×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Monday, 02 October 2017

အဆင့္အတန္းရွိတဲ့ လူတန္းစား

အဆင့္အတန္းရွိတဲ့ လူတန္းစား google.com

အဆင့္အတန္းရွိတဲ့လူတန္းစား ဆိုျပီး ေခါင္းစဥ္တပ္လိုက္တာနဲ႕ စဥ္းစားစရာ ေတြးစရာေလးေတြ ဝင္လာမွာပါ။ ဘဝအဆင့္အတန္းဆိုတာ ဘာနဲ႕ခြဲျခားသလဲ။ ေငြေၾကးပိုင္ဆိုင္မွဳနဲ႕လား…၊ ပညာေတြ ဘြဲ႔ထူး ဂုဏ္ထူးေတြနဲ႕လား…။

ဘယ္လိုလူမ်ိဳးေတြက အဆင့္အတန္းျမင့့္ျပီး ဘယ္လိုလူမ်ိဳးေတြက အဆင့္အတန္းနိမ့္တယ္လို႔ သတ္မွတ္ထားတာလဲ။ အားလံုးက လူေတြ အတူတူပဲ မဟုတ္လား။ ေစာဒကတက္ စရာပါ။

ဘဝအဆင့္အတန္းဆိုတာ လူေနမွဳအဆင့္အတန္းကို ဆိုလိုတာမဟုတ္ပါဘူး။ ကားအေကာင္းစား အိမ္အေကာင္းစားေတြ ပိုင္ဆိုင္တာကိုေျပာတာ မဟုတ္ပါဘူး။ စိတ္ဓါတ္နဲ႕ အသိဥာဏ္ကို ေျပာတာပါ။ အဆင့္အတန္းရွိတဲ့လူတန္းစား အဆင့္အတန္းျမင့္တဲ့လူတန္းစားဆိုတာ ယဥ္ေက်းမွဳ၊ အသိဥာဏ္၊ ခံစားမွဳ၊ ေမတၱာ၊ ကရုဏာ၊ ကိုယ္ခ်င္းစာတရား၊ အမွန္တရားကို သိျမင္နိုင္စြမ္းရွိျပီး လက္ခံက်င့္သံုးတဲ့ လူမ်ိဳးေတြပါ။

ပိုက္ဆံေတြ အရမး္ကို ခ်မ္းသာျပီး စိတ္ဓါတ္က ဟိုးေအာက္မွာ ရွိတဲ့သူေတြ ယဥ္ေက်းမွဳ မရွိတဲ့သူေတြကို အဆင့္အတန္းရွိတဲ့ လူေတြအျဖစ္ သတ္မွတ္လို႔ မရပါဘူး။ လူတစ္ေယာက္က အဆင့္အတန္းရွိလားဆိုတာ သူေျပာတဲ့စကား အသံုးအႏွဳန္း အျပဳအမူေတြကေန သိနိုင္ပါတယ္။ ကိုယ္ေကာင္းစားဖို႔အတြက္ တျခားဘယ္သူ႔ကုိမွ ဂရုစိုက္ စရာမလိုဘူး ကိုယ္အဆင္ေျပျပီး ၾကီးပြါးမယ္ဆိုရင္ ျပီးေရာဆိုတဲ့သူေတြ ကိုယ္ခ်င္းစာတရား မထားနိုင္တဲ့သူ ေတြ ေလာကၾကီးမွာ ရွိေနသမွ်ေတာ့ လွပတဲ့ ကမၻာၾကီး အဆင့္အတန္း ရွိတဲ့ ကမၻာၾကီးကို ကြ်န္ေတာ္တို႔ ပိုင္ဆိုင္နိုင္မွာ မဟုတ္ပါဘူး။

Recommended for you - ေျခာက္ျပစ္ကင္း သဲလဲစင္ အလုပ္ေခၚစာမ်ားႏွင့္ အလုပ္ရွာၾကသူမ်ား

ရွင္သန္ေနထိုင္တဲ့ ကမၻာၾကီးတူေပမယ့္ လူ ဆိုတာ တူေပမယ့္ ၾကီးျပင္းလာတဲ့ပတ္ဝန္းက်င္ မတူတဲ့အတြက္ ခံယူခ်က္ခ်င္း မတူတဲ့အတြက္ ျမင္တဲ့အျမင္ေတြ မတူတဲ့အတြက္ တစ္ေယာက္နဲ႕ တစ္ေယာက္ မတူနိုင္ၾက ေတာ့ဘူး။

