×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 22 January 2020

အချိန်မဖြုန်းစေချင်ပါ

အချိန်မဖြုန်းစေချင်ပါ google

လူရွယ်တစ်ယောက်က သူ့ဘဝကို စိတ်ပျက်နေတယ်။ သူဟာ ကြီးပွားအောင်မြင်သူတစ်ယောက် ဖြစ်ချင်တယ်။ အိမ်ထောင်ပြုပြီး သားသမီးတွေနဲ့ ပျော်ပျော်ပါးပါး နေချင်နေတယ်။

လောလောဆယ်မှာ သူဟာ ဘွဲ့တစ်ခုရပြီး ကုမ္ပဏီတစ်ခုမှာ လစာနည်းနည်းလေးနဲ့ အလုပ်လုပ်နေရတယ်။ ရာထူးတိုးဖို့ အခြေအနေလည်း မရှိဘူး။ လစာမလုံလောက်လို့ အိမ်ထောင်ပြုလို့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ချစ်သူကို ဆင်းဆင်းရဲရဲ ဘဝမှာ မနေစေချင်ဘူး။ သူဟာ သူ့ဘဝကို သက်သက် အချိန်ဖြုန်းနေတယ်လို့ ထင်နေတယ်။ ဒါပေမဲ့ သူ ဘာလုပ်ရမှန်း မသိဘူး။

ရက်တွေကနေ လ၊ လတွေကနေ နှစ်တွေ ကူးလာတယ်။ သူဟာ အဲဒီအခြေအနေအတိုင်းပဲ ဖြစ်နေဆဲပါပဲ။ တစ်ရက်မှာ သူ့ခေါင်းထဲမှာ အကြံတစ်ခု ပေါ်လာတာကြောင့် အဲဒီအကြံကို အကောင်အထည် ဖေါ်လိုက်တယ်။

သူဟာ ကုန်စုံဆိုင်တစ်ခုကို သွားပြီး ဖန်ချိုင့်တစ်လုံးနဲ့ ရောင်စုံဂေါ်လီလုံးတွေပါတဲ့ အထုတ်တွေကို ဝယ်လိုက်တယ်။ အိမ်ပြန်ရောက်တာနဲ့ စားပွဲမှာ ထိုင်လိုက်ပြီး လက်ရှိအချိန်ကနေ သူအလုပ်နားတဲ့အချိန်ထိ (အသက် ၆၀ လောက်ပေါ့) စနေနေ့ပေါင်း ဘယ်လောက်ကျန်သလဲဆိုတာကို တွက်ကြည့်လိုက်တယ်။ တွက်လို့ရတဲ့ စနေအရေအတွက်နဲ့ ညီမျှတဲ့ ဂေါ်လီလုံး အရေအတွက်ကို ဖန်ချိုင့်ထဲကို အသာလေး ထည့်လိုက်တယ်။

ပထမဆုံး စနေနေ့မနက်ရောက်တော့ သူဟာ ဖန်ချိုင့်ထဲက ဂေါ်လီလုံးတစ်လုံးကို နှိုက်ယူလိုက်တယ်။ ပြီးတော့ ဂေါ်လီလုံးကို လက်ဖဝါးပေါ်မှာ တင်ထားပြီး စူးစိုက်ကြည့်ရင်း သူ့ကိုယ်သူ ခုလို မေးခွန်းတွေ မေးလိုက်တယ်။
- ပြီးခဲ့တဲ့ တစ်ပတ်က ငါ ဘာလုပ်ခဲ့သလဲ
- ငါ ဘာတွေ လေ့လာတတ်မြောက်ခဲ့သလဲ
- ငါ့ပတ်ဝန်းကျင်က လူတွေကို ငါ ဘာတွေ အကျိုးပြုခဲ့သလဲ
- ငါ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ငါ ဘာတွေ လုပ်ခဲ့သလဲ
- ငါ့မှာ ရှိတဲ့ အရည်အချင်းတွေထဲက ဘယ်ဟာတွေကို အသုံးချခဲ့သလဲ
- ပြီးခဲ့တဲ့ အပတ်ဟာ ငါ့ကို အကျိုးရှိစေခဲ့သလား။ ငါ အချိန်ဖြုန်းခဲ့တာလား

ပြီးတော့ သူဟာ လာမယ့်အပတ်အတွက် ခုလို မေးခွန်းတွေ မေးပြန်ပါတယ်။
- လာမယ့်အပတ်ကို ငါ အကျိုးရှိအောင် ဘာတွေ လုပ်မလဲ
- ဒီအချိန်အတွင်း လုပ်ဖို့ အရေးကြီးဆုံး အရာတွေက ဘာတွေလဲ
- ငါ ဘယ်သူတွေကို ကူညီပေးရမလဲ
- ငါ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ
- ငါ ကြောက်နေတာတွေဟာ ဘာတွေလဲ၊ အဲဒါတွေကို ဘယ်လို ဖြေရှင်းမလဲ
- ငါ့မှာ ရှိတဲ့ အရည်အချင်းတွေထဲက ဘယ်ဟာတွေကို အသုံးချမလဲ

