×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 26 March 2020

အတွေးလွန်နေတာတွေကိုရပ်လိုက်ပါ

အတွေးလွန်နေတာတွေကိုရပ်လိုက်ပါ google

Stop overthinking
အတွေးလွန်နေတာတွေကိုရပ်လိုက်ပါ

ကျွန်တောတို့ဟာ ပြဿနာတစ်ခုခုဆို အရမ်းအစိုးရိမ်လွန်တတ်ကြပါတယ်၊ အဲ့လိုဖြစ်ခြင်းက သင်ဟာတစ်ခုခုဆို အရမ်းအတွေးလွန်နေခြင်းကြောင့်ပါ။

အတွေးလွန်ခြင်းက ကောင်းကျိုးမပေးတတ်ပါဘူး။ တွေးသင့်သလောက် တွေးတာပဲကောင်းပြီး အသေးအဖွဲအရာတိုင်းကို အကြာကြီး အတွေးလွန်နေရင်တော့ ပြဿနာသေးသေးလေး တွေကနေ ပြဿနာအကြီးတွေ ဖြစ်လာတတ်ပါတယ်။ အတွေးလွန်တဲ့အခါ များသောအားဖြင့် ဘယ်သူမှ ပျော်ရာကောင်းတဲ့ အတွေးတွေနဲ့ အတွေးမလွန်ကြပါဘူး။ များသောအားဖြင့် Negative အတွေးတွေပဲ အတွေးလွန်တတ်ကြပါတယ်။ အတွေးလွန်တဲ့အခါ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်ရန်အတွက်ကျင့်သုံးသင့်သည့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

ဘယ်အချိန်မှာအတွေးလွန်နေပြီလဲ သိဖို့လိုပါတယ်

အတွေးလွန်ခြင်းကို မနှိမ်နင်းခင် သင်ဘယ်အချိန်မှာအတွေးလွန်နေသလဲ ဆိုတာသိရပါမယ်။ မိမိဘာသာအတွေးလွန်နေလား ဆိုတာကိုမသိရင် ဖြေရှင်းဖို့မလွယ်ပါဘူး။ သံသယဝင်တွေဝင်လာမယ်၊ စိုးရိမ်ပူပန်မှုတွေများလာပြီး အတွေးတွေလွန်လာ ပြီဆိုရင် မိမိကိုယ်ကို သတိပြုမိဖို့ အရေးကြီးပါတယ်။

 

မှားသွားရင် ဘာဖြစ်နိုင်လဲဆိုတာမတွေးပဲ မှန်တဲ့ဘက်ကိုဘယ်လိုသွားရမလဲတွေးပါ

များသောအားဖြင့် Overthinking ဖြစ်သူများသည် ကြောက်ရွံ့ခြင်း နှင့် စိတ်လှုပ်များသောကြောင့် ဖြစ်ပါတယ်။ မိမိလုပ်လိုက်လို့ တစ်ခုခုမှားသွားမလားဆိုတဲ့ အတွေးတွေဟာ သင့်ကြောက်ရွံ့နေတဲ့ စိတကြောင့်ပဲဖစ်ပါတယ်။ အဲ့ဒီအတွေးတွေကို တွေးရင်းနဲ့ မှားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ မြငိယောင်လာပါလိမ့်မယ်။ ဒီတော့ သင်အတွေးလွန်နေပြီလို့ ခံစားရတဲ့အခ့ အဆိုးတွေ တွေးနေတာကိုရပ်လိုက်ပါ။ အဲ့လိုတွေးမယ့်အစား ဘယ်လိုလုပ်ရပ်တွေက မှန်ကန်တဲ့လုပ်ရပ် တွေဖြစ်မလဲဆိုတဲ့ အတွေးတွေကိုသာ တွေးပါ။

 

