×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 18 January 2019

ကိုယ့်ဘ၀နဲ့ကိုယ်သာရှိပါစေတော့

အားလုံးက ကိုယ့်ဘဝမှာကိုယ် ရုန်းကန်နေကြတာပါ။

သင့်ဆီကို လာမတွေ့နိုင်တဲ့သူတွေက သင့်ကိုရှောင်ဖယ်ချင်လို့မဟုတ်ပါဘူး။

ဘဝအပြောင်းအလဲတစ်ခုခုကြောင့် သင့်ဆီလာဖို့ ခက်ခဲသွားလို့ပါ။

ဘဝအခြေအနေတွေအတွက် အချိန်မခါမရွေး ရုန်းကန်လှုပ်ရှားနေရလို့ပါ။

လူတွေအများကြီးနဲ့ ပေါင်းသင်းဆက်ဆံဖို့ စိတ်မောလူမော ဖြစ်နေလို့ပါ။

ဘဝရှင်သန်ဖို့ အားသွန်ခွန်စိုက်ကြိုးစားနေရတဲ့အချိန်မှာ အဆင်ပြေပါတယ်ဆိုတဲ့စကားကို ဟန်ဆောင်ပြုံးရင်း မပြောချင်လို့ပါ။

ဒါ့ကြောင့် သင့်ဆီမလာနိုင်တဲ့ သင့်သူငယ်ချင်း၊ မိတ်ဆွေတွေကို ရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်ဆိုပြီး တစ်ဖက်သတ်ကြီး မစွပ်စွဲလိုက်ပါနဲ့။

သူတို့ဘဝတွေအကြောင်းကို သူတို့ကိုယ်တိုင်ပဲ သိနိုင်တာပါ။

Source: Gandawin

 

Read times Last modified on Thursday, 30 January 2020 14:57
Rate this articles
(1 Vote)