×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 08 December 2020

၂၀၂၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆရာဆု ချီးမြှင့်ခြင်းခံရသော အိန္ဒိယမှ ကျောင်းဆရာ

၂၀၂၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆရာဆု ချီးမြှင့်ခြင်းခံရသော အိန္ဒိယမှ ကျောင်းဆရာ

အိန္ဒိယမှ ကျောင်းဆရာသည် ၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆရာဆုချီးမြှင့်ခြင်းခံရသည့် ဆုငွေဒေါ်လာ ၁ သန်း၏ ထက်ဝက်ကို ဇကာတင်စာရင်းဝင်သူများအား ထောက်ပံ့မည်ဟုကတိပြုခဲ့သည်။

Varkey ဖောင်ဒေးရှင်းသည် ယူနက်စကိုနှင့် ပူးပေါင်း၍ ချီးမြှင့်သောဆုသည် သူတို့၏ အလုပ်တာဝန်တွင် ထူးချွန်ပြီး “ထူးခြားသော” ဆရာများကိုဂုဏ်ပြုသောဆု" ဖြစ်သည်ဟုသိရသည်။

 

အိန္ဒိယအနောက်ပိုင်း Maharashtra ပြည်နယ် Paritewadi ရွာရှိ Zilla Parishad မူလတန်းကျောင်းမှ ဆရာ Ranjitsinh Disale သည် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၁၄၀ ကျော်မှ အမည်စာရင်းတင်သွင်းခြင်းများနှင့် လျှောက်လွှာပေါင်း ၁၂,၀၀၀ ကျော်မှ ရွေးချယ်ခြင်းခံရသူဖြစ်သည်။ ထိုဆုသည် ၎င်းတာဝန်ကျရာကျောင်းရှိ မိန်းကလေးများ၏ ပညာရေးကို မြှင့်တင်ရန် ကြိုးစားလုပ်ဆောင်မှုများကို အသိအမှတ်ပြုခြင်းခံရသောဆုဖြစ်သည်။

 

Global Teacher Prize မှပြောကြားရာတွင် သူသည်ကျောင်းသားများကို သူတို့၏ မိခင်ဘာသာစကားကို လက်တန်းဘာသာပြန်ဆိုရန် ကျေးရွာ၏ ဒေသခံဘာသာစကားကို သင်ယူခဲ့သည်။

ကျောင်းသား/သူများကို အသံကဗျာများ၊ ဗီဒီယိုပို့ချချက်များ၊ ပုံပြင်များနှင့် သင်ရိုးညွှန်းတမ်းများတွင် ထူးခြားသော QR သင်္ကေတများကိုလည်း ဖန်တီးပေးခဲ့သည်။ သူ၏ QR နည်းပညာကို အိန္ဒိယတစ်လွှားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလျက်ရှိသည်။ ဗြိတိန်မှ သရုပ်ဆောင်နှင့် TV host Stephen Fry သည် Disale အား လန်ဒန်ရှိ သဘာဝသမိုင်းပြတိုက်မှ ထုတ်လွှင့်သည့် လက်တွေ့ အခမ်းအနားတွင် အနိုင်ရရှိသူအဖြစ် ကြေညာခဲ့သည်။

 

သူအနိုင်ရရှိခဲ့သော ဆုကို သူတစ်ဦးတည်း ယူမည့်အစား နောက်ဆုံးစကာတင်စာရင်းတွင် ပါဝင်သော ကိုးယောက်အား ဒေါ်လာ ၅၅၀၀၀ စီပေးမည်ဟု Disale က Fry အား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ထိုသို့ ခွဲဝေပေးခြင်းသည် ဆုချီးမြှင့်ခြင်း၏ ခြောက်နှစ်တာ သမိုင်းတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

သူက Fry ကိုပြောသည် "အကယ်၍ ဒီဆုငွေကို ဆရာ (၉) ယောက်ကို ငါဝေငှမယ်ဆိုရင် ဒါကသူတို့ရဲ့ လုပ်ငန်းကိုချဲ့ထွင်နိုင်မယ်လို့ ဆိုလိုပါတယ်" "သူတို့ရဲ့ မယုံနိုင်စရာကောင်းလောက်အောင် အလုပ်က ဆုနဲ့ထိုက်တန်ပါတယ်၊။အကယ်၍ ဆုကြေးငွေကို ကျန်တဲ့ဆရာတွေဆီကို ငါမျှဝေမယ်ဆိုရင် သူတို့ရလိမ့်မယ်။" သူတို့ရဲ့ အလုပ်ကို ဆက်လုပ်ဖို့ အခွင့်အလမ်းတစ်ခုလည်းရမယ်။ကျောင်းသားတွေရဲ့ ပညာရေးကို အခက်အခဲမရှိ တတ်နိုင်သမျှ အထောက်အကူပြုနိုင်အောင် ပေါ့ပေါ့တန်တန်လုပ်နိုင်တယ်။"

