×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 10 October 2019

"သင့္ကိုယ္သင္ ဖန္တီးႏိုင္စြမ္းကင္းမဲ့ေနတယ္လို႔ ထင္တဲ့အခါ လုပ္ၾကည့္သင့္တဲ့အခ်က္မ်ား"

"သင့္ကိုယ္သင္ ဖန္တီးႏိုင္စြမ္းကင္းမဲ့ေနတယ္လို႔ ထင္တဲ့အခါ လုပ္ၾကည့္သင့္တဲ့အခ်က္မ်ား" google.com

Zawgyi

ဖန္တီးႏိုင္စြမ္းက ကြၽန္ေတာ္တို႔ကို စိတ္ဓာတ္တက္ႂကြမႈရွိေစဖို႔ ကူညီႏိုင္ပါတယ္။ ဖန္တီးႏိုင္စြမ္းေၾကာင့္ ရည္မွန္းခ်က္နဲ႔ ဦးတည္ခ်က္ေတြျဖစ္လာႏိုင္ပါတယ္။

ေသခ်ာတဲ့ပန္းတိုင္ေတြစီမံႏိုင္လာၿပီး အိပ္မက္ေတြလည္း အတည္တက်ျဖစ္ေပၚလာႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဖန္တီးႏိုင္စြမ္းဆိုတာက အတင္းလုပ္ယူလို႔မရႏိုင္ဘဲ သဘာဝအေလ်ာက္ျဖစ္ေပၚလာတာမ်ိဳးပါ။

စိတ္ဖိစီးမႈရေနတဲ့အခိုက္အတန႔္ ဒါမွမဟုတ္ စိတ္ခံစားမႈေတြကုန္ခမ္းေနတဲ့အခ်ိန္မ်ိဳးမွာ ဘာကိုဖန္တီးရေကာင္းမွန္းမသိျဖစ္ေနတတ္ပါတယ္။

အဲဒီလိုအခ်ိန္မ်ိဳးမွာ ဖန္တီးႏိုင္စြမ္းကို ကူညီေပးတဲ့အရာေတြလုပ္ၾကည့္ဖို႔လိုပါတယ္။ ဖန္တီးႏိုင္စြမ္းကိုျမင့္တင္ေပးႏိုင္တဲ့နည္းလမ္းကို ရွာေဖြျခင္းက ႐ိုးရွင္းၿပီး တဆင့္ျခင္းသြားႏိုင္ပါတယ္။

ဘယ္အရာက သင့္ကို ပိုၿပီး ဖန္တီးႏိုင္စြမ္းျဖစ္ေစမလဲဆိုတာ သိဖို႔လည္းလိုပါတယ္။ ေအာက္ကေဖာ္ျပထားတဲ့ အခ်က္ေလးေတြက အေထာက္အကူျပဳမယ္ထင္ပါတယ္။

 

(၁) စြမ္းရည္အသစ္တစ္မ်ိဳးမ်ိဳးကို သင္ယူပါ
ဖန္တီးႏိုင္စြမ္းကို ျမင့္တင္ခ်င္တဲ့အခါ စြမ္းရည္အသစ္တစ္မ်ိဳးကို သင္ယူၾကည့္ပါ။ ဥပမာ။ သင္က နည္းပညာအေၾကာင္းေရးေနတဲ့ ဘေလာ့ကာတစ္ေယာက္ဆိုရင္

ဟာသေတြကိုဘယ္လိုေရးသလဲဆိုတာကို ေလ့လာၾကည့္လိုက္ေပါ့။ အဲဒါက သင္ေတြးေနတာေတြထဲက လမ္းသစ္တစ္ခုအေနနဲ႔ေဖာက္ထြက္သြားတာမ်ိဳး၊

စတိုင္လ္အသစ္တစ္ခုျဖစ္သြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ အေတြးသစ္အျမင္သစ္ေတြလည္း ရလာႏိုင္ပါတယ္။

 

