Wednesday, 25 March 2020 11:03

ကျောင်းတွေ သင်တန်းတွေပိတ်ထားတဲ့အချိန်မှာအိမ်မှာနေရင်း အင်္ဂလိပ်စာကိုအလွယ်တကူလေ့လာကြမယ်

ကျောင်းတွေ သင်တန်းတွေပိတ်ထားတဲ့အချိန်မှာအိမ်မှာနေရင်း အင်္ဂလိပ်စာကိုအလွယ်တကူလေ့လာကြမယ်

 

အိမ်မှာနေရင်း အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက် you tube မှာ popular အဖြစ်ဆုံးဖြစ်တဲ့ eng lesson video လေးတွေကို အလွယ်တကူကြည့်ရှုလို့ရောက်အောင် Link လေးတွေနဲ့ဖော်ပြပေးလိုက်ပါတယ်နော်။

Wednesday, 25 March 2020 09:29

အိမ်မှာနေရင်း သင်ဝါသနာပါတဲ့အရာတွေကို You Tube ကနေလေ့လာလိုက်ရအောင်

အိမ်မှာနေရင်း သင်ဝါသနာပါတဲ့အရာတွေကို You Tube ကနေလေ့လာလိုက်ရအောင်

အခုချိန်မှာ Corona ကြောင့် အလုပ်တွေ ကျောင်းတွေ တော်တော်များများပိတ်ထားတာဆိုတော့ အိမ်မှာနေရင်း မပျင်းရအောင် သင့်အတွက်အကျိုးရှိပြီး သင်သိလိုသမျှအရာတွေကို You Tube ကနေ video တွေကြည့်ပြီး လေ့လာလို့ရပါတယ်။

Thursday, 19 March 2020 10:28

ဘယ်လိုသင်တန်းတွေတတ်သင့်သလဲစဉ်းစားတဲ့အခါ

ကိုယ်ဝါသနာမပါတဲ့သင်တန်းတွေကို သူများတတ်တိုင်းလိုက်တတ်ပြီးအချိန်ဖြုန်းနေတုန်းပဲလား ? ပညာရေးကို အရေးပေးတဲ့အခုလိုအချိန်မှာ သင်တန်းတွေတတ်ပြီးရသမျှပညာတွေကို သင်ယူတာကအရမ်းကိုကောင်းမွန်တဲ့ရည်ရွယ်ချက်ဆိုပေမဲ့လဲ ဒီသင်တန်းတွေကိုဘာကြောင့်တတ်ချင်လဲဆိုတဲ့ ရည်ရွယ်ချက်မရှိပဲတတ်နေခြင်းသည် အလဟဿ အချိန်တွေဖြုန်းနေခြင်းပဲ ဖြစ်ပါတယ်။အခုခေတ်နောက်ပိုင်းမှာအရာကိုပွင့်လင်းမြင်သာမှုရှိလာပြီး အမြင်တွေကျယ်လာကြတယ် သင်ယူဖို့ကြိုးစားလာကြတယ်။ ဒါပေမဲ့သင်တန်းတွေတစ်ခုပြီးတစ်ခုတာ ပြီးသွားတယ်အချိန်သာကုန်သွားတယ်တကယ်တမ်းရလိုက်တာကဘာမှမရှိပါဘူး။ ဒါဟာသင့်ရဲ့အချိန်တွေနဲ့ငွေတွေကိုအလဟဿ ဖြုန်းတီးလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်သင်တန်းတစ်ခုခုတတ်တော့မယ်ဆိုရင် ကိုယ်နဲ့ကိုက်ညီတဲ့သင်တန်းတွေရွေးချယ်တတ်ဖို့ ဘယ်လိုအချက်တွေသိထားသင့်လဲ ဆိုတာလေးပြောပြပေးလိုက်ပါတယ်။


