×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Thursday, 07 September 2017

အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္

အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္ google.com

လြန္ခဲ့တဲ့ အခ်ိန္ေလးလတာေလာက္ကို ျပန္ၾကည့္လိုက္ပါ…အဲ့ဒီအခ်ိန္တုန္းက သင္ဘာေတြ စဥ္းစားခဲ့လဲ ေနာင္ေလးလၾကာရင္ ဘာျဖစ္ရမယ္လုိ႔ သတ္မွတ္ထားတာရွိခဲ့လား…

ရွိခဲ့တယ္ဆိုရင္ေရာ ဘယ္အတိုင္းအတာေလာက္ထိ ေအာင္ျမင္ခဲ့သလဲ။ ကိုယ့္ကိုယ္ျပန္ၾကည့္ဖို႔ လိုပါတယ္။

ရည္မွန္းခ်က္ အၾကီးအေသးဆုိတာ အေရးမၾကီးပါဘူး။ ေနာင္ငါးႏွစ္ၾကာတဲ့အခါ ငါဘာျဖစ္ရမယ္ဆိုတာမ်ိဳး သတ္မွတ္ထားတာက ေရရွည္ရည္မွန္းခ်က္ေပါ့။ဒါေပမယ့္ ေနာင္ငါးနွစ္ၾကာမွ ျဖစ္လာမယ့္အေနအထား တစ္ခုဆီကို သြားဖို႔ဆိုရင္ ရည္တိုရည္မွန္းခ်က္ေတြလညး္ ခ်မွတ္ထားရမွာပါ။ ဒါမွ ကိုယ္ဘယ္ေလာက္ ၾကိဳးစားဖို႔လိုေသးတယ္ ဘယ္ေလာက္အားထုတ္ဖို႔ အရည္အခ်င္းေတြျဖည့္ဖို႔ လိုေသးတယ္ဆုိတာကို ခ်င့္ခ်ိန္နိုင္မွာပါ။

ေနာင္ငါးႏွစ္ၾကာတဲ့အခါ ငါေမွ်ာ္မွန္းထားတဲ့ ငါ ျဖစ္ဖို႔အတြက္ ဒီေလးလအတြင္းမွာ ဘာေတြျဖည့္ခဲ့မလဲ အစီအစဥ္ေလးေတြ ဆြဲထားဖို႔ လိုပါတယ္။ ဘာသာစကားအသစ္တစ္ခု သင္ယူတတ္ေျမာက္ခဲ့တာလား။ ခ်က္ျပဳတ္နည္း ကိတ္မုန္႔ဖုတ္နည္းေတြကို တတ္ေျမာက္ခ့ဲတာလား။ ဖက္ရွင္ဒီဇိုင္းပညာတခုခုကို တတ္ေျမာက္ခဲ့တာလား။ သစ္ပင္ေလးတစ္ပင္ေလာက္ စိုက္ပ်ိဳးၾကည့္ခဲ့ျပီးျပီလား။ ကိုယ့္ရဲ႕လုပ္ငန္းကိုေရာ တိုးတက္ေအာင္ ၾကံေဆာင္နိုင္ခဲ့သလား။ ဒါမွမဟုတ္ ကိုယ့္စိတ္ထဲက မေကာင္းတဲ့အပိုင္းကို သန္႔သြားေအာင္ ရွင္းထုတ္နိုင္ခဲ့သလား။ ကုိယ့္ရဲ႕ဘဝကို မွန္ကန္တဲ့လမ္းေၾကာင္းေပၚေရာက္ေအာင္ တည္ေဆာက္ျဖစ္ခဲ့တာလား… အစရွိသျဖင့္ေပါ့ဗ်ာ လူတိုင္းကေတာ့ ရည္မွန္းခ်က္ျခင္း ဘယ္တူၾကမလဲေနာ္။

READ -ထူးခြ်န္ထက္ျမက္တဲ့ မိန္းကေလးဆိုတာ

ကိုယ္တတ္နိုင္တဲ့အားနဲ႔ ကိုယ္ေလွ်ာက္မယ့္ခရီးလမ္း ကိုယ့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ေအာင္သြား မယ္လို႔ ဆံုးျဖတ္ထားတဲ့စိတ္က အေရးၾကီးပါတယ္။ အခက္အခဲဆိုတာကေတာ့ ေျပာစရာေတာင္လိုမယ္ မထင္ပါဘူး။ သူက လူသားတိုင္းရဲ႕ မိတ္ေဆြျဖစ္ေနေလာက္ပါျပီ။ သင့္ရဲ႕မိတ္ေဆြကုိ ျပံဳးျပႏွဳတ္ဆက္ျပီး လွည့္ထြက္ခဲ့ပါ သူကစကားေတြ အမ်ားၾကီးလာေျပာတိုင္း ျပန္မေျပာပါနဲ႕ သင့္ရဲ႕အခ်ိန္ေတြကို သူနဲ႕အတူတူကုန္ဆံုးဖို႔ ေတာင္းဆိုရင္လည္း ျငင္းဆိုလိုက္ပါ။

