×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 10 April 2019

မနက်ခင်းလေးတွေလှပဖို့ လုပ်သင့်တဲ့အရာ

မနက်ခင်းလေးတွေလှပဖို့ လုပ်သင့်တဲ့အရာ google

တစ်နေ့မှာ စိတ်ပညာ ပါမေက္ခဆရာမကြီးတစ်ဦးဟာ အတန်းထဲမှာ စိတ်ဖိစီးမှု လျော့ချမှု အခြေခံနဲ့ ပက်သက်လို့ ပညာရပ်ကို သင်ကြားပေးနေတယ်။

သူမ ဟာ ရေရှိနေတဲ့ဖန်ခွက်တစ်ခွက်ကို မြှောက်ကိုင်ပြလိုက်ချိန် ကျောင်းသားတွေက" ဖန်ခွက်မှာ ရေအပြည့်ရှိလား၊ ရေတစ်ဝက်ပဲရှိလား"လို့ မေးမယ်လို့ ထင်လိုက်ပါတယ်။ ဒါပေမယ့် ဆရာမကြီးက ဒီကိုင်မြှောက်ထားတဲ့ ရေခွက်ဟာ ဘယ်လောက်လေးပါသလဲ” လို့ သာ မေးလိုက်ပါတယ်။

ကျောင်းသားတွေက အမျိုးမျိုးဖြေဆိုကြပေမယ့် ဆရာမကြီးဟာ ဖန်ခွက်ကို မြှောက်ကိုင်ထားပြီး “ တကယ်တော့ ဒီ ရေခွက်ရဲ့ အလေးချိန်က အရေးမကြီးပါဘူး၊ သူ့ကို တစ်မိနစ် နှစ်မိနစ်ပဲကိုင်မြှောက်ထားမယ်ဆိုရင် ပေါ့ပေါ့ပါးပါးပါးပဲ ရှိနေမှာ အသေအချာပဲ၊ ဒါပေမယ့် တစ်နာရီလောက် ကိုင်မြှောက်ထားမယ်ဆိုရင် လက်မောင်း အနည်းငယ်နာကျင်လာနိုင်ပါတယ်၊နောက်ထပ် တနေကုန်ကိုင်မြှောက်ထားမယ်ဆိုရင် လက်တစ်ဘက်လုံး ကျဉ်တက်လာနိုင်တယ်၊ နောက်ဆုံး ဖန်ခွက်ကိုကြမ်းပြင်ပေါ်ကို လွှတ်ချလိုက်တဲ့ အထိဆိုပါတော့၊ ဒီကိစ္စမှာ ဖန်ခွက်ရဲ့ အလေးချိန်က ပြောင်းလဲသွားခြင်းမရှိဘဲ ကိုယ်က ရေရှည်ကိုင်မြှောက်ထားတဲ့အပေါ် မူတည်ပြောင်းလဲသွားမှာ ဖြစ်တယ် "လို့ ပြောဆိုလိုက်ပါတယ်။

ဆရာမကြီးက ဆက်လက်ပြီး “သင်တို့ ဘဝမှာ ကြုံတွေ့လာမယ့် စိတ်ဖိစီးမှုတို့၊ စိုးရိမ်ပူပန်မှုတို့ဆိုတာ ဒီရေဖန်ခွက်လို ပါပဲ၊ ကြုံတွေ့လာရတဲ့ ဖိစီးမှုတို့၊ စိုးရိမ်မှုတို့ကို ခဏပဲ တွေးတောမယ်ဆိုရင် ဘာမှမဖြစ်ပါဘူး၊ အနည်းငယ် ကြာကြာ တွေးတောမယ်ဆိုရင် ခေါင်းအနည်းငယ် ကိုက်လာမယ်၊ အေး.. တနေကုန် စဉ်းစားနေမယ်ဆိုရင် ဘာကိစ္စကိုမှ မလုပ်ချင်တော့ပဲ စိတ်ဓာတ်ကျ ထိုင်းမှိုင်းနေတော့မယ်" လို့ ရွေခွက်နဲ့ အလေးချိန်ဥပမာလေးကိုပြပြီး ရှင်းပြလိုက်ပါတယ်။

ဘဝမျာ ကြုံတွေ့လာမယ့် စိတ်ဖိစီးမှုတို့၊ စိုးရိမ်မှုတို့ဆိုတာ စိတ်ထဲမှာ တာရှည်မထားသင့်တဲ့ အဆိပ်အတောက်လိုမျိုးဖြစ်ပြီး ၊ နေ့မှာ ကြုံတွေ့လာခဲ့ရတဲ့ အရာတွေကို ညအထိ မသယ်လာမိအောင် ကြိုးစားတတ်ဖို့ လိုပါတယ်။ ဒါမှသာ နောက်တစ်နေ့အတွက် အင်အားသစ်တွေကို ဖြည့်ဆည်းပြီး မနက်ဖြန်ကို လှပစွာ ချီတက်နိုင်ကြမှာဖြစ်ပါတယ်။

 

credit - original writer

sayar.com

Read times Last modified on Monday, 17 February 2020 16:30
Rate this articles
(0 votes)