×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 05 February 2019

သင့် အဆိုးဆုံးနေ့ရက်တွေမှာ အကောင်းဆုံးအဖော်ပြုပေးမယ့် အတွေးအမြင်များ

၁။ အမှန်တရားဆိုတာ ခါးသီးပေမဲ့ တစ်ခါတရံမှာ ဆေးခါးတွေကမှ ရောဂါပိုပျောက်လွယ်တာပါ။ ဒါကြောင့် အမှန်တရားကို လက်ခံဖို့ ကြိုးစား လိုက်ပါ။

၂။ စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာ အခက်အခဲတွေကို ကျော်လွှားပြီးမှ ပိုင်ဆိုင်ရတဲ့အရာပါ။ ဒါကြောင့် အခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ။

၃။ ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်ခြင်းတွေကို စဉ်းစားပြီး ရေတွက်လိုက်ပါ။

၎။ အဆိုးတွေကြုံတာဟာ သင့်ဘဝအတွက် အတွေ့အကြုံကောင်းတွေရရှိစေတဲ့ အခွင့်အရေးလို့ သဘောထားလိုက်ပါ။

၅။ အဆိုးထဲကနေ အကောင်းကိုပဲ မျှော်လင့်ပါ။

၆။ ကမ္ဘာကြီးပေါ်မှာ သင့်ထက်ဒုက္ခရောက်နေသူတွေအများကြီးဆိုတာ သတိရပါ။

၇။ အတိတ်ထက် အနာဂတ်ကို ပိုအာရုံစိုက်ပါ။

၈။ ဒီနေရာမှာ အမြဲရပ်နေမှာမဟုတ်ပါဘူး။ အရှေ့ကို ရွှေ့နိုင်တာ နားလည်ပါ။

၉။ ရှေ့ဆက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ခြေတစ်လှမ်းကနေ စတင်ရတယ်ဆိုတာ သတိပြုပါ။

၁ဝ။ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တိုင်းကို တုံ့ပြန်နေဖို့မလိုအပ်တာ သတိရပါ။

၁၁။ လမ်းခွဲလိုက်တာဟာ တစ်ခါတလေမှာ ပြဿနာတစ်ခုရဲ့ အကောင်းဆုံးဖြေရှင်းနည်းဆိုတာ လက်ခံပါ။

၁၂။ တစ်ခါတရံမှာ အဆိုးတွေကြုံရတာဟာ နောင်တစ်ချိန်မှာ အကောင်းဆုံးဖြစ်လာဖို့ဆိုတာ နားလည်ပါ။

၁၃။ ထိုက်တန်တဲ့ ပေးဆပ်ခြင်းမရှိဘဲ ရလာတဲ့အောင်မြင်မှုဆိုတာ လောကကြီးမှာမရှိတာ သတိရပါ။

၁၄။ အရာရာကို တစ်ကပြန်စရတာ ရှက်စရာမဟုတ်ဘဲ ဆက်မှားနေတာကသာ ရှက်စရာဆိုတာ သတိရပါ။

၁၅။ အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာ ရုန်းကန်ခြင်းတွေ ရှိတယ်ဆိုတာ အမှတ်ရပါ။

၁၆။ ပြီးပြည့်စုံတဲ့လူဆိုတာ ကမ္ဘာပေါ်မှာ မရှိတာ သတိရပါ။

၁၇။ သင့်ကိုယ်သင် ကြင်နာဖေးမဖို့ အရေးကြီးဆုံးအချိန်ဆိုတာ နားလည်ပါ။

၁၈။ “ ဒီနေ့”နာကျင်ရတာဟာ “ မနက်ဖြန်” ပျော်ရွှင်ဖို့ဆိုတာ သတိရပါ။

source: ganawin magazine 

Read times Last modified on Thursday, 30 January 2020 15:12
Rate this articles
(1 Vote)