သူဟာ အဲဒီမေးခွန်းတွေကို မေးပြီး လေးလေးနက်နက် စဉ်းစားတယ်။ အဖြေတွေ ရပြီဆိုတာနဲ့ လက်ဝါးပေါ်က ဂေါ်လီလုံးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ သူ့ ဖန်ချိုင့်ထဲက ဂေါ်လီလုံးတစ်လုံး လျော့သွားပြီ။ ဒါပေမဲ့ မသိသာပါဘူး။

သူဟာ အဲဒီအကျင့်ကို စနေနေ့တိုင်း မပျက်မကွက် လုပ်နေတယ်။ လပေါင်းအတော်ကြာလာတဲ့အခါမှာ ဖန်ချိုင့်ထဲက ဂေါ်လီလုံးတွေဟာ အတော်ကြီးကို နည်းသွားပြီ။ အဲဒါကို မြင်တဲ့ သူ့အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုပြီး သူ လုပ်စရာတွေကို အချိန်မဖြုန်းဘဲ လုပ်တယ်။

သူဟာ အသက် ၄၀ ကျော်လောက်မှာပဲ ကြီးပွားအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားတယ်။ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီး ဘဝမှာ ပျော်ရွှင်စွာ နေနေပါတယ်။

မိတ်ဆွေ ရည်မှန်းချက်ပန်းတိုင် မရှိဘဲ အပျော်အပါးတွေနဲ့ အချိန်တွေ ဖြုန်းနေသလား။ မိမိကိုယ်မိမိ အသိဆုံးပါ။ ဒါပေမဲ့ တစ်ခု သတိပေးလိုက်ပါမယ်။ အသက်ကြီးမှ ဆင်းဆင်းရဲရဲ နေရပြီး နောင်တမရချင်ရင် အခုအချိန်က စပြီး အချိန်ကို အကျိုးရှိအောင် အသုံးချပါ။


Credit. ဗန်းမော်သိန်းဖေ (Bamaw Thein Pe)

 

(zawgyi)

လူ႐ြယ္တစ္ေယာက္က သူ႔ဘဝကို စိတ္ပ်က္ေနတယ္။ သူဟာ ႀကီးပြားေအာင္ျမင္သူတစ္ေယာက္ ျဖစ္ခ်င္တယ္။ အိမ္ေထာင္ျပဳၿပီး သားသမီးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေနခ်င္ေနတယ္။ ေလာေလာဆယ္မွာ သူဟာ ဘြဲ႕တစ္ခုရၿပီး ကုမၸဏီတစ္ခုမွာ လစာနည္းနည္းေလးနဲ႔ အလုပ္လုပ္ေနရတယ္။ ရာထူးတိုးဖို႔ အေျခအေနလည္း မရွိဘူး။ လစာမလုံေလာက္လို႔ အိမ္ေထာင္ျပဳလို႔ မျဖစ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ခ်စ္သူကို ဆင္းဆင္းရဲရဲ ဘဝမွာ မေနေစခ်င္ဘူး။ သူဟာ သူ႔ဘဝကို သက္သက္ အခ်ိန္ျဖဳန္းေနတယ္လို႔ ထင္ေနတယ္။ ဒါေပမဲ့ သူ ဘာလုပ္ရမွန္း မသိဘူး။

ရက္ေတြကေန လ၊ လေတြကေန ႏွစ္ေတြ ကူးလာတယ္။ သူဟာ အဲဒီအေျခအေနအတိုင္းပဲ ျဖစ္ေနဆဲပါပဲ။ တစ္ရက္မွာ သူ႔ေခါင္းထဲမွာ အႀကံတစ္ခု ေပၚလာတာေၾကာင့္ အဲဒီအႀကံကို အေကာင္အထည္ ေဖၚလိုက္တယ္။

သူဟာ ကုန္စုံဆိုင္တစ္ခုကို သြားၿပီး ဖန္ခ်ိဳင့္တစ္လုံးနဲ႔ ေရာင္စုံေဂၚလီလုံးေတြပါတဲ့ အထုတ္ေတြကို ဝယ္လိုက္တယ္။ အိမ္ျပန္ေရာက္တာနဲ႔ စားပြဲမွာ ထိုင္လိုက္ၿပီး လက္ရွိအခ်ိန္ကေန သူအလုပ္နားတဲ့အခ်ိန္ထိ (အသက္ ၆၀ ေလာက္ေပါ့) စေနေန႔ေပါင္း ဘယ္ေလာက္က်န္သလဲဆိုတာကို တြက္ၾကည့္လိုက္တယ္။ တြက္လို႔ရတဲ့ စေနအေရအတြက္နဲ႔ ညီမွ်တဲ့ ေဂၚလီလုံး အေရအတြက္ကို ဖန္ခ်ိဳင့္ထဲကို အသာေလး ထည့္လိုက္တယ္။

