×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 12 October 2021

ဂရုစိုက်ပါ ဒါပေမယ့် လိုတာထက် မပိုပါစေနဲ့

ဂရုစိုက်ပါ ဒါပေမယ့် လိုတာထက် မပိုပါစေနဲ့

 

တခါတုန်းက ရွာတစ်ရွာမှာ ပင်စင်စား အဘိုးအိုတစ်ဦးနှင့် နည်းပညာသမား လူငယ်တစ်ဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ကြပါတယ်။ သူတို့နှစ်ယောက်စလုံး ခြံရဲ့ထောင့်တစ်ဖက်စီမှာ မျိုးတူ အပင်ပေါက်တစ်ပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြတယ် ။

 

လူငယ်ဟာ သူရဲ့အပင်တွေကို ရေများများလောင်းတယ်။ မြေသြဇာတွေလည်း အများအပြားကျွေးတယ်။ သူ့ရဲ့အပင်တွေကို လိုတာထက်ပိုပြီး သူကဂရုစိုက်တယ်။ အဘိုးအိုကတော့ ရေနဲ့ မြေသြဇာအနည်းငယ်ကိုပဲ အပင်တွေကို ပုံမှန် ပေးလေ့ရှိတယ်။

 

ဒီလိုနဲ့ဘဲ လူငယ်ရဲ့ အပင်တွေက စိမ်းလန်းစိုပြည်ပြီး အရွက်တွေ ဝေဝေဆာဆာနဲ့ ကြီးထွားလာပါတယ် ။ အဘိုးအိုရဲ့ အပင်တွေကတော့ သာမန်လောက်သာ ကြီးထွားလာတယ်။

 

တစ်ညမှာ မိုးသက်လေပြင်းကျခဲ့တယ် ။ မနက်မိုးလင်းတော့ သူတို့နှစ်ယောက် အပင်တွေရဲ့အခြေအနေကိုထွက်ကြည့်ကြတယ်။ လူငယ်က အမြစ်မှကျွတ်ထွက်နေတဲ့ သူ့အပင်တွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ တစ်ဖက်ခြံက အဘိုးအိုအပင်တွေရဲ့ အခြေအနေကို လှမ်းကြည့်လိုက်တော့ အလွန်အံ့အားသင့်သွားတယ် ။

 

သူ့အပင်တွေလောက် ဂရုစိုက်ခြင်း မခံရတဲ့ အပင်တွေဟာ ဘာ့ကြောင့် အမြစ်ကနေ မကျွတ်ထွက်ရတာလဲဆိုတဲ့အတွေးတွေနဲ့ အဘိုးအိုကိုမေးမြန်းလိုက်တယ်။

 

အဘိုးအိုက ❝ ကောင်လေး မင်းကြည့်စမ်း၊ မင်းက အပင်တစ်ပင်မှာ လိုအပ်မယ့်အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ မင်းဖြည့်ဆည်းမှုကြောင့် မင်းရဲ့အပင်တွေဟာ သူတို့လိုအပ်တာတွေ ရှာဖွေဖို့ ဘယ်ကိုမှ ‌သွားစရာမလိုတော့ဘူးလေ။ ဒီတော့... လိုသမျှအလျံအပယ်ရနေတဲ့


မင်းအပင်တွေရဲ့အမြစ်တွေက အောက်ကို ထိုးဖောက်မဆင်းကြတော့ဘူး။ ငါရဲ့အပင်တွေကတော့ သူတို့အသက်ရှင်ဖို့ လုံလောက် ရုံပဲ လိုအပ်သလောက် ငါက ထောက်ပံ့ပေးတာမို့ သူတို့ရှင်သန်ဖို့အတွက် သူတို့ရဲ့ ကျန်တဲ့အမြစ်တွေဟာ မြေကြီးအောက်ထဲထိုးဖောက်ပြီး ရှာဖွေကြတယ်❞။


ဒါ့ကြောင့်.... မင်းအပင်ရဲ့ အမြစ်တွေဟာ အပေါ်ယံမှာပဲရှိနေတဲ့အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲကျရောက်သွားခဲ့တယ်။ ငါ့အပင်ရဲ့အမြစ်တွေကတော့ တော်တော်လေး မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတဲ့အတွက် သဘာဝတရားရဲ့ အပြင်းအထန်တိုက်ခိုက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ရှင်းပြလိုက်တော့မှ လူငယ်ကသဘောပေါက် နားလည်သွား‌တော့တယ် ။

 


ဒီလိုပါပဲ ❝တချို့မိဘတွေဟာ ကိုယ့်ရဲကလေးတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးရုံနဲ့ သူတို့တွေရဲ့ဘဝရှင်သန်ဖို့လုံလောက်ပြီလို့ ထင်နေတတ်ကြတယ် ။ပြီးတော့ မိဘတာဝန်ကျေပွန်ပြီလို့ ❞ ခံယူတတ်ကြတယ် ။