 

Twitter တွင်ဖော်ပြခဲ့သော ဒလိုင်းလားမား အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှ ဂုဏ်ပြုမှုများကိုရရှိခဲ့သည်။ အွန်လိုင်းမှ ကြေညာချက်တွင် ဆုရရှိသောပိုက်ဆံကိုအခြားသူများနှင့် မျှဝေခြင်းအတွက် Disale ကိုလေးစားကြောင်း ဖော်ပြထားသည်။

"အထူးသဖြင့် ဆင်းရဲသောကလေးငယ်များ၏ လိုအပ်တဲ့နောက်ခံကနေ ပညာသင်ပေးခြင်းဟာ သူတို့တစ်ဦးချင်းစီအနေနှင့် ကူညီရန်အကောင်းဆုံးနည်းလမ်းဖြစ်သလို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအတွက် တက်တက်ကြွကြွပါဝင်စေနိုင်မည်" ဖြစ်သည်။

ဆုချီးမြှင့်ခံရသူကိုးဦးသည်အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ အီတလီ၊ တောင်ကိုရီးယား နိုင်ငံတို့မှဖြစ်သည် ဟုသိရသည်။


Ref: CNN
Credit : EDGE - Yu Khine

 

 

၂၀၂၀ခုႏွစ္ ကမာၻလုံးဆိုင္ရာဆရာဆု ခ်ီးျမႇင့္ျခင္းခံရေသာ အိႏၵိယမွ ေက်ာင္းဆရာ

အိႏၵိယမွ ေက်ာင္းဆရာသည္ ၂၀၂၀ ခုႏွစ္ ကမာၻလုံးဆိုင္ရာ ဆရာဆုခ်ီးျမႇင့္ျခင္းခံရသည့္ ဆုေငြေဒၚလာ ၁ သန္း၏ ထက္ဝက္ကို ဇကာတင္စာရင္းဝင္သူမ်ားအား ေထာက္ပံ့မည္ဟုကတိျပဳခဲ့သည္။

Varkey ေဖာင္ေဒးရွင္းသည္ ယူနက္စကိုႏွင့္ ပူးေပါင္း၍ ခ်ီးျမႇင့္ေသာဆုသည္ သူတို႔၏ အလုပ္တာဝန္တြင္ ထူးခြၽန္ၿပီး “ထူးျခားေသာ” ဆရာမ်ားကိုဂုဏ္ျပဳေသာဆု" ျဖစ္သည္ဟုသိရသည္။

 

အိႏၵိယအေနာက္ပိုင္း Maharashtra ျပည္နယ္ Paritewadi ႐ြာရွိ Zilla Parishad မူလတန္းေက်ာင္းမွ ဆရာ Ranjitsinh Disale သည္ ကမာၻတစ္လႊားရွိ ႏိုင္ငံေပါင္း ၁၄၀ ေက်ာ္မွ အမည္စာရင္းတင္သြင္းျခင္းမ်ားႏွင့္ ေလွ်ာက္လႊာေပါင္း ၁၂,၀၀၀ ေက်ာ္မွ ေ႐ြးခ်ယ္ျခင္းခံရသူျဖစ္သည္။ ထိုဆုသည္ ၎တာဝန္က်ရာေက်ာင္းရွိ မိန္းကေလးမ်ား၏ ပညာေရးကို ျမႇင့္တင္ရန္ ႀကိဳးစားလုပ္ေဆာင္မႈမ်ားကို အသိအမွတ္ျပဳျခင္းခံရေသာဆုျဖစ္သည္။

Global Teacher Prize မွေျပာၾကားရာတြင္ သူသည္ေက်ာင္းသားမ်ားကို သူတို႔၏ မိခင္ဘာသာစကားကို လက္တန္းဘာသာျပန္ဆိုရန္ ေက်း႐ြာ၏ ေဒသခံဘာသာစကားကို သင္ယူခဲ့သည္။

 

