×
Warning
JUser: :_load: Unable to load user with ID: 81428
Lifestyle
Tuesday, 09 February 2021
မှားယွင်းနေတဲ့အခါ ဒီအမှားတွေထဲက ရုန်းထွက်နိုင်စေဖို့
မှားယွင်းနေတဲ့အခါ ဒီအမှားတွေထဲက ရုန်းထွက်နိုင်စေဖို့
အမှားတွေကြုံလာတဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ရုန်းထွက်သင့်သလဲဆိုတာကို စိတ်ပညာရှင်များရဲ့ အကြံပြုထားတဲ့ အကြံပြုချက်လေးတွေကို စုစည်းတင်ပြလိုပါတယ်။
ကျွန်တော်တို့တွေအတော်များများဟာ အမှားတွေထဲမှာပျော်နေပြီး မှားဆဲ၊ မှားမြဲဖြစ်နေတတ်ကြပါတယ်။ ဒီအမှားထဲ ရုန်းထွက်နိုင်ဖို့ တော်တော်လေးမှ ခက်ခဲပါတယ်။
အမှားတွေကြုံလာတဲ့အခါ .
(၁) မှားနေပြီ၊ မှားခဲ့ပြီဆိုတာကို လက်ခံပါ။
(၂) ဖြစ်ပြီးခဲ့တာတွေ၊ နောင်ဖြစ်လာမှာတွေကို တွေးတောနေမယ့်အစား ယခု ပစ္စုပ္ပန်ကိုပဲ စိတ်ဝင်စားပါ။ သေချာသုံးသပ်ပါ။
(၃) ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကို လက်တွေ့ကျကျ အာရုံစူးစိုက်ပါ။
(၄) သင်လုပ်နိုင်တာ၊ မလုပ်နိုင်တာတွေကို သေသေချာချာ ခွဲခြားပါ။
(၅) တဆင့်ပြီးတဆင့်ဖြေရှင်းပါ။ မလောပါနဲ့။
(၆) ရလာဒ်ဆိုးတွေကိုအာရုံစိုက်နေမယ့်အစား ဖြစ်နိုင်သမျှ ဘာတွေအကောင်းဆုံးလုပ်နိုင်သလဲဆိုတာကို စဉ်းစားပါ။
(၇) အမှားတွေထဲက သင်ခန်းစာရှာပါ။ ခက်ခဲတဲ့အခြေအနေတွေက ကျွန်တော်တို့ကို ပိုပြီး ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှုတွေကို ပေးပါတယ်။
(၈) ကျွမ်းကျင်မှု၊ အားသာမှုများကို အာရုံစိုက်ပါ။
(၉) ဘယ်လိုတွေဖြစ်နေပါစေ အသေးငယ်ဆုံးဆေသာ အခြေအနေမှ ပြန်လည်အစပြုပါ။
(၁၀) မင်းကိုထောက်ခံပေးမယ့်သူများရဲ့ အကြံဉာဏ်များကို ရယူပါ။
(၁၁) ဒီခက်ခဲနေတဲ့အချိန်တွေကို ကျော်လွန်နိုင်စေဖို့ စိတ်ပျက်အားငယ်နေမယ့်အစား ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ နေ့ရက်တွေကို ဖြတ်သန်းပါ။
(၁၂) မိမိကိုယ်မိမိ ဂရုစိုက်ပါ။
(၁၃) ကိုယ့်ကိုကိုယ်လေးစားပါ၊ ချစ်ပါ။
(၁၄) စိတ်ပျိုရင် ကိုယ်နုပါတယ်။
(၁၅) မိမိကိုယ် ကူညီထောက်ပံ့ပေးနိုင်သူများထံမှ အကူအညီတောင်းပါ။ မနှောင့်နှေးပါနှင့်။
(၁၆) အခြားသူများရဲ့အမြင်ကိုတောင်းခံပါ။
(၁၇) ကိုယ်လုပ်ဆောင်ဖို့ရှိတဲ့အရာတွေကို တဆင့်ပြီးတဆင့် ဆောင်ရွက်ပါ။
(၁၈) ဒီပြသနာကို အခြားရှုထောင့်ကနေ ပြန်လည်သုံးသပ်ပါ။
(၁၉) စိတ်ဓာတ်တက်ကြွစေမယ့် စာပေများကို၊ စိတ်ခွန်အားရစေမယ့်စာပေများကို ရွေးချယ်ဖတ်ရှုပါ။
(၂၀) သေချာခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ ကြီးမားတဲ့ရည်မှန်းချက်ထားပြီး ကိုယ်ရည်ရွယ်တဲ့ပန်းတိုင်ရောက်အောင် ပြန်လည်ကြိုးစားပါ။
ဒီအချက်လေးတွေကတော့ သင့်ကို အမှားတွေထဲက ကယ်တင်နိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
(၁၀) မင်းကိုထောက်ခံပေးမယ့်သူများရဲ့ အကြံဥာဏ်များကို ရယူပါ။
Read times
Rate this articles
(1 Vote)