 

ကိုယ်ကလေးကို ❝ တကယ်သန်မာစေချင်တယ် ❞ဆိုရင် သူ့ဘာသာသူ ❝ဘယ်လိုထိုးဖောက်ရမလဲ ❞ ဆိုတာ သိဖို့လိုသလို သူတို့ဘာသာသူ ❝ ဘယ်လိုရှင်သန်ရမလဲ ❞ဆိုတာလည်း တွေးတတ်ဖို့လိုပါတယ် ။

 

အပင်တွေလောင်းရိပ်မိမှ ရှင်သန်ဖို့ခက်ခဲတာ မဟုတ်ပါဘူး။ ကလေးတွေလောင်းရိပ်မိရင်လည်း ရှင်သန်ဖို့ခက်ခဲတာပါပဲ။ ဒီတော့...ဒီနေ့ကစပြီး ❝ ကိုယ့်ရဲ့ကလေး သန်မာဖို့ ❞ ကိုယ့်ရဲ့ က‌လေးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူတို့လေးတွေရဲ့ဘဝမှာ မိမိကိုကိုယ်အားကိုးတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးရင်းဖြင့် လောကဓံကိုခံနိုင်ရည်ရှိအောင် လိုတာထက်ပိုပြီးဂရုစိုက်တတ်တဲ့အကျင့် အပြုအမူတွေကို ဖျောက်ပစ်လိုက်ပါ ။

 

 

 

ဂ႐ုစိုက္ပါ ဒါေပမယ့္ လိုတာထက္ မပိုပါေစနဲ႔

တခါတုန္းက ႐ြာတစ္႐ြာမွာ ပင္စင္စား အဘိုးအိုတစ္ဦးႏွင့္ နည္းပညာသမား လူငယ္တစ္ဦးတို႔ အိမ္နီးခ်င္း ၿခံခ်င္းကပ္ရပ္ ေနထိုင္ၾကပါတယ္ ။

သူတို႔ႏွစ္ေယာက္စလုံး ၿခံရဲ႕ေထာင့္တစ္ဖက္စီမွာ မ်ိဳးတူ အပင္ေပါက္တစ္ပင္စီကို အတူတကြ စိုက္ပ်ိဳးခဲ့ၾကတယ္ ။

 

လူငယ္ဟာ သူရဲ႕အပင္ေတြကို ေရမ်ားမ်ားေလာင္းတယ္။ ေျမၾသဇာေတြလည္း အမ်ားအျပားေကြၽးတယ္။ သူ႔ရဲ႕အပင္ေတြကို လိုတာထက္ပိုၿပီး သူကဂ႐ုစိုက္တယ္ ။အဘိုးအိုကေတာ့ ေရနဲ႔ ေျမၾသဇာအနည္းငယ္ကိုပဲ အပင္ေတြကို ပုံမွန္ ေပးေလ့ရွိတယ္။

 

ဒီလိုနဲ႔ဘဲ လူငယ္ရဲ႕ အပင္ေတြက စိမ္းလန္းစိုျပည္ၿပီး အ႐ြက္ေတြ ေဝေဝဆာဆာနဲ႔ ႀကီးထြားလာပါတယ္ ။ အဘိုးအိုရဲ႕ အပင္ေတြကေတာ့ သာမန္ေလာက္သာ ႀကီးထြားလာတယ္။

 

တစ္ညမွာ မိုးသက္ေလျပင္းက်ခဲ့တယ္ ။ မနက္မိုးလင္းေတာ့ သူတို႔ႏွစ္ေယာက္ အပင္ေတြရဲ႕အေျခအေနကိုထြက္ၾကည့္ၾကတယ္။ လူငယ္က အျမစ္မွကြၽတ္ထြက္ေနတဲ့ သူ႔အပင္ေတြကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္သြားတယ္။ ဒါနဲ႔ တစ္ဖက္ၿခံက အဘိုးအိုအပင္ေတြရဲ႕ အေျခအေနကို လွမ္းၾကည့္လိုက္ေတာ့ အလြန္အံ့အားသင့္သြားတယ္ ။

 

သူ႔အပင္ေတြေလာက္ ဂ႐ုစိုက္ျခင္း မခံရတဲ့ အပင္ေတြဟာ ဘာ့ေၾကာင့္ အျမစ္ကေန မကြၽတ္ထြက္ရတာလဲဆိုတဲ့အေတြးေတြနဲ႔ အဘိုးအိုကိုေမးျမန္းလိုက္တယ္။