တစ္မိနစ္ တစ္နာရီ တစ္ရက္ ဆိုတဲ့အခ်ိန္ေတြကလည္း ကုန္တာအရမ္းကို ျမန္ပါတယ္။ အခုကြ်န္ေတာ့္စာ ကို ဖတ္ေနရင္းနဲ႕ ငါးမိနစ္ ဆယ္မိနစ္ေလာက္ေတာ့ အခ်ိန္ေပးလုိက္ရပါျပီ။ ဒါေတာင္ ဒီစာေလးကို မဖတ္ခင္ facebook သံုးေနတဲ့အခ်ိန္ေတြကို မတြက္ၾကည့္ရေသးဘူးေနာ္။ အခ်ိန္ေတြ ေန႔ရက္ေတြက ကုန္မွန္းမသိ ကုန္ေနတယ္…အသက္ေတြကလည္း ၾကီးမွန္းမသိ အိုတဲ့လမ္းကို သြားေနတာေနာ္…။

အသက္သာၾကီးသြားတယ္ အခ်ိန္ေတြသာကုန္သြားတယ္ ကိုယ္ေလွ်ာက္ခဲ့တဲ့လမ္းကို ျပန္ၾကည့္လိုက္ရင္ ဘာမွတ္တိုင္မွ မရွိတဲ့ လူသူကင္းမဲ့ျပီး ေျခာက္ကပ္ေနတဲ့လမ္းမၾကီးနဲ႔ တူေနမွာပါ။ relationship ေတြ ၾကည့္လိုက္ေတာ့လဲ အသက္ထြက္ခါနီးလူနာကို အသက္ကယ္ေဆးထုိးထားသလိုမ်ိဳး မေသမရွင္ ဖုတ္လိုက္ ဖုတ္လိုက္နဲ႔ ေပါ့။ ကိုယ္ကိုယ္တိုင္လည္း အသက္မဝင္ေတာ့ဘူး ပတ္ဝန္းက်င္လည္း အသက္မဝင္ေတာ့ဘူး relationship လည္း အသက္မဝင္ေတာ့ဘူး…ဒါေပမယ့္ မေသေသးတဲ့အတြက္ေတာ့ လုပ္စရာရွိတာေတြ ေတာ့ဆက္လုပ္ ေနရအံုးမွာေပါ့။ ဒါေပမယ့္ အဓိပၸါယ္မဲ့ျပီး အသက္မပါေတာ့ဘူးေလ။

READ -ဘဝမွာမေမ့သင့္တဲ့ သင္ခန္းစာ

ဘယ္ေလာက္ပဲစိတ္ရွဳပ္စရာေတြနဲ႕ ျပည့္ျပည့္ လုပ္စရာအလုပ္ေတြ ေတာင္လိုပံုေနပါေစ မိဘေဆြမ်ိဳး မိတ္ေဆြ အေပါင္းအသင္းေတြရဲ႕ ရင္ဖြင့္စကားကိုနားေထာင္ေပးဖို႔ အခ်ိန္ရွိတယ္ဆိုရင္ ကိုယ္ရင္ထဲက စကားေတြကုိလညး္ နားေထာင္ဖို႔ အခ်ိန္သတ္မွတ္ထားသင့္တာေပါ့။

ဒါမွ ကိုယ့္ဘဝကိုယ္ ျပန္သံုးသပ္နိုင္ျပီး ကိုယ္ဘာကို ျဖစ္ခ်င္တာလဲ ကိုယ္ရည္မွန္းခ်က္ကဘာလဲ ကိုယ္ဘယ္ေနရာကိုေတာ့ ေရာက္ေနျပီလဲ ၾကိဳးစားဖို႔ ဘယ္ေလာက္လိုေသးလဲ ဘာေတြလိုအပ္လဲ ကိုယ့္ကုိယ္ကို ျပန္လည္ေဝဖန္ပါ ဆန္းစစ္ပါ ရည္မွန္းခ်က္အေသးေလးေတြ သတ္မွတ္ပါ။

