×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 22 December 2020

“သနားပါတယ်” ဆိုတဲ့အစား “ မင်းလည်းလုပ်နိုင်တယ်” ဆိုပြီး အမြင်လေးတွေ ပြောင်းကြည့်ရအောင်။

သနားပါတယ်” ဆိုတဲ့အစား “ မင်းလည်းလုပ်နိုင်တယ်” ဆိုပြီး အမြင်လေးတွေ ပြောင်းကြည့်ရအောင်။

 

"ဟယ် ဟိုကလေးလေးက စကားမပြောတတ်ဘူး။ သနားစရာလေးနော်။"
"သူကတော့ ခြေထောက်မသန်ဘူးလေ။ ကလေးဖြစ်ပြီး သူဘယ်လောက်ဝမ်းနည်းနေလိမ့်မလဲ။ သနားစရာကောင်းလိုက်တာ" စသဖြင့် မပြည့်စုံတဲ့ လူသားတော်တော်များများ ကို တွေ့ကြတဲ့အခါ ဒီလိုဒီပုံ သနားဂရုဏာသက်ကြပါတယ်။

လောကမှာ ဘယ်သူကမှ အရာရာပြည့်စုံနေတယ်ဆိုတာ မရှိကြပါဘူး။ မပြည့်စုံလို့ သနားကြေးဆို ကမ္ဘာကြီးတည်ရှိနေတာကတောင် သနားစရာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး မသနားကြပါနဲ့။

 

ဘာကြောင့်မသနားပါနဲ့ လို့ပြောရလည်းဆိုတာကို ဖတ်ဖူးတဲ့စာတစ်ပုဒ်နဲ့ သာဓကပြပါရစေ။

တစ်ခါက စတိုးဆိုင်ပိုင်ရှင်တစ်ယောက်က ဆိုင်ဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုချိတ်တယ်တဲ့။ “ခွေးပေါက်လေးများရောင်းရန်ရှိသည်” ဆိုတဲ့ဆိုင်းဘုတ်လေးပေါ့။ ဒါနဲ့ ကလေးတစ်ယောက်က အဲ့ကြော်ငြာဆိုင်းဘုတ်လေးတွေ့တော့ ခွေးလေးလိုချင်တာနဲ့ ဆိုင်ထဲဝင်လာပြီး “ခွေးလေးတစ်ကောင်ဘယ်လောက်လဲဗျ”ဆိုပြီး မေးတယ်တဲ့။ ဆိုင်ရှင်က “ဒေါ်လာ၃၀ က ၅၀ ထိ အစားစားရှိပါတယ်” လို့ ပြန်ဖြေတယ်တဲ့။

 

ကာင်လေးက သူ့အိတ်ထဲက အကြွေတွေိကို ထုတ်ပြီး “ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလား” လို့ ခွင့်တောင်းတော့ ဆိုင်ရှင်က လေချွန်လိုက်ပါတယ်။

အဲ့အခါ ခွေးမကြီးတစ်ကောင် ပြေးထွက်လာပြီး သူ့နောက်မှာ ခွေးပေါက်လေး ငါးကောင် တန်းစီလိုက်လာတာပေါ့။ ဒါပေမဲ့ နောက်ဆုံးက ခွေးပေါက်လေးကတော့ ထော့နဲ့ထော့နဲ့ နဲ့ နောက်ဆုံးလှမ်းလှမ်းကနေ လိုက်လာတယ်တဲ့။ အဲ့အခါ ကောင်လေးကစိတ်ဝင်စားသွားပြီး “ဘာကြောင့် အဲ့ခွေးလေးက ဒီလိုဖြစ်နေတာလဲ” လို့မေးသတဲ့။

 

“ခွေးလေးက မွေးရာပါ တင်ပဆုံမပါလို့ ခြေထောက်ထော့နဲ့နဲ့ဖြစ်နေကြောင်း ပြောပြတော့ ကောင်လေးက “ အဲ့ခွေးလေး ကျွန်တော့်ကိုရောင်းဗျာ” လို့ ဆိုသတဲ့။ ဆိုင်ရှင်က “ဟာ မဝယ်ပါနဲ့ မင်းလိုချင်ရင် ငါအလကားပေးပါ့မယ်” လို့ပြောတော့ ကောင်လေးက “ဘယ်ဟုတ်မလဲ။ အလကားပေးတာကျွန်တော်မယူဘူး။ ဒီခွေးလေးကလည်း တခြားခွေးလိုပဲ တန်ဖိုးရှိတယ်။ ကျွန်တော်တပြားသားမှမလျော့ဘဲ ဝယ်မယ်” လို့ စကားသံမာမာနဲ့ပြောသတဲ့။

