×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Monday, 11 September 2017

ေပ်ာ္ရႊင္မွဳနဲ႕ တည္ေဆာက္ထားတဲ့ လုပ္ငန္းခြင္ေလး ျဖစ္ေစဖို႔

ေပ်ာ္ရႊင္မွဳနဲ႕ တည္ေဆာက္ထားတဲ့ လုပ္ငန္းခြင္ေလး ျဖစ္ေစဖို႔ google.com

လုပ္ငန္းခြင္ဆိုတဲ့ေနရာေလးကေတာ့ ေက်ာင္းသားဘဝျပီးသြားရင္ ၾကံဳကို ၾကံဳရမွာပါ။ ဒီလိုမ်ိဳး လုပ္ငန္းခြင္ကို စတင္ဝင္ေရာက္တဲ့သူေတြေရာ လုပ္ငန္းခြင္ထဲမွာ က်င္လည္ေနတဲ့သူေတြေရာ ကိုယ့္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို စိတ္ဖိစီးမွဳမရွိ

စနစ္တက် ေအာင္ျမင္ေအာင္ေဆာင္ရြက္ျပီး ေပ်ာ္ရႊင္ေနဖို႔ လိုပါတယ္။

ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားက ေက်ာင္းသားဘဝနဲ႔ လုပ္ငန္းခြင္ယွဥ္လိုက္ရင္ လုပ္ငန္းခြင္ထဲမွာ ကုန္ဆံုးရတာပါ။ သင္ေပ်ာ္ရႊင္ေနတဲ့အလုပ္ သင္စိတ္ဝင္စားတဲ့အလုပ္ သင္ျမတ္နိုးတဲ့အလုပ္ကို လုပ္ေနမွ ကုန္ဆံုးသြားတဲ့အခ်ိန္ေတြက အဓိပၸါယ္ရွိေနမွာပါ။

လူတိုင္းကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္ရည္မွန္းထားတဲ့အလုပ္ကို လုပ္ခြင့္မၾကံဳပါဘူး။ ဒါေပမယ့္ ကိုယ္လုပ္ေနတဲ့အလုပ္ကို တန္ဖိုးထားျပီး ခ်စ္ျမတ္နိုးပါ။ ဒါဆိုအလုပ္ကလည္း သင့္ကို ျပန္ခ်စ္ျမတ္နိုးျပီး တန္ဖိုးထားပါလိမ့္မယ္။

သင့္ရဲ႕လုပ္ငန္းခြင္မွာ အဆင္ေျပေျပနဲ႔ ေပ်ာ္ရႊင္မွဳေတြနဲ႕ ျဖတ္သန္းနိုင္ဖို႔အတြက္ နည္းလမ္းေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္။

၁. သင့္ရဲ႕ အလုပ္စားပြဲေနရာ ပတ္ဝန္းက်င္ကို သန္႔ရွင္းသပ္ရပ္ေနပါေစ။ သန္႔ရွင္းသပ္ရပ္ေနတဲ့ အလုပ္စားပြဲက သင့္စိတ္ကို ၾကည္လင္လန္းဆန္းေစျပီး လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း သင့္ကို စည္းစနစ္ရွိတဲ့လူတစ္ေယာက္အျဖစ္ သတ္မွတ္ေစပါတယ္။ ရွင္းလင္းေနတဲ့အလုပ္စားပြဲျဖစ္တဲ့အတြက္ လိုအပ္တဲ့စာရြက္စာတမ္းေတြကုိ လုိက္ရွာေနစရာလည္း မလိုအပ္တဲ့အတြက္ အခ်ိန္ကုန္သက္သာ ေစပါတယ္။

