×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 11 August 2020

စိတ္ေနမေကာင္းဘူး

စိတ္ ေနမေကာင္းဘူး

 

မနေ့က အရမ်းပျော်ရွှင်တက်ကြွနေပြီး ဒီနေ့မှာ စိတ်ဓါတ်ကျတာမျိူး ဖြစ်ဖူးပါသလား။

အလုပ်တစ်ခုမလုပ်ခင်မှာအားအင်အပြည့်နဲ့ တက်ကြွနေပြီး လုပ်နေတုန်း အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့လိုက်လို့ စိတ်ဓါတ်ကျပြီး မလုပ်ချင်တဲ့အထိဖြစ်ဖူးပါသလား။

ကိုယ့်ရဲ့ချစ်သူ၊ ခင်သူတွေနဲ့အဆင်မပြေဖြစ်ပြီးတစ်ယောက်တည်း အားငယ်ဝမ်းနည်းနေတာမျိူးဖြစ်ဖူးပါသလား။

လူတိုင်းလူတိုင်းဟာ အလုပ်မလုပ်ချင်မကိုင်ချင်ဖြစ်ပြီး စိတ်ဓါတ်ကျတာတွေ၊စိတ်အားငယ်တာတွေ စတဲ့ စိတ်နေမကောင်းဖြစ်တာမျိူးတွေကို ဘဝမှာအနည်းဆုံးတစ်ကြိမ်တစ်ခါတော့ကြုံဖူးကြပါတယ်။

 

သင့်မှာဒီလိုမျိူးစိတ်နေမကောင်း ဖြစ်နေပြီဆိုရင်ပထမဦးဆုံးအနေနဲ့လူတိုင်းကပျော်ရွှင်နေပြီး ဒီလိုမျိူးခံစားဖူးတာသင်တစ်ယောက်တည်းလို့မထင်လိုက်ပါနဲ့။အပေါ်မှာပြောခဲ့တဲ့အတိုင်း လူတိုင်းလူတိုင်း စိတ်နေမကောင်းဖြစ်ဖူးကြတယ်ဆိုတာကိုသတိရပါ။

 

ဒီလိုစိတ်နေမကောင်းဖြစ်တာကိုကုသနိုင်တာကလည်းကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုလည်း သတိပြုပါ။ကိုယ့်ကိုယ်ကိုယ်စိတ်နေမကော င်းဖြစ်နေတယ် ဆိုတာကို သိပြီဆိုရင်ဒုတိယ အဆင့်အနေနဲ့ ဘာကြောင့်ဖြစ်တာလဲဆိုတာကိုစဉ်းစားပါ။

 

ကျန်းမာရေးမကောင်းလု့ိလား။ ဝင်ငွေနည်းသွားလို့လား။ အလုပ်မှာ အထက်လူကြီးနဲ့အဆင်မပြေလို့လား။ချစ်သူနဲ့အဆင်မပြေလို့လား။စသည်အားဖြင့် စိတ်နေမကောင်းဖြစ်ရတဲ့အကြောင်းအရင်း ဇစ်မြစ်ကို သိအောင်အရင် ရှာပါ။

 

အဓိကဇစ်မြစ်ကိုသိပြီဆိုရင်ဘယ်လိုကုသရမလဲဆိုတာကို တတိယအဆင့်အနေနဲ့ စဉ်းစားရပါမယ်။စိတ်နေမကောင်းဖြစ်ရတဲ့အဓိကအကြောင်းအရင်းက ကိုယ့်မှာရှိတဲ့မကောင်းတဲ့အချက်တွေကိုပဲ မြင်လာတတ်ခြင်းကြောင့်ဖြစ်ပါတယ်။လူတိုင်းမှာအဆိုးနဲ့အကောင်း ဒွန်တွဲနေတတ်ပါတယ်။

 

စိတ်နေမကောင်းဖြစ်နေတဲ့ အချိန်မှာလူတိုင်းဟာ အကောင်းထက်စာရင်အဆိုးကိုသာ ပိုမြင်ပြီး အဆိုးတွေကိုပဲပိုတွေးတတ်ကြပြီးကိုယ်လိုချင်၊ရောက်ချင်တဲ့နေရာတစ်ခုကို ပျောက်သွားတတ်ကြပါတယ်။

