×
Warning
JUser: :_load: Unable to load user with ID: 81428
Motivate
Friday, 24 April 2020
ငါလည်း…. သူ့လို……
ငါလည်း…. သူ့လို……
လူတိုင်းဟာကိုယ့်ထက်အမြင့် ကို မော်ကြည့်တတ်ကြပြီး “ငါ လည်းသူဝတ်သလို အဝတ်အစားကောင်းကောင်း လေးတွေဝတ်ချင်လိုက်တာ၊ ငါလည်း သူ့လိုတော်ချင်၊ တတ်ချင်လိုက်တာ၊ငါလည်းသူ့လိုလစာမျိူး လိုချင်လိုက်တာ” စသည်အားဖြင့် ကိုယ့်ထက်သာနေတဲ့လူတွေကို ကြည့်ပြီး အားကျတတ်ကြပါတယ်။ ကျွန်တော်အပါအဝင် လူတိုင်း လူတိုင်းဟာ ဒီလိုမျိူးလေး တစ်ခါလောက်တော့ခံစားဖူးတတ်ကြတယ်ဆိုတာ ကိုတော့ ငြင်းလို့မရပါဘူး။
ဒါပေမယ့်လည်း ကိုယ်အားကျနေရတဲ့သူတွေ ဒီလိုမျိူး အားကျခံလူတန်းစားမျိူးမဖြစ်လာခင် ဘယ်လိုမျိူး ကြိုးစားရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကိုတော့ မေ့နေတတ်ကြသလိုမြင်အောင်လည်းမကြည့်ကြပါဘူး။ ဒီလိုမျိူးအားကျခံလူတန်းစားတွေကို ထိုင်ပြီး အားကျနေမယ့်အစား အခုလက်ရှိသင့်မှာရှိတာလေးနဲ့ သင်လုပ် နိုင်တာလေးတွေကို သင့်ဘဝတိုးတက်ဖို့အတွက်စတင်လုပ်ဆောင်ကြည့်လိုက်မယ်ဆိုရင်တော့ သင်လည်း အားကျခံလူတန်းစားတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။
ဒီလို အားကျခံလူတန်းစားဖြစ်ဖို့ သင့်ရဲ့အခုလက်ရှိအချိန်ကနေစပြီးတော့ မနက်ဖြန်တိုင်းအတွက် အာရုံစိုက်ပါ။ သင်ဒီနေ့ဘာတွေတွေးတယ်၊ဘာတွေပြောလိုက်တယ်၊ ဘာတွေလုပ်ဆောင်လိုက်တယ်ဆိုတာတွေက သင့်ရဲ့မနက်ဖြန်မှာ သင်ဟာဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လို ပြုမူတယ်၊ ဘယ်လိုလူစားမျိူးဖြစ်တယ်ဆိုတာတွေကို ဖော်ပြနေပါတယ်။ ဒါကြောင့်မို့လို့သင်ဟာ တစ်နေ့မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဒီနေ့ကစပြီးတော့ သင့်လုပ်ငန်းခွင်မှာ သေချာအာရုံစိုက်ပြီးသင့်ရဲ့ပတ်ဝန်းကျင် (ဝါ) အသိမိတ်ဆွေတွေ တိုးပွားအောင်ဆောင်ရွက်တာမျိူး၊ ဝင်ငွေ၊ထွက်ငွေကို သေချာစီမံခန့်ခွဲ တာမျိူးတွေကိုစတင်လုပ်ဆောင်ကြည့်လိုက်ပါ။ ဒီနေ့တိုင်း ဒီနေ့တိုင်းကိုအာရုံစိုက်ရင် မနက်ဖြန်တိုင်း မနက်ဖြန်တိုင်းဟာ အကောင်းဆုံးတွေနဲ့ ပြည့်နေမှာပါ။ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့လက်ရှိအချိန်ကသာလျှ င် အကောင်းဆုံး၊ တန်ဖိုးအရှိဆုံးပါ။
