×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 14 October 2020

အတိတ်ထဲကထွက်ခဲ့ပါ။

အတိတ်ထဲကထွက်ခဲ့ပါ။

 

ဘယ်တော့မှ အတိတ်ထဲပိတ်မိနေတဲ့အကျဉ်းသားမဖြစ်ပါစေနဲ့။ အတိတ်ဆိုတာ သင်ခန်းစာတစ်ခုပဲဖြစ်ပြီး သင့်ကို တစ်သက်တစ်ကျွန်း ထောင်ချလိုက်တာမဟုတ်ပါဘူး။

(အမည်မသိ)

 

အတိတ် . . .အတိတ်. . . အတိတ် . . . စကားလုံးကသာ တိုတာ။ အမှတ်တရတွေကအများကြီး၊ ကျွန်တော်တို့လူသားတွေကလည်း ကောင်းတဲ့အတိတ်ကိုသာ ခက်ခက်ခဲခဲပြန်စဉ်းစားကြရတာ။ မကောင်းတဲ့အတိတ်တွေဆို စဉ်းစားစရာမလိုဘဲ ခေါင်းထဲပေါ်လာလေ့ရှိတယ်။ တွေဝေငေးမောမှုတွေနဲ့ ဘဝကိုဖြတ်သန်းနေတဲ့သူတွေအများစုက အဲဒီ့အတိတ်က မထွက်နိုင်သူတွေဖြစ်နေတာကိုလည်း သတိပြုပါ။

 

အတိတ်ဆိုတာမတွေးမိရင် ကွယ်ပျောက်သွားပြီဖြစ်တဲ့အရာတစ်ခုပါ။ အိတ်ဆိုတာ မတည်ရှိတော့ပါဘူး။ ဒါပေမယ့် အတိတ်က ဘာကြောင့်ဒီလောက်တောင် ပါဝါရှိနေသလဲလို့ မေးခဲ့ရင် အဖြေကတော့ သင်ကိုယ်တိုင်က အိတ်ကို ခဏခဏပြန်သွားပြီး သင့်ရဲ့ခေါင်းထဲမှာ နေရာပေးထားလို့ပါ။ မြှောက်စားထားလို့ပါ။ ဒီ့အတွက် အတိတ်က ပါဝါတွေရနေပြီး သင့်ကို ပါဝါပြနေတာပေါ့။ အတိတ်ကိုမေ့ချင်ရင် ဘယ်တော့မှ သူသ့ကိုပါဝါမပေးပါနဲ့။ သင်ကိုယ်တိုင်ဘာကြောင့် အတွေးတွေများနေသလဲဆိုတာပြန်စဉ်းစားပါ။ မိမိဝါသနာပါတဲ့အရာတွေကို ဝင်ယူပါ။ ကျန်းမာအောင်နေပါ။ ကိုယ်ပိုင်အားလပ်ချိန် အများကြီးမရှိအောင် မိမိကိုယ်မိမိ အလုပ်ပေးပါ။ အချိန်ကြာလာတာနဲ့အမျှ မိမိအလုပ်မှာလည်း ပိုမိုထူးချွန်လာပြီး အတိတ်ကို တဖြည်းဖြည်း မေ့ပျောက်သွားပါလိမ့်မယ်။
ဘဝက ပန်းခင်းတဲ့လမ်းမှမဟုတ်တာ။ အတိတ်ကနာကျင်စရာတွေဟာ ပန်းတိုင်ဆီကိုလျှောက်နေတုန်

း ခလုတ်တိုက်တာနဲ့အတူတူပါပဲ။ ဒဏ်ရာကြီးတာနဲ့သေးတာပဲကွာပါတယ်။ ဒါပေမယ့် ထိုင်ငိုနေဖို့ အချိန်မရှိပါဘူး။ ဘဝက သင့်ကို အဲ့ဒီ့လောက်အချိန်အများကြီး မပေးထားပါဘူး။ ဆိုးရွားတဲ့အတိတ်တွေထဲကထွက်ချင်ရင်တော့ . . . .


(၁) အတိတ်ကို ပါဝါမပေးပါနဲ့
(၂) အခြားသူအပေါ် အပြစ်တင်တာ ရပ်လိုက်ပါတော့
(၃) ပစ္စုပ္ပန်ကို အချိန်ပေးကြည့်ပါ။
(၄) ဦးနှောက်ထဲမှာရှိတဲ့ အမှိုက်တွေကို ရှင်းပစ်ပါ။ (အမှိုက်ရှင်းမှ အနံ့အသက်ကောင်းပါလိမ့်မယ်)


အတိတ်ဆိုတာ ပြန်မတွေးရင် မတည်ရှိတော့ပါဘူး။ ဒီအချက်ကို သင်ကိုယ်တိုင်သိရှိပြီးဖြစ်တဲ့အတွက် သတိမမူ ဂူမမြင်မဖြစ်ရလေအောင် သေသေချာချာ ဂရုပြုပါ။

 

မိုးရှင်း (လက်ဆောင်)စာအုပ်မှ ကောက်နှုတ်ချက်

 

 

