×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 27 October 2020

အထီးကျန်တာ အရမ်းတော့မဆန်းပါ

အထီးကျန်တာ အရမ်းတော့မဆန်းပါ

တစ်ခါတစ်လေ အရမ်းအထီးကျန်တယ်လို့ ခံစားဖူးပါသလား??? တစ်ခါတစ်လေ လောကကြီးမှာ ကိုယ့်ကိုနားလည်ပေးနိုင်သူ ရှိများရှိရဲ့လားလို့သံသယဝင်ဖူးပါသလား??? တစ်ခါတစ်လေ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ ကိုယ်ဘာတွေမှားနေလို့ အထီးကျန်ရတာလဲ ဆိုပြီး ခံစားဖူးပါသလား???

 

ဒီအတွေးတွေရှိနေတယ်ဆိုရင် သင်မှားနေတာမဟုတ်ပါဘူး၊ သင်ကလည်း လူထဲကလူပဲဖြစ်ပါတယ်။ လူတိုင်းလည်း ဒီလိုခံစားချက်တွေ ခံစားဖူးကြပါတယ်။

လူတွေက တစ်ဦးတစ်ယောက်ထဲရှိတဲ့အချိန်တွေ၊ အထီးကျန်ဆန်နေတဲ့အချိန်တွေမှာဆို ပျော်စရာကိစ္စတွေကို တွေးခဲကြပါတယ်။ ကိုယ့်ကိုကိုယ်ဆွဲချသွားမယ့် အတွေးမျိုးတွေ တွေးလေ့ရှိကြတယ်။

 

ဒီလိုတွေးတာကပြသနာမဟုတ်ပေမယ့် ဒီအတွေးထဲ နစ်မြုပ်မသွားဖို့က အရေးကြီးပါတယ်။ အထီးကျန်တာ မဆန်းပါဘူး။ ဒါပေမယ့် ဒီအထီးကျန်နေမှုကြီးကို အကျယ်ချဲ့စဉ်းစားနေမယ်ဆိုရင်တော့ သင့်အတွက် အန္တရာယ် ရှိနိုင်ပါတယ်။

 

အထီးကျန်လာရင် ဘာလုပ်သင့်သလဲ
ပထမဆုံးအေချက်အနေနဲ့ သင်တွေးရမှာ၊ လက်ခံရမှာကတော့ အထီးကျန်ခြင်းဟာ သာမန်အဖြစ်အပျက်တစ်ခုဆိုတာပါပဲ။ သင်တစ်ယောက်ထဲကွက်ပြီး အထီးကျန်မှုတွေ ခံစားနေရတာမဟုတ်ပါဘူး။ ဒီ့အတွက် ဒီအတွေးတွေကို အမြန်ဆုံးဖျောက်ဖျက်ပစ်လိုက်ပါ။

ဒုတိယအချက်အနေနဲ့ကတော့ အာရုံလွှဲပါ။ ကိုယ်အထီးကျန်နေတယ်လို့ ခံစားမိနေပြီဆိုရင် အကျိုးရှိမယ့်အရာတစ်ခုခု၊ အာရုံလွှဲနိုင်မယ့်တစ်ခုခုကို အမြန်ဆုံးပြုလုပ်ပါ။ (နောက်ဆုံးလုပ်စရာမရှိတော့ဘူးဆိုရင် မိမိအခန်းကို သန့်ရှင်းရေးပြုလုပ်တာမျိုး၊ မိမိရဲ့စာအုပ်စင်ကိုရှင်းလင်းတာမျိုးတွေ ပြုလုပ်လို့ရပါတယ်။ အဓိကအနေနဲ့က အာရုံလွှဲနိုင်ဖို့ပါ။) >> ဖက်ရှင်ဒီဇိုင်းဆရာများကိုရှာဖွေရန် <<

 

တတိယအချက်အနေနဲ့ကတော့ မိမိရဲ့ပျော်ရွှင်မှုအတွက် တာဝန်ရှိသူက မိမိပဲဖြစ်တယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အထီးကျန်မှုတွေကို တစ်ခြားတစ်ယောက်ထက်စာရင် သင်ကိုယ်တိုင်က ဖန်တီးနိုင်တယ်ဆိုတာကို လုံး၀ မမေ့ပါနဲ့။

 

"သင့်ဘဝရဲ့အချိန်တော်တော်များများကို သင်ရဲ့ခေါင်းထဲမှာပဲ နေထိုင်နေတာပါ။

ဒါကြောင့် သင့်ခေါင်းဟာ နေချင့်စဖွယ်နေရာလေး ဖြစ်လာပါစေ - (အမည်မသိ)"

 

