Motivate

Monday, 21 December 2020

အဆိုးဘက်ခြမ်းကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ

အဆိုးဘက်ခြမ်းကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ

ကျွန်တော်တို့တွေဟာ လုပ်ငန်းခွင်မှာ အရည်အသွေးပိုင်းအဆင်ပြေကြတယ်ဆိုရင်တောင် တကယ့်ကို အားနည်းနေသေးတဲ့ အပိုင်းကတော့ ပရိုပီသမှုပါပဲ။ နောက်တစ်ခုကတော့ Passion (ပြင်းပြမှု) မရှိတာပါ။ ဒီ Passion ဆိုတဲ့ စကားလုံးက ခုနောက်ပိုင်းတော်တော်လေး ခေတ်စားလာပါတယ်။ ဒါပေမဲ့ အပြောလွယ်သလောက် အလုပ်ခက်တာက အဲ့ဒီ Passion ဆိုတာကြီးကို ရှာတွေ့နိုင်ဖို့ပါပဲ။ လူငယ်အများစုဟာ ကိုယ်ဘာဝါသနာပါမှန်း၊ ဘာဖြစ်ချင်မှန်း၊ ဘယ်နေရာမှာ အားသာမှန်း မသိကြဘူး။ အဲဒီလို သိအောင်လည်း ပညာရေးစနစ်နဲ့ နိုင်ငံရေးအခြေအနေကပံ့ပိုးမပေးဘူး။ ဒါကြောင့် Professional နဲ့ Passion နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးက တစ်ဆင့် ဝေမျှချင်ပါတယ်။

 

အားတော့နာပါတယ်၊ ထမင်းစားပျက်သွားနိုင်တဲ့ စကားပုံလေးတစ်ခုနဲ့ ဆောင်းပါးကို စဖွင့်ရမှာမို့ပါ။ ‘ဝက်ဖြစ်မှတော့ မစင် မကြောက်နဲ့တော့’ တဲ့။ ဒီစကားလေး ကြားဖူးကြမှာပါ။ အများအားဖြင့်တော့ မထူးဇာတ်ခင်းလိုက် ဆိုတာမျိုး အဓိပ္ပာယ်ပေါက်ကြပါတယ်။ လောင်းကစားနည်းနည်း လုပ်တယ်၊ ရှုံးသွားတယ်၊ မထူးပါဘူး မရပ်နဲ့တော့ ဆက်သာလောင်းဆိုတာမျိုး၊ ကောင်မလေးတစ်ယောက် အဓမ္မပြုကျင့်ခံလိုက်ရတယ်၊ နင်လည်း အပျိုမှ မဟုတ်တော့တာပဲဆိုပြီး ရွှေကြာလုပ်ခိုင်းတာမျိုး၊ သူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတော့တာမျိုးတွေမှာ ပြောလေ့ရှိကြပါတယ်။

 

ကျွန်တော်ကတော့ နောက်တစ်ဖက်ကနေ လှည့်တွေးကြည့်မယ်။ ပရော်ဖက်ရှင်နယ် အလုပ်တစ်ခုချင်းစီမှာ သက်ဆိုင်ရာအလိုက် မကောင်းတဲ့အပိုင်းတွေ၊ စိတ်ညစ်ရတဲ့အပိုင်းတွေဆိုတာ ရှိကြတာပဲ။ ဥပမာ ကျွန်တော်ဆို အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အရေးများတယ်။ ဘာလို့ဆိုတော့ ဒါဟာကိုယ့်နိုင်ငံ၊ ကိုယ့်အသိုင်းအဝိုင်းမှာ တကယ်ကိုလိုအပ်နေတယ်လို့ ယုံကြည်လို့။

ဟုတ်ပြီ၊ အဲ့လိုတွေ ရပ်တည်ပြီးရေးတော့မယ်ဆိုတဲ့အခါ စိတ်ထဲ ကြိုပြင်ဆင်ထားရတယ်။ ဒီလူက မိန်းကလေးတွေ ကြိုက်အောင် ရေးနေတာပါကွာတို့၊ ပေါ်ပင်တွေ လိုက်ရေးတာပါတို့ဆိုတဲ့ အသံတွေကို ခံနိုင်ရည်ရှိဖို့ပဲ။ ဒီလိုအကြောင်းအရာရေးရင် ဒီလိုပြောခံရနိုင်တယ်။ အပြောမခံနိုင်ရင် မရေးနဲ့။ မရပ်တည်နဲ့။ ပြောရရင်တော့ ဝက်ဖြစ်ချင်ရင် မစင်မကြောက်နဲ့။

 

