×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 25 January 2021

Street Smart ဆိုတာဘာလဲ? Book Smart ဆိုတာဘာလဲ?

Street Smart ဆိုတာဘာလဲ? Book Smart ဆိုတာဘာလဲ? အားသာချက်၊ အားနည်းချက်လေးတွေကို လေ့လာကြရအောင်။

“There is no doubt in my mind street smart kicks book smarts’ ass.” ဆိုတဲ့ ဆိုစကားတစ်ခုရှိပါတယ်။ လက်တွေ့သမားတွေက စာအုပ်သမားတွေကို အနိုင်တိုက်နိုင်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဒါဆို ဘာကြောင့် ဒီဆိုရိုးစကားလေးပေါ်ပေါက်လာရသလဲ ကို ဆန်းစစ်ကြည့်ကြရအောင်။

 

Street Smart (လက်တွေ့သမား)

StreetS.png  street-smart-con.png

 

 

လက်တွေ့သမားတစ်ယောက်ဖြစ်ဖို့က အခြေအနေနဲ့အချိန်အခါကို သုံးသပ်နိုင်တဲ့စွမ်းရည်ရှိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေပြောင်းလဲနေလဲဆိုတာကို သေချာသိရှိဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုတွေကို သိရှိနားလည်ရုံသာမက ပြဿနာတွေကို လက်တွေ့ကျကျ အောင်မြင်အောင် ဖြေရှင်းနိုင်စွမ်းရှိရပါမယ်။ ဒါက လက်တွေ့ဘဝနဲ့ အတွေ့အကြုံကို ကောင်းစွာတိုးတက်အောင်ဆောင်ရွက်ခြင်းတစ်မျိုးပါ။

 

Street Smart ဆိုတဲ့စကားလေးက တာဝန်တွေ၊ အလုပ်တွေ၊ ဖတ်မှတ်ထားတဲ့ ဗဟုသုတတွေကနေ ဆင်းသက်လာတဲ့ စွမ်းရည်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် Street Smart တစ်ယောက်ဖြစ်ဖို့အတွက် Book Smart တစ်ယောက် အရင်ဖြစ်ဖို့လိုအပ်ပါတယ်။ စာအုပ်တွေက ပေးတဲ့ ဗဟုသုတတွေနဲ့ ဘဝကပေးတဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်နိုင်မှ Street Smart တစ်ဦးဖြစ်လာမှာပါ။

 

Book Smart ( စာအုပ်သမား )

BSmart.png


စာအုပ်သမား ဆိုတဲ့အတိုင်း သူ့မှာ စာအုပ်ထဲက ရထားတဲ့ သီအိုရီတွေ၊ နည်းနာနိဿယတွေ အများကြီးရှိပါတယ်။ ဘယ်လိုပြဿနာမျိုးကိုမဆို သူ့ရဲ့ဆရာသမား စာအုပ်တွေက ပြထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း တစ်သွေမတိမ်း ဆောင်ရွက်တတ်တဲ့လူတွေပါ။ ဒါကြောင့် သူတို့က ပညာရေးကဏ္ဍမှာတော့ သူမတူအောင်ထူးချွန်တဲ့ လူတော်လေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာကတော့ လက်တွေ့ဘဝ နဲ့ နည်းနည်း အလှမ်းဝေးနေတာပဲဖြစ်ပါတယ်။ စာအုပ်သမားတွေအနေနဲ့ သတိပြုရမယ့်အချက်ကတော့ စာအုပ်တွေကြားမှာပဲ နစ်မသွားဖို့ပါပဲ။

 

Street Smart နဲ့ Book Smart တို့ရဲ့ လိုအပ်ချက်တွေကဘာတွေလဲ?
Street Smart တွေက တစ်သမတ်တည်းဖြစ်နေတဲ့အခြေအနေတွေမှာ ရှင်သန်နိုင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုအခြေအနေတွေမှာ သူတို့ရဲ့ သဘာဝကို ပိတ်ပင်ထားရလို့ပါ။

 