READ -ကြ်န္ေတာ္ႏွင့္ တနလၤာ

၂. Plan…အေရးၾကီးဆံုးပါပဲ။ လုပ္ငန္းခြင္ထဲမွာမွ မဟုတ္ပါဘူး အျပင္ဘဝမွာပါ လိုအပ္ပါတယ္။ plan ရွိမွ အရာအားလံုးက အစီအစဥ္တက်နဲ႔ ျမန္ျမန္ဆန္ဆန္ျပီးဆံုး မွာပါ။ လုပ္ငန္းခြင္မွာဆိုရင္ တေန႔တာျပဳလုပ္ ရမယ့္တာဝန္ေတြကို အစီအစဥ္ေရးဆြဲထားပါ။ ဒါမွ ကိုယ္ဘာလုပ္စရာရွိတယ္ ဘာေတြ လုပ္ေဆာင္ျပီးသြား ျပီလဲဆိုတာကို ဆန္းစစ္နိုင္မွာျဖစ္ပါတယ္။ planning လုပ္ေဆာင္ျခင္းက သင့္ကို ေအာင္ျမင္မွဳဆီကို ေခၚေဆာင္ေပးသြားမွာပါ။

၃. ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးတစ္ခုကို ပိုင္ဆိုင္ထားျခင္းကလည္း သင့္ရဲ႕ လုပ္ငန္းခြင္ကို ေပ်ာ္ရႊင္တဲ့ပတ္ဝန္းက်င္တစ္ခုျဖစ္ေအာင္ ဖန္တီးနိုင္ပါတယ္။ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ခ်ီးက်ဴးစကားေျပာဖို႔လည္း ဝန္မေလးပါနဲ႕။ ဒါဆိုရင္ သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လည္း ရင္းႏွီးမွဳရွိေစတဲ့အတြက္ သင္လည္း စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ရပါတယ္။

READ -အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္

၄။သင့္ရဲ့ကိုယ္ပိုင္အားလပ္ခ်ိန္မ်ားကို night club,event,party ေတြကိုသြားျခင္းက သင္အတြက္ပိုၿပီးေတာ့ ေပ်ာ္ရႊင္မွဳရမယ္လို့ ထင္ေနေပမယ့္ ဒါကေနာက္တစ္ေန႕ သင့္လုပ္ငန္းခြင္ကို ႀကီးမားေသာ ေႏွာက္ယွက္မွွဳ တစ္ခုျဖစ္ေနမွာပါ။ သင္ပင္ပန္းေနတဲ့အတြက္ ေနာက္ေန႔အတြက္ အလုပ္ေတြကို ေကာင္းေကာင္းမလုပ္ နိုင္ေတာ့တာပါ။ ဒါေၾကာင့္ စိတ္ကိုတည္ၿငိမ္ေအးခ်မ္းေစၿပီး မိမိအလုပ္ကို တိုးတက္ေစႏိုင္တ့ဲ အက်ိဳးရွိတ့ဲအရာေတြကို အလုပ္ျပန္သည့္ ညေနခင္းအားလပ္ခ်ိန္တိုင္း ျပဳလုပ္ၾကည္႔ပါ။

