×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 27 April 2020

ရည်မှန်းချက်နှင့် လုပ်ရည်ကိုင်ရည်

ရည်မှန်းချက်နှင့် လုပ်ရည်ကိုင်ရည်

“ကြီးကျယ်သော ပုဂ္ဂိုလ်များ၏ စိတ်တွင် ဦးတည်ချက်၊ ရည်မှန်းချက်များ ရှိကြတယ်။ အခြားပုဂ္ဂိုလ်များတွင် ဆန္ဒများသာရှိကြတယ်” (Washington Irving)
ရည်မှန်းချက်မရှိသောသူဟာ ပဲ့မရှိသော သင်္ဘောနှင့်တူသည်ဟုလည်း ဆိုကြပါတယ်။ ဘဝမှာ မွေးဖွားကြီးပြင်းလာချိန်တွင် ဖြစ်ချင်တဲ့ဆန္ဒများသာမက ရည်မှန်းချက်ပန်းတိုင် ထားရှိရန်လိုပါတယ်။ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် ပြင်းပြသောဆန္ဒရှိရန်လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ပို၍အရေးကြီးတာက မိမိဘဝရဲ့ ရည်မှန်းချက်ကိုရောက်ရှိရန် အရည်အချင်းများနဲ့လည်း ပြည့်စုံရန်လိုအပ်ပါတယ်။ ယင်းအရည်အချင်းများအနက်“ပညာ” ကို ပထမဦးစွာ ဖော်ထုတ်ကြပါတယ်။ “ပညာသမာအာသာနတ္တိ - ပညာနှင့်တူသော အရာမရှိ” ဟုဆိုထားပါတယ်။ လောကကြီးမှာ လူတစ်ယောက်အတွက် အတွေ့အကြုံနဲ့ ပညာသာ အရေးကြီးဆုံးဖြစ်တယ်လို့ လက်ခံကြသလို ယင်းနှစ်ခုက ဘဝနဲ့ အရာအားလုံးရဲ့ အာမခံချက်လည်း ဖြစ်ပါတယ်။


ငွေကြေးနဲ့ရာထူးဂုဏ်ဟာ ဘဝရဲ့အဆင်တန်ဆာသာဖြစ်ပါတယ်။ မိမိဘဝ အတွေ့အကြုံအရလည်း အလွန်မှန်ကန်တာ တွေ့ရပါတယ်။ လောကဓံတရားနှင့် တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမည့်လူများအတွက် အတွေ့အကြုံနဲ့ ပညာသာ အားကိုးရာဖြစ်ပါတယ်။ မိမိရဲ့ကိုယ်ပိုင်အရည်အချင်းဖြစ်ပါတယ်။ သို့သော် ဒီအရည်အချင်းမျှနဲ့ မလုံလောက်သေးပါဘူး။ လုပ်ရည်ကိုင်ရည်ရှိရန်လည်း လိုအပ်ပါတယ်။ လုပ်ရည်ကိုင်ရည် (Competency) ဟာ အတွေ့အကြုံ (Experience) နဲ့ အသိပညာ (Knowledge) တို့အပြင် အလုပ်အပေါ် သဘောထား (Work attitude) တို့ ပေါင်းစပ်မှဖြစ်ပေါ်လာပါတယ်။ မည်မျှတော်စေ၊ အရည်အချင်းရှိစေကာမူ လုပ်ချင်ကိုင်ချင်စိတ်မရှိသူ၊ မိမိအလုပ်အပေါ်သဘောထား မကောင်းသူအတွက် လုပ်ရည်ကိုင်ရည်ဖြစ် မလာပါဘူး။ အလုပ်အပေါ်ထားရှိသည့် စိတ်နေစိတ်ထားဟာ တစ်ဦးနှင့်တစ်ဦး မတူတတ်ကြပါဘူး။

ဥပမာအနေဖြင့် ပန်းရန်အလုပ်သမားများ အလုပ်လုပ်နေစဉ် သွားမေးကြည့်ရာ အဖြေအသီးသီး ထွက်လာပါတယ်။