 

ဒါကြောင့်မို့လို့ပထမဆုံးအနေနဲ့ကိုယ့်မှာမရှိတဲ့အရာ(ဝါ)အားနည်းချက်တွေအစားအားသာချက်တွေကိုမြင်အောင်ကြည့်ပါ။ဒီအားသာချက်တွေကိုပိုပြီးကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဖြစ်နိုင်ခြေရှိတဲ့အစီအစဉ်တွေဆွဲပါ။ဒီအစီအစဉ်တွေအတိုင်းတစ်သွေမတိမ်းလိုက်နာပါ။

 

အစဉ်တွေက ကိုယ့်ဘဝအတွက်ကောင်းမွန်တဲ့အကျိူးသက်ရောက်မှုရှိပါစေ။
ဥပမာ - ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်ဆိုင်ရဲ့ရောင်းအား(ဝါ)ဝင်ငွေနည်းသွားလို့ စိတ်ဓါတ်ကျတယ်ဆိုပါစို့ဝင်ငွေကဘာကြောင့်နည်းသွားတာလဲ။သူ့ဆိုင်ကိုဈေးဝယ်သူတွေဘာကြောင့်မလာတော့တာလဲဆိုတာကိုအရင်စဉ်းစားပါ။

- ပြောဆိုဆက်ဆံရေးအဆင်မပြေလို့လား။
- ကုန်ပစ္စည်းအရည်အသွေးကောင်းတွေမတင်နိုင်လို့လား။
- မတန်တဆဈေးတွေတင်ထားမိလို့လား။ စတဲ့အကြောင်းအရင်းဇစ်မြစ်ကိုအရင်ရှာပါ။

 

ပြောဆိုဆက်ဆံရေး အဆင်မပြေလို့ဆိုတဲ့အကြောင်းအရင်းကိုရှာတွေ့ပြီဆိုရင်တော့ဈေးဝယ်သူလာရင် အပြုံးလေးနဲ့ကြိုဆိုတာမျိူး၊ ကျေးဇူးတင်စကားပြောတာမျိူးစတဲ့ဆိုင်ရဲ့ ရောင်းအားကိုပြန်လည်တိုးတက်စေနိုင်တဲ့နည်းစနစ်တွေကိုစဉ်းစားပြီး လိုက်နာကျင့်သုံးပါ။ရောင်းအားကျလို့ဆိုပြီးစိတ်ဓါတ်ကျကာအရက်သောက်ပြီးတခြား အပျော်အပါးတွေ လိုက်စားနေမယ်ဆိုရင် ငွေကုန်ကြေးကျပိုများကာပိုပြီး စိတ်နေမကောင်း ဖြစ်မှာပါ။

 

ဒါကြောင့်မို့လို့ စိတ်နေမကောင်းဖြစ်ပြီဆိုရင်ဘာကြောင့်ဖြစ်တာလဲ၊ကောင်းကောင်းမွန်တဲ့နည်းလမ်းနဲ့ဘယ်လိုမျိူးကုစားရမလဲဆိုတာကစဉ်းစားပြီးကိုယ်ချမှတ်ထားတဲ့ ကောင်းမွန်တဲ့နည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံးရင်းနဲ့ပျော်ရွှင်တက်ကြွသူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း……….