အထီးကျန်တယ်လို့ခံစားရပြီဆိုရင် အလုပ်တွေပိုကြိုးစားပါ။ စာအုပ်တွေဖတ်ပါ။ စာတွေလေ့လာပါ။ ဝါသနာပါတာ တစ်ခုခုကို ပြုလုပ်ပါ။ Energy Transform လုပ်ဖို့လိုပါတယ်။ အထီးကျန်မှုကို အင်အားတစ်ခုအဖြစ်ပြောင်းလဲပြီး ရှေ့ကိုဆက်လျှောက်ဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်ဟာ သိရုံနဲ့မလုံလောက်ပါဘူး။ သိခြင်းတစ်ခုတည်း စွမ်းအားမဟုတ်ပါဘူး။ သိခြင်းကို ဘဝမှာလက်တွေ့တပ်ဆင်အသုံးပြုတတ်မှသာ အကျိုးရှိမှာဖြစ်ပါတယ်။

 

ပြောင်းလဲဖို့လိုတယ်လို့ထင်နေတဲ့အရာတွေကို အခုပဲပြောင်းလဲလိုက်ပါ။ နောက်မှ . . . ဆိုတဲ့ဆင်ခြေတွေမပေးပဲ သင့်ရဲ့ဦးနှောက်ကို သန့်ရှင်းရေးပြုလုပ်ပါ။ သင့်ကိုအထီးကျန်စေမယ့် အတွေးတွေကို မောင်းထုတ်ပါ။

သင် အများဆုံးနေထိုင်နေတဲ့ သင့်ရဲ့စိတ်ထဲက အခန်းလေးကို နံစော်နေတဲ့အတွေးတွေနဲ့ ပြည့်နေတဲ့နေရာတစ်ခု မဖြစ်ပါစေနဲ့။ အမွှေးအကြိုင်နဲ့တူတယ် ကောင်းကျိုးပြုမယ့်အတွေးတွေ ဖြန်းပက်ထားပါ။ ရောက်နေတဲ့အရပ်မှာ ပျော်အောင်နေဖို့ ကြိုးစားပါ။

 

ကိုးကား - လက်ဆောင် (မိုးရှင်း - IMT)

 

 

အထီးက်န္တာ အရမ္းေတာ့မဆန္းပါ

တစ္ခါတစ္ေလ အရမ္းအထီးက်န္တယ္လို႔ ခံစားဖူးပါသလား??? တစ္ခါတစ္ေလ ေလာကႀကီးမွာ ကိုယ့္ကိုနားလည္ေပးႏိုင္သူ ရွိမ်ားရွိရဲ႕လားလို႔သံသယ၀င္ဖူးပါသလား??? တစ္ခါတစ္ေလ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ၊ ကိုယ္ဘာေတြမွားေနလို႔ အထီးက်န္ရတာလဲ ဆိုၿပီး ခံစားဖူးပါသလား???

 

ဒီအေတြးေတြရွိေနတယ္ဆိုရင္ သင္မွားေနတာမဟုတ္ပါဘူး၊ သင္ကလည္း လူထဲကလူပဲျဖစ္ပါတယ္။ လူတိုင္းလည္း ဒီလိုခံစားခ်က္ေတြ ခံစားဖူးၾကပါတယ္။

လူေတြက တစ္ဦးတစ္ေယာက္ထဲရွိတဲ့အခ်ိန္ေတြ၊ အထီးက်န္ဆန္ေနတဲ့အခ်ိန္ေတြမွာဆို ေပ်ာ္စရာကိစ​ၥေတြကို ေတြးခဲၾကပါတယ္။ ကိုယ့္ကိုကိုယ္ဆြဲခ်သြားမယ့္ အေတြးမ်ိဳးေတြ ေတြးေလ့ရွိၾကတယ္။ >> အပ္ခ်ဳပ္သင္တန္းမ်ားကိုရွာေဖြရန္<<

 

ဒီလိုေတြးတာကျပသနာမဟုတ္ေပမယ့္ ဒီအေတြးထဲ နစ္ျမဳပ္မသြားဖို႔က အေရးႀကီးပါတယ္။ အထီးက်န္တာ မဆန္းပါဘူး။ ဒါေပမယ့္ ဒီအထီးက်န္ေနမႈႀကီးကို အက်ယ္ခ်ဲ႕စဥ္းစားေနမယ္ဆိုရင္ေတာ့ သင့္အတြက္ အႏၱရာယ္ ရွိႏိုင္ပါတယ္။

 

အထီးက်န္လာရင္ ဘာလုပ္သင့္သလဲ
ပထမဆံုးေအခ်က္အေနနဲ႔ သင္ေတြးရမွာ၊ လက္ခံရမွာကေတာ့ အထီးက်န္ျခင္းဟာ သာမန္အျဖစ္အပ်က္တစ္ခုဆိုတာပါပဲ။ သင္တစ္ေယာက္ထဲကြက္ၿပီး အထီးက်န္မႈေတြ ခံစားေနရတာမဟုတ္ပါဘူး။ ဒီ့အတြက္ ဒီအေတြးေတြကို အျမန္ဆံုးေဖ်ာက္ဖ်က္ပစ္လိုက္ပါ။