ပထမအလုပ်သမား - အုတ်စီနေတာလေ၊ မမြင်ဘူးလား။
ဒုတိယအလုပ်သမား - အုတ်နံရံစီနေတယ်။
တတိယအလုပ်သမား - လူနာတွေကို ကုသပေးနိုင်မယ့် ဆေးရုံတစ်ခုဆောက်နေတယ်။

 

စိတ်နေစိတ်ထားကောင်းဖြင့် ဆောင်ရွက်သူများအတွက် ရလဒ်ကောင်းထွက်မည်မှာ သေချာပါတယ်။ မဟာဂန္ဓာရုံဆရာတော အရှင်ဇနကာဘိဝံသ ရဲ့ ထင်ရှားတဲ့အဆိုအမိန့်တစ်ခု မှာ “စိတ်ကောင်းရှိဖို့ ပထမ” ဟူ၍ ဖြစ်ပါတယ်။ ဘဝအောင်မြင်ရေးအတွက် ဒီစာစုကို John Wodden ရဲ့ အဆိုအမိန့်တစ်ခုနဲ့အဆုံးသတ်လိုပါတယ်။

 

“အစစအရာရာ အကောင်းမွန်ဆုံးဖြစ်အောင် ပြုလုပ်ဆောင်ရွက်လေ့ရှိသူများအတွက် အစစအရာရာ အကောင်းဆုံး ဖြစ်လာသည်”__

'' Things turn out best for the people who make the best of the way things turn out.''

 

Credit : Sayar U Aung Min

 

 

 

ရည္မွန္းခ်က္ႏွင့္ လုပ္ရည္ကိုင္ရည္

“ႀကီးက်ယ္ေသာ ပုဂိၢဳလ္မ်ား၏ စိတ္တြင္ ဦးတည္ခ်က္၊ ရည္မွန္းခ်က္မ်ား ရွိၾကတယ္။ အျခားပုဂိၢဳလ္မ်ားတြင္ ဆႏၵမ်ားသာရွိၾကတယ္” (Washington Irving)
ရည္မွန္းခ်က္မရွိေသာသူဟာ ပဲ့မရွိေသာ သေဘၤာႏွင့္တူသည္ဟုလည္း ဆိုၾကပါတယ္။ ဘဝမွာ ေမြးဖြားႀကီးျပင္းလာခ်ိန္တြင္ ျဖစ္ခ်င္တဲ့ဆႏၵမ်ားသာမက ရည္မွန္းခ်က္ပန္းတိုင္ ထားရွိရန္လိုပါတယ္။ ရည္မွန္းခ်က္ ေပါက္ေျမာက္ေရးအတြက္ ျပင္းျပေသာဆႏၵရွိရန္လည္း လိုအပ္တယ္လို႔ ဆိုပါတယ္။

ပို၍အေရးႀကီးတာက မိမိဘဝရဲ႕ ရည္မွန္းခ်က္ကိုေရာက္ရွိရန္ အရည္အခ်င္းမ်ားနဲ႔လည္း ျပည့္စံုရန္လိုအပ္ပါတယ္။ ယင္းအရည္အခ်င္းမ်ားအနက္“ပညာ” ကို ပထမဦးစြာ ေဖာ္ထုတ္ၾကပါတယ္။ “ပညာသမာအာသာနတိၱ - ပညာႏွင့္တူေသာ အရာမရွိ” ဟုဆုိထားပါတယ္။ ေလာကႀကီးမွာ လူတစ္ေယာက္အတြက္ အေတြ႕အႀကံဳနဲ႔ ပညာသာ အေရးႀကီးဆံုးျဖစ္တယ္လို႔ လက္ခံၾကသလုိ ယင္းႏွစ္ခုက ဘဝနဲ႔ အရာအားလံုးရဲ႕ အာမခံခ်က္လည္း ျဖစ္ပါတယ္။