(၁) လိုအပ်လို့လား ----- လိုချင်လို့လား
ကျွန်တော်တို့တတ်နေတဲ့သင်တန်းတိုင်းကလို လို့မဟုတ်ပါဘူး။ တချို့ကဒါကိုဘာကြောင့်တတ်နေမှန်းမသိပါဘူး။ ဒါပြီးရင်ဘာလုပ်မယ်ဆိုတာသေချာမသိပဲနဲ့ သူများတတ်တိုင်းလိုက်တတ်ပြီး လမ်းပျောက်နေတဲ့လူငယ်တွေရှိပါတယ်။ ဒါကသင့်အတွက်အချိန်ဖြုန်းရာကျပါတယ်။ လိုအပ်လို့တတ်တယ်ဆို ဒီကနေအဖြေတွေရမယ်၊ ဝါသနာကြောင့်တတ်တယ်ဆိုရင် သင့်ဝါသနာကိုအကောင်အထည်ဖော်နိုင်မယ် ဒါကပြဿနာမရှိပါဘူး။ ဘာကြောင့်တတ်နေမှန်းလဲမသိ ရည်ရွယ်ချက်လဲမရှိရင်တော့အချိန်ဖြုန်းနေမိပြီဆိုတာသတိရပါ။

 

(၂) လေ့လာမှုတွေလုပ်ရမယ်
သင်တန်းသင်တန်းတစ်ခု တတ်ဖို့ရွေးချယ်လိုက်ပြီဆိုရင် ကိုယ့်စွမ်းရည်ကိုတကယ်မြှင့်တင်ပေးနိုင်မယ့် သင်တန်းကျောင်းကိုဘယ်လိုရွေးချယ်ရမလဲဆိုတာ အရေးပါလာပါပြီ။ ဒါကြောင့်သင်တန်းမှာဘာတွေသင်ကြားပေးလဲဆိုတဲ့ Course တွေကိုသေချာလေ့လာဖို့ လိုပါတယ်။ ဥပမာသင်က computer basic တတ်ချင်တယ်ဆိုသင်တန်းတစ်ခုနဲ့တစ်ခုက Basic level ချင်းတူပေမဲ့ သင်ပေးတဲ့ Course တွေ၊ သင်ကြားမှုပုံစံတွေ မတူကြပါဘူး။ ဒါကြောင့်အတန်းတစ်ခုမှာသင်ပေးတဲ့ Course outlines တွေကဘာတွေလဲ ။ သင်ပေးမဲ့ဆရာကတော့ဘယ်လိုပုံစံမျိုးလဲ ဆိုတာအသေစိတ်လေ့လာရပါပမယ်။ သင်တန်းပြီးတဲ့အခါဘယ်လိုအထောက်အပံ့မျိုးရနိုင်လဲဆိုတာကိုပါ လေ့လာထားသင့်ပါတယ်။ ဒါမှသင်တန်းပြီးတဲ့အခါ ဘယ်လိုအခွင့်အရေးမျိုးရနိုင်သလဲဆိုတာကိုပါ တွက်ချက်နိုင်မှာပါ။

 

(၃) ရည်ရွယ်ချက်ပန်းတိုင်
သင်တန်းတစ်ခုတတ်တော့မယ်ဆိုရင် အရင်ဆုံးကိုယ့်ရဲ့ပန်းတိုင် နဲ့ကိုယ်ကဘာဝါသနာပါလဲဆိုတာအရင်ဆုံးစဉ်းစားသင့်ပါတယ်။ အခုဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာသင်တန်းမျိုးစုံကိုတွေ့ရမှာပါ။ ဒီလိုရှိလာတာဟာကောင်းပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်မရှိပဲသင်တန်းမျိုးစုံလိုက်တတ်နေ ခြင်းကကိုယ့်ကိုယ်ကို လမ်းပျောက်အောင်လုပ်နေတာနဲ့အတူတူပါပဲ။ ဒါကြောင့်သင်က Designer တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် design နဲ့ပတ်သက်တဲ့သင်တွေကိုတတ်ရောက်ပြီးကိုဖြစ်ချင်တဲ့ပန်းတိုင် ကိုသွားခြင်းကပိုပြီးထိရောက်ပါလိမ့်မယ်။

 

(၄) အဆုံးထိလုပ်နိုင်မှာလား
လူငယ်တော်တော်များက သင်တန်းတွေအများကြီးတတ်ပြီး ဘာမှဖြစ်မလာတဲ့အကြောင်းအရင်းကအဆုံးထိမလုပ်နိုင်ာကလို့ပါ။ တစ်ခုခုကိုစတင်လေ့လာတော့မယ်ဆိဆုရင် သင်ယူရမယ်၊ လေ့ကျင့်ရမယ်၊ အဆုံးထိလျှောက်ရမယ် ဒါမှတကယ်တတ်မြှောက်ပြီးအကျိုးထူးလာမှာပါ။ အဆုံးထိမလုပ်နိုင်ပဲ တစ်ဝက်တစ်ပြတ် လက်လျှော့လိုက်မယ်ဆိုရင် သင့်ရဲ့အချိန်တွေ ငွေတွေအလကားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ဘယ်အရာမဆို ဇွဲရှိရှိနဲ့ အဆုံးထိလုပ်နိုင်ဖို့တော့လိုအပ်ပါတယ်။