 

ဒုတိယအခ်က္အေနနဲ႔ကေတာ့ အာရံုလႊဲပါ။ ကိုယ္အထီးက်န္ေနတယ္လို႔ ခံစားမိေနၿပီဆိုရင္ အက်ိဳးရွိမယ့္အရာတစ္ခုခု၊ အာရံုလႊဲႏိုင္မယ့္တစ္ခုခုကို အျမန္ဆံုးျပဳလုပ္ပါ။ (ေနာက္ဆံုးလုပ္စရာမရွိေတာ့ဘူးဆိုရင္ မိမိအခန္းကို သန္႔ရွင္းေရးျပဳလုပ္တာမ်ိဳး၊ မိမိရဲ႕စာအုပ္စင္ကိုရွင္းလင္းတာမ်ိဳးေတြ ျပဳလုပ္လို႔ရပါတယ္။ အဓိကအေနနဲ႔က အာရံုလႊဲႏိုင္ဖို႔ပါ။)

 

တတိယအခ်က္အေနနဲ႔ကေတာ့ မိမိရဲ႕ေပ်ာ္ရႊင္မႈအတြက္ တာ၀န္ရွိသူက မိမိပဲျဖစ္တယ္ဆိုတာကို သတိရပါ။ ေပ်ာ္ရႊင္မႈေတြ၊ ၀မ္းနည္းမႈေတြ၊ အထီးက်န္မႈေတြကို တစ္ျခားတစ္ေယာက္ထက္စာရင္ သင္ကိုယ္တိုင္က ဖန္တီးႏိုင္တယ္ဆိုတာကို လံုး၀ မေမ့ပါနဲ႔။

"သင့္ဘ၀ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သင္ရဲ႕ေခါင္းထဲမွာပဲ ေနထိုင္ေနတာပါ။

ဒါေၾကာင့္ သင့္ေခါင္းဟာ ေနခ်င့္စဖြယ္ေနရာေလး ျဖစ္လာပါေစ - (အမည္မသိ)"

 

အထီးက်န္တယ္လို႔ခံစားရၿပီဆိုရင္ အလုပ္ေတြပိုႀကိဳးစားပါ။ စာအုပ္ေတြဖတ္ပါ။ စာေတြေလ့လာပါ။ ၀ါသနာပါတာ တစ္ခုခုကို ျပဳလုပ္ပါ။ Energy Transform လုပ္ဖို႔လိုပါတယ္။ အထီးက်န္မႈကို အင္အားတစ္ခုအျဖစ္ေျပာင္းလဲၿပီး ေရွ႕ကိုဆက္ေလွ်ာက္ဖို႔ လိုအပ္ပါတယ္။

လူတစ္ေယာက္ဟာ သိရံုနဲ႔မလံုေလာက္ပါဘူး။ သိျခင္းတစ္ခုတည္း စြမ္းအားမဟုတ္ပါဘူး။ သိျခင္းကို ဘ၀မွာလက္ေတြ႕တပ္ဆင္အသံုးျပဳတတ္မွသာ အက်ိဳးရွိမွာျဖစ္ပါတယ္။

 

ေျပာင္းလဲဖို႔လိုတယ္လို႔ထင္ေနတဲ့အရာေတြကို အခုပဲေျပာင္းလဲလိုက္ပါ။ ေနာက္မွ . . . ဆိုတဲ့ဆင္ေျခေတြမေပးပဲ သင့္ရဲ႕ဦးေႏွာက္ကို သန္႔ရွင္းေရးျပဳလုပ္ပါ။ သင့္ကိုအထီးက်န္ေစမယ့္ အေတြးေတြကို ေမာင္းထုတ္ပါ။

သင္ အမ်ားဆံုးေနထိုင္ေနတဲ့ သင့္ရဲ႕စိတ္ထဲက အခန္းေလးကုိ နံေစာ္ေနတဲ့အေတြးေတြနဲ႔ ျပည့္ေနတဲ့ေနရာတစ္ခု မျဖစ္ပါေစနဲ႔။ အေမႊးအႀကိဳင္နဲ႔တူတယ္ ေကာင္းက်ိဳးျပဳမယ့္အေတြးေတြ ျဖန္းပက္ထားပါ။ ေရာက္ေနတဲ့အရပ္မွာ ေပ်ာ္ေအာင္ေနဖို႔ ႀကိဳးစားပါ။

 

ကိုးကား - လက္ေဆာင္ (မိုးရွင္း - IMT)

Read times
Rate this articles
(1 Vote)