(၂) ဆိုရွယ္မီဒီယာေပၚမွာ ေလ့လာၾကည့္ပါ
အသစ္ေတြဖန္တီးႏိုင္စြမ္း မရွိေတာ့သလိုခံစားေနရတယ္ဆိုရင္ ဆိုရွယ္မီဒီယာေပၚမွာ ေလ့လာၾကည့္လိုက္ပါ။

နည္းပညာဆိုင္ရာေတြအားလုံးကို ေမ့ထားၿပီး ဘယ္သူေတြက ဘယ္လိုဖန္တီးထားၾကသလဲ၊ ဒါမွမဟုတ္ အြန္လိုင္းေရွာ့ပင္ေတြက

ေရာင္းအားတက္ဖို႔ အၿပိဳင္အဆိုင္ ဘယ္လိုေၾကျငာေနၾကသလဲ၊ ဒါမွမဟုတ္ ဘယ္လိုမ်ိဳး content ေတြ ပိုလူႀကိဳက္မ်ားေနသလဲ စသျဖင့္ပါ။ သင့္ရဲ႕အေတြးေတြကို

သူတို႔နဲ႔ ကြဲျပားေအာင္ ဘယ္လိုဖန္တီးမလဲဆိုတာမ်ိဳး လွည့္ေတြးၾကည့္ပါ။ အဲဒါက သင့္ေခါင္းထဲမွာ မတူျခားနားတဲ့အရာေတြဖန္တီးဖို႔ အလုပ္လုပ္လာေစပါတယ္။

 

(၃) ခ်ေရးၾကည့္ပါ
သင္ဖန္တီးခ်င္တဲ့အရာ အၾကမ္းဖ်င္းကို ခ်ေရးၾကည့္ပါ။ ဥပမာ။ ဒါေလးလုပ္ခ်င္တယ္၊ ဒါမ်ိဳးေလး ဖန္တီးခ်င္တယ္၊ ဒါေလးေတာ့ပါေစခ်င္တယ္ စသျဖင့္ေပါ့။

ကိုယ္ဖန္တီးခ်င္တဲ့စိတ္က အေတြးစေလးတစ္ခုသာျဖစ္ၿပီး အဲဒါကို ဆြဲထုတ္ဖို႔လိုအပ္ေနတာမို႔ သင္ျဖတ္ခနဲအေတြးေပၚတုန္း ခ်ေရးထားလိုက္တာက အေတြးေတြကိုဆက္စပ္ၿပီး အေကာင္အထည္ေပၚလာေစႏိုင္ပါတယ္။

Recommended For You >>> "ကိုယ့္ကိုကိုယ္ျပန္လည္ ဆန္းစစ္ျခင္းက ဘယ္လိုအက်ိဳးေက်းဇူးေတြရႏိုင္မလဲ"

 

(၄) လမ္းေလွ်ာက္ထြက္ၾကည့္ပါ 
ဒါကအရမ္းကို႐ိုးရွင္းတယ္လို႔ထင္ရေပမယ့္ သင့္ကို တကယ္အက်ိဳးထူးေစမွာပါ။ ေလ့လာခ်က္ေတြအရ လမ္းေလွ်ာက္ျခင္းက ဖန္တီးႏိုင္စြမ္းထပ္ခါထပ္ခါတိုးလာေစပါတယ္တဲ့။

ဘာကိုဖန္တီးရမွန္းမသိျဖစ္ေနတယ္ဆိုရင္ သင့္စိတ္ေတြအကုန္လုံးကို လႊတ္ထားၿပီး လမ္းတစ္ေလွ်ာက္က လူေတြရဲ႕အျပဳအမူေတြ၊

လႈပ္ရွားသြားလာမႈေတြ၊ စကားလုံးေတြ၊ သူတို႔ေတြရဲ႕ျပႆနာေတြကို သတိျပဳရင္း စသျဖင့္ ေငးေမာၾကည့္ၿပီး လမ္းေလွ်ာက္ၾကည့္လိုက္ပါ။ တခုမဟုတ္တခုေတာ့ အႀကံရလာပါလိမ့္မယ္။