(Zaw Gyi)

 sayar

ဘယ္လိုသင္တန္းေတြတတ္သင့္သလဲစဥ္းစားတဲ့အခါ

ကိုယ္၀ါသနာမပါတဲ့သင္တန္းေတြကို သူမ်ားတတ္တိုင္းလိုက္တတ္ျပီးအခ်ိန္ျဖဳန္းေနတုန္းပဲလား ? ပညာေရးကို အေရးေပးတဲ့အခုလိုအခ်ိန္မွာ သင္တန္းေတြတတ္ျပီးရသမွ်ပညာေတြကို သင္ယူတာကအရမ္းကိုေကာင္းမြန္တဲ့ရည္ရြယ္ခ်က္ဆိုေပမဲ့လဲ ဒီသင္တန္းေတြကိုဘာေၾကာင့္တတ္ခ်င္လဲဆိုတဲ့ ရည္ရြယ္ခ်က္မရွိပဲတတ္ေနျခင္းသည္ အလဟႆ အခ်ိန္ေတြျဖဳန္းေနျခင္းပဲ ျဖစ္ပါတယ္။အခုေခတ္ေနာက္ပိုင္းမွာအရာကိုပြင့္လင္းျမင္သာမႈရွိလာျပီး အျမင္ေတြက်ယ္လာၾကတယ္ သင္ယူဖို႔ၾကိဳးစားလာၾကတယ္။ ဒါေပမဲ့သင္တန္းေတြတစ္ခုျပီးတစ္ခုတာ ျပီးသြားတယ္အခ်ိန္သာကုန္သြားတယ္တကယ္တမ္းရလိုက္တာကဘာမွမရွိပါဘူး။ ဒါဟာသင့္ရဲ႔အခ်ိန္ေတြနဲ႔ေငြေတြကိုအလဟႆ ျဖဳန္းတီးလိုက္ျခင္းပဲျဖစ္ပါတယ္။ဒါေၾကာင့္သင္တန္းတစ္ခုခုတတ္ေတာ့မယ္ဆိုရင္ ကိုယ္နဲ႔ကိုက္ညီတဲ့သင္တန္းေတြေရြးခ်ယ္တတ္ဖို႔ ဘယ္လိုအခ်က္ေတြသိထားသင့္လဲ ဆိုတာေလးေျပာျပေပးလိုက္ပါတယ္။


(၁) လိုအပ္လို႔လား ----- လိုခ်င္လို႔လား
ကြ်န္ေတာ္တို႔တတ္ေနတဲ႔သင္တန္းတိုင္းကလို လို႔မဟုတ္ပါဘူး။ တခ်ိဳ႔ကဒါကိုဘာေၾကာင့္တတ္ေနမွန္းမသိပါဘူး။ ဒါျပီးရင္ဘာလုပ္မယ္ဆိုတာေသခ်ာမသိပဲနဲ႔ သူမ်ားတတ္တိုင္းလိုက္တတ္ျပီး လမ္းေပ်ာက္ေနတဲ႔လူငယ္ေတြရွိပါတယ္။ ဒါကသင့္အတြက္အခ်ိန္ျဖဳန္းရာက်ပါတယ္။ လိုအပ္လို႔တတ္တယ္ဆို ဒီကေနအေျဖေတြရမယ္၊ ၀ါသနာေၾကာင့္တတ္တယ္ဆိုရင္ သင့္၀ါသနာကိုအေကာင္အထည္ေဖာ္ႏုိင္မယ္ ဒါကျပႆနာမရွိပါဘူး။ ဘာေၾကာင့္တတ္ေနမွန္းလဲမသိ ရည္ရြယ္ခ်က္လဲမရွိရင္ေတာ႔အခ်ိန္ျဖဳန္းေနမိျပီဆိုတာသတိရပါ။