ပထမဆုံး စေနေန႔မနက္ေရာက္ေတာ့ သူဟာ ဖန္ခ်ိဳင့္ထဲက ေဂၚလီလုံးတစ္လုံးကို ႏႈိက္ယူလိုက္တယ္။ ၿပီးေတာ့ ေဂၚလီလုံးကို လက္ဖဝါးေပၚမွာ တင္ထားၿပီး စူးစိုက္ၾကည့္ရင္း သူ႔ကိုယ္သူ ခုလို ေမးခြန္းေတြ ေမးလိုက္တယ္။
- ၿပီးခဲ့တဲ့ တစ္ပတ္က ငါ ဘာလုပ္ခဲ့သလဲ
- ငါ ဘာေတြ ေလ့လာတတ္ေျမာက္ခဲ့သလဲ
- ငါ့ပတ္ဝန္းက်င္က လူေတြကို ငါ ဘာေတြ အက်ိဳးျပဳခဲ့သလဲ
- ငါ့ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ဖို႔ ငါ ဘာေတြ လုပ္ခဲ့သလဲ
- ငါ့မွာ ရွိတဲ့ အရည္အခ်င္းေတြထဲက ဘယ္ဟာေတြကို အသုံးခ်ခဲ့သလဲ
- ၿပီးခဲ့တဲ့ အပတ္ဟာ ငါ့ကို အက်ိဳးရွိေစခဲ့သလား။ ငါ အခ်ိန္ျဖဳန္းခဲ့တာလား

ၿပီးေတာ့ သူဟာ လာမယ့္အပတ္အတြက္ ခုလို ေမးခြန္းေတြ ေမးျပန္ပါတယ္။
- လာမယ့္အပတ္ကို ငါ အက်ိဳးရွိေအာင္ ဘာေတြ လုပ္မလဲ
- ဒီအခ်ိန္အတြင္း လုပ္ဖို႔ အေရးႀကီးဆုံး အရာေတြက ဘာေတြလဲ
- ငါ ဘယ္သူေတြကို ကူညီေပးရမလဲ
- ငါ ျပႆနာေတြကို ဘယ္လို ေျဖရွင္းမလဲ
- ငါ ေၾကာက္ေနတာေတြဟာ ဘာေတြလဲ၊ အဲဒါေတြကို ဘယ္လို ေျဖရွင္းမလဲ
- ငါ့မွာ ရွိတဲ့ အရည္အခ်င္းေတြထဲက ဘယ္ဟာေတြကို အသုံးခ်မလဲ

သူဟာ အဲဒီေမးခြန္းေတြကို ေမးၿပီး ေလးေလးနက္နက္ စဥ္းစားတယ္။ အေျဖေတြ ရၿပီဆိုတာနဲ႔ လက္ဝါးေပၚက ေဂၚလီလုံးကို အမႈိက္ပုံးထဲ ပစ္ထည့္လိုက္တယ္။ သူ႔ ဖန္ခ်ိဳင့္ထဲက ေဂၚလီလုံးတစ္လုံး ေလ်ာ့သြားၿပီ။ ဒါေပမဲ့ မသိသာပါဘူး။

သူဟာ အဲဒီအက်င့္ကို စေနေန႔တိုင္း မပ်က္မကြက္ လုပ္ေနတယ္။ လေပါင္းအေတာ္ၾကာလာတဲ့အခါမွာ ဖန္ခ်ိဳင့္ထဲက ေဂၚလီလုံးေတြဟာ အေတာ္ႀကီးကို နည္းသြားၿပီ။ အဲဒါကို ျမင္တဲ့ သူ႔အတြက္ အခ်ိန္သိပ္မက်န္ေတာ့ဘူးဆိုၿပီး သူ လုပ္စရာေတြကို အခ်ိန္မျဖဳန္းဘဲ လုပ္တယ္။

သူဟာ အသက္ ၄၀ ေက်ာ္ေလာက္မွာပဲ ႀကီးပြားေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္သြားတယ္။ သာယာတဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ၿပီး ဘဝမွာ ေပ်ာ္႐ႊင္စြာ ေနေနပါတယ္။

မိတ္ေဆြ ရည္မွန္းခ်က္ပန္းတိုင္ မရွိဘဲ အေပ်ာ္အပါးေတြနဲ႔ အခ်ိန္ေတြ ျဖဳန္းေနသလား။ မိမိကိုယ္မိမိ အသိဆုံးပါ။ ဒါေပမဲ့ တစ္ခု သတိေပးလိုက္ပါမယ္။ အသက္ႀကီးမွ ဆင္းဆင္းရဲရဲ ေနရၿပီး ေနာင္တမရခ်င္ရင္ အခုအခ်ိန္က စၿပီး အခ်ိန္ကို အက်ိဳးရွိေအာင္ အသုံးခ်ပါ။


Credit. ဗန္းေမာ္သိန္းေဖ (Bamaw Thein Pe)

Read times
Rate this articles
(0 votes)