ပညာရေးနယ်ပယ်က Street Smart တွေအတွက် တစ်ခါတစ်လေမှာ အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါ့အပြင် သူတို့က ကျောင်းနဲ့ဝေးဝေးပြေးချင်ကြသူတွေလည်းဖြစ်ပါတယ်။ ဒါကတော့ Street Smart တွေရဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့လေးတွေက ဆန်းသစ်တီထွင်နိုင်စွမ်းအပြည့်ရှိကြပြီး စည်းမျဉ်းတွေကို မနှစ်သက်ကြပါဘူး။ ဒါကတော့ သူတို့ရဲ့ အားသာချက်လို့ ပြောနိုင်ပါတယ်။

 

Book Smart လေးတွေကတော့ စာအုပ်တွေကပေးတဲ့ Guideline တွေနဲ့ နည်းနည်းလေးကွာဟသွားတာနဲ့ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်ရှင်သန်နိုင်ဖို့အတွက် သူတို့မှာ လုံလောက်တဲ့ အချက်အလက်တွေမရှိကြပါဘူး။ ဒါက Book Smart လေးတွေရဲ့ အကြီးမားဆုံးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့သူတို့လေးတွေက စည်းမျဉ်းစည်းကမ်း တွေကြားမှာ ပျော်မွေ့သူတွေဖြစ်တာကြောင့် အစိုးရအလုပ်တွေ၊ ပညာရေးနယ်ပယ်တွေမှာတော့ ကောင်းကောင်းရှင်သန်နိုင်ကြသူတွေဖြစ်ပါတယ်။

 


ဒါဆို Street Smart နဲ့ Book Smart ကို တွဲဖက်လိုက်ကြရင်ရော?

BS.png


လူငယ်တစ်ယောက်မှာလိုအပ်တဲ့ အသိဉာဏ်ဗဟုသုတ နဲ့ အတွေ့အကြုံ ဆန်းသစ်မှုတွေကို ညီတူညီမျှ ပျိုးထောင်နိုင်မယ်ဆိုရင် Street-Book Smart ဖြစ်လာမှာပါ။ Book Smart ရဲ့ အားသာချက်နဲ့ Street Smart ရဲ့ အားသာချက်တွေကို သေချာပျိုးထောင်ပေါင်းစပ်ထားတဲ့ လူငယ်တစ်ယောက်က တော့ အားအကောင်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်။

 

ဘာလို့လဲဆိုတော့ သူတို့က စာအုပ်ထဲကရတဲ့ ဗဟုသုတတွေနဲ့ လက်တွေ့ဘဝကပေးတဲ့ အတွေ့အကြုံတွေကို ကောင်းစွာ ပေါင်းစပ်အသုံးပြုနိုင်ကြသူတွေဖြစ်လို့ပါ။ ဒါကြောင့် အထက်ကပြောခဲ့တဲ့ Street Smart က Book Smart ကို အနိုင်တိုက်နိုင်တယ်ဆိုတဲ့ စကားထက် Street-Book Smart က အားအကောင်းဆုံးဖြစ်တယ်လို့ ဆိုချင်ပါတယ်။


အရေးကြီးဆုံးတစ်ခုတော့ရှိပါတယ်။ အဲ့တာက Street Smart မဖြစ်ခင် Book Smart အဆင့်ကို ကျော်ကိုကျော်ဖြတ်ရမယ်ဆိုတာပါပဲ။

 

 

 

Street Smart ဆိုတာဘာလဲ? Book Smart ဆိုတာဘာလဲ? အားသာခ်က္၊ အားနည္းခ်က္ေလးေတြကို ေလ့လာၾကရေအာင္။

“There is no doubt in my mind street smart kicks book smarts’ ass.” ဆိုတဲ့ ဆိုစကားတစ္ခုရွိပါတယ္။ လက္ေတြ႕သမားေတြက စာအုပ္သမားေတြကို အႏိုင္တိုက္ႏိုင္တယ္ဆိုတာ သံသယျဖစ္ဖြယ္မရွိပါဘူး ဆိုတဲ့ အဓိပၸာယ္ပါ။
ဒါဆို ဘာေၾကာင့္ ဒီဆို႐ိုးစကားေလးေပၚေပါက္လာရသလဲ ကို ဆန္းစစ္ၾကည့္ၾကရေအာင္။

