×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Saturday, 12 January 2019

စိတ်ဓာတ်ခွန်အားတိုးတက်စေမယ့် အလေ့အကျင့်များ

ဘဝက ရိုးရှင်းနေတဲ့အခါမျိုးမှာ စိတ်ပိုင်းဆိုင်ရာခံစားမှုအား ကောင်းမွန်နေတတ်ကြပေမဲ့ ယေဘူယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ တကယ့်စစ်မှန်တဲ့ စိတ်ဓာတ်ခွန်အားတွေဆိုတာ

ကံဆိုးမိုးမှောင်ကျတဲ့အချိန် အားလုံးရဲ့ အလယ်မှာ သိသိသာသာ ဖြစ်ပေါ်နေလေ့ရှိပါတယ်။

ဒါကြောင့် စိတ်ခွန်အား တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းတွေကို ရွေချယ်ခြင်းက တစ်နေ့မဟုတ်တစ်နေ့ အခက်အခဲ အဟန့်အတား တွေ့ကြုံဆုံဖြစ်ပျက်နေတဲ့ ဘဝကြီးအတွက် အကောင်းဆုံးပြင်ဆင်မှုတစ်ခုပဲ။ စိတ်ခွန်အား တိုးတက်ကောင်းမွန်အောင် ကူညီပံ့ပိုးပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတွေတော့ အများကြီးရှိပါတယ်။

ဒါပေမဲ့ ဒီမှာတော့ လက်တွေ့ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်း (၅)ခုကိုသာ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ ပင်မယုံကြည်ချက်ကို ဆန်းစစ်ပါ

များသောအားဖြင့်တော့ လူတိုင်းလိုလို ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာ၊ ကိုယ်ဇာတ်ကြောင်းတွေနဲ့ပတ်သက်ပြီးတော့ ပင်မ ယုံကြည်ချက်တွေ ရှိကြပါတယ်။ Core Belief လို့ခေါ်တဲ့ ပင်မယုံကြည်ချက်တွေဟာ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အဖြစ်အပျက် အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ ပင်မယုံကြည်မှုတွေအပေါ်မှာ ဂရုစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သင့်ရဲ့ အတွေးတွေ၊ အလေ့အထတွေနဲ့ ခံစားမှုတွေပေါ်မှာတော့ သူတို့က လွှမ်းမိုးထားပါတယ်။

ဒါကြောင့် ပင်မယုံကြည်ချက်တွေကို ရွေးထုတ်ပါ။ ချင့်ချိန်ဆန်းစစ်ပါ။ အဖြူအမည်းကွဲအောင်ကြည့်ပြီး rule တွေချမှတ် နိုင်ဖို့အတွက် ခြွင်းချက်အားလုံးကို ရှာပါ။

စိတ်စွမ်းအင်တွေကို အမြှော်မြင်ရှိရှိ ဖြန့်ကျက်ပါ

သင့်ရဲ့ စိတ်စွမ်းအင်တွေကို ထိန်းသိမ်းပါ။ ရည်မှန်းချက်ပန်းတိုင် ချမှတ်အကောင်အထည်ဖော်ဖို့နဲ့ ပြဿနာတွေ ဖြေရှင်းဖို့အတွက်ဖြစ်ပါတယ်။ သင့်ရဲ့ အတွေးအခေါ်တွေက အလုပ်မဖြစ်တော့တဲ့အချိန်မှာ စိတ်စွမ်းအင်တွေကို အကူအညီဖြစ်စေမယ့် topic တွေဆီ သတိရှိရှိနဲ့ အားစိုက်ထုတ်ပြီး ကူးပြောင်းပေးပါ။

သင့်ရဲ့ စိတ်စွမ်းအင်တွေကို အမြှော်မမြင်ရှိရှိနဲ့ အဲဒီလို ဖြန့်ကျက်ပေးနိုင်လေလေ ပိုကောင်းလေပါပဲ။ နောက်ဆုံး အလေ့အကျင့်ကောင်းတစ်ခုလို ဖြစ်လာပါလိမ့်မယ်။

အကျိုးရှိတဲ့ အတွေးတွေနဲ့ အစားထိုးပါ

ဆန်းစစ်ရွေးထုတ်ကြည့်ပြီး အကျိုးမရှိတဲ့ (သို့) အပျက်သဘောဆောင်တဲ့ အတွေးတွေနေရာမှာ ပိုကျိုးရှိတဲ့ (သို့) အပြုသဘောဆောင်တဲ့ အတွေးတွေကို အစားထိုးပေးပါ။ ဒီနေရာမှာ လုံးဝကြီး အပြုသဘောဆောင်နေဖို့ မလိုပါဘူး။ လက်တွေ့ကျတဲ့ အတွေးတွေ ဖြစ်ဖို့ပဲ လိုပါတယ်။

ပင်ပန်းတာတွေကို သည်းခံနိုင်အောင် လေ့ကျင့်ပါ

သင်အားကျတဲ့ တစ်ယောက်ယောက်ရဲ့ ပုံစံမျိုးပဲဖြစ်ဖြစ်၊ သင်ဖြစ်ချင်တဲ့ ပုံစံမျိုးပဲဖြစ်ဖြစ် အမှန်တကယ် ဖြစ်လာအောင် လေ့ကျင့်ပါ။ အပြောတွေထက် လက်တွေ့ကျတာတွေကို ရွေးချယ်ပါ။ ဥပမာ - သင်ဟာ ဖော်ရွေတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ပြောနေမယ့်အစာ ဖော်ဖော်ရွေရွေဖြစ်လာစေမယ့် လက်တွေ့ လုပ်ဆောင်လို့ရတဲ့ အချက်တွေကို ရွေးချယ်ပါ။

အဲဒီအချိန်မှာ သင့်စိတ်က ပျော်နေသည်ဖြစ်စေ မပျော်သည်ဖြစ်စေ လုပ်ဆောင်ကြည့်ပါ။ တချို့ ကြီးမားတဲ့ အကျိုး အမြတ်တွေ ရရှိဖို့အတွက် လူပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ လိုအပ်ပြီး သည်းခံနိုင်ဖို့ လိုပါတယ်။ အဲဒီအရာတွေက သင့်ကို လက်တွေ့ကျတဲ့ အမြင်တွေကို တစ်ဆင့်ချင်း ပြပေးပါလို့မယ်။

နေ့စဉ်တိုးတက်မှုရှိနေပါစေ
စိတ်ခွန်အား ဖွံ့ဖြိုးတိုးတက်နေခြင်းဟာ တိုးတက်မှုလမ်စဉ်အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ တိုးနိုင်တဲ့ အနေအထားတွေရှိပြီး အခြားအချိန်တွေနဲ့စာရင် ပိုပြီး ခက်ခဲပုံလည်း ပေါ်ပါလိမ့်မယ်။ သင့်ရဲ့ တိုးတက်မှုကို ဟပ်မိအောင် လုပ်ဆောင်ခြင်းက အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်တဲ့ စွမ်းရည်တွေ တိုးပွားလာစေပါတယ်။

Reference: Forbes

From : Duwun

Read times Last modified on Thursday, 30 January 2020 14:29
Rate this articles
(1 Vote)