 

(၂) ေလ့လာမႈေတြလုပ္ရမယ္
သင္တန္းသင္တန္းတစ္ခု တတ္ဖို႔ေရြးခ်ယ္လိုက္ျပီဆိုရင္ ကိုယ့္စြမး္ရည္ကိုတကယ္ျမွင့္တင္ေပးႏိုင္မယ့္ သင္တန္းေက်ာင္းကိုဘယ္လိုေရြးခ်ယ္ရမလဲဆိုတာ အေရးပါလာပါျပီ။ ဒါေၾကာင့္သင္တန္းမွာဘာေတြသင္ၾကားေပးလဲဆိုတဲ့ Course ေတြကိုေသခ်ာေလ့လာဖို႔ လိုပါတယ္။ ဥပမာသင္က computer basic တတ္ခ်င္တယ္ဆိုသင္တန္းတစ္ခုနဲ႕တစ္ခုက Basic level ခ်င္းတူေပမဲ့ သင္ေပးတဲ႕ Course ေတြ၊ သင္ၾကားမႈပံုစံေတြ မတူၾကပါဘူး။ ဒါေၾကာင့္အတန္းတစ္ခုမွာသင္ေပးတဲ့ Course outlines ေတြကဘာေတြလဲ ။ သင္ေပးမဲ့ဆရာကေတာ့ဘယ္လိုပံုစံမ်ိဳးလဲ ဆိုတာအေသစိတ္ေလ့လာရပါပမယ္။ သင္တန္းျပီးတဲ့အခါဘယ္လိုအေထာက္အပ့ံမ်ိဳးရႏိုင္လဲဆိုတာကိုပါ ေလ့လာထားသင့္ပါတယ္။ ဒါမွသင္တန္းျပီးတဲ့အခါ ဘယ္လိုအခြင့္အေရးမ်ိဳးရနိုင္သလဲဆိုတာကိုပါ တြက္ခ်က္ႏိုင္မွာပါ။

 

(၃) ရည္ရြယ္ခ်က္ပန္းတိုင္
သင္တန္းတစ္ခုတတ္ေတာ့မယ္ဆိုရင္ အရင္ဆံုးကိုယ့္ရဲ႔ပန္းတိုင္ နဲ႔ကိုယ္ကဘာ၀ါသနာပါလဲဆိုတာအရင္ဆံုးစဥ္းစားသင့္ပါတယ္။ အခုဆိုရင္ကြ်န္ေတာ္တို႔ပတ္၀န္းက်င္မွာသင္တန္းမ်ိဳးစံုကိုေတြ႔ရမွာပါ။ ဒီလိုရွိလာတာဟာေကာင္းပါတယ္။ ဒါေပမဲ့ ရည္ရြယ္ခ်က္မရွိပဲသင္တန္းမ်ိဳးစံုလိုက္တတ္ေန ျခင္းကကိုယ့္ကိုယ္ကို လမ္းေပ်ာက္ေအာင္လုပ္ေနတာနဲ႔အတူတူပါပဲ။ ဒါေၾကာင့္သင္က Designer တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ design နဲ႕ပတ္သက္တဲ့သင္ေတြကိုတတ္ေရာက္ျပီးကိုျဖစ္ခ်င္တဲ႔ပန္းတိုင္ ကိုသြားျခင္းကပိုျပီးထိေရာက္ပါလိမ့္မယ္။

 

(၄) အဆံုးထိလုပ္ႏိုင္မွာလား
လူငယ္ေတာ္ေတာ္မ်ားက သင္တန္းေတြအမ်ားၾကီးတတ္ျပီး ဘာမွျဖစ္မလာတဲ့အေၾကာင္းအရင္းကအဆံုးထိမလုပ္ႏိုင္ာကလို႔ပါ။ တစ္ခုခုကိုစတင္ေလ့လာေတာ့မယ္ဆိဆု၇င္ သင္ယူရမယ္၊ ေလ့က်င့္ရမယ္၊ အဆံုးထိေလွွ်ာက္ရမယ္ ဒါမွတကယ္တတ္ေျမွာက္ျပီးအက်ိဳးထူးလာမွာပါ။ အဆံုးထိမလုပ္နိုင္ပဲ တစ္၀က္တစ္ျပတ္ လက္ေလ်ွာ႔လိုက္မယ္ဆိုရင္ သင့္ရဲ႔အခ်ိန္ေတြ ေငြေတြအလကားျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ဘယ္အရာမဆို ဇြဲရွိရွိနဲ႔ အဆံုးထိလုပ္နိုင္ဖို့ေတာ့လိုအပ္ပါတယ္။