တခြားပရော်ဖက်ရှင်တွေမှာလည်း အဲဒီလိုပဲ။ စစ်သားအလုပ်ဟာ ဂုဏ်ယူစရာကောင်းတယ်။ တိုင်းပြည်ကို ကာကွယ်နေရတာကိုး။ (ယေဘုယျသဘောပြောပါတယ်။) ပြည်သူပြည်သားတွေကလည်း ချစ်တယ်။ ဒါပေမဲ့ စစ်သားလုပ်မယ်ဆို တိုက်ပွဲကျနိုင်တယ်၊ ဒုက္ခိတဖြစ်သွားနိုင်တယ်ဆိုတဲ့ အဆိုးဘက်ကိုလည်း လက်ခံထားနိုင်ဖို့ လိုတယ်။ ဒါကိုကြောက်နေရင် စစ်သားမလုပ်နဲ့။ စစ်သားလုပ်မယ်ဆိုလည်း ဒါကိုပဲ အကြောင်းပြမနေနဲ့။ ဒါက စစ်သားတစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုရင် ပါကိုပါလာမယ့် ကိစ္စပဲ။

 

ဆရာဝန်ဘဝ၊ ပီတိဖြစ်စရာကောင်းတယ်။ လူ့အသက်ကို ကယ်ရင်း ကိုယ့်အသက်မွေးရတာ။ လူတွေကလည်း လေးစားချစ်ခင်ကြတယ်။ ဒါပေမဲ့ အလုပ်ချိန်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိနိုင်တာ၊ လူ့အသက်နဲ့ အလုပ်လုပ်ရတာမို့ စိတ်ဖိစီးမှုများတာ၊ အမှားအယွင်းမခံတာ၊ အမြဲတမ်း ဆေးပညာအသစ်အသစ်တွေကို လေ့လာနေရတာ၊ ဒါတွေကလည်း ဆရာဝန်ဘဝမှာ ကပ်ပါလာပြီးသား ဖြစ်တယ်။ လက်မခံနိုင်ရင် ဆရာဝန် မလုပ်နဲ့ပေါ့။

 

မီဒီယာအလုပ်ကို စတုတ္ထမဏ္ဍိုင်လို့ တင်စားကြတယ်။ သဘောက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ တိုင်းပြည်တစ်ခုရဲ့မဏ္ဍိုင် သုံးရပ်ကို သူက စောင့်ကြည့်ရတာ၊ ပြည်သူကို ထိခိုက်စေမယ့် အရာတွေကို ထောက်ပြရတာ၊ ပြည်သူကို အသိပေးရတာ၊ အမြင်ဖွင့်ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီရှင်သန်ရေးမှာ မရှိမဖြစ် ဒေါက်တိုင်အဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီအလုပ်က လူမုန်းများတယ်။ အတိုက်အခိုက်များတယ်။ အစိုးရက အပြစ်ပေး၊ အရေးယူတာ ခံရနိုင်တယ်။ မလိုတဲ့သူတွေက အသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်နိုင်တယ်။ ဒါတွေကို ထည့်စဉ်းစားပြီး လက်ခံနိုင်မှ တကယ့်မီဒီယာသမားစစ်စစ် ဖြစ်လိမ့်မယ်။

 

အဆိုတော်ဘဝ၊ တွေးကြည့်ရင် ပျော်စရာကြီး။ ကိုယ်က လက်မြှောက်ဆို မြှောက်ကြတယ်၊ ခုန်ဆို ခုန်ကြတယ်၊ ကိုယ့်နာမည်ကို စင်အောက်ကနေ အော်ပြီး အားပေးနေကြတယ်။ ဒါပေမဲ့ အဲဒီလို နာမည်မကြီးခင် ရေသန့်ဘူးဒဏ်ကို ခံရမယ် (အဲဒီလို ပေါက်တာဟာ လက်မခံနိုင်စရာ ဖြစ်ပေမယ့် ဥပမာပေးထားတာ ဖြစ်ပါတယ်) အဝေဖန်ခံရမယ်။ ကိုယ့်အသံ၊ ကိုယ့်သက်လုံကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ရှားရမယ်။ ဒါတွေကို ကြောက်နေရင် အဆိုတော် မလုပ်တာ ကောင်းတယ်။

 

ကိုယ့်နာမည်ကို လူပိုသိလာလေလေ မကောင်းပြောခံ၊ ဝေဖန်ခံရဖို့ကလည်း ပိုများလာလေလေပဲ။ အရင်ကလူ ၁,၀၀၀ သိတယ်၊ ၁ ရာခိုင်နှုန်းက မကောင်းပြောရင် လူ ၁၀ ယောက်ပဲဆိုပေမယ့် လူတစ်သိန်းက သိလာတဲ့အခါ ၁ ရာခိုင်နှုန်းက လူတစ်ထောင် ဖြစ်သွားတယ်။ ဒါကြောင့် လူသိများချင်တဲ့သူဟာ ဝေဖန်ခံနိုင်ခြင်းဆိုတဲ့ အရည်အသွေးကိုလည်း တစ်ခါတည်း ဖြည့်ထားရတယ်။ လူသိပဲများချင်တာ၊ Popular ပဲ ဖြစ်ချင်တာ၊ ဝေဖန်ရင်တော့ ပြင်းပြင်းထန်ထန် ရန်ပြန်တွေ့ပစ်မယ် လုပ်နေလို့မရဘူး။

