×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 28 January 2021

မင်းသားချောကြီး လီယိုနာဒို ရဲ့ “ The Wolf of the Wall Street”

“မင်းတို့ရဲ့အခက်အခဲကို ချမ်းသာခြင်းနဲ့ ငါဖြေရှင်းပေးမယ်”……….ဆိုတဲ့
မင်းသားချောကြီး လီယိုနာဒို ရဲ့ “ The Wolf of the Wall Street” ဇာတ်ကားကို အားလုံးရင်းနှီးကြလိမ့်မယ် ထင်ပါတယ်။

ဒီဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းတချို့က လူငယ်ထုအကြားမှာ meme တွေအနေနဲ့ တအားပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် “The Wolf of the Wall Street” ရုပ်ရှင်ဇာတ်ကားကြီးက ကမ္ဘာမှာ စီးပွားရေးနယ်ပယ်ထဲကို ခြေပစ်ဝင်လိုသူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကား(၁၀)ကားမှာ တစ်ကားအပါအဝင်ဖြစ်ပါတယ်။

 

စာရေးဆရာကြီး ဂျော်ဒန်ဘဲလ်ဖို့ဒ် ရေးသားခဲ့တဲ့ “The Wolf of Wall Street” ဆိုတဲ့ စာအုပ်ကိုပဲ ဇာတ်ကားပြန်ရိုက်ထားပါ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးက ခုအချိန်ထိ လူငယ်တိုင်းကို ကြည့်ချင်အောင် ဆွဲဆောင်နိုင်တုန်းပဲ ဖြစ်ပါတယ်။

 

ဘာကြောင့်လဲ ?
ဘာကြောင့်လဲဆိုတော့ ဇာတ်ကားက မြူးတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုတွေအပြင် ဂျော်ဒန်ဘဲလ်ဖို့ဒ် ဆိုတဲ့ အပျက်မီလျံနာဇာတ်ကောင်ပြောရတဲ့ ထိမိလှတဲ့ ဒိုင်ယာလော့ဂ်တွေကြောင့်ပါ။

 

ဂျော်ဒန်ဘဲလ်ဖို့ဒ် ဆိုတဲ့ အရောင်းသမားလေးတစ်ယောက်က Wall Street ကို ရောက်လာပြီး စတော့ရှယ်ယာပွဲစားဖြစ်သွားတဲ့အခါ ဆရာကောင်းသမားကောင်း မာ့ခ် နဲ့တွေ့ပြီး လုပ်ငန်းပိုင်းမှာ ထူးချွန်လာတဲ့အပြင် ဆေးရော မိန်းမပါ စစွဲလာတော့တယ်။ ဒီလိုနဲ့ Wall Street က သူတို့ စတော့ရှယ်ယာကုမ္ပဏီပျက်တော့ ဂျော်ဒန်တစ်ယောက် နောက်အလုပ်တစ်ခုကိုရှာဖွေတဲ့အခါ လုံးဝကိုမမျှော်လင့်ထားတဲ့အခွင့်အရေးတစ်ခုကို သွားတွေ့တော့တယ်။ အဲ့တာက ဦးနှောက်မရှိဘဲ အသားလွတ်ချမ်းသာချင်နေကြတဲ့ လူဆင်းရဲတွေကို စတော့ရှယ်ယာတွေရောင်းရင်း ပွဲစားခ ၅၀% ရနိုင်တဲ့အခွင့်အရေးပါပဲ။ အရောင်းဆိုရင် ဂျပိုးကိုတောင် လိပ်ဖြစ်အောင်ပြောပြီး ဆွဲဆောင်နိုင်တဲ့ ဂျော်ဒန်အတွက်တော့ ဒီအလုပ်ကနေ တစ်လကို ဒေါ်လာ ၇၅၀၀၀၀ အထက်ကို အေးဆေးရှာနိုင်တော့တာပေါ့။ ဒီလိုနဲ့ သူမိန်းမက သူ့ကို လူဆင်းရဲတွေဆီက ယူနေတာထက်စာရင် သုံးမကုန်အောင်ချမ်းသာနေတဲ့ သူဌေးကြီးတွေကို စတော့ရှယ်ယာရောင်းဖို့ အကြံပေးလိုက်တော့……….

