×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 22 April 2020

အလုပ်မှာစိတ်မပျော်ခြင်းကို ဘယ်လိုအနိုင်ယူမလဲ...

အလုပ်မှာစိတ်မပျော်ခြင်းကို ဘယ်လိုအနိုင်ယူမလဲ...

SHRM (Society for Human Resource Management) ရဲ့ လေ့လာတွေ့ရှိချက် တွေအရဆိုရင် အသက် ၃၁ နှစ် နဲ့ ၆၀ ပတ်ဝန်းကျင် လူလတ်ပိုင်းဝန်ထမ်းတွေဟာ လက်ရှိသူတို့ အလုပ်နဲ့လုပ်ကိုင်နေရတဲ့ အလုပ်တွေအပေါ် ကျေနပ်နှစ်သက်မှုရှိကြောင်းတွေ့ရပါတယ်။ သို့သော် ထိုအရေအတွက်မှာ ၂၉% သာ ရှိပြီး ၊ ကျန်တဲ့ ရာခိုင်နှုန်းက ဝန်ထမ်းများကတော့မဆိုးပါဘူး ဆိုတဲ့ အဖြေမျိုး (သို့) လုံးလုံး နှစ်သက်မှုမရှိကြောင်း တွေ့ရှိရပါတယ်။

အလုပ်တစ်ခုကို ဝင်ရောက်လုပ်ကိုင်တဲ့အခါ မိမိစိတ်ပါဝင်စားတဲ့ နယ်ပယ်နဲ့ လုပ်ဆောင်နေရတဲ့ ဝတ္တရားတွေအကြားက ကွဲလွဲမှုနဲ့ စိတ်တိုင်းမကျမှုတွေဟာ မိမိ ရဲ့ အလုပ်အပေါ်စိတ်မပျော်လာခြင်းကို ဖြစ်ပေါ်လာစေပါတယ်။

ဥပမာ - ဖိအားများအောက် အလုပ်လုပ်ရခြင်း၊ မိမိ တာဝန်ယူရမယ့်လုပ်ငန်းအပေါ် လုံလောက်သော training ပေးမခံရခြင်း၊ လုပ်ငန်းခွင်အတွင်းလုံခြုံမှုမရှိခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် လိုက်လျော်ညီထွေမဖြစ်ခြင်း၊ အထက်လူကြီးများနှင့် သဘောထားကွဲလွဲခြင်းများသည် မိမိလက်ရှိ အလုပ်အပေါ် စိတ်ပျက်လာစေသည့် အချက်များဖြစ်သည်။

အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေး အခြေအနေများ (ဥပမာ - မိမိ အကောင်အထည်ဖော်လိုသော project တစ်ခုခုတွင် လုံလောက်သော ဘဏ္ဍာရေး အခြေအနေမရှိခြင်း)၊ မိမိ၏ career life အား တိုးတက်မှုမဖြစ်စေခြင်း၊ လုပ်ငန်းခွင်နဲ့ ပြင်ပလူနေမှု ဘဝ balance မဖြစ်ခြင်း (ဥပမာ - အချိန်ပိုတွေအမြဲဆင်းရခြင်း) စသည် အချက်တွေဟာ လူတစ်ယောက်ကို လုပ်ငန်းခွင်မှာ စိတ်မပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးပါတယ်။

လက်ရှိ အလုပ်ကိုမကြိုက်တော့ဘူး ခံစားရရင် ဒါဟာလတ်တလောခံစားချက်လား၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ တာဝန်ယူရတဲ့ အလုပ်တွေကြောင့်လား၊ မိမိပတ်သတ်နေရတဲ့ လူတွေကြောင့်လား။ ဒီလုပ်ငန်းကရရှိနေတဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကိုတွက်ချက်ပါ။ ဖြစ်နိုင်ချေတွေ အများကြီးရှိနေရင်တောင် အလုပ်သစ်တစ်ခု အဆင်သင့်မရှိသေးရင် ထွက်ဖို့ မစဉ်းစားသင့်ပါ။