 

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တချို့လူတွေဟာ ကလေးစိတ်မကုန်ကြသေးတာကို တွေ့ရတယ်။ ကလေးရဲ့ သဘာဝအရ ကောင်းတာတွေချည်း လိုချင်တယ်။ မကောင်းတာနည်းနည်းပါလိုက်ရင် မကြိုက်ကြတော့ဘူး။ တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါမှာတော့ ကလေးဘဝကလို အမြဲတမ်းအကောင်းတွေချည်း ဖြစ်မနေနိုင်ဘူးဆိုတာကို လက်ခံနိုင်အောင် ကြိုးစားလာရတယ်။ ဘယ်အလုပ်မဆို ပျော်စရာရှိသလို စိတ်ပျက်စရာတွေလည်းရှိတယ်။ ကောင်းတာရှိသလို ဆိုးတာလည်းရှိတယ်။ Positive ရှိသလို Negative လည်းရှိတယ်။ အဆီတွေနဲ့ ဝင်းနေသလို၊ သဲကလည်း တရှပ်ရှပ်ဖြစ်နေတယ်။ တစ်ခြမ်းကိုပဲ လိုချင်ပြီး တစ်ခြမ်းကို မကြိုက်ဘူး ငြင်းလို့မရဘူး။ အကုန်လုံးကို လက်ခံနိုင်စွမ်းရှိရတယ်။ ဒါကိုပဲ ပရိုပီသတယ်လို့ ခေါ်ကြတာ ဖြစ်တယ်။

 

အစိုးရဖြစ်ရင် ဝေဖန်ထောက်ပြခံရမယ်။ ဘောလုံးသမားဖြစ်ရင် အမြဲမပြတ် လေ့ကျင့်နေရမယ်၊ အနေအထိုင် ဆင်ခြင်ရမယ်။ Customer service ပေးတဲ့သူဟာ ကိုယ့်စိတ်ခံစားချက် ဘယ်လိုပဲဖြစ်နေပါစေ၊ မျက်နှာကို ပြုံးရွှင်နေအောင်၊ ဝယ်သူအပေါ် စိတ်ရှည်ရှည်ထားနိုင်အောင် ကြိုးစားထားရမယ်။တစ်ခုခုကို ကြီးကြီးမားမား ပြောင်းလဲပစ်ချင်တဲ့သူဟာလည်း ရှုံးနိမ့်မှုတွေ၊ စိတ်ပျက်စရာတွေနဲ့ ယဉ်ပါးနေအောင် လေ့ကျင့်ထားနိုင်ရမယ်။ အဲဒီလို ပြင်ဆင်မထားနိုင်ရင် အစောကတည်းက အဲဒီ အလုပ်ကို မလုပ်ခဲ့တာ ပိုကောင်းလိမ့်မယ်။

 

တစ်ခါတစ်လေမှာတော့ လူငယ်တွေဟာ အောင်မြင်နေတဲ့သူ တစ်ယောက်ကို ကြည့်ပြီး သူ့လို ဖြစ်ချင်ကြတယ်။ ဥပမာ ဘောလုံးသမား၊ အဆိုတော်၊ ဆရာဝန်၊ လုပ်ငန်းရှင် စသဖြင့်ပေါ့။ ဒါပေမဲ့ အဲ့လိုစီးပွားရေးလုပ်ငန်းရှင်ကြီးတော့ ဖြစ်ချင်ပြီး သူရင်ဆိုင်နေတဲ့ စိတ်ဖိစီးစရာတွေ၊ များပြားလှတဲ့ အလုပ်ချိန်တွေ၊ သူစိုက်ထုတ်ရတဲ့ အားအင်တွေကို သိရတဲ့အခါမှာ ကိုယ်ဟာ အဲဒီလို လူ မဖြစ်ချင်တော့ဘူး။

 

ဆရာဝန်ကြီးတော့ ဖြစ်ချင်ပြီး သူ့လိုမျိုး စိတ်ဖိစီးစရာတွေကိုတော့ မလိုချင်ဘူး။ ဒါဆိုရင်တော့ ကိုယ်ဟာ အဲဒါကို တကယ်နှစ်နှစ်ကာကာ လိုချင်နေတာမဟုတ်သေးဘူးလို့ သတ်မှတ်နိုင်ပါတယ်။