 

အဲ့အခါ ဆိုင်ရှင်က “မင်းစိတ်ပျက်သွားလိမ့်မယ်။ ဒီခွေးလေးက မင်းနဲ့ ပြေးတိုင်းလိုက်တိုင်းဆော့နိုင်မှာမဟုတ်ဘူး” လို့ ဆိုတော့ ကောင်လေးက သူ့ရဲ့ခြေထောက်လေးကိုလှန်ပြလိုက်ပြီး “ကျွန်တော်လည်း မပြေးနိုင်ပါဘူး” လို့ ဆိုသတဲ့။ ကောင်လေးရဲ့ ဘယ်ဘက်ခြေထောက်က ဆိုးဆိုးဝါးဝါးသိမ်ခွေနေတာပါတဲ့။

 

ဒီ ဆောင်းပါးလေးက ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရစာအုပ်ထဲက ကောက်နှုတ်ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလို လွဲမှားတဲ့ "သနားခြင်း" တွေ အများကြီးရှိပါတယ်။

 

အထူးသဖြင့် ကိုယ်လက်အင်္ဂါချို့တဲ့သူ တွေကိုဆို ပိုလို့သနားတတ်ကြပါတယ်။ ဒါပေမယ့် သနားတယ် ဆိုတဲ့ အသုံးအနှုန်းက တစ်ဖက်သားရဲ့ ချို့တဲ့မှုကို အားနည်းချက်တစ်ခုအဖြစ် သတ်မှတ်လိုက်ရာရောက်ပါတယ်။ ဒါကြောင့် “မသနားကြပါနဲ့။ ကိုယ်ချင်းစာရင်ရပါပြီ။”

 

အထက်ကပြောခဲ့သလိုပဲ။ ပြည့်စုံတဲ့လူရယ်လို့ မရှိတဲ့အတွက် ချို့တဲ့နေတဲ့ လူတွေဟာလည်း လူထဲကလူပါပဲ။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူ့ရဲ့အရည်အချင်းသာဖြစ်တာမလို့ တစ်ပါးသူရဲ့ ရုပ်ပိုင်းဆိုင်ရာမပြည့်ဝမှုပေါ်မှာ “သနားပါတယ်” ဆိုပြီး ပယ်ထားမဲ့အစား “ မင်းလည်းလုပ်နိုင်တယ်” ဆိုပြီး လက်တွဲခေါ်ယူကြရအောင်။

 


ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရစာအုပ်လေးတွေကို ဖတ်ချင်ရင်တော့ ဒီ Link တွေကနေတစ်ဆင့် ဖတ်ရှုခံစားနိုင်ပါတယ်။

>>> ၁။နွလုံးသားအာဟာရ ရသစာစုမ်ား (၁) - https://www.mediafire.com/download/odfz96g2z4z8wis
>>> ၂။နွလုံးသားအာဟာရ ရသစာစုမ်ား (၂) - https://www.mediafire.com/download/grcp3ffiqlin52g
>>> ၃။နွလုံးသားအာဟာရ ရသစာစုမ်ား (၃) - https://www.mediafire.com/download/dpw69e4p7zojdgp

 

 

သနားပါတယ္” ဆိုတဲ့အစား “ မင္းလည္းလုပ္ႏိုင္တယ္” ဆိုၿပီး အျမင္ေလးေတြ ေျပာင္းၾကည့္ရေအာင္။

"ဟယ္ ဟိုကေလးေလးက စကားမေျပာတတ္ဘူး။ သနားစရာေလးေနာ္။"
"သူကေတာ့ ေျခေထာက္မသန္ဘူးေလ။ ကေလးျဖစ္ၿပီး သူဘယ္ေလာက္ဝမ္းနည္းေနလိမ့္မလဲ။ သနားစရာေကာင္းလိုက္တာ" စသျဖင့္ မျပည့္စုံတဲ့ လူသားေတာ္ေတာ္မ်ားမ်ား ကို ေတြ႕ၾကတဲ့အခါ ဒီလိုဒီပုံ သနားဂ႐ုဏာသက္ၾကပါတယ္။