 

အဘိုးအိုက ❝ ေကာင္ေလး မင္းၾကည့္စမ္း၊ မင္းက အပင္တစ္ပင္မွာ လိုအပ္မယ့္အရာအားလုံးကို ျဖည့္ဆည္းေပးတယ္။ မင္းျဖည့္ဆည္းမႈေၾကာင့္ မင္းရဲ႕အပင္ေတြဟာ သူတို႔လိုအပ္တာေတြ ရွာေဖြဖို႔ ဘယ္ကိုမွ ‌သြားစရာမလိုေတာ့ဘူးေလ။ ဒီေတာ့... လိုသမွ်အလ်ံအပယ္ရေနတဲ့
မင္းအပင္ေတြရဲ႕အျမစ္ေတြက ေအာက္ကို ထိုးေဖာက္မဆင္းၾကေတာ့ဘူး။

 

ငါရဲ႕အပင္ေတြကေတာ့ သူတို႔အသက္ရွင္ဖို႔ လုံေလာက္ ႐ုံပဲ လိုအပ္သေလာက္ ငါက ေထာက္ပံ့ေပးတာမို႔ သူတို႔ရွင္သန္ဖို႔အတြက္ သူတို႔ရဲ႕ က်န္တဲ့အျမစ္ေတြဟာ ေျမႀကီးေအာက္ထဲထိုးေဖာက္ၿပီး ရွာေဖြၾကတယ္❞။

 


ဒါ့ေၾကာင့္.... မင္းအပင္ရဲ႕ အျမစ္ေတြဟာ အေပၚယံမွာပဲရွိေနတဲ့အတြက္ ဒီမိုး၊ ဒီေလေတြက သူတို႔အေပၚ လြယ္လြယ္ကူကူပဲက်ေရာက္သြားခဲ့တယ္။ ငါ့အပင္ရဲ႕အျမစ္ေတြကေတာ့ ေတာ္ေတာ္ေလး ေျမႀကီးထဲ နက္နက္ရႈိင္းရႈိင္း တိုးဝင္ေနတဲ့အတြက္ သဘာဝတရားရဲ႕ အျပင္းအထန္တိုက္ခိုက္ျခင္းကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တယ္လို႔ ရွင္းျပလိုက္ေတာ့မွ လူငယ္ကသေဘာေပါက္ နားလည္သြား‌ေတာ့တယ္ ။

 


ဒီလိုပါပဲ ❝တခ်ိဳ႕မိဘေတြဟာ ကိုယ့္ရဲကေလးေတြကို လိုေလေသးမရွိ ျဖည့္ဆည္းေပး႐ုံနဲ႔ သူတို႔ေတြရဲ႕ဘဝရွင္သန္ဖို႔လုံေလာက္ၿပီလို႔ ထင္ေနတတ္ၾကတယ္ ။ၿပီးေတာ့ မိဘတာဝန္ေက်ပြန္ၿပီလို႔ ❞ ခံယူတတ္ၾကတယ္ ။ ကိုယ္ကေလးကို ❝ တကယ္သန္မာေစခ်င္တယ္ ❞ဆိုရင္ သူ႔ဘာသာသူ ❝ဘယ္လိုထိုးေဖာက္ရမလဲ ❞ ဆိုတာ သိဖို႔လိုသလို သူတို႔ဘာသာသူ ❝ ဘယ္လိုရွင္သန္ရမလဲ ❞ဆိုတာလည္း ေတြးတတ္ဖို႔လိုပါတယ္ ။

 

အပင္ေတြေလာင္းရိပ္မိမွ ရွင္သန္ဖို႔ခက္ခဲတာ မဟုတ္ပါဘူး။ ကေလးေတြေလာင္းရိပ္မိရင္လည္း ရွင္သန္ဖို႔ခက္ခဲတာပါပဲ။ ဒီေတာ့...ဒီေန႔ကစၿပီး ❝ ကိုယ့္ရဲ႕ကေလး သန္မာဖို႔ ❞ ကိုယ့္ရဲ႕ က‌ေလးကို တကယ္ခ်စ္ျမတ္ႏိုးတယ္ဆိုရင္ သူတို႔ေလးေတြရဲ႕ဘဝမွာ မိမိကိုကိုယ္အားကိုးတတ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ေပးရင္းျဖင့္ ေလာကဓံကိုခံႏိုင္ရည္ရွိေအာင္ လိုတာထက္ပိုၿပီးဂ႐ုစိုက္တတ္တဲ့အက်င့္ အျပဳအမူေတြကို ေဖ်ာက္ပစ္လိုက္ပါ ။

 

Credit - မ်ိဳးခ်စ္လုလင္

 

Read times
Rate this articles
(1 Vote)