 

အောင်မြင်ချင်တယ်၊ မကြိုးစားချင်ဘူး။ နာမည်ကြီးချင်တယ်၊ ဒါပေမဲ့ အဲ့လိုဖြစ်လာဖို့ ဖြတ်သန်းရတဲ့ ခရီးကြမ်းကိုတော့ ကျွန်တော်တို့က မသွားချင်ဘူး။ ရေတွင်းက ခုမှတူးတုန်း၊ ရေကြည်က သောက်ချင်နေကြပြီ။ တကယ်တမ်းတော့ လူဟာတခုခုကို ဖြစ်ချင်လာပြီဆိုတဲ့အခါ ဘာကိုမှ မမှုတော့ပါဘူး။ ဒီအလုပ်ကို လုပ်မယ်ဆို ဒါတွေကြုံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့တောင် ခေါင်းမာမာနဲ့ ဆက်လုပ်နေဦးမယ် ဆိုတဲ့အလုပ်မျိုးကသာ ကိုယ်တကယ် Passion ရှိတဲ့အလုပ်မျိုး ဖြစ်ပါတယ်။ ဆရာတစ်ယောက် ပြောသလို ပြောရရင် ဂီတကို သိပ်ဝါသနာပါတဲ့ လူတစ်ယောက်ဟာ သူ့အခွေထွက်၊ သီချင်းတွေ ပေါက်၊ ပရိသတ်က အားပေးမှ ပျော်တာ မဟုတ်ဘူး၊ သူ့ဟာသူ သီချင်းတွေရေး၊ သီချင်းတွေ တီး၊ ဖန်တီးမှုတွေလုပ်နေရကတည်းကိုက ပျော်နေတာတဲ့။ သဘောက ပန်းတိုင်ရောက်မှ မဟုတ်ဘူး၊ ခရီးကြမ်းကို ဖြတ်နေရကတည်းက ပျော်နေတာ။ အဲဒီလို အလုပ်မျိုးကို ရှာဖို့လိုပါတယ်။

 

အစပိုင်းမှာ ပြောခဲ့တဲ့ စကားပုံကို ပြန်ကောက်ရရင် ဝက်ဖြစ်ချင်တယ်ဆို မစင် မကြောက်နဲ့။ အဲ တကယ်လို့ မစင်ကိုကြောက်နေပြီဆိုလည်း သေချာတယ်၊ ကိုယ်ဟာ တကယ် ဝက်ဖြစ်ချင်တာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဆောင်းပါးကို ပြန်ချုပ်ပြီးပြောရရင်တော့ အလုပ်တစ်ခုမှာ ပရိုပီသတယ်ဆိုတာဟာ ဒီအလုပ်ရဲ့ အကောင်းအဆိုးအားလုံးကို လက်သင့်ခံနိုင်စွမ်းကို ခေါ်တာဖြစ်ပြီး လူတွေပြောပြောနေတဲ့ Passion ဆိုတာကတော့ အကောင်းတွေဖြစ်နေချိန်မှာ ပျော်နေတာမျိုးမဟုတ်ဘဲ အဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ရှေ့ဆက်လျှောက်နေဦးမယ်ဆိုတဲ့ စိတ်ကို ခေါ်တာ ဖြစ်ပါတယ်။

 

Credit : ဒေါက်တာဖြိုးသီဟ

 

 

အဆိုးဘက္ျခမ္းကို လက္ခံႏိုင္ေအာင္ ျပင္ဆင္ထားပါ

ကြၽန္ေတာ္တို႔ေတြဟာ လုပ္ငန္းခြင္မွာ အရည္အေသြးပိုင္းအဆင္ေျပၾကတယ္ဆိုရင္ေတာင္ တကယ့္ကို အားနည္းေနေသးတဲ့ အပိုင္းကေတာ့ ပ႐ိုပီသမႈပါပဲ။ ေနာက္တစ္ခုကေတာ့ Passion (ျပင္းျပမႈ) မရွိတာပါ။ ဒီ Passion ဆိုတဲ့ စကားလုံးက ခုေနာက္ပိုင္းေတာ္ေတာ္ေလး ေခတ္စားလာပါတယ္။ ဒါေပမဲ့ အေျပာလြယ္သေလာက္ အလုပ္ခက္တာက အဲ့ဒီ Passion ဆိုတာႀကီးကို ရွာေတြ႕ႏိုင္ဖို႔ပါပဲ။ လူငယ္အမ်ားစုဟာ ကိုယ္ဘာဝါသနာပါမွန္း၊ ဘာျဖစ္ခ်င္မွန္း၊ ဘယ္ေနရာမွာ အားသာမွန္း မသိၾကဘူး။ အဲဒီလို သိေအာင္လည္း ပညာေရးစနစ္နဲ႔ ႏိုင္ငံေရးအေျခအေနကပံ့ပိုးမေပးဘူး။ ဒါေၾကာင့္ Professional နဲ႔ Passion နဲ႔ ပတ္သက္ၿပီး ဒီေဆာင္းပါးေလးက တစ္ဆင့္ ေဝမွ်ခ်င္ပါတယ္။