 

source: live the dream

Friday, 06 March 2020 16:14

"Self-study ေတာ့လုပ္ခ်င္တယ္ ဒါေပမဲ့ ဘယ္က စ လုပ္ရမလဲ မသိဘူး" ဆိုရင္

Self-study ဆိုတဲ့စကားလုံးက မြန်မာနိုင်ငံမှာတော့ သိပ်ကြီးမရင်းနှီးကြသေးပါဘူး။ Self-study ကောင်းကောင်းလုပ်နေကြသူတစ်ချို့တော့ ရှိပေမယ့် ဒါလူနည်းစုပါပဲ။

Tuesday, 24 December 2019 10:53

"ဘာသာစကားေပါင္း (၅၁) ဘာသာ ကို အခမဲ့ ေလ့လာလို႕ရမယ့္ Loecsen”

ဒီ website မှာ ဘာသာ စကားပေါင်း ၅၁ ဘာသာကို အခမဲ့ လေ့လာလို့ရပါတယ်။

Wednesday, 13 November 2019 17:38

"ဆရာမ မသင္ေပးတဲ့စာက်က္နည္း"

တစ္ခ်ိဳ႕လူေတြဟာ စာက်က္ျမန္ၾကပါတယ္။ စာက်က္ႏိုင္သူေတြလည္း ျဖစ္ၾကပါတယ္။

Wednesday, 11 September 2019 13:53

စာေမးပြဲေျဖခါနီးမွာမွ စာစလုပ္ေလ့ရွိသူေတြအတြက္ နည္းလမ္းေကာင္း (၅) ခု

လတ္တေလာမွာေတာ့ စာေမးပြဲကာလလည္း နီးကပ္လာၿပီျဖစ္တဲ့အတြက္ေၾကာင့္ အရင္ကစာလုပ္ခဲ့တဲ့ သူျဖစ္ျဖစ္၊မလုပ္ခဲ့တဲ့သူျဖစ္ျဖစ္ စာေတာ့က်က္ေနၾကရပါၿပီ။

Wednesday, 04 September 2019 15:07

"စာက်က္တဲ့ နည္းလမ္းမွန္ရင္ အခ်ိန္နည္းနည္းနဲ ့ ထိထိေရာက္ေရာက္စာရတယ္"

ေက်ာင္းသားလူငယ္ေတြအေနနဲ ့ စာက်က္ၾကတဲ့အခါ စာက်က္ခ်ိန္ေတြသာ ၾကာသြားတယ္ ကိုယ္လိုခ်င္သေလာက္ စာကမရတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။

Tuesday, 11 June 2019 10:53

"စာက်က္တဲ့ အခါ လြယ္လြယ္ကူကူ၊ ျမန္ျမန္ဆန္ဆန္ နဲ ့အခ်ိန္ၾကာၾကာ မွတ္မိေစႏိုင္ဖို ့"

ေတာ္ေတာ္မ်ားမ်ားက မိမိေခါင္းထဲကုိစာေတြေရာက္ဖုိ႔အတြက္ စာက်က္ၾကပါတယ္။

Friday, 05 April 2019 18:07

စာေလ့လာခ်ိန္ လိုက္နာသင့္သည့္အခ်က္မ်ား

အရေးကြီးဆုံးကတော့ ကိုယ်ကျက်ထားတဲ့စာတွေမမေ့သွားဖို့ပါပဲ။

စာကျက်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ကျက်ထားတာတွေပြန်မမေ့သွားဖို့ဒီအချက်လေးတွေက အထောက်ကူပြု ပါလိမ့်မယ်.