 

ဂျော်ဒန်တစ်ယောက်ဘယ်လိုတွေစီစဉ်မလဲ။ ဘယ်လို နည်းစနစ်တွေကို အသုံးပြုပြီး ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါ။

ဒါပေမဲ့ နာမည်ကြီး ဂျော်ဒန်ဘဲလ်ဖို့ဒ် ရဲ့ ထိမိတဲ့ စကားလုံးလေးတွေကို လက်ဆောင်အနေနဲ့ ပေးလိုက်ပါရစေ။

There’s no nobility in poverty. I’ve been a rich man and I’ve been a poor man. And I choose rich every f**king time.
ဆင်းရဲခြင်းမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ ငါက ဆင်းရဲသားလည်းဖြစ်ဖူးတယ်။ သူဌေးလည်းဖြစ်ဖူးတယ်။ ဒါပေမဲ့ ငါက အချိန်တိုင်း ချမ်းသာခြင်းကိုပဲရွေးချယ်တယ်။

 

It’s business. Leave your emotions at the door.
ဒါက စီးပွားရေးပဲ။ မင်းရဲ့ ခံစားချက်တွေကို တံခါးအပြင်မှာပဲ ထားခဲ့။

 

Hard work beats talent. Every time!
အရည်အချင်းကို ကြိုးစားခြင်းက အမြဲနိုင်တယ်။

 

I ain’t going anywhere!
ငါဘယ်မှမသွားဘူး။

 

ဒီ ဒိုင်ယာလော့တွေက ဂျော်ဒန်ဘဲလ်ဖို့ဒ်ကို နာမည်ကြီးစေတဲ့ ဒိုင်ယာလော့တွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ “The Wolf of Wall Street” ကို ကြည့်ပြီးတဲ့နောက်မှာ အတွေးတွေအများကြီးရခဲ့ပါတယ်။ အဲ့ထဲက အခုကျွန်တော် စာဖတ်သူတို့ကို ဝေမျှချင်တဲ့အချက်ကတော့ “ပိုက်ဆံတွေ စက္ကန့်တိုင်းမှာ ဝင်နေနိုင်ဖို့အတွက် လိုအပ်တာ ပိုက်ဆံရှာရဲတဲ့သတ္တိပါ” ဆိုတဲ့အချက်ပါပဲ။ ဒါဆို စာဖတ်ပရိသတ်ကြီးရော ဘယ်လိုအတွေးမျိုးတွေကို ဒီဇာတ်ကားလေးကနေ ရမလဲ? “ The Wolf of Wall Street” ဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Movie Quote ….
“လူတစ်ယောက် အရမ်းအောင်မြင်လာပြီ၊ အမြင့်တတ်လာပြီဆိုရင် … သူ့ကို ဟိုး အောက်ဆုံးထိ ပြန်ဆွဲချဖို့ ကြံနေတဲ့ လူတစ်ယောက်လည်း အမြဲတမ်း ရှိနေတတ်တယ် ….”

 

Video Link - https://channelmyanmar.org/channelmyanmar2-blogspot-co-512/

 

 

 

“မင္းတို႔ရဲ႕အခက္အခဲကို ခ်မ္းသာျခင္းနဲ႔ ငါေျဖရွင္းေပးမယ္”……….ဆိုတဲ့
မင္းသားေခ်ာႀကီး လီယိုနာဒို ရဲ႕ “ The Wolf of the Wall Street” ဇာတ္ကားကို အားလုံးရင္းႏွီးၾကလိမ့္မယ္ ထင္ပါတယ္။