 

အားေတာ့နာပါတယ္၊ ထမင္းစားပ်က္သြားႏိုင္တဲ့ စကားပုံေလးတစ္ခုနဲ႔ ေဆာင္းပါးကို စဖြင့္ရမွာမို႔ပါ။ ‘ဝက္ျဖစ္မွေတာ့ မစင္ မေၾကာက္နဲ႔ေတာ့’ တဲ့။ ဒီစကားေလး ၾကားဖူးၾကမွာပါ။ အမ်ားအားျဖင့္ေတာ့ မထူးဇာတ္ခင္းလိုက္ ဆိုတာမ်ိဳး အဓိပၸာယ္ေပါက္ၾကပါတယ္။ ေလာင္းကစားနည္းနည္း လုပ္တယ္၊ ရႈံးသြားတယ္၊ မထူးပါဘူး မရပ္နဲ႔ေတာ့ ဆက္သာေလာင္းဆိုတာမ်ိဳး၊ ေကာင္မေလးတစ္ေယာက္ အဓမၼျပဳက်င့္ခံလိုက္ရတယ္၊ နင္လည္း အပ်ိဳမွ မဟုတ္ေတာ့တာပဲဆိုၿပီး ေ႐ႊၾကာလုပ္ခိုင္းတာမ်ိဳး၊ သူ႔ဂုဏ္သိကၡာကို တန္ဖိုးမထားေတာ့တာမ်ိဳးေတြမွာ ေျပာေလ့ရွိၾကပါတယ္။

 

ကြၽန္ေတာ္ကေတာ့ ေနာက္တစ္ဖက္ကေန လွည့္ေတြးၾကည့္မယ္။ ပေရာ္ဖက္ရွင္နယ္ အလုပ္တစ္ခုခ်င္းစီမွာ သက္ဆိုင္ရာအလိုက္ မေကာင္းတဲ့အပိုင္းေတြ၊ စိတ္ညစ္ရတဲ့အပိုင္းေတြဆိုတာ ရွိၾကတာပဲ။ ဥပမာ ကြၽန္ေတာ္ဆို အမ်ိဳးသမီးအေရးကိစၥနဲ႔ ပတ္သက္တဲ့ ေဆာင္းပါးေတြ အေရးမ်ားတယ္။ ဘာလို႔ဆိုေတာ့ ဒါဟာကိုယ့္ႏိုင္ငံ၊ ကိုယ့္အသိုင္းအဝိုင္းမွာ တကယ္ကိုလိုအပ္ေနတယ္လို႔ ယုံၾကည္လို႔။

ဟုတ္ၿပီ၊ အဲ့လိုေတြ ရပ္တည္ၿပီးေရးေတာ့မယ္ဆိုတဲ့အခါ စိတ္ထဲ ႀကိဳျပင္ဆင္ထားရတယ္။ ဒီလူက မိန္းကေလးေတြ ႀကိဳက္ေအာင္ ေရးေနတာပါကြာတို႔၊ ေပၚပင္ေတြ လိုက္ေရးတာပါတို႔ဆိုတဲ့ အသံေတြကို ခံႏိုင္ရည္ရွိဖို႔ပဲ။ ဒီလိုအေၾကာင္းအရာေရးရင္ ဒီလိုေျပာခံရႏိုင္တယ္။ အေျပာမခံႏိုင္ရင္ မေရးနဲ႔။ မရပ္တည္နဲ႔။ ေျပာရရင္ေတာ့ ဝက္ျဖစ္ခ်င္ရင္ မစင္မေၾကာက္နဲ႔။

 

တျခားပေရာ္ဖက္ရွင္ေတြမွာလည္း အဲဒီလိုပဲ။ စစ္သားအလုပ္ဟာ ဂုဏ္ယူစရာေကာင္းတယ္။ တိုင္းျပည္ကို ကာကြယ္ေနရတာကိုး။ (ေယဘုယ်သေဘာေျပာပါတယ္။) ျပည္သူျပည္သားေတြကလည္း ခ်စ္တယ္။ ဒါေပမဲ့ စစ္သားလုပ္မယ္ဆို တိုက္ပြဲက်ႏိုင္တယ္၊ ဒုကၡိတျဖစ္သြားႏိုင္တယ္ဆိုတဲ့ အဆိုးဘက္ကိုလည္း လက္ခံထားႏိုင္ဖို႔ လိုတယ္။ ဒါကိုေၾကာက္ေနရင္ စစ္သားမလုပ္နဲ႔။ စစ္သားလုပ္မယ္ဆိုလည္း ဒါကိုပဲ အေၾကာင္းျပမေနနဲ႔။ ဒါက စစ္သားတစ္ေယာက္အျဖစ္ ရပ္တည္မယ္ဆိုရင္ ပါကိုပါလာမယ့္ ကိစၥပဲ။

