×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 22 February 2021

သင်ဟာ ခြေထောက်ချိတ်ထိုင်လေ့ရှိသူတစ်ယောက်လား????

သင်ဟာ ခြေထောက်ချိတ်ထိုင်လေ့ရှိသူတစ်ယောက်လား????

ကျွန်တော်တို့တွေဟာ မကြာခဏဆိုသလို ခြေထောက်ကို ချိတ်ထိုင်လေ့ရှိကြပါတယ်။ အမှန်တကယ်မှာတော့ ဒီလို ခြေထောက်ကိုချိတ်ထိုင်တာက ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကိုတိုးပွားစေတယ်၊ စတိုင်ကျစေတယ်. . . ဆိုတာတွေ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် မကောင်းတဲ့အချက်တွေအများကြီးပါ။

 

ဒီလို ခြေထောက်ကိုချိတ်ထိုင်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ဘယ်လိုအချက်တွေက မကောင်းဘူးလဲ၊ ဘာကြောင့်မကောင်းရတာလဲဆိုတာကို အတူတူ လေ့လာကြည့်ကြပါဆို့။

 

(၁) အောက်ဖော်ပြပါပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုချိတ်ထိုင်ပြီး အလုပ်လုပ်မယ်ဆိုရင်တော့ အာရုံကြောတွေကို ပိတ်ဆို့ထားသလိုဖြစ်စေပြီး အာရုံကြောအလုပ်မလုပ်တာတွေ၊ လေဖြတ်ခြင်းတွေကို အားပေးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုထိုင်နေခြင်းအားဖြင့် ခြေထောက်ကို အလွယ်တကူမရွှေ့နိုင်တာတွေ၊ ကြွက်သားထုံကျင်ခြင်းတွေ စတာတွေကို ဖြစ်စေနိုင်ပြီး "Peroneal Nerve" လို့ခေါ်တဲ့ အာရုံကြောကို ထိခိုက်စေနိုင်ပါတယ်။

1._It_could_provoke_nerve_palsy.jpg

 

(၂) သွေးတိုးစေနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ ဒီလိုခြေထောက်ကို ချိတ်ထိုင်ခြင်းဟာ (ယာယီ) သွေးပေါင်ချိန်ကို သိသိသာသာ မြင့်တက်စေပါတယ်။

2._It_could_cause_high_blood_pressure.jpg

 

(၃) ကိုယ်ဟန်အနေအထားမကောင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ (၃)နာရီကြာ ခြေထောက်တွေကို ချိတ်ထိုင်ထားမယ်ဆိုရင် ပခုံးတင်ပါးဆုံးတွင်းနှစ်ဖက်ကို တင်းတင်ကျက်ကျပ်ဖြစ်ပေါ်စေပြီး ကျောရိုးကို လွဲမှားစွာဖြစ်ပေါ်စေတဲ့အတွက် ကိုယ်ဟန်အနေအထားဟာဆိုရင် ကြွက်သွားတွင်းနာကျင်မှုကို တောင့်တင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

3._It_could_lead_to_bad_posture.jpg

 

(၄) အဆစ်အမြစ်များ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီလိုခြေထောက်တွေကို ချိတ်ထားခြင်းဟာ ကိုယ်ဟန်အနေအထား မကောင်းစေရုံသာမက အဆစ်အမြစ်များကိုလည်း နာကျင်စေနိုင်ပါတယ်။ လည်ပင်း၊ တင်ပါးဆုံ၊ နောက်ကျော၊ ဒူးခေါင်းတွေကို နာကျင်စေနိုင်ပါတယ်။

4._It_could_cause_pain_in_the_joints.jpg

 

(၅) ကိုယ်ဝန်ဆောင်နေစဉ် ခြေကျင်းဝတ်နာကျင်ရောင်ရမ်းခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်မှာဆိုရင် ခြေထောက်တွေကို လုံးဝ(လုံးဝ) ချိတ်မထိုင်သင့်ပါဘူး။ ခြေမျက်စိတွေရောင်ရမ်းတာ၊ ခြေထောက်ကြွက်တက်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

5._It_could_induce_ankle_swelling_during_pregnancy.jpg

 

သင်ကိုယ်တိုင်ရော ခြေထောက်ကိုချိတ်ထိုင်တတ်တဲ့သူတစ်ယောက်လား??? ခုဆိုရင် ဒီလိုခြေထောက်ချိတ်ထိုင်ခြင်းအားဖြင့် ဘယ်လိုဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာကို သိရှိသွားပြီဆိုတော့ နောက်များမှာ သတိထားပြီး ဒီလိုခြေထောက် ချိတ်မထိုင်ဖြစ်အောင ်ကြိုးစားမယ်လို့ ယုံကြည်ပါတယ်။

 

 

သင္ဟာ ေျခေထာက္ခ်ိတ္ထိုင္ေလ့ရွိသူတစ္ေယာက္လား????

