတာ္ေတာ္မ်ားမ်ားက စႏၵရားတီးတဲ့ေနရာမွာလည္းေတာ္တဲ့ ကေလးဇာတ္႐ုပ္ေတြကိုအၿမဲေတြ႕ရတတ္တယ္။ ဒါေပမယ့္ ဒီလို ဇာတ္ေကာင္မ်ိဳးကို ကိုးရီးယားဇာတ္ကားေတြမွာမွမဟုတ္ဘူး။ အေနာက္တိုင္း႐ုပ္ရွင္ကားေတြမွာလည္း ေတြ႕ရပါတယ္။

 

ဘာေၾကာင့္လဲ။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ ကေလးေတြ စာသင္ရမယ့္အ႐ြယ္မွာ စာပဲသင္ရတာထုံးစံပါ။ စာ အျပင္ တျခားအရာေတြ သူတို႔စိတ္ဝင္စားသြားတဲ့အခါ စာဘက္မွာ လစ္လပ္သြားမွာကို စိုးရိမ္ၾကတယ္။ ဒါေပမယ့္ သူမ်ားႏိုင္ငံေတြမွာေတာ့ ကေလးတစ္ေယာက္က အနည္းဆုံးေတာ့ စာ အျပင္တျခားဂီတပညာတစ္ခုကို အပိုသင္ရပါတယ္။ အမ်ားစုကေတာ့ စႏၵရားအတီးသင္ၾကတာေပါ့။ ဒါဆို ဘာေၾကာင့္ ဒီလိုစႏၵရားအတီးသင္တဲ့ကေလးေတြက အဆင့္တစ္အၿမဲျဖစ္ေနရလဲ ဆိုတာ ေလ့လာၾကည့္ၾကရေအာင္။

 

(၁) ဂီတ က စိတ္ကိုၫႊတ္ႏူးေစလို႔ပါ။
ဆို႐ိုးတစ္ခုရွိပါတယ္။ “တရားနဲ႔နီးေအာင္ေန၊ မေနႏိုင္ရင္ ဂီတနဲ႔နီးေအာင္ေနပါ” တဲ့။ ကေလးေတြ ဉီးေႏွာက္ဖြံ႕ၿဖိဳးဖို႔အတြက္ စာသင္ရသလို၊ ႏွလုံးသားေတြႀကီးထြားဖို႔အတြက္ ႏူးညံ့ျခင္း လိုအပ္ပါတယ္။ ဒီအခ်က္ကို အျခားႏိုင္ငံက လူေတြရိပ္စားမိတဲ့အခါ သူတို႔ကေလးေတြကို ဂီတနဲ႔လည္းရင္းႏွီးေစတာျဖစ္ပါတယ္။

 

(၂) သင္ရလြယ္လို႔ပါ။
ဂီတမွာ အျခားအမ်ိဳးအစားေတြအမ်ားႀကီးရွိတာပဲ။ ဘာလို႔ စႏၵရားကိုမွေ႐ြးခ်ယ္ၾကတာလဲ ဆိုၿပီးေမးလာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စႏၵရားက ကေလးတစ္ေယာက္သင္ဖို႔အတြက္ အလြယ္ကူဆုံးမလို႔ပါ။ ဉပမာ- ကေလးတစ္ေယာက္ကို ဂီတာအတီးသင္ခိုင္းမယ္ဆိုပါစို႔။ ဂီတာတီးတာက ဂီတာႀကိဳးနဲ႔ လက္ထိပ္ေတြပြတ္တိုက္အားရွိတတ္ပါတယ္။ ဒါေၾကာင့္ ကေလးလက္ေတြပြန္းပဲ့တဲ့အခါ စာသင္ရာမွာ အေႏွာင့္အေႏွးျဖစ္ေစပါတယ္။ ပေလြတို႔ ဆက္စိုဖုန္းတို႔ဆိုရင္လည္း ႏႈတ္ခမ္းႂကြက္သားေတြအေၾကာင္း၊ ေလထုတ္ပုံ ေလသြင္းပုံေတြကိုပါ ေသခ်ာေလ့က်င့္ေလ့လာရတာမလို႔ ကေလးေတြအတြက္ခက္ခဲပါတယ္။ တကယ္ဝါသနာပါမွ ဆက္ေလ့လာႏိုင္တာမလို႔ ဒီဂီတအမ်ိဳးအစားေတြကိုေပးမသင္တာျဖစ္ပါတယ္။ ဒါဆို စႏၵရားကေရာ။ စႏၵရားတီးတာက ထိုင္ေနၿပီး ခလုတ္ေလးေတြကို ဖိႏွိပ္ကစား႐ုံပါပဲ။

 