 

ဆရာဝန္ဘဝ၊ ပီတိျဖစ္စရာေကာင္းတယ္။ လူ႔အသက္ကို ကယ္ရင္း ကိုယ့္အသက္ေမြးရတာ။ လူေတြကလည္း ေလးစားခ်စ္ခင္ၾကတယ္။ ဒါေပမဲ့ အလုပ္ခ်ိန္ရယ္လို႔ သတ္သတ္မွတ္မွတ္မရွိႏိုင္တာ၊ လူ႔အသက္နဲ႔ အလုပ္လုပ္ရတာမို႔ စိတ္ဖိစီးမႈမ်ားတာ၊ အမွားအယြင္းမခံတာ၊ အၿမဲတမ္း ေဆးပညာအသစ္အသစ္ေတြကို ေလ့လာေနရတာ၊ ဒါေတြကလည္း ဆရာဝန္ဘဝမွာ ကပ္ပါလာၿပီးသား ျဖစ္တယ္။ လက္မခံႏိုင္ရင္ ဆရာဝန္ မလုပ္နဲ႔ေပါ့။

 

မီဒီယာအလုပ္ကို စတုတၳမ႑ိဳင္လို႔ တင္စားၾကတယ္။ သေဘာက အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးဆိုတဲ့ တိုင္းျပည္တစ္ခုရဲ႕မ႑ိဳင္ သုံးရပ္ကို သူက ေစာင့္ၾကည့္ရတာ၊ ျပည္သူကို ထိခိုက္ေစမယ့္ အရာေတြကို ေထာက္ျပရတာ၊ ျပည္သူကို အသိေပးရတာ၊ အျမင္ဖြင့္ေပးရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတစ္ခုရဲ႕ ဒီမိုကေရစီရွင္သန္ေရးမွာ မရွိမျဖစ္ ေဒါက္တိုင္အျဖစ္ သတ္မွတ္ထားၾကတယ္။ ဒါေပမဲ့ တစ္ဖက္မွာလည္း ဒီအလုပ္က လူမုန္းမ်ားတယ္။ အတိုက္အခိုက္မ်ားတယ္။ အစိုးရက အျပစ္ေပး၊ အေရးယူတာ ခံရႏိုင္တယ္။ မလိုတဲ့သူေတြက အသက္အႏၲရာယ္ေပးတဲ့အထိ ျဖစ္ႏိုင္တယ္။ ဒါေတြကို ထည့္စဥ္းစားၿပီး လက္ခံႏိုင္မွ တကယ့္မီဒီယာသမားစစ္စစ္ ျဖစ္လိမ့္မယ္။

 

အဆိုေတာ္ဘဝ၊ ေတြးၾကည့္ရင္ ေပ်ာ္စရာႀကီး။ ကိုယ္က လက္ေျမႇာက္ဆို ေျမႇာက္ၾကတယ္၊ ခုန္ဆို ခုန္ၾကတယ္၊ ကိုယ့္နာမည္ကို စင္ေအာက္ကေန ေအာ္ၿပီး အားေပးေနၾကတယ္။ ဒါေပမဲ့ အဲဒီလို နာမည္မႀကီးခင္ ေရသန႔္ဘူးဒဏ္ကို ခံရမယ္ (အဲဒီလို ေပါက္တာဟာ လက္မခံႏိုင္စရာ ျဖစ္ေပမယ့္ ဥပမာေပးထားတာ ျဖစ္ပါတယ္) အေဝဖန္ခံရမယ္။ ကိုယ့္အသံ၊ ကိုယ့္သက္လုံကို ထိခိုက္ေစမယ့္ အျပဳအမူေတြကို ေရွာင္ရွားရမယ္။ ဒါေတြကို ေၾကာက္ေနရင္ အဆိုေတာ္ မလုပ္တာ ေကာင္းတယ္။

 

