×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 18 June 2018

လူငယ်တွေဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေတာ…

လူငယ်တွေဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေတာ… google.com

နယ်မြို့လေးကနေ ရန်ကုန်ပြောင်းရတော့မယ်ဆိုတော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။

မိဘတွေက အစိုးရ ၀န်ထမ်းတွေ ဆိုတော့ တာဝန်ကျတဲ့နေရာကို ပြောင်းရတယ်။ ရန်ကုန်မြို့ဆိုတဲ့ နေရာကြီးကို ကျွန်တော် ငယ်ငယ်လေးတည်းက သွားချင်ခဲ့တာ။

ရန်ကုန်မြို့ဆိုတာ မြန်မာနိုင်ငံရဲ့ အချက်အချာ ကျတဲ့မြို့လဲ ဖြစ်တယ်လေ။ နယ်မြို့မှာက ရန်ကုန်မြို့လောက် မထွန်းကားသေးဘူး။ နယ်မြို့ဆိုလို့ ကျွန်တော်နေတဲ့ မြို့က မြစ်ကြီးနား မြို့လေးပါ။ နယ်ကနေပြောင်းပြီး ရန်ကုန်မှာ ကျောင်းတက်ရတော့မယ် ဆိုတော့ အရမ်းစိတ်လှုပ်ရှားပေမယ့် ပျော်လဲပျော်တယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်က ဂစ်တာတီးတာကို ၀ါသနာပါတယ်လေ။ ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ဂီတာသမား တစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့အိမ်မက်ပေါ့။ ခုတော့ကျွန်တော့် ဖြစ်ချင်တဲ့အိမ်မက်လေး အတွက်အခွင့်အရေးရခဲ့ပြီ။

မိဘတွေကတော့ ပညာရေးကိုပဲ အားပေးတယ်။ ကျွန်တော်လဲ မိဘတွေဖြစ်ချင်တဲ့ ပညာတတ်လဲ ဖြစ်အောင်လုပ်မယ် ကျွန်တော် ၀ါသနာပါတဲ့ ဂစ်တာတီးတာကိုလဲ လေ့လာမယ်ပေါ့။ ရန်ကုန်မှာက အသိမိတ်ဆွေလဲ မရှိတော့ အစိမ်းသက်သက်ကြီး ဖြစ်နေတာပေါ့။

ရန်ကုန်မြို့ရောက်တော့ တက်ကြွစွာလှုပ်ရှားသွားလာနေတဲ့ လူငယ်အများကြီးကို တွေ့ရတယ်။ ကျွန်တော့်စိတ်ကူးအိမ်မက်တွေ ဖြစ်လာတော့မယ်ဆိုပြီး တွေးရင်းကြည်နူးမိနေတယ်။ ရန်ကုန်ကို ခုမှစရောက်တာဆိုတော့ လည်လည်ဝယ်ဝယ် မရှိဘူးလေ။

 

 

ရန်ကုန်မှာက သင်တန်းတွေဆိုတာ အများကြီးလေ။ ကိုယ်တက်ချင်တဲ့ သင်တန်းကို စုံစမ်းရတာပေါ့။ ကျွန်တော်က ရန်ကု

န်ကိုခုမှစရောက်တာဆိုတော့ နေရာတွေမသိတော့ စုံစမ်းရခက်နေတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ အွန်လိုင်းကနေရှာကြည့်ေ

တာ့ sayar.com.mm ဆိုတဲ့ Website လေးကိုတွေ့ခဲ့တယ်။

 

အဲ့ဒီ Website က ဆရာတွေနဲ့ ချိတ်ဆက်ပေးတာဆိုတော့ ကျွန်တော့်အတွက် လုံးဝအဆင်ပြေသွားတယ်။ နောက်တစ်ခု

က ကိုယ်အပြင်မှာသွားတက်မို့ အဆင်မပြေသူတွေအတွက် အိမ်တိုင်ရာရောက် သင်ပြပေးတယ်။ ကျွန်တော့် အတွက်လဲ

အဆင်ပြေသွားတယ်။

 

 

အဲ့ Website မှာဂီတဆရာတွေအပြင် အခြားဆရာguideတွေလဲ များစွာရှိတာတွေ့ရတယ်။ ကျွန်တော့်လို အခက်အခဲရှိတဲ့

သူတွေအတွက် sayar.com.mm ဆိုတဲ့ Website လေးကိုမျှဝေပေးချင်ပါတယ်။

 

အနာဂတ်တွင် အောင်မြင်သော ဂီတသမားတစ်ယောက်ဖြစ်အောင်ကြိုးစားရင်းနဲ့ ကျွန်တော်တို့ ဘဝရဲ့ စိန်ခေါ်မှုတွေကိုရဲရဲဝံ့ဝံ့ ကျော်ဖြတ်ကာကိုယ်စီ ရည်မှန်းချက်ပန်းတိုင်ရှိရာသို့ အားမာန်အပြည့်ဖြင့် လျှောက်လှမ်းကြပါစို့။

 

Sayar.com.mm (NZB)

 

Recommended for you-စိတ်ဓာတ်ကျတိုင်းသာ လက်လျှော့ရမယ်ဆိုရင်

Read times Last modified on Wednesday, 08 January 2020 15:09
Rate this articles
(1 Vote)