ေက်ာင္းသား/သူမ်ားကို အသံကဗ်ာမ်ား၊ ဗီဒီယိုပို႔ခ်ခ်က္မ်ား၊ ပုံျပင္မ်ားႏွင့္ သင္႐ိုးၫႊန္းတမ္းမ်ားတြင္ ထူးျခားေသာ QR သေကၤတမ်ားကိုလည္း ဖန္တီးေပးခဲ့သည္။ သူ၏ QR နည္းပညာကို အိႏၵိယတစ္လႊားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ခ်ိလ်က္ရွိသည္။ ၿဗိတိန္မွ သ႐ုပ္ေဆာင္ႏွင့္ TV host Stephen Fry သည္ Disale အား လန္ဒန္ရွိ သဘာဝသမိုင္းျပတိုက္မွ ထုတ္လႊင့္သည့္ လက္ေတြ႕ အခမ္းအနားတြင္ အႏိုင္ရရွိသူအျဖစ္ ေၾကညာခဲ့သည္။

 

သူအႏိုင္ရရွိခဲ့ေသာ ဆုကို သူတစ္ဦးတည္း ယူမည့္အစား ေနာက္ဆုံးစကာတင္စာရင္းတြင္ ပါဝင္ေသာ ကိုးေယာက္အား ေဒၚလာ ၅၅၀၀၀ စီေပးမည္ဟု Disale က Fry အား အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ့သည္။ ထိုသို႔ ခြဲေဝေပးျခင္းသည္ ဆုခ်ီးျမႇင့္ျခင္း၏ ေျခာက္ႏွစ္တာ သမိုင္းတြင္ ပထမဆုံးအႀကိမ္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

သူက Fry ကိုေျပာသည္ "အကယ္၍ ဒီဆုေငြကို ဆရာ (၉) ေယာက္ကို ငါေဝငွမယ္ဆိုရင္ ဒါကသူတို႔ရဲ႕ လုပ္ငန္းကိုခ်ဲ႕ထြင္ႏိုင္မယ္လို႔ ဆိုလိုပါတယ္" "သူတို႔ရဲ႕ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ အလုပ္က ဆုနဲ႔ထိုက္တန္ပါတယ္၊။အကယ္၍ ဆုေၾကးေငြကို က်န္တဲ့ဆရာေတြဆီကို ငါမွ်ေဝမယ္ဆိုရင္ သူတို႔ရလိမ့္မယ္။" သူတို႔ရဲ႕ အလုပ္ကို ဆက္လုပ္ဖို႔ အခြင့္အလမ္းတစ္ခုလည္းရမယ္။ေက်ာင္းသားေတြရဲ႕ ပညာေရးကို အခက္အခဲမရွိ တတ္ႏိုင္သမွ် အေထာက္အကူျပဳႏိုင္ေအာင္ ေပါ့ေပါ့တန္တန္လုပ္ႏိုင္တယ္။"

 

Twitter တြင္ေဖာ္ျပခဲ့ေသာ ဒလိုင္းလားမား အပါအဝင္ ကမာၻတစ္ဝွမ္းလုံးမွ ဂုဏ္ျပဳမႈမ်ားကိုရရွိခဲ့သည္။ အြန္လိုင္းမွ ေၾကညာခ်က္တြင္ ဆုရရွိေသာပိုက္ဆံကိုအျခားသူမ်ားႏွင့္ မွ်ေဝျခင္းအတြက္ Disale ကိုေလးစားေၾကာင္း ေဖာ္ျပထားသည္။

"အထူးသျဖင့္ ဆင္းရဲေသာကေလးငယ္မ်ား၏ လိုအပ္တဲ့ေနာက္ခံကေန ပညာသင္ေပးျခင္းဟာ သူတို႔တစ္ဦးခ်င္းစီအေနႏွင့္ ကူညီရန္အေကာင္းဆုံးနည္းလမ္းျဖစ္သလို ပိုမိုေကာင္းမြန္တဲ့ ကမာၻႀကီးအတြက္ တက္တက္ႂကြႂကြပါဝင္ေစႏိုင္မည္" ျဖစ္သည္။

 

ဆုခ်ီးျမႇင့္ခံရသူကိုးဦးသည္အေမရိကန္၊ ၿဗိတိန္၊ ဗီယက္နမ္၊ ႏိုင္ဂ်ီးရီးယား၊ ေတာင္အာဖရိက၊ အီတလီ၊ ေတာင္ကိုရီးယား ႏိုင္ငံတို႔မွျဖစ္သည္ ဟုသိရသည္။


Ref: CNN
Credit : EDGE - Yu Khine

Read times
Rate this articles
(1 Vote)