×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 05 February 2019

ငွေကြေးရည်မှန်းချက်တွေ အောင်မြင်စေဖို့ နည်းလမ်း (၄)ခု

ငွေကြေးချမ်းသာရေးနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေ အကြံပေးစကားတွေ အများကြီး ကြားဖူးကြပါလိမ့်မယ်။ ငွေကို ပိုပြီးစုဆောင်းဖို့၊ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုလုပ်ဖို့၊ အကြွေးတွေ

ကျေအောင်ဆပ်ဖို့ စသဖြင့် ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေလည်း ရှိပါလိမ့်မယ်။ ဒီလို ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေ အထမြောက်အောင်မြင်ဖို့အတွက် နည်းလမ်းကောင်း (၄)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တိကျသေချာတဲ့ ရည်မှန်းချက်ထားပါ
လေ့ကျင့်ခန်းလုပ်ဖို့ Gym ကိုသွားတဲ့အခါ ဘာတွေကစားမယ်၊ ဘာလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုတာ မသိရင်၊ သေချာမစီစဉ်ထားဘူးဆိုရင် ဟိုလုပ်ဒီလုပ်နဲ့ အချိန်ကုန်သွားတတ်ပါတယ်။ သင့်ရဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေကလည်း အတူတူပါပဲ။ သင့်ရဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေ အောင်မြင်ချင်တယ်ဆိုရင် တိကျသေချာတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားဖို့ လိုပါတယ်။ တစ်ရက်၊ တစ်လ၊ တစ်နှစ်ကို ငွေဘယ်လောက်ရအောင် ရှာမယ်၊ ဘယ်လောက်ကို စုဆောင်းမယ်။ အချိန်ဘယ်လောက်ကြာရင် ဘယ်လောက် စုဆောင်းမိနေရမယ် စသဖြင့် တိကျသေချာတဲ့ ရည်မှန်းချက်နဲ့ အစီအစဉ်တွေ ချမှတ်ထားပါ။ ဒါ့အပြင် ဒီလိုရည်မှန်းချက်တွေကိုလည်း စာရွက်ပေါ်မှာ ချရေးထားပါ။

၂။ စိတ်တူကိုယ်တူ အပေါင်းအသင်းရှာပါ
Gym ကို အတူတူသွားကစားဖို့ မိတ်ဆွေရှိရင် ပုံမှန်ကစားဖြစ်ဖို့ ပိုများသလိုပါပဲ။ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ကလည်း စိတ်တူကိုယ်တူရှိတဲ့ အပေါင်းအသင်းတစ်ယောက်လိုပါတယ်။ မိသားစုဝင်ထဲကပဲဖြစ်ဖြစ်၊ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ် သင့်ရဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေကို ပြောပြထားပါ။ သင်ကိုယ်တိုင် အပိုတွေသုံးစွဲချင်တဲ့အခါ၊ မလိုအပ်တာတွေအတွက် ဖြုန်းတီးပစ်ချင်တဲ့အခါ သင့်ရဲ့ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေကို သတိပေးနိုင်မယ့်သူတစ်ယောက်လောက် ရှာထားလိုက်ပါ။

၃။ သတိပေးမှတ်ချက် လုပ်ထားပါ
တစ်ခါတစ်လေမှာ ငွေစုဖို့အတွက် သတိပေးချက်လိုပါတယ်။ လေ့လာမှုတွေအရ ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းဖို့အတွက် သတိပေးချက်လုပ်ထားတဲ့ သူတွေဟာ ငွေပိုစုဖြစ်တာကို တွေ့ရှိထားပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ငွေကြေးဆိုင်ရာ ရည်မှန်းချက်ကို သတိပေးနိုင်မယ့် App တွေ၊ Reminder တွေကို သုံးဖို့ လိုပါတယ်။

၎။ အစီအစဉ်အတိုင်း လုပ်ဆောင်ပါ
ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေအတွက် နည်းလမ်းအစီအစဉ်တွေ ချမှတ်ထားပြီးရင် လက်တွေ့ဖြစ်အောင် လုပ်ဆောင်ပါ။ ဘယ်အချိန်မှာ ဘယ်လောက် စုမိရမယ်ဆိုတာကို သတ်မှတ်ထားရင် တကယ်စုမိအောင် စုဆောင်းပါ။ ရည်မှန်းချက်ချမှတ်ပြီး တကယ်မလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။


Credit: Gentleman Magazine

Read times Last modified on Thursday, 30 January 2020 15:09
Rate this articles
(1 Vote)