မိမိ၏ အပြင်လောကမှ အဆင်မပြေမှုတွေကြောင့် အလုပ်မှာမပျော်တော့တာလား၊ အလုပ်ကြောင့် မပျော်တာလား သေချာပြန်သုံးသပ်ပါ။ တာဝန်ယူရတာများလာတာမျိုး၊ လုပ်ငန်းတာဝန်အချိန်ဇယားတွေက သင့်ကို အသက်ရူကျပ်စေတယ်ဆိုရင် သင့်အထက်လူကြီးကို ပွင့်ပွင့်လင်းလင်း ပြောပြကြည့်ပါ။

Professional ဆန်နေပါစေ။ သင်ဟာအလုပ်ကနေ မကြာခင်ထွက်တော့မည်ဆိုရင်တောင် သင်လက်ရှိ တာဝန်ယူထားရတာတွေကို အကောင်းဆုံးလုပ်ဆောင်ရမှာဖြစ်ပြီး၊ သင်၏ အကောင်းမမြင်မှုဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းအား ရှောင်ကျဉ်ရမည်ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း သင် တာဝန်ယူရတဲ့ အပိုင်းထဲက သင်အနှစ်သက်ဆုံးလုပ်ငန်းစဉ်အား တွေးကြည့်ပါ။ ဆိုပါတော့ သင်က marketing ပိုင်းကို စိတ်ဝင်စားနေတယ်ဆိုရင် တခြား ကုမ္ပဏီတစ်ခုမှာ လူသစ်အဖြစ် သွားရောက်လုပ်ကိုင်မည့် အစား၊ မိမိလက်ရှိ ကုမ္ပဏီအတွင်းမှာပဲ လုပ်ငန်းပြောင်းလိုက်ခြင်းဟာလည်း သင့်ကို အဆင်ပြေကောင်း ပြေစေနိုင်ပါတယ်။

 

 

အလုပ္မွာစိတ္မေပ်ာ္ျခင္းကို ဘယ္လုိအႏုိင္ယူမလဲ...

SHRM (Society for Human Resource Management) ရဲ႕ ေလ့လာေတြ႔ရွိခ်က္ ေတြအရဆုိရင္ အသက္ ၃၁ ႏွစ္ နဲ႔ ၆၀ ပတ္ဝန္းက်င္ လူလတ္ပိုင္းဝန္ထမ္းေတြဟာ လက္ရွိသူတို႔ အလုပ္နဲ႔လုပ္ကိုင္ေနရတဲ့ အလုပ္ေတြအေပၚ ေက်နပ္ႏွစ္သက္မႈရွိေၾကာင္းေတြ႕ရပါတယ္။ သို႔ေသာ္ ထုိအေရအတြက္မွာ ၂၉% သာ ရွိၿပီး ၊ က်န္တဲ့ ရာခိုင္ႏႈန္းက ဝန္ထမ္းမ်ားကေတာ့မဆုိးပါဘူး ဆုိတဲ့ အေျဖမ်ိဳး (သို႔) လံုးလံုး ႏွစ္သက္မႈမရွိေၾကာင္း ေတြ႕ရွိရပါတယ္။

အလုပ္တစ္ခုကို ဝင္ေရာက္လုပ္ကိုင္တဲ့အခါ မိမိစိတ္ပါဝင္စားတဲ့ နယ္ပယ္နဲ႔ လုပ္ေဆာင္ေနရတဲ့ ဝတၱရားေတြအၾကားက ကြဲလြဲမႈနဲ႔ စိတ္တုိင္းမက်မႈေတြဟာ မိမိ ရဲ႕ အလုပ္အေပၚစိတ္မေပ်ာ္လာျခင္းကို ျဖစ္ေပၚလာေစပါတယ္။

ဥပမာ - ဖိအားမ်ားေအာက္ အလုပ္လုပ္ရျခင္း၊ မိမိ တာဝန္ယူရမယ့္လုပ္ငန္းအေပၚ လံုေလာက္ေသာ training ေပးမခံရျခင္း၊ လုပ္ငန္းခြင္အတြင္းလံုၿခံဳမႈမရွိျခင္း၊ လုပ္ေဖာ္ကိုင္ဖက္မ်ားနွင့္ လိုက္ေလ်ာ္ညီေထြမျဖစ္ျခင္း၊ အထက္လူႀကီးမ်ားနွင့္ သေဘာထားကြဲလြဲျခင္းမ်ားသည္ မိမိလက္ရွိ အလုပ္အေပၚ စိတ္ပ်က္လာေစသည့္ အခ်က္မ်ားျဖစ္သည္။