ဒီဇာတ္ကားေလးထဲက ဇာတ္ဝင္ခန္းတခ်ိဳ႕က လူငယ္ထုအၾကားမွာ meme ေတြအေနနဲ႔ တအားေပါက္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ “The Wolf of the Wall Street” ႐ုပ္ရွင္ဇာတ္ကားႀကီးက ကမာၻမွာ စီးပြားေရးနယ္ပယ္ထဲကို ေျခပစ္ဝင္လိုသူတိုင္း ၾကည့္သင့္တဲ့ ဇာတ္ကား(၁၀)ကားမွာ တစ္ကားအပါအဝင္ျဖစ္ပါတယ္။

 

စာေရးဆရာႀကီး ေဂ်ာ္ဒန္ဘဲလ္ဖို႔ဒ္ ေရးသားခဲ့တဲ့ “The Wolf of Wall Street” ဆိုတဲ့ စာအုပ္ကိုပဲ ဇာတ္ကားျပန္႐ိုက္ထားပါ။ ၂၀၁၃ ခုႏွစ္ကထြက္ရွိခဲ့တဲ့ ဒီဇာတ္ကားေလးက ခုအခ်ိန္ထိ လူငယ္တိုင္းကို ၾကည့္ခ်င္ေအာင္ ဆြဲေဆာင္ႏိုင္တုန္းပဲ ျဖစ္ပါတယ္။

 

ဘာေၾကာင့္လဲ ?
ဘာေၾကာင့္လဲဆိုေတာ့ ဇာတ္ကားက ျမဴးတယ္။ ဒီဇာတ္ကားရဲ႕ ဇာတ္အိမ္ဖြဲ႕စည္းမႈေတြအျပင္ ေဂ်ာ္ဒန္ဘဲလ္ဖို႔ဒ္ ဆိုတဲ့ အပ်က္မီလ်ံနာဇာတ္ေကာင္ေျပာရတဲ့ ထိမိလွတဲ့ ဒိုင္ယာေလာ့ဂ္ေတြေၾကာင့္ပါ။

 

ေဂ်ာ္ဒန္ဘဲလ္ဖို႔ဒ္ ဆိုတဲ့ အေရာင္းသမားေလးတစ္ေယာက္က Wall Street ကို ေရာက္လာၿပီး စေတာ့ရွယ္ယာပြဲစားျဖစ္သြားတဲ့အခါ ဆရာေကာင္းသမားေကာင္း မာ့ခ္ နဲ႔ေတြ႕ၿပီး လုပ္ငန္းပိုင္းမွာ ထူးခြၽန္လာတဲ့အျပင္ ေဆးေရာ မိန္းမပါ စစြဲလာေတာ့တယ္။ ဒီလိုနဲ႔ Wall Street က သူတို႔ စေတာ့ရွယ္ယာကုမၸဏီပ်က္ေတာ့ ေဂ်ာ္ဒန္တစ္ေယာက္ ေနာက္အလုပ္တစ္ခုကိုရွာေဖြတဲ့အခါ လုံးဝကိုမေမွ်ာ္လင့္ထားတဲ့အခြင့္အေရးတစ္ခုကို သြားေတြ႕ေတာ့တယ္။ အဲ့တာက ဦးေႏွာက္မရွိဘဲ အသားလြတ္ခ်မ္းသာခ်င္ေနၾကတဲ့ လူဆင္းရဲေတြကို စေတာ့ရွယ္ယာေတြေရာင္းရင္း ပြဲစားခ ၅၀% ရႏိုင္တဲ့အခြင့္အေရးပါပဲ။ အေရာင္းဆိုရင္ ဂ်ပိုးကိုေတာင္ လိပ္ျဖစ္ေအာင္ေျပာၿပီး ဆြဲေဆာင္ႏိုင္တဲ့ ေဂ်ာ္ဒန္အတြက္ေတာ့ ဒီအလုပ္ကေန တစ္လကို ေဒၚလာ ၇၅၀၀၀၀ အထက္ကို ေအးေဆးရွာႏိုင္ေတာ့တာေပါ့။ ဒီလိုနဲ႔ သူမိန္းမက သူ႔ကို လူဆင္းရဲေတြဆီက ယူေနတာထက္စာရင္ သုံးမကုန္ေအာင္ခ်မ္းသာေနတဲ့ သူေဌးႀကီးေတြကို စေတာ့ရွယ္ယာေရာင္းဖို႔ အႀကံေပးလိုက္ေတာ့……….