လက်ရှိအချိန်ကို အာရုံ စိုက်နိုင်ပြီဆိုရင်တော့ ပထမခြေလှမ်းကို အစပျိူးဖို့မကြောက်ပါနဲ့တော့။ ဘယ်လောက်ခက်ခဲတဲ့အလုပ်ပဲဖြစ်ပါစေ။အစပျိူးနိုင်ပြီဆိုရင်နောက်ပိုင်းမှာလွယ်ကူသွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အစပျိူးနိုင်ဖို့ကိုသာကြိုးစားပြီးသင်စတင် လုပ်ဆောင်လိုက်တဲ့ပထမဆုံးခြေလှမ်းကိုအဆင်ပြေချောမွေ့ (ဝါ) အောင်မြင်အောင် အာရုံစိုက်ပါ။ နောက်ပိုင်းကိစ္စရပ်မှန်သမျှရေသောက်ရသလိုလွယ်ကူသွားပါလိမ့်မယ်။
ဖြစ်လာသမျှကိစ္စတိုင်းကို လွယ်လွယ်ကူကူဖြေရှင်းနိုင်ပေမယ့်လည်း ဖြစ်ချင်တာတွေကိုမျက်ကွယ်ပြုပြီး ဖြစ်သင့်တာတွေ ကိုပဲဦးစားပေး လုပ်ကိုင်နေရတဲ့အခြေအနေမျိူးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိူးတွေ့ကြုံနေရပြီ ဆိုရင်တော့ လူတိုင်းမှာ မျှော်လင့်ချက် အိပ်မက်ကိုယ်စီရှိကြသလိုလုပ်ချင်တာ နဲ့လုပ်နေရတာတွေ ထပ်တူမကျတာမျိူးတွေရှိတယ်ဆိုတာကိုအရင်နားလည် အောင် ကြိုးစားပါ။ ဥပမာ - သင့်အိပ်မက်က အင်္ကျီဒီဇိုင်း လှလှလေးတွေဖန်တီးတဲ့ Fashion Designerကြီးတစ်ယောက်ဖြစ်ချင်ပေမယ့် အခုလက်ရှိမှာ ငွေရေးကြေးရေးအခက်အခဲကြောင့်သော်လည်းကောင်း ၊ ပညာဝမ်းစာမပြည့်သေး၍သော်လည်းကောင်းအင်္ကျီလေးတွေကို လက်ချုပ်လိုက်ပေးနေရတဲ့ အကူအဆင့် လောက်သာ ရှိနေတာမျိူး ဖြစ်နေနိုင်ပါတယ်။ အခုလက်ရှိမှာ သင်ကဘယ်လို နေရာမျိူးမှာပဲ ရောက်နေနေတစ်နေ့ နေ့မှာသင်ရောက်ချင်တဲ့နေရာကိုရောက်ဖို့အတွက် အခုလက်ရှိရောက်နေတဲ့ နေရာ၊ လုပ်ငန်းခွင်ကိုသင့်အိပ်မက်လုပ်ငန်းခွင်လေးလိုမျူးိ သဘောထားပြးီ သင့်ရဲ့အကောင်းဆုံးအရည်အချင်း တွေကို ထုတ်ဖော်ပြသရင်း....။
“ငါလုပ်နိုင်တယ်။”
“ ငါ့အိပ်မက်တွေ တစ်နေ့မှာ အကောင်အထည်ပေါ်လာရမယ်။”
“ငါက အကောင်းမြင်တတ်တယ်။”
“ငါကတာဝန်ယူစိတ်၊တာဝန်ခံစိတ်ရှိတယ်။”စသည်အားဖြင့်ကောင်းတဲ့အတွေးလေးတွေ၊ ကောင်းတဲ့စကား လေးတွေကိုသင့်ကိုယ်သင်ပြောပေးရင်းသင့်ကိုယ်သင် အကောင်းဘက်ကပြဌာန်းပါ။ သင့်ကို တိုးတက်စေနိုင်တဲ့
အရာတွေကိုအဆက်မပြတ်လေ့လာသင်ယူပြီးသင့်ကိုတိုးတက်အောင် စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ လူတွေသင့်ပတ်ဝန်းကျင်မှာဝန်းရံနေပါစေ။ ကိုယ်ကိုယ်တိုင်ကလည်းသူများတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်သူတစ်ယောက်ဖြစ်အောင်အရင်ကြိုးစားပါ။ သူများတွေသင့်အပေါ်ရှိနေတဲ့မကောင်းတဲ့အမြင်တွေကြောင့်သင့်ရဲ့စိတ်ဓါတ်ခွန်အားတွေမဆုံးရှုံးပါစေနဲ့။
ဒါကြောင့်စိတ်ဓါတ်ခွန်အားကောင်းတွေကို ကြိုးစားတည်ဆောက်ပြီး နေ့ရက်တိုင်းမှာ သင့်ရဲ့အကောင်း ဆုံးအရည်အချင်းတွေကို ထုတ်ဖော်ပြသခြင်းအားဖြင့် သင်လည်းတစ်နေ့ ”ငါလည်း……သူ့လို……”ဆိုတဲ့ အားကျခံလူတန်းစားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ငါလည်း…. သူ့လို……