အဖြဲ႔အစည္းရဲ႕ ဘ႑ာေရး အေျခအေနမ်ား (ဥပမာ - မိမိ အေကာင္အထည္ေဖာ္လိုေသာ project တစ္ခုခုတြင္ လံုေလာက္ေသာ ဘ႑ာေရး အေျခအေနမရွိျခင္း)၊ မိမိ၏ career life အား တုိးတက္မႈမျဖစ္ေစျခင္း၊ လုပ္ငန္းခြင္နဲ႕ ျပင္ပလူေနမႈ ဘဝ balance မျဖစ္ျခင္း (ဥပမာ - အခ်ိန္ပိုေတြအၿမဲဆင္းရျခင္း) စသည္ အခ်က္ေတြဟာ လူတစ္ေယာက္ကို လုပ္ငန္းခြင္မွာ စိတ္မေပ်ာ္ရႊင္ျခင္းေတြကုိ ဖန္တီးေပးပါတယ္။

လက္ရွိ အလုပ္ကိုမႀကိဳက္ေတာ့ဘူး ခံစားရရင္ ဒါဟာလတ္တေလာခံစားခ်က္လား၊ မိမိကိုယ္ကို ျပန္လည္သံုးသပ္ၾကည့္ပါ။ တာဝန္ယူရတဲ့ အလုပ္ေတြေၾကာင့္လား၊ မိမိပတ္သတ္ေနရတဲ့ လူေတြေၾကာင့္လား။ ဒီလုပ္ငန္းကရရွိေနတဲ့ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြကိုတြက္ခ်က္ပါ။ ျဖစ္ႏုိင္ေခ်ေတြ အမ်ားႀကီးရွိေနရင္ေတာင္ အလုပ္သစ္တစ္ခု အဆင္သင့္မရွိေသးရင္ ထြက္ဖို႔ မစဥ္းစားသင့္ပါ။

မိမိ၏ အျပင္ေလာကမွ အဆင္မေျပမႈေတြေၾကာင့္ အလုပ္မွာမေပ်ာ္ေတာ့တာလား၊ အလုပ္ေၾကာင့္ မေပ်ာ္တာလား ေသခ်ာျပန္သံုးသပ္ပါ။ တာဝန္ယူရတာမ်ားလာတာမ်ိဳး၊ လုပ္ငန္းတာဝန္အခ်ိန္ဇယားေတြက သင့္ကို အသက္႐ူက်ပ္ေစတယ္ဆုိရင္ သင့္အထက္လူႀကီးကို ပြင့္ပြင့္လင္းလင္း ေျပာျပၾကည့္ပါ။

Professional ဆန္ေနပါေစ။ သင္ဟာအလုပ္ကေန မၾကာခင္ထြက္ေတာ့မည္ဆုိရင္ေတာင္ သင္လက္ရွိ တာဝန္ယူထားရတာေတြကို အေကာင္းဆံုးလုပ္ေဆာင္ရမွာျဖစ္ၿပီး၊ သင္၏ အေကာင္းမျမင္မႈျဖင့္ ပတ္ဝန္းက်င္ကို ထိခိုက္ေစျခင္းအား ေရွာင္က်ဥ္ရမည္ျဖစ္သည္။ လုပ္ငန္းခြင္အတြင္း သင္ တာဝန္ယူရတဲ့ အပိုင္းထဲက သင္အႏွစ္သက္ဆံုးလုပ္ငန္းစဥ္အား ေတြးၾကည့္ပါ။ ဆုိပါေတာ့ သင္က marketing ပိုင္းကို စိတ္ဝင္စားေနတယ္ဆုိရင္ တျခား ကုမၸဏီတစ္ခုမွာ လူသစ္အျဖစ္ သြားေရာက္လုပ္ကိုင္မည့္ အစား၊ မိမိလက္ရွိ ကုမၸဏီအတြင္းမွာပဲ လုပ္ငန္းေျပာင္းလုိက္ျခင္းဟာလည္း သင့္ကုိ အဆင္ေျပေကာင္း ေျပေစႏိုင္ပါတယ္။

Read times
Rate this articles
(0 votes)