 

(၅) အျခားေသာ brands ေတြကို ေလ့လာၾကည့္ပါ
ကိုယ္တိုင္ဘာလုပ္ရမယ္မွန္းမသိေတာ့တဲ့အခါ အျခားသူေတြ ဒါမွမဟုတ္ ကိုယ့္လိုလူေတြ၊ လုပ္ငန္းတူေတြ

ဘာလုပ္ေနသလဲဆိုတာ ေလ့လာၾကည့္ပါ။ ယွဥ္ၿပိဳင္ဖို႔၊ ကူးခ်ဖို႔ထက္ သူတို႔က ဘယ္လိုဖန္တီးထားသလဲ၊ ဘယ္လိုအျမင္က စဥ္းစားထားသလဲဆိုတာမ်ိဳးေလး လိုက္ေတြးၾကည့္ပါ။

 

(၆) အျမင္မတူတဲ့လူေတြနဲ႔ စကားေျပာၾကည့္ပါ
မတူညီတဲ့အေျခခံလူေနမႈေတြ၊ မတူညီတဲ့ဘဝရွင္သန္မႈေတြ စတဲ့လူေတြနဲ႔ စကားေျပာဖို႔ ႀကိဳးစားၾကည့္ပါ။ သူတို႔ဆီက ၾကားရတဲ့စကားေတြမွာ

သင္နဲ႔အျမင္မတူတာေတြရွိႏိုင္ေပမယ့္ ျငင္းခုံဖို႔မဟုတ္ဘဲ သူ႔တို႔ဘဝ၊ သူတို႔အျမင္မွာ ဒီလိုပါလား….ဆိုတဲ့ အေတြးမ်ိဳးရလာတဲ့အခါ သင့္မွာ အေတြးသစ္ေတြရလာႏိုင္ပါတယ္။

Recommended For You >>> ဘယ္လိုလူမ်ိဳးေတြ အလုပ္ေကာင္းေကာင္း ရၾကသလဲ?

 

(၇) ဂိမ္းေဆာ့ၾကည့္လိုက္ပါ
ဂိမ္းကို အလြန္အကြၽံ႕ေဆာ့တာမ်ိဳး၊ စြဲလမ္းေနတာမ်ိဳးထက္ တခါတရံ စိတ္ကူးအႀကံဉာဏ္အတြက္ ဂိမ္းေဆာ့ၾကည့္လိုက္ပါ။ အေတြးသစ္ေတြရလာပါတယ္။

 

(၈) သီခ်င္းနားေထာင္ၾကည့္ပါ
သီခ်င္းနားေထာင္ျခင္းက သီခ်င္းထဲဝင္ခံစားမိၿပီး ခံစားခ်က္အသစ္ေတြရလာေစသလို၊ ဖန္တီးႏိုင္စြမ္းအသစ္ေတြလည္းျဖစ္လာေစပါတယ္။

အတင္းႀကီးဇြတ္ဖန္တီးဖို႔ ေတြးထားရတဲ့အတြက္ တင္းၾကပ္ေနတဲ့စိတ္ကို ေျပေလ်ာ့ေစၿပီး သီခ်င္းထဲအာ႐ုံေရာက္သြားတဲ့အခါ အေတြးအသစ္ေတြရလာေစပါတယ္။

 

(၉) ကေလးေတြနဲ႔ ေဆာ့ကစားပါ
ကေလးေတြမွာ အၿမဲတမ္း ဖန္တီးႏိုင္စြမ္းအသစ္ေတြရွိေနတတ္ပါတယ္။ ရယ္စရာေတြလည္းျဖစ္ေနတတ္သလို၊ သူတို႔ဖန္တီးထားတာေတြက

ကိုယ္မထင္ထားတာေတြလည္းျဖစ္ေနတတ္ပါတယ္။ အတုံးေလးေတြဆက္မယ္၊ ေဆးျခယ္မယ္၊ စာဖတ္မယ္ စသျဖင့္ ကေလးနဲ႔အတူေဆာ့ကစားၾကည့္လိုက္ပါ။