(၁) Note မှတ်ထားပါ

Note မှတ်ထားခြင်းဟာအရမ်းကောင်းတဲ့အလေ့ထတစ်ခုပါ။ ဒီနေရာမှာ အရေးကြီးတာက ဆရာပြောသမျှ လိုက်မှတ်ဖို့ မဟုတ်ပါဘူး အရေးကြီးတဲ့ Main point လေးတွေကိုသာ သေချာမှတ်ထားရမှာပါ။

တကယ်လို့ လွတ်သွားတာမျိုး ရှိတယ်ဆိုရင် ဆရာ့ကို သေချာပြန်မေးပြီး မှတ်ထားပါ။ စာမေးပွဲနီးတဲ့အခါ Note မှတ်ထားတာတွေက အားလုံးထက် အသုံးဝင်နေပါလိမ့်မယ်။

(၂) နည်းပညာအတွက် ကန့်သတ်ထားပါ

နည်းပညာနဲ့ လူငယ်ဆိုတာ ခုခေတ်မှာ ခွဲမရတဲ့ အရာတွေပါပဲ အထူးသဖြင့် Facebook/ Instagram/ Game ပါ။ ဒါပေမယ့် သူ့အချိန်နဲ့သူ ကန့်သတ်ချက်လေး ထားပေးဖို့ လိုပါတယ်။

ဥပမာ စာကြည့်နေတဲ့ တစ်နာရီအတွင်း ဖုန်းလုံး၀ မကိုင်ဘူး အဲလိုမျိုးပေါ့။ Dictionary လေးပဲ ကြည့်မှာပါ ဆိုပြီးတော့လည်း မကိုင်မိပါစေနဲ့၊ Dictionary စာအုပ်တွေရှိပါတယ်။

(၃) တစ်ခါတည်း အများကြီး မကြည့်ပါနဲ့

တစ်ခါတည်းနဲ့ အချိန်အကြာကြီး စာတွေ ဆက်တိုက်ကြည့်တာ မကောင်းပါဘူး။ တစ်ချို့ဆို စာမေးပွဲ နီးလာရင် တစ်ညလုံး မအိပ်ဘဲ စာကျက်တာမျိုး လုပ်တတ်ကြပါတယ်။

အဲလိုမျိုးမှာ စာပိုရတယ် ထင်ရပေမယ့် တကယ်တမ်း တစ်ခါတည်း အများကြီး ကြည့်တာက ကျန်းမာရေးကို ထိတဲ့အပြင် စာလည်း ပိုမေ့စေပါတယ်။

(၄) နေ့တိုင်းပြန်ဖတ်ပါ

စာကျက်တာ မဟုတ်ရင်တောင် ဒီနေ့သင်တဲ့ စာတွေကို ၁၅မိနစ် ဒါမှမဟုတ် အများဆုံး နာရီဝက်လောက် အချိန်ပေးပြီး ပြန်ဖတ်ကြည့်ပါ။ နေ့လည်က ကိုယ်သေချာနားထောင်ခဲ့တဲ့ စာတွေကို ညဘက် ဒီလိုလေး ပြန်ဖတ်ကြည့်လိုက်ရင် ခေါင်းထဲကို ပိုစွဲမြဲစေပါတယ်။ ဒါဆို နီးမှ ပင်ပင်ပန်းပန်း ကျက်နေဖို့ မလိုတော့ပါဘူး။

(၅) ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပါ

စစ်ဆေးမှု မရှိဘဲ ရလဒ်ကို မသိနိုင်သလို ကိုယ့်ကိုယ်ကိုယ် မစစ်ဆေးရင်လည်း ဘာတွေရနေပြီလဲ၊ ဘာတွေ နားလည်လဲ၊ ဘယ်လောက်မှတ်မိလဲ မသိနိုင်ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် စာမေးပွဲ စစ်ပေးတာမျိုး၊ မေးခွန်းမေးကြည့်တာမျိုးလေးတွေ လုပ်ပေးပါ။ စာလည်း ပိုမှတ်မိစေပါတယ်။

(၆) အနားယူပေးပါ

စာကြည့်တာ တစ်နာရီဆိုရင် အနည်းဆုံး ၁၀မိနစ်လောက် အနားယူပေးဖို့ လိုအပ်ပါတယ်။ ဦးနှောက်က ၄၅မိနစ်လောက် ကျော်လာရင် သိပ်မမှတ်နိုင်တော့ပါဘူး။ ဒါကြောင့် မကြာမကြာ အနားယူပေးဖို့ လိုပါတယ်။

ဒီလို အနားယူပေးရင် ဦးနှောက်က ပြန်လန်းဆန်းလာပြီး ကျက်တဲ့စာတွေ ခေါင်းထဲ ပိုဝင်မှာပါ။