ေငြေၾကးနဲ႔ရာထူးဂုဏ္ဟာ ဘဝရဲ႕အဆင္တန္ဆာသာျဖစ္ပါတယ္။ မိမိဘဝ အေတြ႕အႀကံဳအရလည္း အလြန္မွန္ကန္တာ ေတြ႕ရပါတယ္။ ေလာကဓံတရားႏွင့္ တစ္ေန႔မဟုတ္တစ္ေန႔ ႀကံဳေတြ႕ရမည့္လူမ်ားအတြက္ အေတြ႕အႀကံဳနဲ႔ ပညာသာ အားကိုးရာျဖစ္ပါတယ္။ မိမိရဲ႕ကိုယ္ပိုင္အရည္အခ်င္းျဖစ္ပါတယ္။ သို႔ေသာ္ ဒီအရည္အခ်င္းမွ်နဲ႔ မလံုေလာက္ေသးပါဘူး။ လုပ္ရည္ကိုင္ရည္ရွိရန္လည္း လိုအပ္ပါတယ္။ လုပ္ရည္ကိုင္ရည္ (Competency) ဟာအေတြ႕အႀကံဳ (Experience) နဲ႔ အသိပညာ (Knowledge) တုိ႔အျပင္ အလုပ္အေပၚ သေဘာထား (Work attitude) တုိ႔ ေပါင္းစပ္မွျဖစ္ေပၚလာပါတယ္။ မည္မွ်ေတာ္ေစ၊ အရည္အခ်င္းရွိေစကာမူ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိသူ၊ မိမိအလုပ္အေပၚသေဘာထား မေကာင္းသူအတြက္ လုပ္ရည္ကိုင္ရည္ျဖစ္ မလာပါဘူး။ အလုပ္အေပၚထားရွိသည့္ စိတ္ေနစိတ္ထားဟာ တစ္ဦးႏွင့္တစ္ဦး မတူတတ္ၾကပါဘူး။

 

ဥပမာအေနျဖင့္ ပန္းရန္အလုပ္သမားမ်ား အလုပ္လုပ္ေနစဥ္ သြားေမးၾကည့္ရာ အေျဖအသီးသီး ထြက္လာပါတယ္။

ပထမအလုပ္သမား - အုတ္စီေနတာေလ၊ မျမင္ဘူးလား။
ဒုတိယအလုပ္သမား - အုတ္နံရံစီေနတယ္။
တတိယအလုပ္သမား - လူနာေတြကုိ ကုသေပးႏိုင္မယ့္ ေဆး႐ံုတစ္ခုေဆာက္ေနတယ္။

 

စိတ္ေနစိတ္ထားေကာင္းျဖင့္ ေဆာင္ရြက္သူမ်ားအတြက္ ရလဒ္ေကာင္းထြက္မည္မွာ ေသခ်ာပါတယ္။ မဟာဂႏၶာ႐ံုဆရာေတာ အရွင္ဇနကာဘိဝံသ ရဲ႕ ထင္ရွားတဲ့အဆိုအမိန္႔တစ္ခု မွာ “စိတ္ေကာင္းရွိဖို႔ ပထမ” ဟူ၍ ျဖစ္ပါတယ္။ ဘဝေအာင္ျမင္ေရးအတြက္ ဒီစာစုကို John Wodden ရဲ႕ အဆိုအမိန္႔တစ္ခုနဲ႔အဆံုးသတ္လိုပါတယ္။

 

“အစစအရာရာ အေကာင္းမြန္ဆံုးျဖစ္ေအာင္ ျပဳလုပ္ေဆာင္ရြက္ေလ့ရွိသူမ်ားအတြက္ အစစအရာရာ အေကာင္းဆံုး ျဖစ္လာသည္”__

'' Things turn out best for the people who make the best of the way things turn out.''

 

Credit : Sayar U Aung Min

 

 

Read times
Rate this articles
(1 Vote)