ကိုယ့္နာမည္ကို လူပိုသိလာေလေလ မေကာင္းေျပာခံ၊ ေဝဖန္ခံရဖို႔ကလည္း ပိုမ်ားလာေလေလပဲ။ အရင္ကလူ ၁,၀၀၀ သိတယ္၊ ၁ ရာခိုင္ႏႈန္းက မေကာင္းေျပာရင္ လူ ၁၀ ေယာက္ပဲဆိုေပမယ့္ လူတစ္သိန္းက သိလာတဲ့အခါ ၁ ရာခိုင္ႏႈန္းက လူတစ္ေထာင္ ျဖစ္သြားတယ္။ ဒါေၾကာင့္ လူသိမ်ားခ်င္တဲ့သူဟာ ေဝဖန္ခံႏိုင္ျခင္းဆိုတဲ့ အရည္အေသြးကိုလည္း တစ္ခါတည္း ျဖည့္ထားရတယ္။ လူသိပဲမ်ားခ်င္တာ၊ Popular ပဲ ျဖစ္ခ်င္တာ၊ ေဝဖန္ရင္ေတာ့ ျပင္းျပင္းထန္ထန္ ရန္ျပန္ေတြ႕ပစ္မယ္ လုပ္ေနလို႔မရဘူး။

 

ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ တခ်ိဳ႕လူေတြဟာ ကေလးစိတ္မကုန္ၾကေသးတာကို ေတြ႕ရတယ္။ ကေလးရဲ႕ သဘာဝအရ ေကာင္းတာေတြခ်ည္း လိုခ်င္တယ္။ မေကာင္းတာနည္းနည္းပါလိုက္ရင္ မႀကိဳက္ၾကေတာ့ဘူး။ တျဖည္းျဖည္းအသက္ႀကီးလာတဲ့အခါမွာေတာ့ ကေလးဘဝကလို အၿမဲတမ္းအေကာင္းေတြခ်ည္း ျဖစ္မေနႏိုင္ဘူးဆိုတာကို လက္ခံႏိုင္ေအာင္ ႀကိဳးစားလာရတယ္။ ဘယ္အလုပ္မဆို ေပ်ာ္စရာရွိသလို စိတ္ပ်က္စရာေတြလည္းရွိတယ္။ ေကာင္းတာရွိသလို ဆိုးတာလည္းရွိတယ္။ Positive ရွိသလို Negative လည္းရွိတယ္။ အဆီေတြနဲ႔ ဝင္းေနသလို၊ သဲကလည္း တရွပ္ရွပ္ျဖစ္ေနတယ္။ တစ္ျခမ္းကိုပဲ လိုခ်င္ၿပီး တစ္ျခမ္းကို မႀကိဳက္ဘူး ျငင္းလို႔မရဘူး။ အကုန္လုံးကို လက္ခံႏိုင္စြမ္းရွိရတယ္။ ဒါကိုပဲ ပ႐ိုပီသတယ္လို႔ ေခၚၾကတာ ျဖစ္တယ္။

 

အစိုးရျဖစ္ရင္ ေဝဖန္ေထာက္ျပခံရမယ္။ ေဘာလုံးသမားျဖစ္ရင္ အၿမဲမျပတ္ ေလ့က်င့္ေနရမယ္၊ အေနအထိုင္ ဆင္ျခင္ရမယ္။ Customer service ေပးတဲ့သူဟာ ကိုယ့္စိတ္ခံစားခ်က္ ဘယ္လိုပဲျဖစ္ေနပါေစ၊ မ်က္ႏွာကို ၿပဳံး႐ႊင္ေနေအာင္၊ ဝယ္သူအေပၚ စိတ္ရွည္ရွည္ထားႏိုင္ေအာင္ ႀကိဳးစားထားရမယ္။တစ္ခုခုကို ႀကီးႀကီးမားမား ေျပာင္းလဲပစ္ခ်င္တဲ့သူဟာလည္း ရႈံးနိမ့္မႈေတြ၊ စိတ္ပ်က္စရာေတြနဲ႔ ယဥ္ပါးေနေအာင္ ေလ့က်င့္ထားႏိုင္ရမယ္။ အဲဒီလို ျပင္ဆင္မထားႏိုင္ရင္ အေစာကတည္းက အဲဒီ အလုပ္ကို မလုပ္ခဲ့တာ ပိုေကာင္းလိမ့္မယ္။

 

တစ္ခါတစ္ေလမွာေတာ့ လူငယ္ေတြဟာ ေအာင္ျမင္ေနတဲ့သူ တစ္ေယာက္ကို ၾကည့္ၿပီး သူ႔လို ျဖစ္ခ်င္ၾကတယ္။ ဥပမာ ေဘာလုံးသမား၊ အဆိုေတာ္၊ ဆရာဝန္၊ လုပ္ငန္းရွင္ စသျဖင့္ေပါ့။ ဒါေပမဲ့ အဲ့လိုစီးပြားေရးလုပ္ငန္းရွင္ႀကီးေတာ့ ျဖစ္ခ်င္ၿပီး သူရင္ဆိုင္ေနတဲ့ စိတ္ဖိစီးစရာေတြ၊ မ်ားျပားလွတဲ့ အလုပ္ခ်ိန္ေတြ၊ သူစိုက္ထုတ္ရတဲ့ အားအင္ေတြကို သိရတဲ့အခါမွာ ကိုယ္ဟာ အဲဒီလို လူ မျဖစ္ခ်င္ေတာ့ဘူး။

