×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 30 July 2018

ခံစားချက်ကြောင့် ခံယူချက်မတိမ်းစေချင်

ခံစားချက်ကြောင့် ခံယူချက်မတိမ်းစေချင် google.com

ခံစားချက်ကို ဦးစားပေးလွန်းလို့ ခံယူချက်တွေတိမ်းစောင်းသွားရင်ဘဝတစ်ခုလုံး ဟန်ချက်ပျက်သွားတတ်တယ်။


ခံစားချက်များကို ရှေ့တန်းတင်တယ်ဆိုတာက ၁၆ နှစ်အရွယ်အလုပ်ပါ။ ခံစားချက်ကို ရှေ့တန်းတင်နေသမျှ မရင့်ကျက်သေးဘူးဆိုတာသေချာပါတယ်။


နှလုံးသားရှိရင် ခံစားတတ်လာမှာပဲ။ ဦးနှောက်ရှိရင် အကောင်းအဆိုး ခွဲခြားလာနိုင်မှာပဲ။ နှလုံးသားနဲ့ ဦးနှောက်ကို ချိန်ခွင်တစ်ခုလို မျှခြေတစ်ခုအထိရောက်အောင် တွေးတော လုပ်ကိုင်ခြင်းကို"ဖြစ်သင့်တာ"လုပ်ခြင်းလို့ ခေါ်ပါတယ်။ နှလုံးသားခံစားချက်ကိုဦးစားပေးလွန်းရင် ဖြစ်ချင်တာကို လုပ်ဆောင်ခြင်းဖြစ်ပြီး ဦးနှောက်ကို ဦးစားပေးလွန်းရင်လည်း ဖြစ်ချင်တာကိုလုပ်တာပါပဲ။


လူသားတိုင်းမှာ ပေတံဆိုတဲ့ ခံယူချက်စံနှုန်းရှိပါတယ်။ ကိုယ့်ခံယူချက် ပေတံနဲ့ ကိုက်ညီသူနဲ့ အဆင်ပြေပြီး မကိုက်ညီသူနဲ့အဆင်မပြေဘူးဆိုရင်လည်း မရင့်ကျက်သေးဘူးဆိုတာသေချာပါတယ်။ ကိုယ့် လက်တောင်အတိုအရှည် မညီတာကို နားမလည်သေးရင်ကိုယ့်ပေတံနဲ့ အခြားသူ ပေတံကို လိုက်ထောက်တိုင်းနေသမျှ ဘယ်သူနဲ့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။

 

Recommended for you - မူကြိုကျောင်းထားတဲ့ကလေးတိုင်း ဘာကြောင့် ထူးချွန်ထက်မြက်နေတာလဲ


ခံစားချက်ကို ဦးစားပေးလွန်းရင် နှလုံးသားကို နာဖျားစေပြီး ဦးနှောက်ကို ဦးစားပေးလွန်းရင် လည်း ဘဝကို လွဲမှားစေပါတယ်။စိတ်ခံစားမှု ဆိုတာ သချာင်္ပုံသေနည်းတစ်ခုလို အတိအကျ တိုင်းတာလို့မရဘူးဆိုပေမယ့် ထိမ်းချုပ်လို့ရပါတယ်။ စိတ်သွားတဲ့အတိုင်းသာလိုက်နေရင် စိတ်ဆိုတာမျိုးက ကောင်းတာထက် မကောင်းတဲ့နေရာမှာ ပျော်မွေ့နေတာမျိုးပါ။ စိတ် ဆိုတဲ့ ခံစားမှုကို "သတိ"ဆိုတဲ့ ချွန်းဖြင့်အုပ်ပါ။ ဘယ်အရာမှာမဆို ဖြစ်လာတဲ့ အကျိုးရလာဒ်ကို လက်ခံနိုင်အောင် ကြိုးစားပါ။


လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံး မှာ ကိုယ်လုပ်လို့ရတာရှိသလို ကိုယ်လုပ်မရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ကိုယ်ပြုပြင်ပြောင်းလဲလို့ မရတဲ့ ဖြစ်စဉ်တွေကို လိုက်ခံစားနေရင် ခံယူချက်တွေတိမ်းစောင်းပြီး ဘဝသည်လည်း အရှုံးနဲ့ရင်ဆိုင်ရတတ်တယ်။ လူတစ်ယောက်ရဲ့ ဘဝအပြောင်းအလဲသည် "ခံယူချက်"နဲ့ များစွာသက်ဆိုင်ပြီး ခံစားချက်ကို ရှေ့တန်းတင်နေသမျှ"မူ "ကောင်းလည်း ဘဝ ကောင်းလာမှာ မဟုတ်ပါဘူး။


ဒါကြောင့် ခံစားချက်ကိုလည်း ဦးစားမပေးလွန်းပါနဲ့။ ခံယူချက်လည်း မမှားစေနဲ့နော် သူငယ်ချင်း။

 

Recommended for you - ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သော လူရိုင်း (သို့ ) မင်းသားတစ်ယောက်

 

Recommended for you - တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ စဉ်းစားဖို့ မေ့လျော့နေတဲ့အချက်တွေ

 

Credit; jobs4u

Read times Last modified on Friday, 10 January 2020 11:16
Rate this articles
(1 Vote)