(၇) အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝဖို့ကတော့ အရေးကြီးတဲ့ အရာတွေထဲကတစ်ခုပါ။ အိပ်ရေးမဝရင် ကျက်သမျှစာ မေ့ပြီး သဲထဲရေသွန်ဖြစ်ဖို့ ရာနှုန်းများပါတယ်။ အိပ်ရေးဝမှ ဦးနှောက်လည်း ကျန်းမာ၊ စာလည်းရ၊ လူလည်းပျော် ဖြစ်မှာပါ။

(၈) ပျော်ပျော်ပါးပါးနေကြည့်ပါ

စာကြည့်တဲ့အခါ မရရင်ဘဲ သေတော့မလိုနဲ့ အရမ်းကြီး serious ဖြစ်နေစရာ မလိုပါဘူး။ ပျော်ပျော်ပါးပါးနဲ့ စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး ကြည့်ပါ။ ဒီလိုဆို စိတ်ငြိမ်ပြီး စာရဖို့လည်း ပိုလွယ်ကူမှာပါ။

အရမ်း serious ဖြစ်လွန်းရင် စိတ်ပူပြီး ဂနာမငြိမ်နဲ့ စာပိုမရ ဖြစ်စေပါတယ်။

Crd; Live the Dream

 

(Zawgyi)

အေရးႀကီးဆံုးကေတာ့ ကိုယ္က်က္ထားတဲ့စာေတြမေမ့သြားဖို ့ပါပဲ။

စာက်က္တဲ့အခါ ေပါ့ေပါ့ပါးပါးနဲ ့က်က္ထားတာေတြျပန္မေမ့သြားဖို ့ဒီအခ်က္ေလးေတြက အေထာက္ကူျပဳ ပါလိမ့္မယ္.

(၁) Note မွတ္ထားပါ

Note မွတ္ထားျခင္းဟာအရမ္းေကာင္းတဲ့အေလ့ထတစ္ခုပါ။ ဒီေနရာမွာ အေရးႀကီးတာက ဆရာေျပာသမွ် လိုက္မွတ္ဖို႔ မဟုတ္ပါဘူး အေရးႀကီးတဲ့ Main point ေလးေတြကိုသာ ေသခ်ာမွတ္ထားရမွာပါ။

တကယ္လို႔ လြတ္သြားတာမ်ိဳး ရွိတယ္ဆိုရင္ ဆရာ့ကို ေသခ်ာျပန္ေမးၿပီး မွတ္ထားပါ။ စာေမးပြဲနီးတဲ့အခါ Note မွတ္ထားတာေတြက အားလံုးထက္ အသံုး၀င္ေနပါလိ္မ့္မယ္။

(၂) နည္းပညာအတြက္ ကန္႔သတ္ထားပါ

နည္းပညာနဲ႔ လူငယ္ဆိုတာ ခုေခတ္မွာ ခြဲမရတဲ့ အရာေတြပါပဲ အထူးသျဖင့္ Facebook/ Instagram/ Game ပါ။ ဒါေပမယ့္ သူ႔အခ်ိန္နဲ႔သူ ကန္႔သတ္ခ်က္ေလး ထားေပးဖို႔ လိုပါတယ္။

ဥပမာ စာၾကည့္ေနတဲ့ တစ္နာရီအတြင္း ဖုန္းလံုး၀ မကိုင္ဘူး အဲလိုမ်ိဳးေပါ့။ Dictionary ေလးပဲ ၾကည့္မွာပါ ဆိုၿပီးေတာ့လည္း မကိုင္မိပါေစနဲ႔၊ Dictionary စာအုပ္ေတြရွိပါတယ္။

(၃) တစ္ခါတည္း အမ်ားႀကီး မၾကည့္ပါနဲ႔

တစ္ခါတည္းနဲ႔ အခ်ိန္အၾကာႀကီး စာေတြ ဆက္တိုက္ၾကည့္တာ မေကာင္းပါဘူး။ တစ္ခ်ိဳ႕ဆို စာေမးပြဲ နီးလာရင္ တစ္ညလံုး မအိပ္ဘဲ စာက်က္တာမ်ိဳး လုပ္တတ္ၾကပါတယ္။