Ref; Careergirldaily

Unicode

လုပ်ငန်းခွင်ဆိုတဲ့နေရာလေးကတော့ ကျောင်းသားဘဝပြီးသွားရင် ကြုံကို ကြံုရမှာပါ။ ဒီလိုမျိုး လုပ်ငန်းခွင်ကို စတင်ဝင်ရောက်တဲ့သူတွေရော လုပ်ငန်းခွင်ထဲမှာ ကျင်လည်နေတဲ့သူတွေရော ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို စိတ်ဖိစီးမှုမရှိ စနစ်တကျ အောင်မြင်အောင်ဆောင်ရွက်ပြီး ပျော်ရွှင်နေဖို့ လိုပါတယ်။
ဘဝရဲ့အချိန်တော်တော်များများက ကျောင်းသားဘဝနဲ့ လုပ်ငန်းခွင်ယှဉ်လိုက်ရင် လုပ်ငန်းခွင်ထဲမှာ ကုန်ဆုံးရတာပါ။ သင်ပျော်ရွှင်နေတဲ့အလုပ် သင်စိတ်ဝင်စားတဲ့အလုပ် သင်မြတ်နိုးတဲ့အလုပ်ကို လုပ်နေမှ ကုန်ဆုံးသွားတဲ့အချိန်တွေက အဓိပ္ပါယ်ရှိနေမှာပါ။
လူတိုင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ရည်မှန်းထားတဲ့အလုပ်ကို လုပ်ခွင့်မကြံုပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်ကို တန်ဖိုးထားပြီး ချစ်မြတ်နိုးပါ။ ဒါဆိုအလုပ်ကလည်း သင့်ကို ပြန်ချစ်မြတ်နိုးပြီး တန်ဖိုးထားပါလိမ့်မယ်။
သင့်ရဲ့လုပ်ငန်းခွင်မှာ အဆင်ပြေပြေနဲ့ ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁. သင့်ရဲ့ အလုပ်စားပွဲနေရာ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်နေပါစေ။ သန့်ရှင်းသပ်ရပ်နေတဲ့ အလုပ်စားပွဲက သင့်စိတ်ကို ကြည်လင်လန်းဆန်းစေပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း သင့်ကို စည်းစနစ်ရှိတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်စေပါတယ်။ ရှင်းလင်းနေတဲ့အလုပ်စားပွဲဖြစ်တဲ့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို လိုက်ရှာနေစရာလည်း မလိုအပ်တဲ့အတွက် အချိန်ကုန်သက်သာ စေပါတယ်။
၂. Plan…အရေးကြီးဆုံးပါပဲ။ လုပ်ငန်းခွင်ထဲမှာမှ မဟုတ်ပါဘူး အပြင်ဘဝမှာပါ လိုအပ်ပါတယ်။ plan ရှိမှ အရာအားလုံးက အစီအစဉ်တကျနဲ့ မြန်မြန်ဆန်ဆန်ပြီးဆုံး မှာပါ။ လုပ်ငန်းခွင်မှာဆိုရင် တနေ့တာပြုလုပ် ရမယ့်တာဝန်တွေကို အစီအစဉ်ရေးဆွဲထားပါ။ ဒါမှ ကိုယ်ဘာလုပ်စရာရှိတယ် ဘာတွေ လုပ်ဆောင်ပြီးသွား ပြီလဲဆိုတာကို ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ planning လုပ်ဆောင်ခြင်းက သင့်ကို အောင်မြင်မှုဆီကို ခေါ်ဆောင်ပေးသွားမှာပါ။
၃. ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားခြင်းကလည်း သင့်ရဲ့ လုပ်ငန်းခွင်ကို ပျော်ရွှင်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်များကို ချီးကျူးစကားပြောဖို့လည်း ဝန်မလေးပါနဲ့။ ဒါဆိုရင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးမှုရှိစေတဲ့အတွက် သင်လည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။
၄။သင့်ရဲ့ကိုယ်ပိုင်အားလပ်ချိန်များကို night club,event,party တွေကိုသွားခြင်းက သင်အတွက်ပိုပြီးတော့ ပျော်ရွှင်မှုရမယ်လို့ ထင်နေပေမယ့် ဒါကနောက်တစ်နေ့ သင့်လုပ်ငန်းခွင်ကို ကြီးမားသော နှောက်ယှက်မှှု တစ်ခုဖြစ်နေမှာပါ။ သင်ပင်ပန်းနေတဲ့အတွက် နောက်နေ့အတွက် အလုပ်တွေကို ကောင်းကောင်းမလုပ် နိုင်တော့တာပါ။ ဒါကြောင့် စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး မိမိအလုပ်ကို တိုးတက်စေနိုင်တဲ့ အကျိုးရှိတဲ့အရာတွေကို အလုပ်ပြန်သည့် ညနေခင်းအားလပ်ချိန်တိုင်း ပြုလုပ်ကြည့်ပါ။

Ref; Careergirldaily

Read times Last modified on Friday, 27 December 2019 15:50
Rate this articles
(3 votes)