 

(၁၀) ခဏတျဖဳတ္ အိပ္ၾကည့္လိုက္ပါ
ခဏေလာက္အိပ္စက္လိုက္ျခင္းက သင့္ဦးေႏွာက္ကို အနားေပးသလိုျဖစ္ေစပါတယ္။ အတင္းႀကီး လိုက္စဥ္းစားေနတာက သင့္ေခါင္းကို ထူပူေစၿပီး စိတ္ရႈပ္ေထြးေစပါတယ္။

အဲဒါေၾကာင့္ စိတ္ကိုရွင္းေအာင္ထားၿပီး ခဏေလး ဦးေႏွာက္ကို အနားေပးတဲ့အေနနဲ႔ အိပ္စက္ၾကည့္လိုက္ပါ။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

Sources : KWEE

 

Unicode

"သင့်ကိုယ်သင် ဖန်တီးနိုင်စွမ်းကင်းမဲ့နေတယ်လို့ ထင်တဲ့အခါ လုပ်ကြည့်သင့်တဲ့အချက်များ"
ဖန်တီးနိုင်စွမ်းက ကျွန်တော်တို့ကို စိတ်ဓာတ်တက်ကြွမှုရှိစေဖို့ ကူညီနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းကြောင့် ရည်မှန်းချက်နဲ့ ဦးတည်ချက်တွေဖြစ်လာနိုင်ပါတယ်။

သေချာတဲ့ပန်းတိုင်တွေစီမံနိုင်လာပြီး အိပ်မက်တွေလည်း အတည်တကျဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်တီးနိုင်စွမ်းဆိုတာက အတင်းလုပ်ယူလို့မရနိုင်ဘဲ သဘာဝအလျောက်ဖြစ်ပေါ်လာတာမျိုးပါ။

စိတ်ဖိစီးမှုရနေတဲ့အခိုက်အတန့် ဒါမှမဟုတ် စိတ်ခံစားမှုတွေကုန်ခမ်းနေတဲ့အချိန်မျိုးမှာ ဘာကိုဖန်တီးရကောင်းမှန်းမသိဖြစ်နေတတ်ပါတယ်။

အဲဒီလိုအချိန်မျိုးမှာ ဖန်တီးနိုင်စွမ်းကို ကူညီပေးတဲ့အရာတွေလုပ်ကြည့်ဖို့လိုပါတယ်။ ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တဲ့နည်းလမ်းကို ရှာဖွေခြင်းက ရိုးရှင်းပြီး တဆင့်ခြင်းသွားနိုင်ပါတယ်။

ဘယ်အရာက သင့်ကို ပိုပြီး ဖန်တီးနိုင်စွမ်းဖြစ်စေမလဲဆိုတာ သိဖို့လည်းလိုပါတယ်။ အောက်ကဖော်ပြထားတဲ့ အချက်လေးတွေက အထောက်အကူပြုမယ်ထင်ပါတယ်။

 

(၁) စွမ်းရည်အသစ်တစ်မျိုးမျိုးကို သင်ယူပါ
ဖန်တီးနိုင်စွမ်းကို မြင့်တင်ချင်တဲ့အခါ စွမ်းရည်အသစ်တစ်မျိုးကို သင်ယူကြည့်ပါ။ ဥပမာ။ သင်က နည်းပညာအကြောင်းရေးနေတဲ့ ဘလော့ကာတစ်ယောက်ဆိုရင်

ဟာသတွေကိုဘယ်လိုရေးသလဲဆိုတာကို လေ့လာကြည့်လိုက်ပေါ့။ အဲဒါက သင်တွေးနေတာတွေထဲက လမ်းသစ်တစ်ခုအနေနဲ့ဖောက်ထွက်သွားတာမျိုး၊

စတိုင်လ်အသစ်တစ်ခုဖြစ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ အတွေးသစ်အမြင်သစ်တွေလည်း ရလာနိုင်ပါတယ်။

 

