×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 02 October 2017

တန္ဖိုးရွိတဲ့ ရံုးပိတ္ရက္ကို ဘယ္လိုအသံုးခ်မလဲ

တန္ဖိုးရွိတဲ့ ရံုးပိတ္ရက္ကို ဘယ္လိုအသံုးခ်မလဲ google.com

အစိုးရရံုးပိတ္ရက္ေတြ ေျပာင္းလဲသတ္မွတ္လိုက္တဲ့အတြက္ ေက်ာင္းတက္ေနတဲ့ကေလးေတြလိုပဲ သီတင္းကြ်တ္ပိတ္ရက္ကို ေမွ်ာ္ေနရျပီေလ။ အခုကေတာ့ ေမွ်ာ္ေနတဲ့သီတင္းကြ်တ္ပိတ္ရက္ကလည္း ေရာက္ျပီဆိုေတာ့ ဘယ္လုိျဖတ္သန္းၾကမလဲ။

အစီအစဥ္ေတြ ဆြဲျပီးၾကျပီထင္တယ္။ ခရီးသြားၾကမွာလား။ အိမ္မာပဲ ရုပ္ရွင္ေလးၾကည့္လိုက္ facebook ေလးသံုးလိုက္နဲ႕ အိမ္တြင္းေအာင္းေနမွာလား။ ပိတ္ရက္ကို အက်ိဳးရွိရွိအသံုးခ်နိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ခရီးတိုေလးတစ္ခုေလာက္ထြက္ျခင္း

သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ မိသားစုနဲ႔ျဖစ္ျဖစ္ ခရီးတိုေလးတစ္ခုေလာက္ေတာ့ သြားသင့္ပါတယ္။ ဒီအခ်ိန္က တရားဝင္ရံုးပိတ္ရက္ဆိုေတာ့ ကိုယ့္သူငယ္ခ်င္းေတြနဲ႕ ခရီးထြက္တဲ့အခါ ရက္ညွိစရာမလိုေတာ့ဘူးေလ။ လစာကလည္း ထုတ္ထားတဲ့ရက္ျဖစ္တဲ့အတြက္ ခရီးစရိတ္ကလည္း သိပ္ျပီးစိတ္ပူစရာမလိုပါဘူး။ သြားခ်င္တဲ့ေနရာကို အစီအစဥ္ဆြဲျပီး အခုပဲ ဘိုကင္လုပ္လုိက္ေတာ့။

Recommended for you - အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။

ဝါသနာပါတာေလးေတြကုိ လုပ္မယ္

ရာသီဥတုကလည္းပူတယ္ဆိုျပီး အိမ္မွာပဲ ေအးေအးေဆးေဆးေနခ်င္တဲ့သူေတြဆိုရင္ေတာ့ ကိုယ္ဝါသနာပါတဲ့ အလုပ္ေလးေတြ လုပ္ရင္းနဲ႕ အခ်ိန္ေတြကို ကုန္ဆံုးသင့္ပါတယ္။ ရံုးဖြင့္ရက္ေတြမွာ အလုပ္တာဝန္ေတြနဲ႕ ရွဳပ္ေနလို႔ မလုပ္ျဖစ္ခဲ့တဲ့ ဝါသနာေတြကို ရံုးပိတ္ရက္က်မွ ေပါင္းလုပ္ရမွာ။ ကိုယ္ဝါသနာပါတာေလးေတြ လုပ္ေနျခင္းက လုပ္ငန္းခြင္မွာၾကံဳရတဲ့ စိတ္ဖိစီးမွဳနဲ႕ စိတ္ညစ္ညဴးမွဳေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

မိသားစုတြင္း ေပ်ာ္စရာအခ်ိန္ေတြကုိ ဖန္တီးမယ္

တစ္ေနကုန္ရံုးအလုပ္ေတြနဲ႔ လံုးပန္းေနရတဲ့အတြက္ မိသားစုဝင္ေတြကို အခ်ိန္မေပးနိုင္တာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။ ပိတ္ရက္မွာေတာ့ မိသားစုနဲ႔အတူ ခရီးထြက္တာျပီး အမွတ္ရစရာ ေပ်ာ္စရာအခ်ိန္ေလးေတြကုိ ဖန္တီးသင့္ပါတယ္။ အိမ္မွာပဲ ေအးေအးခ်မ္းခ်မ္းနားေနမယ္ဆိုရင္လည္း မိသားစုဝင္အားလံုး မုန္႔လုပ္စားတာပဲျဖစ္ျဖစ္၊ ေမာင္ႏွမေတြစံုစံုညီညီနဲ႔ မိုနိုပိုလီ ကစားတာပဲျဖစ္ျဖစ္ လုပ္သင့္ပါတယ္။

Recommended for you -ကုိယ့္ကိုယ္ကို အသံုးမက်တဲ့သူ တစ္ေယာက္အျဖစ္ ျမင္ေနတာလား

နည္းပညာေတြနဲ႔ ခဏတစ္ျဖဳတ္ အဆက္အသြယ္ျဖတ္မယ္

မိုးလင္းမ်က္စိႏွလံုးဖြင့္တာနဲ႔ နည္းပညာ အိပ္တာနဲ႔နည္းပညာ အျမဲတမ္းသံုးေနရတာပါ။ ရံုးပိတ္ရက္ေလးမွာေတာ့ ကုိယ္ပိုင္တဲ့အခ်ိန္ေတြကို လူမွဳကြန္ရက္ေပၚမွာပဲ အခ်ိန္ေတြ ကုန္ေနမယ့္အစား ေကာ္ဖီပူပူေလးတစ္ခြက္နဲ႔ စာအုပ္ေလးတစ္အုပ္က ဘဝရဲ႕ အဓိပၸါယ္ကုိ ပိုျပီး ျပည့္စံုေစမွာပါ။