အတိတ္ထဲကထြက္ခဲ့ပါ။

ဘယ္ေတာ့မွ အတိတ္ထဲပိတ္မိေနတဲ့အက်ဥ္းသားမျဖစ္ပါေစနဲ႔။ အတိတ္ဆိုတာ သင္ခန္းစာတစ္ခုပဲျဖစ္ၿပီး သင့္ကို တစ္သက္တစ္ကြၽန္း ေထာင္ခ်လိုက္တာမဟုတ္ပါဘူး။

(အမည္မသိ)

 

 

အတိတ္ . . .အတိတ္. . . အတိတ္ . . . စကားလုံးကသာ တိုတာ။ အမွတ္တရေတြကအမ်ားႀကီး၊ ကြၽန္ေတာ္တို႔လူသားေတြကလည္း ေကာင္းတဲ့အတိတ္ကိုသာ ခက္ခက္ခဲခဲျပန္စဥ္းစားၾကရတာ။ မေကာင္းတဲ့အတိတ္ေတြဆို စဥ္းစားစရာမလိုဘဲ ေခါင္းထဲေပၚလာေလ့ရွိတယ္။ ေတြေဝေငးေမာမႈေတြနဲ႔ ဘဝကိုျဖတ္သန္းေနတဲ့သူေတြအမ်ားစုက အဲဒီ့အတိတ္က မထြက္ႏိုင္သူေတြျဖစ္ေနတာကိုလည္း သတိျပဳပါ။

 

အတိတ္ဆိုတာမေတြးမိရင္ ကြယ္ေပ်ာက္သြားၿပီျဖစ္တဲ့အရာတစ္ခုပါ။ အိတ္ဆိုတာ မတည္ရွိေတာ့ပါဘူး။ ဒါေပမယ့္ အတိတ္က ဘာေၾကာင့္ဒီေလာက္ေတာင္ ပါဝါရွိေနသလဲလို႔ ေမးခဲ့ရင္ အေျဖကေတာ့ သင္ကိုယ္တိုင္က အိတ္ကို ခဏခဏျပန္သြားၿပီး သင့္ရဲ႕ေခါင္းထဲမွာ ေနရာေပးထားလို႔ပါ။ ေျမႇာက္စားထားလို႔ပါ။ ဒီ့အတြက္ အတိတ္က ပါဝါေတြရေနၿပီး သင့္ကို ပါဝါျပေနတာေပါ့။ အတိတ္ကိုေမ့ခ်င္ရင္ ဘယ္ေတာ့မွ သူသ့ကိုပါဝါမေပးပါနဲ႔။ သင္ကိုယ္တိုင္ဘာေၾကာင့္ အေတြးေတြမ်ားေနသလဲဆိုတာျပန္စဥ္းစားပါ။ မိမိဝါသနာပါတဲ့အရာေတြကို ဝင္ယူပါ။ က်န္းမာေအာင္ေနပါ။ ကိုယ္ပိုင္အားလပ္ခ်ိန္ အမ်ားႀကီးမရွိေအာင္ မိမိကိုယ္မိမိ အလုပ္ေပးပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် မိမိအလုပ္မွာလည္း ပိုမိုထူးခြၽန္လာၿပီး အတိတ္ကို တျဖည္းျဖည္း ေမ့ေပ်ာက္သြားပါလိမ့္မယ္။


ဘဝက ပန္းခင္းတဲ့လမ္းမွမဟုတ္တာ။ အတိတ္ကနာက်င္စရာေတြဟာ ပန္းတိုင္ဆီကိုေလွ်ာက္ေနတုန္း ခလုတ္တိုက္တာနဲ႔အတူတူပါပဲ။ ဒဏ္ရာႀကီးတာနဲ႔ေသးတာပဲကြာပါတယ္။ ဒါေပမယ့္ ထိုင္ငိုေနဖို႔ အခ်ိန္မရွိပါဘူး။ ဘဝက သင့္ကို အဲ့ဒီ့ေလာက္အခ်ိန္အမ်ားႀကီး မေပးထားပါဘူး။ ဆိုး႐ြားတဲ့အတိတ္ေတြထဲကထြက္ခ်င္ရင္ေတာ့ . . . .


(၁) အတိတ္ကို ပါဝါမေပးပါနဲ႔
(၂) အျခားသူအေပၚ အျပစ္တင္တာ ရပ္လိုက္ပါေတာ့
(၃) ပစၥဳပၸန္ကို အခ်ိန္ေပးၾကည့္ပါ။
(၄) ဦးေႏွာက္ထဲမွာရွိတဲ့ အမႈိက္ေတြကို ရွင္းပစ္ပါ။ (အမႈိက္ရွင္းမွ အနံ႔အသက္ေကာင္းပါလိမ့္မယ္)


အတိတ္ဆိုတာ ျပန္မေတြးရင္ မတည္ရွိေတာ့ပါဘူး။ ဒီအခ်က္ကို သင္ကိုယ္တိုင္သိရွိၿပီးျဖစ္တဲ့အတြက္ သတိမမူ ဂူမျမင္မျဖစ္ရေလေအာင္ ေသေသခ်ာခ်ာ ဂ႐ုျပဳပါ။

 

မိုးရွင္း (လက္ေဆာင္)စာအုပ္မွ ေကာက္ႏႈတ္ခ်က္

Read times Last modified on Wednesday, 14 October 2020 11:51
Rate this articles
(0 votes)