အကောင်းဆုံးလုပ်ခဲ့ပြီးရင် နောင်တမရပါနဲ့

သင်လုပ်နိုင်သလောက် လုပ်ခဲ့တဲ့ကြိုးစားအားထုတ်မှုတွေအတွက် နောင်တမရပါနဲ့။ သင်လုပ်နိုင်တဲ့အရာတွေအတွက် အကောင်းဆုံးလုပ်ခဲြ့ပီးပြီပဲ။ ကျန်တာတွေခေါင်းထဲ မထားပါနဲ့။ သင်လုပ်ခဲ့တာကို နောင်တရတာမျိုး၊ ရှက်နေတာမျိုးလည်း မဖြစ်ပါနဲ့။ ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာအတွေးမလွန်သင့်သလို၊ လုပ်ပြီးရင်လဲ အတွေးမလွန်သင့်ပါဘူး။

 

စိတ်ဖိစီးမှု နှင့်အတွေးလါန်ခြင်းကိုတတ်နိုင်သလောက်လျော့ပါ

လူတော်တော်များများဟာ နေ့တိုင်းလိုလို အတွေးတွေလွန်တတ်ကြမှာပါ။ သင့်ရဲ့အတွေးတွေဟာ Negative thinking တွေပဲဖြစ်နေမယ်တိုရင်တော့ စိတ်ဖိစီးဒဏ်တွေပဲ ခံစားနေရမှာပါ။ သင့်ရဲ့အတွေးတွေနဲ့ သင့်ဘဝဟာလည်း တိုက်ရိုက်ပတ်သတ်နေပါတယ်။ ဒါကြောင့် Overthinking ဆိုတဲ့အရာကို မမွေးမြူမိပါစေနဲ့။

(Zaw gyi)

register

Stop overthinking
အေတြးလြန္ေနတာေတြကိုရပ္လိုက္ပါ

ကြ်န္ေတာတို႔ဟာ ျပႆနာတစ္ခုခုဆို အရမ္းအစိုးရိမ္လြန္တတ္ၾကပါတယ္၊ အဲ့လိုျဖစ္ျခင္းက သင္ဟာတစ္ခုခုဆို အရမ္းအေတြးလြန္ေနျခင္းေၾကာင့္ပါ။ အေတြးလြန္ျခင္းက ေကာင္းက်ိဳးမေပးတတ္ပါဘူး။ ေတြးသင့္သေလာက္ ေတြးတာပဲေကာင္းျပီး အေသးအဖြဲအရာတိုင္းကို အၾကာၾကီး အေတြးလြန္ေနရင္ေတာ့ ျပႆနာေသးေသးေလး ေတြကေန ျပႆနာအၾကီးေတြ ျဖစ္လာတတ္ပါတယ္။ အေတြးလြန္တဲ့အခါ မ်ားေသာအားျဖင့္ ဘယ္သူမွ ေပ်ာ္ရာေကာင္းတဲ့ အေတြးေတြနဲ႔ အေတြးမလြန္ၾကပါဘူး။ မ်ားေသာအားျဖင့္ Negative အေတြးေတြပဲ အေတြးလြန္တတ္ၾကပါတယ္။ အေတြးလြန္တဲ့အခါ မွန္မွန္ကန္ကန္ဆံုးျဖတ္ခ်က္ ခ်ႏိုင္ရန္အတြက္က်င့္သံုးသင့္သည့္ နည္းလမ္းေလးေတြကို မ်ွေ၀ေပးလိုုက္ပါတယ္။

 

ဘယ္အခ်ိန္မွာအေတြးလြန္ေနျပီလဲ သိဖို႔လိုပါတယ္

အေတြးလြန္ျခင္းကို မႏွိမ္နင္းခင္ သင္ဘယ္အခ်ိန္မွာအေတြးလြန္ေနသလဲ ဆိုတာသိရပါမယ္။ မိမိဘာသာအေတြးလြန္ေနလား ဆိုတာကိုမသိရင္ ေျဖရွင္းဖို့မလြယ္ပါဘူး။ သံသယ၀င္ေတြ၀င္လာမယ္၊ စိုးရိမ္ပူပန္မႈေတြမ်ားလာျပီး အေတြးေတြလြန္လာ ျပီဆိုရင္ မိမိကိုယ္ကို သတိျပဳမိဖို႔ အေရးၾကီးပါတယ္။