မိတ္ေဆြတို႔ေရာ သီတင္းကြ်တ္အတြက္ ဘယ္လိုအစီအစဥ္ေလးေတြ ဆြဲထားလဲဆိုတာ ေဝမွ်သြားပါအံုးခင္ဗ်ာ

အားလံုးပဲ ေပ်ာ္ရႊင္စရာ သီတင္းကြ်တ္ေလးျဖစ္ပါေစဗ်ာ…

Scorpian

[Unicode Version]

အစိုးရရုံးပိတ်ရက်တွေ ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ကျောင်းတက်နေတဲ့ကလေးတွေလိုပဲ သီတင်းကျွတ်ပိတ်ရက်ကို မျှော်နေရပြီလေ။ အခုကတော့ မျှော်နေတဲ့သီတင်းကျွတ်ပိတ်ရက်ကလည်း ရောက်ပြီဆိုတော့ ဘယ်လိုဖြတ်သန်းကြမလဲ။ အစီအစဉ်တွေ ဆွဲပြီးကြပြီထင်တယ်။ ခရီးသွားကြမှာလား။ အိမ်မာပဲ ရုပ်ရှင်လေးကြည့်လိုက် facebook လေးသုံးလိုက်နဲ့ အိမ်တွင်းအောင်းနေမှာလား။ ပိတ်ရက်ကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခရီးတိုလေးတစ်ခုလောက်ထွက်ခြင်း
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် ခရီးတိုလေးတစ်ခုလောက်တော့ သွားသင့်ပါတယ်။ ဒီအချိန်က တရားဝင်ရုံးပိတ်ရက်ဆိုတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါ ရက်ညှိစရာမလိုတော့ဘူးလေ။ လစာကလည်း ထုတ်ထားတဲ့ရက်ဖြစ်တဲ့အတွက် ခရီးစရိတ်ကလည်း သိပ်ပြီးစိတ်ပူစရာမလိုပါဘူး။ သွားချင်တဲ့နေရာကို အစီအစဉ်ဆွဲပြီး အခုပဲ ဘိုကင်လုပ်လိုက်တော့။

Recommended for you - အခက်အခဲဆိုတိုင်း ဒူးထောက်အရှုံးပေးရမှာလား။
ဝါသနာပါတာလေးတွေကို လုပ်မယ်
ရာသီဥတုကလည်းပူတယ်ဆိုပြီး အိမ်မှာပဲ အေးအေးဆေးဆေးနေချင်တဲ့သူတွေဆိုရင်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ရင်းနဲ့ အချိန်တွေကို ကုန်ဆုံးသင့်ပါတယ်။ ရုံးဖွင့်ရက်တွေမှာ အလုပ်တာဝန်တွေနဲ့ ရှုပ်နေလို့ မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာတွေကို ရုံးပိတ်ရက်ကျမှ ပေါင်းလုပ်ရမှာ။ ကိုယ်ဝါသနာပါတာလေးတွေ လုပ်နေခြင်းက လုပ်ငန်းခွင်မှာကြုံရတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ညစ်ညူးမှုတွေကို သက်သာပျောက်ကင်းစေပါတယ်။
မိသားစုတွင်း ပျော်စရာအချိန်တွေကို ဖန်တီးမယ်
တစ်နေကုန်ရုံးအလုပ်တွေနဲ့ လုံးပန်းနေရတဲ့အတွက် မိသားစုဝင်တွေကို အချိန်မပေးနိုင်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ပိတ်ရက်မှာတော့ မိသားစုနဲ့အတူ ခရီးထွက်တာပြီး အမှတ်ရစရာ ပျော်စရာအချိန်လေးတွေကို ဖန်တီးသင့်ပါတယ်။ အိမ်မှာပဲ အေးအေးချမ်းချမ်းနားနေမယ်ဆိုရင်လည်း မိသားစုဝင်အားလုံး မုန့်လုပ်စားတာပဲဖြစ်ဖြစ်၊ မောင်နှမတွေစုံစုံညီညီနဲ့ မိုနိုပိုလီ ကစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

Recommended for you -ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူ တစ်ယောက်အဖြစ် မြင်နေတာလား
နည်းပညာတွေနဲ့ ခဏတစ်ဖြုတ် အဆက်အသွယ်ဖြတ်မယ်
မိုးလင်းမျက်စိနှလုံးဖွင့်တာနဲ့ နည်းပညာ အိပ်တာနဲ့နည်းပညာ အမြဲတမ်းသုံးနေရတာပါ။ ရုံးပိတ်ရက်လေးမှာတော့ ကိုယ်ပိုင်တဲ့အချိန်တွေကို လူမှုကွန်ရက်ပေါ်မှာပဲ အချိန်တွေ ကုန်နေမယ့်အစား ကော်ဖီပူပူလေးတစ်ခွက်နဲ့ စာအုပ်လေးတစ်အုပ်က ဘဝရဲ့ အဓိပ္ပါယ်ကို ပိုပြီး ပြည့်စုံစေမှာပါ။
မိတ်ဆွေတို့ရော သီတင်းကျွတ်အတွက် ဘယ်လိုအစီအစဉ်လေးတွေ ဆွဲထားလဲဆိုတာ ဝေမျှသွားပါအုံးခင်ဗျာ
အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေဗျာ…
Scorpian

Read times Last modified on Friday, 27 December 2019 16:04
Rate this articles
(2 votes)