 

ဆရာဝန္ႀကီးေတာ့ ျဖစ္ခ်င္ၿပီး သူ႔လိုမ်ိဳး စိတ္ဖိစီးစရာေတြကိုေတာ့ မလိုခ်င္ဘူး။ ဒါဆိုရင္ေတာ့ ကိုယ္ဟာ အဲဒါကို တကယ္ႏွစ္ႏွစ္ကာကာ လိုခ်င္ေနတာမဟုတ္ေသးဘူးလို႔ သတ္မွတ္ႏိုင္ပါတယ္။

 

ေအာင္ျမင္ခ်င္တယ္၊ မႀကိဳးစားခ်င္ဘူး။ နာမည္ႀကီးခ်င္တယ္၊ ဒါေပမဲ့ အဲ့လိုျဖစ္လာဖို႔ ျဖတ္သန္းရတဲ့ ခရီးၾကမ္းကိုေတာ့ ကြၽန္ေတာ္တို႔က မသြားခ်င္ဘူး။ ေရတြင္းက ခုမွတူးတုန္း၊ ေရၾကည္က ေသာက္ခ်င္ေနၾကၿပီ။ တကယ္တမ္းေတာ့ လူဟာတခုခုကို ျဖစ္ခ်င္လာၿပီဆိုတဲ့အခါ ဘာကိုမွ မမႈေတာ့ပါဘူး။ ဒီအလုပ္ကို လုပ္မယ္ဆို ဒါေတြႀကဳံရႏိုင္တယ္ဆိုတာ သိသိႀကီးနဲ႔ေတာင္ ေခါင္းမာမာနဲ႔ ဆက္လုပ္ေနဦးမယ္ ဆိုတဲ့အလုပ္မ်ိဳးကသာ ကိုယ္တကယ္ Passion ရွိတဲ့အလုပ္မ်ိဳး ျဖစ္ပါတယ္။ ဆရာတစ္ေယာက္ ေျပာသလို ေျပာရရင္ ဂီတကို သိပ္ဝါသနာပါတဲ့ လူတစ္ေယာက္ဟာ သူ႔အေခြထြက္၊ သီခ်င္းေတြ ေပါက္၊ ပရိသတ္က အားေပးမွ ေပ်ာ္တာ မဟုတ္ဘူး၊ သူ႔ဟာသူ သီခ်င္းေတြေရး၊ သီခ်င္းေတြ တီး၊ ဖန္တီးမႈေတြလုပ္ေနရကတည္းကိုက ေပ်ာ္ေနတာတဲ့။ သေဘာက ပန္းတိုင္ေရာက္မွ မဟုတ္ဘူး၊ ခရီးၾကမ္းကို ျဖတ္ေနရကတည္းက ေပ်ာ္ေနတာ။ အဲဒီလို အလုပ္မ်ိဳးကို ရွာဖို႔လိုပါတယ္။

 

အစပိုင္းမွာ ေျပာခဲ့တဲ့ စကားပုံကို ျပန္ေကာက္ရရင္ ဝက္ျဖစ္ခ်င္တယ္ဆို မစင္ မေၾကာက္နဲ႔။ အဲ တကယ္လို႔ မစင္ကိုေၾကာက္ေနၿပီဆိုလည္း ေသခ်ာတယ္၊ ကိုယ္ဟာ တကယ္ ဝက္ျဖစ္ခ်င္တာ မဟုတ္ေသးပါဘူး။

 

ဒါေၾကာင့္ ေဆာင္းပါးကို ျပန္ခ်ဳပ္ၿပီးေျပာရရင္ေတာ့ အလုပ္တစ္ခုမွာ ပ႐ိုပီသတယ္ဆိုတာဟာ ဒီအလုပ္ရဲ႕ အေကာင္းအဆိုးအားလုံးကို လက္သင့္ခံႏိုင္စြမ္းကို ေခၚတာျဖစ္ၿပီး လူေတြေျပာေျပာေနတဲ့ Passion ဆိုတာကေတာ့ အေကာင္းေတြျဖစ္ေနခ်ိန္မွာ ေပ်ာ္ေနတာမ်ိဳးမဟုတ္ဘဲ အဆိုးေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာေတာင္ ေရွ႕ဆက္ေလွ်ာက္ေနဦးမယ္ဆိုတဲ့ စိတ္ကို ေခၚတာ ျဖစ္ပါတယ္။

 

Credit : ေဒါက္တာၿဖိဳးသီဟ

Read times
Rate this articles
(0 votes)