 

Street Smart (လက္ေတြ႕သမား)

StreetS.png  street-smart-con.png


လက္ေတြ႕သမားတစ္ေယာက္ျဖစ္ဖို႔က အေျခအေနနဲ႔အခ်ိန္အခါကို သုံးသပ္ႏိုင္တဲ့စြမ္းရည္ရွိဖို႔လိုအပ္ပါတယ္။ သင့္ရဲ႕ ပတ္ဝန္းက်င္မွာ ဘာေတြေျပာင္းလဲေနလဲဆိုတာကို ေသခ်ာသိရွိဖို႔လိုအပ္ပါတယ္။ ေျပာင္းလဲမႈေတြကို သိရွိနားလည္႐ုံသာမက ျပႆနာေတြကို လက္ေတြ႕က်က် ေအာင္ျမင္ေအာင္ ေျဖရွင္းႏိုင္စြမ္းရွိရပါမယ္။ ဒါက လက္ေတြ႕ဘဝနဲ႔ အေတြ႕အႀကဳံကို ေကာင္းစြာတိုးတက္ေအာင္ေဆာင္႐ြက္ျခင္းတစ္မ်ိဳးပါ။

 

Street Smart ဆိုတဲ့စကားေလးက တာဝန္ေတြ၊ အလုပ္ေတြ၊ ဖတ္မွတ္ထားတဲ့ ဗဟုသုတေတြကေန ဆင္းသက္လာတဲ့ စြမ္းရည္တစ္ရပ္ျဖစ္ပါတယ္။ ဒါေၾကာင့္ Street Smart တစ္ေယာက္ျဖစ္ဖို႔အတြက္ Book Smart တစ္ေယာက္ အရင္ျဖစ္ဖို႔လိုအပ္ပါတယ္။ စာအုပ္ေတြက ေပးတဲ့ ဗဟုသုတေတြနဲ႔ ဘဝကေပးတဲ့ အေတြ႕အႀကဳံေတြကို ေပါင္းစပ္ႏိုင္မွ Street Smart တစ္ဦးျဖစ္လာမွာပါ။

 

Book Smart ( စာအုပ္သမား )

BSmart.png


စာအုပ္သမား ဆိုတဲ့အတိုင္း သူ႔မွာ စာအုပ္ထဲက ရထားတဲ့ သီအိုရီေတြ၊ နည္းနာနိႆယေတြ အမ်ားႀကီးရွိပါတယ္။ ဘယ္လိုျပႆနာမ်ိဳးကိုမဆို သူ႔ရဲ႕ဆရာသမား စာအုပ္ေတြက ျပထားတဲ့ လမ္းၫႊန္ခ်က္ေတြအတိုင္း တစ္ေသြမတိမ္း ေဆာင္႐ြက္တတ္တဲ့လူေတြပါ။ ဒါေၾကာင့္ သူတို႔က ပညာေရးက႑မွာေတာ့ သူမတူေအာင္ထူးခြၽန္တဲ့ လူေတာ္ေလးေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ ျပႆနာကေတာ့ လက္ေတြ႕ဘဝ နဲ႔ နည္းနည္း အလွမ္းေဝးေနတာပဲျဖစ္ပါတယ္။ စာအုပ္သမားေတြအေနနဲ႔ သတိျပဳရမယ့္အခ်က္ကေတာ့ စာအုပ္ေတြၾကားမွာပဲ နစ္မသြားဖို႔ပါပဲ။

 

Street Smart နဲ႔ Book Smart တို႔ရဲ႕ လိုအပ္ခ်က္ေတြကဘာေတြလဲ?
Street Smart ေတြက တစ္သမတ္တည္းျဖစ္ေနတဲ့အေျခအေနေတြမွာ ရွင္သန္ႏိုင္ဖို႔ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့လိုအေျခအေနေတြမွာ သူတို႔ရဲ႕ သဘာဝကို ပိတ္ပင္ထားရလို႔ပါ။

 