သူမ်ားဘဝေတြကိုပဲ လုိက္ၾကည့္ေနရင္ ဘယ္ေတာ့မွ ေအာင္ျမင္မွာမဟုတ္ဘူး။ ကိုယ့္ဘဝကိုယ္ ျပန္ၾကည့္ ျပန္သံုးသပ္ ဒါမွ ေအာင္ျမင္မွာပါ။ ကိုယ့္ရည္မွန္းခ်က္ ပန္းတိုင္ေရာက္ေအာင္ မဆုတ္မနစ္တဲ့ ဇြဲ လံု႕လေတြ အျပည့္နဲ႕ ေလွ်ာက္လွမ္းမယ္ဆိုရင္ သင္လိုခ်င္တဲ့ အနာဂတ္က သင့္ကို ေႏြးေထြးစြာၾကိဳဆိုေနမွာပါ..

Minsayar

Unicode

လွန်ခဲ့တဲ့ အချိန်လေးလတာလောက်ကို ပြန်ကြည့်လိုက်ပါ…အဲ့ဒီအချိန်တုန်းက သင်ဘာတွေ စဉ်းစားခဲ့လဲ နောင်လေးလကြာရင် ဘာဖြစ်ရမယ်လို့ သတ်မှတ်ထားတာရှိခဲ့လား…ရှိခဲ့တယ်ဆိုရင်ရော ဘယ်အတိုင်းအတာလောက်ထိ အောင်မြင်ခဲ့သလဲ။ ကိုယ့်ကိုယ်ပြန်ကြည့်ဖို့ လိုပါတယ်။
ရည်မှန်းချက် အကြီးအသေးဆိုတာ အရေးမကြီးပါဘူး။ နောင်ငါးနှစ်ကြာတဲ့အခါ ငါဘာဖြစ်ရမယ်ဆိုတာမျိုး သတ်မှတ်ထားတာက ရေရှည်ရည်မှန်းချက်ပေါ့။ဒါပေမယ့် နောင်ငါးနှစ်ကြာမှ ဖြစ်လာမယ့်အနေအထား တစ်ခုဆီကို သွားဖို့ဆိုရင် ရည်တိုရည်မှန်းချက်တွေလညး် ချမှတ်ထားရမှာပါ။ ဒါမှ ကိုယ်ဘယ်လောက် ကြိုးစားဖို့လိုသေးတယ် ဘယ်လောက်အားထုတ်ဖို့ အရည်အချင်းတွေဖြည့်ဖို့ လိုသေးတယ်ဆိုတာကို ချင့်ချိန်နိုင်မှာပါ။
နောင်ငါးနှစ်ကြာတဲ့အခါ ငါမျှော်မှန်းထားတဲ့ ငါ ဖြစ်ဖို့အတွက် ဒီလေးလအတွင်းမှာ ဘာတွေဖြည့်ခဲ့မလဲ အစီအစဉ်လေးတွေ ဆွဲထားဖို့ လိုပါတယ်။ ဘာသာစကားအသစ်တစ်ခု သင်ယူတတ်မြောက်ခဲ့တာလား။ ချက်ပြုတ်နည်း ကိတ်မုန့်ဖုတ်နည်းတွေကို တတ်မြောက်ခဲ့တာလား။ ဖက်ရှင်ဒီဇိုင်းပညာတခုခုကို တတ်မြောက်ခဲ့တာလား။ သစ်ပင်လေးတစ်ပင်လောက် စိုက်ပျိုးကြည့်ခဲ့ပြီးပြီလား။ ကိုယ့်ရဲ့လုပ်ငန်းကိုရော တိုးတက်အောင် ကြံဆောင်နိုင်ခဲ့သလား။ ဒါမှမဟုတ် ကိုယ့်စိတ်ထဲက မကောင်းတဲ့အပိုင်းကို သန့်သွားအောင် ရှင်းထုတ်နိုင်ခဲ့သလား။ ကိုယ့်ရဲ့ဘဝကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် တည်ဆောက်ဖြစ်ခဲ့တာလား… အစရှိသဖြင့်ပေါ့ဗျာ လူတိုင်းကတော့ ရည်မှန်းချက်ခြင်း ဘယ်တူကြမလဲနော်။
ကိုယ်တတ်နိုင်တဲ့အားနဲ့ ကိုယ်လျှောက်မယ့်ခရီးလမ်း ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွား မယ်လို့ ဆုံးဖြတ်ထားတဲ့စိတ်က အရေးကြီးပါတယ်။ အခက်အခဲဆိုတာကတော့ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ သူက လူသားတိုင်းရဲ့ မိတ်ဆွေဖြစ်နေလောက်ပါပြီ။ သင့်ရဲ့မိတ်ဆွေကို ပြုံးပြနှုတ်ဆက်ပြီး လှည့်ထွက်ခဲ့ပါ သူကစကားတွေ အများကြီးလာပြောတိုင်း ပြန်မပြောပါနဲ့ သင့်ရဲ့အချိန်တွေကို သူနဲ့အတူတူကုန်ဆုံးဖို့ တောင်းဆိုရင်လည်း ငြင်းဆိုလိုက်ပါ။