လူတိုင်းဟာကိုယ့်ထက်အမြင့် ကို မော်ကြည့်တတ်ကြပြီး “ငါ လည်းသူဝတ်သလို အ၀တ်အစားကောင်းကောင်း လေးတွေဝတ်ချင်လိုက်တာ၊ ငါလည်း သူ့လိုတော်ချင်၊ တတ်ချင်လိုက်တာ၊ငါလည်းသူ့လိုလစာမျိုး လိုချင်လိုက်တာ” စသည်အားဖြင့် ကိုယ့်ထက်သာနေတဲ့လူတွေကို ကြည့်ပြီး အားကျတတ်ကြပါတယ်။ ကျွန်တော်အပါအ၀င် လူတိုင်း လူတိုင်းဟာ ဒီလိုမျိုးလေး တစ်ခါလောက်တော့ခံစားဖူးတတ်ကြတယ်ဆိုတာ ကိုတော့ ငြင်းလို့မရပါဘူး။
ဒါပေမယ့်လည်း ကိုယ်အားကျနေရတဲ့သူတွေ ဒီလိုမျိုး အားကျခံလူတန်းစားမျိုးမဖြစ်လာခင် ဘယ်လိုမျိုးကြိုးစားရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကိုတော့ မေ့နေတတ်ကြသလိုမြင်အောင်လည်းမကြည့်ကြပါဘူး။
ဒီလိုမျိုးအားကျခံလူတန်းစားတွေကို ထိုင်ပြီး အားကျနေမယ့်အစား အခုလက်ရှိသင့်မှာရှိတာလေးနဲ့ သင်လုပ်နိုင်တာလေးတွေကို သင့်ဘ၀တိုးတက်ဖို့အတွက်စတင်လုပ်ဆောင်ကြည့်လိုက်မယ်ဆိုရင်တော့ သင်လည်း အားကျခံလူတန်းစားတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။
ဖြစ်လာသမျှကိစ္စတိုင်းကို လွယ်လွယ်ကူကူဖြေရှင်းနိုင်ပေမယ့်လည်း ဖြစ်ချင်တာတွေကိုမျက်ကွယ်ပြုပြီး ဖြစ်သင့်တာတွေ ကိုပဲဦးစားပေး လုပ်ကိုင်နေရတဲ့အခြေအနေမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုးတွေ့ကြုံနေရပြီ ဆိုရင်တော့ လူတိုင်းမှာ မျှော်လင့်ချက် အိပ်မက်ကိုယ်စီရှိကြသလိုလုပ်ချင်တာ နဲ့လုပ်နေရတာတွေ ထပ်တူမကျတာမျိုးတွေရှိတယ်ဆိုတာကိုအရင်နားလည် အောင် ကြိုးစားပါ။ ဥပမာ - သင့်အိပ်မက်က အင်္ကျီဒီဇိုင်း လှလှလေးတွေဖန်တီးတဲ့ Fashion Designerကြီးတစ်ယောက်ဖြစ်ချင်ပေမယ့် အခုလက်ရှိမှာ ငွေရေးကြေးရေးအခက်အခဲကြောင့်သော်လည်းကောင်း ၊ ပညာဝမ်းစာမပြည့်သေး၍သော်လည်းကောင်းအင်္ကျီလေးတွေကို လက်ချုပ်လိုက်ပေးနေရတဲ့ အကူအဆင့်လောက်သာ ရှိနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ အခုလက်ရှိမှာ သင်ကဘယ်လို နေရာမျိုးမှာပဲ ရောက်နေနေတစ်နေ့နေ့မှာသင်ရောက်ချင်တဲ့နေရာကိုရောက်ဖို့အတွက် အခုလက်ရှိရောက်နေတဲ့ နေရာ၊ လုပ်ငန်းခွင်ကိုသင့်အိပ်မက်လုပ်ငန်းခွင်လေးလိုမျူိး သဘောထားပြီး သင့်ရဲ့အကောင်းဆုံးအရည်အချင်း တွေကို ထုတ်ဖော်ပြသရင်း....။
“ငါလုပ်နိုင်တယ်။”
Read times
Rate this articles
(0 votes)