Credit : Tr. Nway Zaw Oo

 

 

စိတ္ ေနမေကာင္းဘူး

မေန့က အရမ္းေပ်ာ္ရႊင္တက္ၾကြေနျပီး ဒီေန ့မွာ စိတ္ဓါတ္က်တာမ်ဴိး ျဖစ္ဖူးပါသလား။

အလုပ္တစ္ခုမလုပ္ခင္မွာအားအင္အျပည့္နဲ့ တက္ၾကြေနျပီး လုပ္ေနတုန္း အခက္အခဲတစ္ခုခုနဲ့ ၾကံဳေတြ ့လိုက္လို႕ စိတ္ဓါတ္က်ျပီး မလုပ္ခ်င္တဲ့အထိျဖစ္ဖူးပါသလား။

ကိုယ့္ရဲ ့ခ်စ္သူ၊ ခင္သူေတြနဲ့အဆင္မေျပျဖစ္ျပီးတစ္ေယာက္တည္း အားငယ္၀မ္းနည္းေနတာမ်ဴိးျဖစ္ဖူးပါသလား။

လူတိုင္းလူတိုင္းဟာ အလုပ္မလုပ္ခ်င္မကိုင္ခ်င္ျဖစ္ျပီး စိတ္ဓါတ္က်တာေတြ၊စိတ္အားငယ္တာေတြ စတဲ့ စိတ္ေနမေကာင္းျဖစ္တာမ်ဴိးေတြကို ဘ၀မွာအနည္းဆံုးတစ္ၾကိမ္တစ္ခါေတာ့ၾကံဳဖူးၾကပါတယ္။

 

သင့္မွာဒီလိုမ်ဴိးစိတ္ေနမေကာင္း ျဖစ္ေနျပီဆိုရင္ပထမဦးဆံုးအေနနဲ့လူတိုင္းကေပ်ာ္ရႊင္ေနျပီး ဒီလိုမ်ဴိးခံစားဖူးတာသင္တစ္ေယာက္တည္းလို႔မထင္လိုက္ပါနဲ့။အေပၚမွာေျပာခဲ့တဲ့အတိုင္း လူတိုင္းလူတိုင္း စိတ္ေနမေကာင္းျဖစ္ဖူးၾကတယ္ဆိုတာကိုသတိရပါ။

 

ဒီလိုစိတ္ေနမေကာင္းျဖစ္တာကိုကုသႏိုင္တာကလည္းကိုယ္ကိုယ္တိုင္ပဲျဖစ္တယ္ဆိုတာကိုလည္း သတိျပဳပါ။ကိုယ့္ကိုယ္ကိုယ္စိတ္ေနမေကာ င္းျဖစ္ေနတယ္ ဆိုတာကို သိျပီဆိုရင္ဒုတိယ အဆင့္အေနနဲ့ ဘာေၾကာင့္ျဖစ္တာလဲဆိုတာကိုစဥ္းစားပါ။

 

က်န္းမာေရးမေကာင္းလု့ိလား။ ၀င္ေငြနည္းသြားလို႔လား။ အလုပ္မွာ အထက္လူၾကီးနဲ႔အဆင္မေျပလို ့လား။ခ်စ္သူနဲ ့အဆင္မေျပလို ့လား။စသည္အားျဖင့္ စိတ္ေနမေကာင္းျဖစ္ရတဲ့အေၾကာင္းအရင္း ဇစ္ျမစ္ကို သိေအာင္အရင္ ရွာပါ။

 

အဓိကဇစ္ျမစ္ကိုသိျပီဆိုရင္ဘယ္လိုကုသရမလဲဆိုတာကို တတိယအဆင့္အေနနဲ့ စဥ္းစားရပါမယ္။စိတ္ေနမေကာင္းျဖစ္ရတဲ့အဓိကအေၾကာင္းအရင္းက ကိုယ့္မွာရွိတဲ႕မေကာင္းတဲ့အခ်က္ေတြကိုပဲ ျမင္လာတတ္ျခင္းေၾကာင့္ျဖစ္ပါတယ္။လူတိုင္းမွာအဆိုးနဲ့အေကာင္း ဒြန္တြဲေနတတ္ပါတယ္။

 

စိတ္ေနမေကာင္းျဖစ္ေနတဲ့ အခ်ိန္မွာလူတိုင္းဟာ အေကာင္းထက္စာရင္အဆိုးကိုသာ ပိုျမင္ျပီး အဆိုးေတြကိုပဲပိုေတြးတတ္ၾကျပီးကိုယ္လိုခ်င္၊ေရာက္ခ်င္တဲ့ေနရာတစ္ခုကို ေပ်ာက္သြားတတ္ၾကပါတယ္။

