×
Warning
JUser: :_load: Unable to load user with ID: 81428
Motivate
Monday, 06 April 2020
Two Factor Theory
Herzberg’s Motivation Theory – Two Factor Theory အကြောင်း လေ့လာကြရအောင်….
Two Factory Theory ဆိုတာ ဘာလဲ??? ဘယ်လိုအချက်အလက်တွေပါဝင်တာလဲ။ ……
Frederick Herzberg ဆိုသူက လုပ်ငန်းခွင်ထဲမှ ဝန်ထမ်းတွေရဲ့စိတ်အခြေအနေ၊ စိတ်ကျေနပ်မှု၊ အဆင်မပြေမှု၊ အစရှိတဲ့အကြောင်းအရာတွေကို သုတေသနပြု ဖော်ထုတ်ခဲ့ပါတယ်။
Two Factory Theory မှာဆိုရင် အဓိကအားဖြင့် (၂)ပိုင်းပါဝင်မှာဖြစ်ပါတယ်။
(1) Motivators or Growth Factors
(2) Hygiene Factors တို့ပဲဖြစ်ပါတယ်။
(1) Motivators or Growth Factors
ဝန်ထမ်းတွေရဲ့အကောင်းဆုံးအားထုတ်ကြိုးပမ်းမှု၊ စွမ်းဆောင်ရည်၊ စိတ်အားထက်သန်မှုတွေကို ပေါ်ထွက်လာအောင် နှိုးဆော်နိုင်တဲ့အချက်အလက်တွေ ကတော့ -
• Achievement          - အောင်မြင်မှု
• Recognition            - အသိအမှုတ်ပြုမှု
• The work itself        - အလုပ်၏သဘောသဘာ၀
• Responsibility         - တာဝန်ယူမှု၊ တာဝန်ခံမှု
• Advancement         - တက်လမ်း
• Growth                  - တစ်ဦးတစ်ယောက်ချင်း တိုးတက်နိုင်မှု …. စသည့်အချက်အလက်များပဲဖြစ်ပါတယ်။ အထက်ပါ အချက်အလက်တွေ ပြည့်စုံနေတဲ့လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေစိတ်ကျေနပ်မှု စိတ်အားထက်သန်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
(2) Hygiene or Maintenance Factors
ဝန်ထမ်းတွေစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လုပ်ငန်းတွေကို ပုံမှန်လည်ပတ်နိုင်စေရန် အထူးဂရုပြု ထိန်းသိမ်းရမည့်အချက်အလက်တွေကို Hygiene Factors လို့ခေါ်ပါတယ်။ Hygiene Factors မှာဆိုရင်ဖြင့်
• Company Policies   - ကုမ္ပဏီ၏မူဝါဒ
• Supervision           - စီမံခန့်ခွဲမှု
• Relationships         - အဖွဲ့ဝင်များကြား အပြန်အလှန်ဆက်ဆံရေး
• Work Conditions     - လုပ်ငန်းခွင်အခြေအနေ
• Salary                   - လစာ
• Status                   - အလုပ်ခန့်အပ်မှု၊ ခိုင်မာမှု
• Security                 - လုံခြုံစိတ်ချရမှု….. စတဲ့အချက်အလက်များပဲဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို ကောင်းမွန်စွာ ဂရုစိုက်မယ်ဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့လုပ်ငန်းခွင်တစ်ခု ဖြစ်လာမှာပါ။
Two Factor Theory ကို အခြေအနေ (၄)ခုနဲ့သုံးသပ်ကြည့်ရအောင်
(1) High Hygiene and High Motivation
အထူးကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုဆိုတာ ပြောစရာလိုမယ်မထင်ပါဘူးနော်
(2) High Hygiene and Low Motivation
ဒီအခြေအနေမှာဆိုရင်ဖြေင့် ဝန်ထမ်းများအကြား မကျေနပ်မှု အနည်းငယ်သာရှိပါတယ်။ ဥပမာ- လစာ၊ အလုပ်ငန်းခွင်အခြေအနေပြိုင်ဆိုင်မှု…..။
(3) Low Hygiene and High Motivation
ဝန်ထမ်းများအကြား မကျေနပ်မှုများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ဆောင်ရမည့်အလုပ်များမှာ များစွာစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုပါ။
(4) Low Hygiene and Low Motivation
အဆိုးဝါးဆုံးအခြေအနေတစ်ခုပါပဲနော်။
Source : https://expertprogrammanagement.com/2018/04/herzbergs-two-factor-theory/
ခုဆိုရင် Two Factor Theory ဆိုတာဘာလဲဆိုတာကိုတော့ အခြေခံနားလည်သွားပြီထင်ပါတယ်။
HR ဘာသာရပ်နဲ့ပတ်သက်တဲ့ဆရာဆရာများကို ရှာဖွေလိုပါက https://www.sayar.com.mm/subjects/all-teachers/subject-281.html တွင် ၀င်ရောက်လေ့လာနိုင်ပါတယ်
• Advancement - တက်လမ်း
• Salary - လစာ
HR ဘာသာရပ်နဲ့ပတ်သက်တဲ့ဆရာဆရာများကို ရှာဖွေလိုပါက https://www.sayar.com.mm/subjects/all-teachers/subject-281.html တွင် ၀င်ရောက်လေ့လာနိုင်ပါတယ်
Read times
Rate this articles
(0 votes)