(၂) ဆိုရှယ်မီဒီယာပေါ်မှာ လေ့လာကြည့်ပါ
အသစ်တွေဖန်တီးနိုင်စွမ်း မရှိတော့သလိုခံစားနေရတယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ လေ့လာကြည့်လိုက်ပါ။

နည်းပညာဆိုင်ရာတွေအားလုံးကို မေ့ထားပြီး ဘယ်သူတွေက ဘယ်လိုဖန်တီးထားကြသလဲ၊ ဒါမှမဟုတ် အွန်လိုင်းရှော့ပင်တွေက

ရောင်းအားတက်ဖို့ အပြိုင်အဆိုင် ဘယ်လိုကြေငြာနေကြသလဲ၊ ဒါမှမဟုတ် ဘယ်လိုမျိုး content တွေ ပိုလူကြိုက်များနေသလဲ စသဖြင့်ပါ။ သင့်ရဲ့အတွေးတွေကို

သူတို့နဲ့ ကွဲပြားအောင် ဘယ်လိုဖန်တီးမလဲဆိုတာမျိုး လှည့်တွေးကြည့်ပါ။ အဲဒါက သင့်ခေါင်းထဲမှာ မတူခြားနားတဲ့အရာတွေဖန်တီးဖို့ အလုပ်လုပ်လာစေပါတယ်။

 

(၃) ချရေးကြည့်ပါ
သင်ဖန်တီးချင်တဲ့အရာ အကြမ်းဖျင်းကို ချရေးကြည့်ပါ။ ဥပမာ။ ဒါလေးလုပ်ချင်တယ်၊ ဒါမျိုးလေး ဖန်တီးချင်တယ်၊ ဒါလေးတော့ပါစေချင်တယ် စသဖြင့်ပေါ့။

ကိုယ်ဖန်တီးချင်တဲ့စိတ်က အတွေးစလေးတစ်ခုသာဖြစ်ပြီး အဲဒါကို ဆွဲထုတ်ဖို့လိုအပ်နေတာမို့ သင်ဖြတ်ခနဲအတွေးပေါ်တုန်း ချရေးထားလိုက်တာက အတွေးတွေကိုဆက်စပ်ပြီး အကောင်အထည်ပေါ်လာစေနိုင်ပါတယ်။

Recommended For You >>> "ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ"

 

(၄) လမ်းလျှောက်ထွက်ကြည့်ပါ
ဒါကအရမ်းကိုရိုးရှင်းတယ်လို့ထင်ရပေမယ့် သင့်ကို တကယ်အကျိုးထူးစေမှာပါ။ လေ့လာချက်တွေအရ လမ်းလျှောက်ခြင်းက ဖန်တီးနိုင်စွမ်းထပ်ခါထပ်ခါတိုးလာစေပါတယ်တဲ့။

ဘာကိုဖန်တီးရမှန်းမသိဖြစ်နေတယ်ဆိုရင် သင့်စိတ်တွေအကုန်လုံးကို လွှတ်ထားပြီး လမ်းတစ်လျှောက်က လူတွေရဲ့အပြုအမူတွေ၊

လှုပ်ရှားသွားလာမှုတွေ၊ စကားလုံးတွေ၊ သူတို့တွေရဲ့ပြဿနာတွေကို သတိပြုရင်း စသဖြင့် ငေးမောကြည့်ပြီး လမ်းလျှောက်ကြည့်လိုက်ပါ။ တခုမဟုတ်တခုတော့ အကြံရလာပါလိမ့်မယ်။

 

(၅) အခြားသော brands တွေကို လေ့လာကြည့်ပါ
ကိုယ်တိုင်ဘာလုပ်ရမယ်မှန်းမသိတော့တဲ့အခါ အခြားသူတွေ ဒါမှမဟုတ် ကိုယ့်လိုလူတွေ၊ လုပ်ငန်းတူတွေ