 

ဒါေၾကာင့္မို႔လို ့ပထမဆံုးအေနနဲ့ကိုယ့္မွာမရွိတဲ့အရာ(၀ါ)အားနည္းခ်က္ေတြအစားအားသာခ်က္ေတြကိုျမင္ေအာင္ၾကည့္ပါ။ဒီအားသာခ်က္ေတြကိုပိုျပီးေကာင္းေအာင္ဘယ္လိုလုပ္ရမလဲဆိုတဲ့ျဖစ္ႏိုင္ေျခရွိတဲ့အစီအစဥ္ေတြဆြဲပါ။ဒီအစီအစဥ္ေတြအတုိင္းတစ္ေသြမတိမ္းလိုက္နာပါ။

 

အစဥ္ေတြက ကိုယ့္ဘ၀အတြက္ေကာင္းမြန္တဲ့အက်ဴိးသက္ေရာက္မွုရွိပါေစ။
ဥပမာ - ကုန္စံုဆိုင္ပိုင္ရွင္တစ္ေယာက္ဆိုင္ရဲ ့ေရာင္းအား(၀ါ)၀င္ေငြနည္းသြားလို ့ စိတ္ဓါတ္က်တယ္ဆိုပါစို႕ဝင္ေငြကဘာေၾကာင့္နည္းသြားတာလဲ။သူ႕ဆိုင္ကိုေစ်း၀ယ္သူေတြဘာေၾကာင့္မလာေတာ့တာလဲဆိုတာကိုအရင္စဥ္းစားပါ။

- ေျပာဆိုဆက္ဆံေရးအဆင္မေျပလို႕လား။
- ကုန္ပစၥည္းအရည္အေသြးေကာင္းေတြမတင္ႏိုင္လုိ့လား။
- မတန္တဆေစ်းေတြတင္ထားမိလို ့လား။ စတဲ့အေၾကာင္းအရင္းဇစ္ျမစ္ကိုအရင္ရွာပါ။

 

ေျပာဆိုဆက္ဆံေရး အဆင္မေျပလို ့ဆိုတဲ့အေၾကာင္းအရင္းကိုရွာေတြ ့ျပီဆိုရင္ေတာ့ေစ်း၀ယ္သူလာရင္ အျပံဳးေလးနဲ့ၾကိဳဆိုတာမ်ဴိး၊ ေက်းဇူးတင္စကားေျပာတာမ်ဴိးစတဲ့ဆိုင္ရဲ ႕ ေရာင္းအားကိုျပန္လည္တိုးတက္ေစႏိုင္တဲ႕နည္းစနစ္ေတြကိုစဥ္းစားျပီး လုိက္နာက်င့္သံုးပါ။ေရာင္းအားက်လုိ ့ဆိုျပီးစိတ္ဓါတ္က်ကာအရက္ေသာက္ျပီးတျခား အေပ်ာ္အပါးေတြ လိုက္စားေနမယ္ဆိုရင္ ေငြကုန္ေၾကးက်ပိုမ်ားကာပိုျပီး စိတ္ေနမေကာင္း ျဖစ္မွာပါ။

 

ဒါေၾကာင့္မို့လို ့ စိတ္ေနမေကာင္းျဖစ္ျပီဆိုရင္ဘာေၾကာင့္ျဖစ္တာလဲ၊ေကာင္းေကာင္းမြန္တဲ့နည္းလမ္းနဲ့ဘယ္လိုမ်ဴိးကုစားရမလဲဆိုတာကစဥ္းစားျပီးကိုယ္ခ်မွတ္ထားတဲ့ ေကာင္းမြန္တဲ့နည္းလမ္းေတြအတိုင္း လိုက္နာက်င့္သံုးရင္းနဲ့ေပ်ာ္ရႊင္တက္ၾကြသူမ်ားျဖစ္ႏိုင္ၾကပါေစဟု ဆႏၵျပဳရင္း……….

 

Credit : Tr. Nway Zaw Oo

Read times
Rate this articles
(0 votes)