တစ်မိနစ် တစ်နာရီ တစ်ရက် ဆိုတဲ့အချိန်တွေကလည်း ကုန်တာအရမ်းကို မြန်ပါတယ်။ အခုကျွန်တော့်စာ ကို ဖတ်နေရင်းနဲ့ ငါးမိနစ် ဆယ်မိနစ်လောက်တော့ အချိန်ပေးလိုက်ရပါပြီ။ ဒါတောင် ဒီစာလေးကို မဖတ်ခင် facebook သုံးနေတဲ့အချိန်တွေကို မတွက်ကြည့်ရသေးဘူးနော်။ အချိန်တွေ နေ့ရက်တွေက ကုန်မှန်းမသိ ကုန်နေတယ်…အသက်တွေကလည်း ကြီးမှန်းမသိ အိုတဲ့လမ်းကို သွားနေတာနော်…။
အသက်သာကြီးသွားတယ် အချိန်တွေသာကုန်သွားတယ် ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်လိုက်ရင် ဘာမှတ်တိုင်မှ မရှိတဲ့ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတဲ့လမ်းမကြီးနဲ့ တူနေမှာပါ။ relationship တွေ ကြည့်လိုက်တော့လဲ အသက်ထွက်ခါနီးလူနာကို အသက်ကယ်ဆေးထိုးထားသလိုမျိုး မသေမရှင် ဖုတ်လိုက် ဖုတ်လိုက်နဲ့ ပေါ့။ ကိုယ်ကိုယ်တိုင်လည်း အသက်မဝင်တော့ဘူး ပတ်ဝန်းကျင်လည်း အသက်မဝင်တော့ဘူး relationship လည်း အသက်မဝင်တော့ဘူး…ဒါပေမယ့် မသေသေးတဲ့အတွက်တော့ လုပ်စရာရှိတာတွေ တော့ဆက်လုပ် နေရအုံးမှာပေါ့။ ဒါပေမယ့် အဓိပ္ပါယ်မဲ့ပြီး အသက်မပါတော့ဘူးလေ။
ဘယ်လောက်ပဲစိတ်ရှုပ်စရာတွေနဲ့ ပြည့်ပြည့် လုပ်စရာအလုပ်တွေ တောင်လိုပုံနေပါစေ မိဘဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ရင်ဖွင့်စကားကိုနားထောင်ပေးဖို့ အချိန်ရှိတယ်ဆိုရင် ကိုယ်ရင်ထဲက စကားတွေကိုလညး် နားထောင်ဖို့ အချိန်သတ်မှတ်ထားသင့်တာပေါ့။
ဒါမှ ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်နိုင်ပြီး ကိုယ်ဘာကို ဖြစ်ချင်တာလဲ ကိုယ်ရည်မှန်းချက်ကဘာလဲ ကိုယ်ဘယ်နေရာကိုတော့ ရောက်နေပြီလဲ ကြိုးစားဖို့ ဘယ်လောက်လိုသေးလဲ ဘာတွေလိုအပ်လဲ ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ပါ ဆန်းစစ်ပါ ရည်မှန်းချက်အသေးလေးတွေ သတ်မှတ်ပါ။
သူများဘဝတွေကိုပဲ လိုက်ကြည့်နေရင် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ကိုယ့်ဘဝကိုယ် ပြန်ကြည့် ပြန်သုံးသပ် ဒါမှ အောင်မြင်မှာပါ။ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ရောက်အောင် မဆုတ်မနစ်တဲ့ ဇွဲ လုံ့လတွေ အပြည့်နဲ့ လျှောက်လှမ်းမယ်ဆိုရင် သင်လိုချင်တဲ့ အနာဂတ်က သင့်ကို နွေးထွေးစွာကြိုဆိုနေမှာပါ..

Minsayar

Read times Last modified on Friday, 27 December 2019 15:46
Rate this articles
(4 votes)