ဘာလုပ်နေသလဲဆိုတာ လေ့လာကြည့်ပါ။ ယှဉ်ပြိုင်ဖို့၊ ကူးချဖို့ထက် သူတို့က ဘယ်လိုဖန်တီးထားသလဲ၊ ဘယ်လိုအမြင်က စဉ်းစားထားသလဲဆိုတာမျိုးလေး လိုက်တွေးကြည့်ပါ။

 

(၆) အမြင်မတူတဲ့လူတွေနဲ့ စကားပြောကြည့်ပါ
မတူညီတဲ့အခြေခံလူနေမှုတွေ၊ မတူညီတဲ့ဘဝရှင်သန်မှုတွေ စတဲ့လူတွေနဲ့ စကားပြောဖို့ ကြိုးစားကြည့်ပါ။ သူတို့ဆီက ကြားရတဲ့စကားတွေမှာ

သင်နဲ့အမြင်မတူတာတွေရှိနိုင်ပေမယ့် ငြင်းခုံဖို့မဟုတ်ဘဲ သူ့တို့ဘဝ၊ သူတို့အမြင်မှာ ဒီလိုပါလား….ဆိုတဲ့ အတွေးမျိုးရလာတဲ့အခါ သင့်မှာ အတွေးသစ်တွေရလာနိုင်ပါတယ်။

Recommended For You >>> ဘယ်လိုလူမျိုးတွေ အလုပ်ကောင်းကောင်း ရကြသလဲ?

 

(၇) ဂိမ်းဆော့ကြည့်လိုက်ပါ
ဂိမ်းကို အလွန်အကျွံ့ဆော့တာမျိုး၊ စွဲလမ်းနေတာမျိုးထက် တခါတရံ စိတ်ကူးအကြံဉာဏ်အတွက် ဂိမ်းဆော့ကြည့်လိုက်ပါ။ အတွေးသစ်တွေရလာပါတယ်။

 

(၈) သီချင်းနားထောင်ကြည့်ပါ
သီချင်းနားထောင်ခြင်းက သီချင်းထဲဝင်ခံစားမိပြီး ခံစားချက်အသစ်တွေရလာစေသလို၊ ဖန်တီးနိုင်စွမ်းအသစ်တွေလည်းဖြစ်လာစေပါတယ်။

အတင်းကြီးဇွတ်ဖန်တီးဖို့ တွေးထားရတဲ့အတွက် တင်းကြပ်နေတဲ့စိတ်ကို ပြေလျော့စေပြီး သီချင်းထဲအာရုံရောက်သွားတဲ့အခါ အတွေးအသစ်တွေရလာစေပါတယ်။

 

(၉) ကလေးတွေနဲ့ ဆော့ကစားပါ
ကလေးတွေမှာ အမြဲတမ်း ဖန်တီးနိုင်စွမ်းအသစ်တွေရှိနေတတ်ပါတယ်။ ရယ်စရာတွေလည်းဖြစ်နေတတ်သလို၊ သူတို့ဖန်တီးထားတာတွေက

ကိုယ်မထင်ထားတာတွေလည်းဖြစ်နေတတ်ပါတယ်။ အတုံးလေးတွေဆက်မယ်၊ ဆေးခြယ်မယ်၊ စာဖတ်မယ် စသဖြင့် ကလေးနဲ့အတူဆော့ကစားကြည့်လိုက်ပါ။

 

(၁၀) ခဏတဖြုတ် အိပ်ကြည့်လိုက်ပါ
ခဏလောက်အိပ်စက်လိုက်ခြင်းက သင့်ဦးနှောက်ကို အနားပေးသလိုဖြစ်စေပါတယ်။ အတင်းကြီး လိုက်စဉ်းစားနေတာက သင့်ခေါင်းကို ထူပူစေပြီး စိတ်ရှုပ်ထွေးစေပါတယ်။

အဲဒါကြောင့် စိတ်ကိုရှင်းအောင်ထားပြီး ခဏလေး ဦးနှောက်ကို အနားပေးတဲ့အနေနဲ့ အိပ်စက်ကြည့်လိုက်ပါ။


သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

Sources : KWEE

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 16:01
Rate this articles
(0 votes)