 

မွားသြားရင္ ဘာျဖစ္ႏိုင္လဲဆိုတာမေတြးပဲ မွန္တဲ့ဘက္ကိုဘယ္လိုသြားရမလဲေတြးပါ

မ်ားေသာအားျဖင့္ Overthinking ျဖစ္သူမ်ားသည္ ေၾကာက္ရြံ႔ျခင္း ႏွင့္ စိတ္လႈပ္မ်ားေသာေၾကာင့္ ျဖစ္ပါတယ္။ မိမိလုပ္လိုက္လို႔ တစ္ခုခုမွားသြားမလားဆိုတဲ့ အေတြးေတြဟာ သင့္ေၾကာက္ရြံ႔ေနတဲ့ စိတေၾကာင့္ပဲဖစ္ပါတယ္။ အဲ့ဒီအေတြးေတြကို ေတြးရင္းနဲ့ မွားျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုပါ ျမငိေယာင္လာပါလိမ့္မယ္။ ဒီေတာ့ သင္အေတြးလြန္ေနျပီလို႔ ခံစားရတဲ့အခ့ အဆိုးေတြ ေတြးေနတာကိုရပ္လိုက္ပါ။ အဲ့လိုေတြးမယ့္အစား ဘယ္လိုလုပ္ရပ္ေတြက မွန္ကန္တဲ့လုပ္ရပ္ ေတြျဖစ္မလဲဆိုတဲ့ အေတြးေတြကိုသာ ေတြးပါ။

 

အေကာင္းဆံုးလုပ္ခဲ့ျပီးရင္ ေနာင္တမရပါနဲ႔

သင္လုပ္နိုင္သေလာက္ လုပ္ခဲ့တဲ့ၾကိဳးစားအားထုတ္မႈေတြအတြက္ ေနာင္တမရပါနဲ့။ သင္လုပ္ႏိုင္တဲ့အရာေတြအတြက္ အေကာင္းဆံုးလုပ္ခဲျ့ပီးျပီပဲ။ က်န္တာေတြေခါင္းထဲ မထားပါနဲ့။ သင္လုပ္ခဲ့တာကို ေနာင္တရတာမ်ိဳး၊ ရွက္ေနတာမ်ိဳးလည္း မျဖစ္ပါနဲ႔။ ကိစၥတစ္ခုကိုလုပ္ေတာ့မယ္ဆိုရင္ မလုပ္ခင္မွာအေတြးမလြန္သင့္သလို၊ လုပ္ျပီးရင္လဲ အေတြးမလြန္သင့္ပါဘူး။

 

စိတ္ဖိစီးမႈ ႏွင့္အေတြးလါန္ျခင္းကိုတတ္ႏိုင္သေလာက္ေလ်ာ့ပါ

လူေတာ္ေတာ္မ်ားမ်ားဟာ ေန့တိုင္းလိုလို အေတြးေတြလြန္တတ္ၾကမွာပါ။ သင့္ရဲ႔အေတြးေတြဟာ Negative thinking ေတြပဲျဖစ္ေနမယ္တို၇င္ေတာ့ စိတ္ဖိစီးဒဏ္ေတြပဲ ခံစားေနရမွာပါ။ သင့္ရဲ႔အေတြးေတြနဲ႔ သင့္ဘ၀ဟာလည္း တိုက္ရိုက္ပတ္သတ္ေနပါတယ္။ ဒါေၾကာင့္ Overthinking ဆိုတဲ႔အရာကို မေမြးျမဴမိပါေစနဲ႔။

https://www.sayar.com.mm/

Read times Last modified on Thursday, 26 March 2020 16:43
Rate this articles
(2 votes)