ေလာကမွာ ဘယ္သူကမွ အရာရာျပည့္စုံေနတယ္ဆိုတာ မရွိၾကပါဘူး။ မျပည့္စုံလို႔ သနားေၾကးဆို ကမာၻႀကီးတည္ရွိေနတာကေတာင္ သနားစရာျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ေက်းဇူးျပဳၿပီး မသနားၾကပါနဲ႔။

 

ဘာေၾကာင့္မသနားပါနဲ႔ လို႔ေျပာရလည္းဆိုတာကို ဖတ္ဖူးတဲ့စာတစ္ပုဒ္နဲ႔ သာဓကျပပါရေစ။

တစ္ခါက စတိုးဆိုင္ပိုင္ရွင္တစ္ေယာက္က ဆိုင္ဝမွာ ဆိုင္းဘုတ္အသစ္တစ္ခုခ်ိတ္တယ္တဲ့။ “ေခြးေပါက္ေလးမ်ားေရာင္းရန္ရွိသည္” ဆိုတဲ့ဆိုင္းဘုတ္ေလးေပါ့။ ဒါနဲ႔ ကေလးတစ္ေယာက္က အဲ့ေၾကာ္ျငာဆိုင္းဘုတ္ေလးေတြ႕ေတာ့ ေခြးေလးလိုခ်င္တာနဲ႔ ဆိုင္ထဲဝင္လာၿပီး “ေခြးေလးတစ္ေကာင္ဘယ္ေလာက္လဲဗ်”ဆိုၿပီး ေမးတယ္တဲ့။ ဆိုင္ရွင္က “ေဒၚလာ၃၀ က ၅၀ ထိ အစားစားရွိပါတယ္” လို႔ ျပန္ေျဖတယ္တဲ့။

 

ကာင္ေလးက သူ႔အိတ္ထဲက အေႂကြေတြိကို ထုတ္ၿပီး “ကြၽန္ေတာ့္မွာ ၂ေဒၚလာနဲ႔ ၃၇ဆင့္ ရွိပါတယ္။ ေခြးေလးေတြ ကြၽန္ေတာ္ၾကည့္လို႔ရမလား” လို႔ ခြင့္ေတာင္းေတာ့ ဆိုင္ရွင္က ေလခြၽန္လိုက္ပါတယ္။

အဲ့အခါ ေခြးမႀကီးတစ္ေကာင္ ေျပးထြက္လာၿပီး သူ႔ေနာက္မွာ ေခြးေပါက္ေလး ငါးေကာင္ တန္းစီလိုက္လာတာေပါ့။ ဒါေပမဲ့ ေနာက္ဆုံးက ေခြးေပါက္ေလးကေတာ့ ေထာ့နဲ႔ေထာ့နဲ႔ နဲ႔ ေနာက္ဆုံးလွမ္းလွမ္းကေန လိုက္လာတယ္တဲ့။ အဲ့အခါ ေကာင္ေလးကစိတ္ဝင္စားသြားၿပီး “ဘာေၾကာင့္ အဲ့ေခြးေလးက ဒီလိုျဖစ္ေနတာလဲ” လို႔ေမးသတဲ့။

 

“ေခြးေလးက ေမြးရာပါ တင္ပဆုံမပါလို႔ ေျခေထာက္ေထာ့နဲ႔နဲ႔ျဖစ္ေနေၾကာင္း ေျပာျပေတာ့ ေကာင္ေလးက “ အဲ့ေခြးေလး ကြၽန္ေတာ့္ကိုေရာင္းဗ်ာ” လို႔ ဆိုသတဲ့။ ဆိုင္ရွင္က “ဟာ မဝယ္ပါနဲ႔ မင္းလိုခ်င္ရင္ ငါအလကားေပးပါ့မယ္” လို႔ေျပာေတာ့ ေကာင္ေလးက “ဘယ္ဟုတ္မလဲ။ အလကားေပးတာကြၽန္ေတာ္မယူဘူး။ ဒီေခြးေလးကလည္း တျခားေခြးလိုပဲ တန္ဖိုးရွိတယ္။ ကြၽန္ေတာ္တျပားသားမွမေလ်ာ့ဘဲ ဝယ္မယ္” လို႔ စကားသံမာမာနဲ႔ေျပာသတဲ့။