ပညာေရးနယ္ပယ္က Street Smart ေတြအတြက္ တစ္ခါတစ္ေလမွာ အဆိပ္အေတာက္ျဖစ္ေစပါတယ္။ ဒါ့အျပင္ သူတို႔က ေက်ာင္းနဲ႔ေဝးေဝးေျပးခ်င္ၾကသူေတြလည္းျဖစ္ပါတယ္။ ဒါကေတာ့ Street Smart ေတြရဲ႕ လိုအပ္ခ်က္ျဖစ္ပါတယ္။ ဒါေပမဲ့ သူတို႔ေလးေတြက ဆန္းသစ္တီထြင္ႏိုင္စြမ္းအျပည့္ရွိၾကၿပီး စည္းမ်ဥ္းေတြကို မႏွစ္သက္ၾကပါဘူး။ ဒါကေတာ့ သူတို႔ရဲ႕ အားသာခ်က္လို႔ ေျပာႏိုင္ပါတယ္။

 

Book Smart ေလးေတြကေတာ့ စာအုပ္ေတြကေပးတဲ့ Guideline ေတြနဲ႔ နည္းနည္းေလးကြာဟသြားတာနဲ႔ေျခမကိုင္မိ လက္မကိုင္မိျဖစ္ၾကပါတယ္။ ဒါ့အျပင္ ပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္ေအာင္ရွင္သန္ႏိုင္ဖို႔အတြက္ သူတို႔မွာ လုံေလာက္တဲ့ အခ်က္အလက္ေတြမရွိၾကပါဘူး။ ဒါက Book Smart ေလးေတြရဲ႕ အႀကီးမားဆုံးလိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့သူတို႔ေလးေတြက စည္းမ်ဥ္းစည္းကမ္း ေတြၾကားမွာ ေပ်ာ္ေမြ႕သူေတြျဖစ္တာေၾကာင့္ အစိုးရအလုပ္ေတြ၊ ပညာေရးနယ္ပယ္ေတြမွာေတာ့ ေကာင္းေကာင္းရွင္သန္ႏိုင္ၾကသူေတြျဖစ္ပါတယ္။

 


ဒါဆို Street Smart နဲ႔ Book Smart ကို တြဲဖက္လိုက္ၾကရင္ေရာ?

 

BS.png
လူငယ္တစ္ေယာက္မွာလိုအပ္တဲ့ အသိဉာဏ္ဗဟုသုတ နဲ႔ အေတြ႕အႀကဳံ ဆန္းသစ္မႈေတြကို ညီတူညီမွ် ပ်ိဳးေထာင္ႏိုင္မယ္ဆိုရင္ Street-Book Smart ျဖစ္လာမွာပါ။ Book Smart ရဲ႕ အားသာခ်က္နဲ႔ Street Smart ရဲ႕ အားသာခ်က္ေတြကို ေသခ်ာပ်ိဳးေထာင္ေပါင္းစပ္ထားတဲ့ လူငယ္တစ္ေယာက္က ေတာ့ အားအေကာင္းဆုံးျဖစ္လိမ့္မယ္ထင္ပါတယ္။

 

ဘာလို႔လဲဆိုေတာ့ သူတို႔က စာအုပ္ထဲကရတဲ့ ဗဟုသုတေတြနဲ႔ လက္ေတြ႕ဘဝကေပးတဲ့ အေတြ႕အႀကဳံေတြကို ေကာင္းစြာ ေပါင္းစပ္အသုံးျပဳႏိုင္ၾကသူေတြျဖစ္လို႔ပါ။ ဒါေၾကာင့္ အထက္ကေျပာခဲ့တဲ့ Street Smart က Book Smart ကို အႏိုင္တိုက္ႏိုင္တယ္ဆိုတဲ့ စကားထက္ Street-Book Smart က အားအေကာင္းဆုံးျဖစ္တယ္လို႔ ဆိုခ်င္ပါတယ္။


အေရးႀကီးဆုံးတစ္ခုေတာ့ရွိပါတယ္။ အဲ့တာက Street Smart မျဖစ္ခင္ Book Smart အဆင့္ကို ေက်ာ္ကိုေက်ာ္ျဖတ္ရမယ္ဆိုတာပါပဲ။

Read times Last modified on Monday, 25 January 2021 11:50
Rate this articles
(1 Vote)