(၃) ခြဲျဖာအာ႐ုံစိုက္အားေကာင္းေစလို႔ပါ။
စႏၵရားအသံတစ္ခုထြက္ဖို႔အတြက္ဆို လက္ေခ်ာင္းေလးေတြကိုအသုံးျပဳရမယ္။ တစ္ခ်ိန္ထဲမွာပဲ သံစဥ္ေတြကိုဖတ္ေနရမယ္။ ၿပီးရင္ ကိုယ္တီးလိုက္တဲ့ Note ေတြမွန္ရဲ႕လား လို႔နားေထာင္ရမယ္။ ဒါပဲလား။ မဟုတ္ပါဘူး။ ေျခနင္းကိုလည္းနင္းေနရပါမယ္။ ဒီအလုပ္ေတြကိုအားလုံးကို တစ္ခါတည္းမွန္မွန္ကန္ကန္လုပ္ႏိုင္ေတာ့မွ စႏၵရားတီးျခင္းေအာင္ျမင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ခ်ိန္တည္းမွာ အေၾကာင္းအရာအမ်ိဳးမ်ိဳးကို အာ႐ုံစိုက္ရတာမလို႔ စႏၵရားတီးျခင္းက multitasking ကိုလည္းတိုးတက္ေစပါတယ္။

 

(၄) Neuroplasticity ေကာင္းလာေစလို႔ပါ။
Neuroplasticity ဆိုတာ ခႏၶာကိုယ္ကႏႈိးေဆာ္တဲ့ေကာင္းျခင္း၊ မေကာင္းျခင္းအားလုံးကို အေကာင္းဘက္ကိုပဲ ဉီးတည္ေတြးႏိုင္ျခင္းပါ။ စႏၵရားတီးတာက ဦးေႏွာက္ကို အေကာင္းျမင္စိတ္တိုးပြားေအာင္ ႏႈိးဆြေပးႏိုင္ပါတယ္။ ၿပီးေတာ့ ကေလးတစ္ေယာက္ Neuroplasticity ေကာင္းလာျခင္းက သူ႔ရဲ႕မွတ္ဉာဏ္၊ စကားေျပာဟန္၊ ဘာသာစကားတတ္ကြၽမ္းမႈ နဲ႔ သခ်ၤာစြမ္းရည္ေတြကိုပါ တိုးတက္လာေစတာမလို႔ ကေလးေတြကို စႏၵရားအတီးသင္ေပးျခင္းက အေကာင္းဆုံးပ်ိဳးေထာင္ျခင္းျဖစ္ပါတယ္။

 

(၅) အမွတ္ေတြပိုေကာင္းလာေစပါတယ္။
စႏၵရားတီးတဲ့ကေလးေတြ ဘာလို႔စာပိုေတာ္ရသလဲ ဆိုတဲ့အေၾကာင္းျပခ်က္လာပါၿပီ။ ဘာလို႔လဲဆိုေတာ့ စႏၵရားတီးလို႔ပါပဲ။ စႏၵရားတီးျခင္းရဲ႕ အက်ိဳးေက်းဇူးတစ္ခုအေနနဲ႔ ကေလးေတြရဲ႕ ေက်ာင္းစာေမးပြဲအမွတ္ေတြပိုတိုးလာရျခင္းျဖစ္ပါတယ္။ သုေတသနပညာရွင္အခ်ိဳ႕ရဲ႕ စစ္တမ္းအရ စႏၵရားအတီးသင္တဲ့ကေလးေတြရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးက မတီးတဲ့ကေလးေတြထက္ အပုံႀကီးသာပါတယ္တဲ့။ ဒါေၾကာင့္ အျခားႏိုင္ငံေတြမွာဆို ကေလးတစ္ေယာက္ စႏၵရားအတီးသင္ေနတယ္ ဆိုတဲ့စကားၾကားၾကရင္ သတင္းေကာင္းတစ္ခုအျဖစ္သတ္မွတ္ၾကပါတယ္တဲ့။

 

ဒါေၾကာင့္ သင္တို႔ကေလးငယ္ေတြကိုလည္း ေက်ာင္းစာေလ့လာရာမွာ အေထာက္အကူျဖစ္ေစမယ့္ ဂီတပညာေတြကိုပါ တစ္ခါတည္းသင္ေပးဖို႔လိုအပ္ပါတယ္။ ကေလးေတြရဲ႕အနာဂတ္က လူႀကီးေတြလက္ထဲမွာပါ။

 

စႏၵယားသင္ၾကားျပသေပးေသာ ဆရာ၊ ဆရာမမ်ားကို ရွာေဖြလိုပါလွ်င္
>>>https://www.sayar.com.mm/subjects/all-teachers/subject-232.html<<<

Read times
Rate this articles
(0 votes)