ကြၽန္ေတာ္တို႔ေတြဟာ မၾကာခဏဆိုသလို ေျခေထာက္ကို ခ်ိတ္ထိုင္ေလ့ရွိၾကပါတယ္။ အမွန္တကယ္မွာေတာ့ ဒီလို ေျခေထာက္ကိုခ်ိတ္ထိုင္တာက ကိုယ့္ကိုကိုယ္ယုံၾကည္ခ်က္ကိုတိုးပြားေစတယ္၊ စတိုင္က်ေစတယ္. . . ဆိုတာေတြ ျဖစ္ခ်င္ျဖစ္ႏိုင္ေပမယ့္ က်န္းမာေရးရႈေထာင့္ကေနၾကည့္ရင္ မေကာင္းတဲ့အခ်က္ေတြအမ်ားႀကီးပါ။

ဒီလို ေျခေထာက္ကိုခ်ိတ္ထိုင္ျခင္းအားျဖင့္ ခႏၶာကိုယ္အတြက္ ဘယ္လိုအခ်က္ေတြက မေကာင္းဘူးလဲ၊ ဘာေၾကာင့္မေကာင္းရတာလဲဆိုတာကို အတူတူ ေလ့လာၾကည့္ၾကပါဆို႔။

 

(၁) ေအာက္ေဖာ္ျပပါပုံမွာျပထားတဲ့အတိုင္း ေျခေထာက္ကိုခ်ိတ္ထိုင္ၿပီး အလုပ္လုပ္မယ္ဆိုရင္ေတာ့ အာ႐ုံေၾကာေတြကို ပိတ္ဆို႔ထားသလိုျဖစ္ေစၿပီး အာ႐ုံေၾကာအလုပ္မလုပ္တာေတြ၊ ေလျဖတ္ျခင္းေတြကို အားေပးတာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုထိုင္ေနျခင္းအားျဖင့္ ေျခေထာက္ကို အလြယ္တကူမေ႐ႊ႕ႏိုင္တာေတြ၊ ႂကြက္သားထုံက်င္ျခင္းေတြ စတာေတြကို ျဖစ္ေစႏိုင္ၿပီး "Peroneal Nerve" လို႔ေခၚတဲ့ အာ႐ုံေၾကာကို ထိခိုက္ေစႏိုင္ပါတယ္။

1._It_could_provoke_nerve_palsy.jpg

 

(၂) ေသြးတိုးေစႏိုင္ပါတယ္။
ေလ့လာေတြ႕ရွိခ်က္မ်ားအရ ဒီလိုေျခေထာက္ကို ခ်ိတ္ထိုင္ျခင္းဟာ (ယာယီ) ေသြးေပါင္ခ်ိန္ကို သိသိသာသာ ျမင့္တက္ေစပါတယ္။

2._It_could_cause_high_blood_pressure.jpg

 

(၃) ကိုယ္ဟန္အေနအထားမေကာင္းမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။
ေလ့လာေတြ႕ရွိခ်က္မ်ားအရ (၃)နာရီၾကာ ေျခေထာက္ေတြကို ခ်ိတ္ထိုင္ထားမယ္ဆိုရင္ ပခုံးတင္ပါးဆုံးတြင္းႏွစ္ဖက္ကို တင္းတင္က်က္က်ပ္ျဖစ္ေပၚေစၿပီး ေက်ာ႐ိုးကို လြဲမွားစြာျဖစ္ေပၚေစတဲ့အတြက္ ကိုယ္ဟန္အေနအထားဟာဆိုရင္ ႂကြက္သြားတြင္းနာက်င္မႈကို ေတာင့္တင္းမႈေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

3._It_could_lead_to_bad_posture.jpg

 

(၄) အဆစ္အျမစ္မ်ား နာက်င္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။
ဒီလိုေျခေထာက္ေတြကို ခ်ိတ္ထားျခင္းဟာ ကိုယ္ဟန္အေနအထား မေကာင္းေစ႐ုံသာမက အဆစ္အျမစ္မ်ားကိုလည္း နာက်င္ေစႏိုင္ပါတယ္။ လည္ပင္း၊ တင္ပါးဆုံ၊ ေနာက္ေက်ာ၊ ဒူးေခါင္းေတြကို နာက်င္ေစႏိုင္ပါတယ္။

4._It_could_cause_pain_in_the_joints.jpg

 

(၅) ကိုယ္ဝန္ေဆာင္ေနစဥ္ ေျခက်င္းဝတ္နာက်င္ေရာင္ရမ္းျခင္းကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္ေနစဥ္မွာဆိုရင္ ေျခေထာက္ေတြကို လုံးဝ(လုံးဝ) ခ်ိတ္မထိုင္သင့္ပါဘူး။ ေျခမ်က္စိေတြေရာင္ရမ္းတာ၊ ေျခေထာက္ႂကြက္တက္တာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

5._It_could_induce_ankle_swelling_during_pregnancy.jpg

 

သင္ကိုယ္တိုင္ေရာ ေျခေထာက္ကိုခ်ိတ္ထိုင္တတ္တဲ့သူတစ္ေယာက္လား??? ခုဆိုရင္ ဒီလိုေျခေထာက္ခ်ိတ္ထိုင္ျခင္းအားျဖင့္ ဘယ္လိုဆိုးက်ိဳးေတြျဖစ္ေစတယ္ဆိုတာကို သိရွိသြားၿပီဆိုေတာ့ ေနာက္မ်ားမွာ သတိထားၿပီး ဒီလိုေျခေထာက္ ခ်ိတ္မထိုင္ျဖစ္ေအာင ္ႀကိဳးစားမယ္လို႔ ယုံၾကည္ပါတယ္။

 

Read times Last modified on Monday, 22 February 2021 10:39
Rate this articles
(1 Vote)