အဲလိုမ်ိဳးမွာ စာပိုရတယ္ ထင္ရေပမယ့္ တကယ္တမ္း တစ္ခါတည္း အမ်ားႀကီး ၾကည့္တာက က်န္းမာေရးကို ထိတဲ့အျပင္ စာလည္း ပိုေမ့ေစပါတယ္။

(၄) ေန႔တိုင္းျပန္ဖတ္ပါ

စာက်က္တာ မဟုတ္ရင္ေတာင္ ဒီေန႔သင္တဲ့ စာေတြကို ၁၅မိနစ္ ဒါမွမဟုတ္ အမ်ားဆံုး နာရီ၀က္ေလာက္ အခ်ိန္ေပးၿပီး ျပန္ဖတ္ၾကည့္ပါ။ ေန႔လည္က ကိုယ္ေသခ်ာနားေထာင္ခဲ့တဲ့ စာေတြကို ညဘက္ ဒီလိုေလး ျပန္ဖတ္ၾကည့္လိုက္ရင္ ေခါင္းထဲကို ပိုစြဲၿမဲေစပါတယ္။ ဒါဆို နီးမွ ပင္ပင္ပန္းပန္း က်က္ေနဖို႔ မလိုေတာ့ပါဘူး။

(၅) ကိုယ့္ကိုယ္ကိုယ္ စစ္ေဆးပါ

စစ္ေဆးမႈ မရွိဘဲ ရလဒ္ကို မသိႏိုင္သလို ကိုယ့္ကိုယ္ကိုယ္ မစစ္ေဆးရင္လည္း ဘာေတြရေနၿပီလဲ၊ ဘာေတြ နားလည္လဲ၊ ဘယ္ေလာက္မွတ္မိလဲ မသိႏိုင္ပါဘူး။ ဒါေၾကာင့္ ျဖစ္ႏုိင္ရင္ ကိုယ့္ကိုယ္ကိုယ္ စာေမးပြဲ စစ္ေပးတာမ်ိဳး၊ ေမးခြန္းေမးၾကည့္တာမ်ိဳးေလးေတြ လုပ္ေပးပါ။ စာလည္း ပိုမွတ္မိေစပါတယ္။

(၆) အနားယူေပးပါ

စာၾကည့္တာ တစ္နာရီဆိုရင္ အနည္းဆံုး ၁၀မိနစ္ေလာက္ အနားယူေပးဖို႔ လိုအပ္ပါတယ္။ ဦးေႏွာက္က ၄၅မိနစ္ေလာက္ ေက်ာ္လာရင္ သိပ္မမွတ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ မၾကာမၾကာ အနားယူေပးဖို႔ လိုပါတယ္။

ဒီလို အနားယူေပးရင္ ဦးေႏွာက္က ျပန္လန္းဆန္းလာၿပီး က်က္တဲ့စာေတြ ေခါင္းထဲ ပို၀င္မွာပါ။

(၇) အိပ္ေရး၀ေအာင္အိပ္ပါ

အိပ္ေရး၀ဖို႔ကေတာ့ အေရးႀကီးတဲ့ အရာေတြထဲကတစ္ခုပါ။ အိပ္ေရးမ၀ရင္ က်က္သမွ်စာ ေမ့ၿပီး သဲထဲေရသြန္ျဖစ္ဖို႔ ရာႏႈန္းမ်ားပါတယ္။ အိပ္ေရး၀မွ ဦးေႏွာက္လည္း က်န္းမာ၊ စာလည္းရ၊ လူလည္းေပ်ာ္ ျဖစ္မွာပါ။

(၈) ေပ်ာ္ေပ်ာ္ပါးပါးေနၾကည့္ပါ

စာၾကည့္တဲ့အခါ မရရင္ဘဲ ေသေတာ့မလိုနဲ႔ အရမ္းႀကီး serious ျဖစ္ေနစရာ မလိုပါဘူး။ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ စိတ္ကို လြတ္လြတ္လပ္လပ္ထားၿပီး ၾကည့္ပါ။ ဒီလိုဆို စိတ္ၿငိမ္ၿပီး စာရဖို႔လည္း ပိုလြယ္ကူမွာပါ။

အရမ္း serious ျဖစ္လြန္းရင္ စိတ္ပူၿပီး ဂနာမၿငိမ္နဲ႔ စာပိုမရ ျဖစ္ေစပါတယ္။

Crd; Live the Dream

Page 1 of 2