×
Warning
JUser: :_load: Unable to load user with ID: 81428
Motivate
Tuesday, 17 March 2020
စိတ်ဖိစီးမှုတွေကိုဘယ်လိုဖြေလျော့မလဲ
စိတ်ဖိစီးမှုတွေကိုဘယ်လိုဖြေလျော့မလဲ google
စိတ်ဖိစီးမှုတွေကိုဘယ်လိုဖြေလျော့မလဲ
စိတ်ဖိစီးမှုဒဏ်ကြာင့်ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝပဲပိတ်လှောင်မွန်ကြပ်လာတာမျိုးတွေကိုဆိုးဆိုးရွားရွားခံစား ရစေနိုင်ပါသည်။စိတ်ဖိစီးမှုအရမ်းများလာတဲ့အခါစိတ်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်စိတ်ကိုတတ်နိုင်ဆုံးသက်သာအောင် ၊ ဒဏ်မပိအောင် ဖြေလျော့ထားတတ်ဖို့လိုအပ်ပါတယ်။
စိတ်ဖိစီးမှုဒဏ်တွေကိုထိန်းချုပ်ဖို့ကူညီနိုင်မဲ့အကောင်းဆုံးနည်းလမ်းတွေကတော့
(၁) လုံလောက်စွာအနားယူအိပ်စက်ပါ
သင်၏ခန္ဓာကိုယ်ကိုစိတ်ဖိစီးမှုဒဏ်မှ ပြန်လည်ထူထောင်ရန် ကောင်းစွာအနားယူရန်လိုအပ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ တနေကုန်စိတ်ပင်ပမ်းမှုတွေကိုအိပ်စက်ခြင်းနဲ့လျော့ချနိုင်ပပါတယ်။
(၂) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းကတော့စိတ်ဖိစီးမှုကိုလျော့ကျဖို့အတွက်သင်လုပ်နိုင်အရာ တွေထဲကတစ်ခုပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သင်၏ခန္ဓာကိုယ်ကိုဖိအားပေးခြင်းသည် စိတ်ဖိစီးမှုကိုသက်သသာစေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်သူများသည် လေ့ကျင့်ခန်းမလုပ်သူများထက် စိုးရိမ်မှုကိုနည်းပါးစေပါသည်။
(၃) သူငယ်ချင်းများ ၊ မိသသားစုဝင်များနှင့်အတူအချိန်ဖြုန်းပါ
တစ်ယောက်ထဲနေခြင်းက စိတ်ဖိစိးမှုဒဏ်ကိုပို၍ဖြစ်ပေါ်စေပြီးအထီးကျန်ခြင်းကိုလဲခံစားရနိုင်ပါတယ်။ဒါကြောင့်သင်စိတ်ဖိစီးမှုကိုခံစားလာရတဲ့အခါမှာသင့်သူငယ်ချင်းများနှင့်ဖြစ်စေ မိသားစုဝင်များနှင့်ဖြစ်စေ ခရီးထွက်ခြင်း ၊ရုပ်ရှင်အတူတူကြည့်၍ ရယ်မောစရာများပြော ခြင်းဖြင့်လဲစိတ်ဖိစီးမှုဒဏ်ကိုလျော့ကျစေနိုင်ပါသည်။
(၄) Breathing exercise
Breathing exercise ဆိုတာကတော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အသက်ကိုပြင်းပြင်းရှူခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို focus ထားပြီးလုပ်ရတဲ့လေ့ကျင့်ခန်းဖြစ်တာကြောင့်သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုလျော့ချပေးစေပါတယ်။ ယောဂလေ့ကျင့်ခန်းလုပ်ခြင်း နှင့်တရားထိုင်ခြင်းတို့ကတော့အကောင်းဆုံး breathing exercise လုပ်ခြင်းတွေပဲဖြစ်ပါတယ်။
(၅) ကျန်းမာစေတဲ့အစားအစာတွေစားပါ
ဒီအချက်ကလဲအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ မျှတတဲ့အစားအစာ စားခြင်းဟာ stress ကိုလျော့နည်းစေရုံသာမက ကျန်းမာရေးကိုလဲအထောက်အကူပြုပါတယ်။လက်ဖက်ရည် ၊ ကေကာ်ဖီတို့လိုမျိုး အချိုဓာတ်လွန်ကဲတဲ့အရာတွေကိုတော့ရှောင်ရပါမယ်။ stress ဖြစ်စေလို့ပါ။
(zaw gyi)
register
(၂) လေ့ကျင့်ခန်းလုပ်ပါ
(၄) Breathing exercise
Read times Last modified on Tuesday, 17 March 2020 16:12
Rate this articles
(1 Vote)