အဲ့အခါ ဆိုင္ရွင္က “မင္းစိတ္ပ်က္သြားလိမ့္မယ္။ ဒီေခြးေလးက မင္းနဲ႔ ေျပးတိုင္းလိုက္တိုင္းေဆာ့ႏိုင္မွာမဟုတ္ဘူး” လို႔ ဆိုေတာ့ ေကာင္ေလးက သူ႔ရဲ႕ေျခေထာက္ေလးကိုလွန္ျပလိုက္ၿပီး “ကြၽန္ေတာ္လည္း မေျပးႏိုင္ပါဘူး” လို႔ ဆိုသတဲ့။ ေကာင္ေလးရဲ႕ ဘယ္ဘက္ေျခေထာက္က ဆိုးဆိုးဝါးဝါးသိမ္ေခြေနတာပါတဲ့။

 

ဒီ ေဆာင္းပါးေလးက ဆရာေဖျမင့္ရဲ႕ ႏွလုံးသားအာဟာရစာအုပ္ထဲက ေကာက္ႏႈတ္ေဖာ္ျပထားတဲ့ ေဆာင္းပါးတစ္ပုဒ္ပါ။ ကြၽန္မတို႔ရဲ႕ ပတ္ဝန္းက်င္မွာလည္း ဒီလို လြဲမွားတဲ့ "သနားျခင္း" ေတြ အမ်ားႀကီးရွိပါတယ္။

 

အထူးသျဖင့္ ကိုယ္လက္အဂၤါခ်ိဳ႕တဲ့သူ ေတြကိုဆို ပိုလို႔သနားတတ္ၾကပါတယ္။ ဒါေပမယ့္ သနားတယ္ ဆိုတဲ့ အသုံးအႏႈန္းက တစ္ဖက္သားရဲ႕ ခ်ိဳ႕တဲ့မႈကို အားနည္းခ်က္တစ္ခုအျဖစ္ သတ္မွတ္လိုက္ရာေရာက္ပါတယ္။ ဒါေၾကာင့္ “မသနားၾကပါနဲ႔။ ကိုယ္ခ်င္းစာရင္ရပါၿပီ။”

အထက္ကေျပာခဲ့သလိုပဲ။ ျပည့္စုံတဲ့လူရယ္လို႔ မရွိတဲ့အတြက္ ခ်ိဳ႕တဲ့ေနတဲ့ လူေတြဟာလည္း လူထဲကလူပါပဲ။ လူတစ္ေယာက္ရဲ႕ တန္ဖိုးက သူ႔ရဲ႕အရည္အခ်င္းသာျဖစ္တာမလို႔ တစ္ပါးသူရဲ႕ ႐ုပ္ပိုင္းဆိုင္ရာမျပည့္ဝမႈေပၚမွာ “သနားပါတယ္” ဆိုၿပီး ပယ္ထားမဲ့အစား “ မင္းလည္းလုပ္ႏိုင္တယ္” ဆိုၿပီး လက္တြဲေခၚယူၾကရေအာင္။

 


ဆရာေဖျမင့္ရဲ႕ ႏွလုံးသားအာဟာရစာအုပ္ေလးေတြကို ဖတ္ခ်င္ရင္ေတာ့ ဒီ Link ေတြကေနတစ္ဆင့္ ဖတ္ရႈခံစားႏိုင္ပါတယ္။

>>> ၁။ႏြလုံးသားအာဟာရ ရသစာစုမ္ား (၁) - https://www.mediafire.com/download/odfz96g2z4z8wis
>>> ၂။ႏြလံုးသားအာဟာရ ရသစာစုမ္ား (၂) - https://www.mediafire.com/download/grcp3ffiqlin52g
>>> ၃။ႏြလံုးသားအာဟာရ ရသစာစုမ္ား (၃) - https://www.mediafire.com/download/dpw69e4p7zojdgp

Read times
Rate this articles
(0 votes)