ေဂ်ာ္ဒန္တစ္ေယာက္ဘယ္လိုေတြစီစဥ္မလဲ။ ဘယ္လို နည္းစနစ္ေတြကို အသုံးျပဳၿပီး ဘယ္လို ဇာတ္သိမ္းမလဲဆိုတာကို ကိုယ္တိုင္ၾကည့္ရႈခံစားလိုက္ပါ။

 

ဒါေပမဲ့ နာမည္ႀကီး ေဂ်ာ္ဒန္ဘဲလ္ဖို႔ဒ္ ရဲ႕ ထိမိတဲ့ စကားလုံးေလးေတြကို လက္ေဆာင္အေနနဲ႔ ေပးလိုက္ပါရေစ။

There’s no nobility in poverty. I’ve been a rich man and I’ve been a poor man. And I choose rich every f**king time.
ဆင္းရဲျခင္းမွာ မျဖစ္ႏိုင္ဘူးဆိုတာမရွိဘူး။ ငါက ဆင္းရဲသားလည္းျဖစ္ဖူးတယ္။ သူေဌးလည္းျဖစ္ဖူးတယ္။ ဒါေပမဲ့ ငါက အခ်ိန္တိုင္း ခ်မ္းသာျခင္းကိုပဲေ႐ြးခ်ယ္တယ္။

 

It’s business. Leave your emotions at the door.
ဒါက စီးပြားေရးပဲ။ မင္းရဲ႕ ခံစားခ်က္ေတြကို တံခါးအျပင္မွာပဲ ထားခဲ့။

 

Hard work beats talent. Every time!
အရည္အခ်င္းကို ႀကိဳးစားျခင္းက အၿမဲႏိုင္တယ္။

 

I ain’t going anywhere!
ငါဘယ္မွမသြားဘူး။

 

ဒီ ဒိုင္ယာေလာ့ေတြက ေဂ်ာ္ဒန္ဘဲလ္ဖို႔ဒ္ကို နာမည္ႀကီးေစတဲ့ ဒိုင္ယာေလာ့ေတြ ျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ “The Wolf of Wall Street” ကို ၾကည့္ၿပီးတဲ့ေနာက္မွာ အေတြးေတြအမ်ားႀကီးရခဲ့ပါတယ္။ အဲ့ထဲက အခုကြၽန္ေတာ္ စာဖတ္သူတို႔ကို ေဝမွ်ခ်င္တဲ့အခ်က္ကေတာ့ “ပိုက္ဆံေတြ စကၠန႔္တိုင္းမွာ ဝင္ေနႏိုင္ဖို႔အတြက္ လိုအပ္တာ ပိုက္ဆံရွာရဲတဲ့သတၱိပါ” ဆိုတဲ့အခ်က္ပါပဲ။ ဒါဆို စာဖတ္ပရိသတ္ႀကီးေရာ ဘယ္လိုအေတြးမ်ိဳးေတြကို ဒီဇာတ္ကားေလးကေန ရမလဲ? “ The Wolf of Wall Street” ဇာတ္ကားကို ၾကည့္ျဖစ္ေအာင္ၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

 

Movie Quote ….
“လူတစ္ေယာက္ အရမ္းေအာင္ျမင္လာၿပီ၊ အျမင့္တတ္လာၿပီဆိုရင္ … သူ႔ကို ဟိုး ေအာက္ဆုံးထိ ျပန္ဆြဲခ်ဖို႔ ႀကံေနတဲ့ လူတစ္ေယာက္လည္း အၿမဲတမ္း ရွိေနတတ္တယ္ ….”

 

Video Link - https://channelmyanmar.org/channelmyanmar2-blogspot-co-512/

Read times
Rate this articles
(0 votes)