လူတိုင္းက ကိုယ့္ရဲ႕စိတ္ ကိုယ္ပိုင္ဆိုင္တဲ့ အသိဥာဏ္နဲ႕ ကိုယ္ျမင္ရ၊ သိရ၊ ခံစားရတဲ့ ပတ္ဝန္းက်င္ ကိုယ့္ေလာကမွာပဲ ကိုယ္ေနၾကတာပါ။ စိတ္ဓါတ္ခ်င္း အသိဥာဏ္ျခင္း မတူရင္ ေလာကခ်င္းလည္း မတူနိုင္ပါဘူး။ အဆင့္အတန္းခ်င္းလည္း မတူနိုင္ပါဘူး။

ပတ္ဝန္းက်င္အသိုင္းအဝိုင္း၊ ယဥ္ေက်းမွဳ ဘာသာတရား၊ မိဘဆရာသမားတို႔ရဲ႕ သြန္သင္မွဳ၊ ကိုယ္ကိုယ္တိုင္ ေလ့က်င့္အားထုတ္မွဳေပၚမွာ မူတည္ျပီးေတာ့ ကိုယ့္ရဲ႕ ရပ္တည္ခ်က္က လူပီသတဲ့ လူသား အဆင့္အတန္းရွိတဲ့လူသား ျဖစ္နိုင္လားဆိုတာ ကြာျခားသြားမွာပါ။

Recommended for you - သရဲေၾကာက္တတ္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား

လူတစ္ဦးခ်င္းရဲ႕ အသိဥာဏ္နဲ႕ စိတ္ဓါတ္ အဆင့္အတန္း ယဥ္ေက်းမွဳေပၚ မူတည္ျပီးေတာ့ သူနဲ႕ထိုက္တန္သေလာက္ပဲ သူနားလည္နိုင္မွာပါ။ ယဥ္ေက်းမွဳဆိုတာဘာလဲ… ပန္းခ်ီ ပန္းပု အႏုပညာ ဂီတေလာက္ကိုပဲ ယဥ္ေက်းမွဳလို႔ ေျပာရင္ မျပည့္စံုပါဘူး။ ကိုယ့္စိတ္ထားနဲ႕ အသိဥာဏ္ကုိ ျမင့္မားေအာင္ လုပ္တာက ယဥ္ေက်းမွဳပါပဲ။

အဆင့္အတန္းျမင့္တဲ့ လူတန္းစား အဆင့္အတန္းရွိတဲ့ လူတန္းစားျဖစ္ခ်င္တယ္ဆိုရင္ေတာ့ စိတ္ထားနဲ႕ အသိဥာဏ္ကို ျမင့္မားေအာင္ ေလ့က်င့္ယူရမွာပါ။ ေလ့က်င့္ယူဖို႔အတြက္ဆိုရင္ စာေပေတြမ်ားမ်ားဖတ္ျပီး ကိုယ့္စိတ္ကို သတိနဲ႕ အျမဲျမင္ေအာင္ၾကည့္ေနမွ ရမွာပါ။ ကိုယ့္စိတ္ကို ျမင္ေအာင္ၾကည့္နိုင္ျပီဆိုတဲ့အခါ အေတြးဆိုးေတြ မေတြးျဖစ္နိုင္ေတာ့မွာပါ။

အဆင့္အတန္းဆုိတာကုိ နားလည္ျပီး အမွန္တကယ္ အဆင့္အတန္းရွိတဲ့ လူ ျဖစ္ပါေစလို႔ ဆႏၵျပဳရင္း…

Sayar.com.mm မွာရွိေသာ ဆရာ ဆရာမမ်ားႏွင့္ ဆက္သြယ္ျပီး မိမိတို႔ အနာဂတ္လွပျပီး ေအာင္ျမင္တဲ့သူေတြ ျဖစ္ဖို႔အတြက္ လိုအပ္တဲ့ အရည္အခ်င္းျဖည့္ဖို႔အတြက္ အခုပဲ လုပ္ေဆာင္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။

Scorpian

[Unicode Version]

အဆင့်အတန်းရှိတဲ့ လူတန်းစား
အဆင့်အတန်းရှိတဲ့လူတန်းစား ဆိုပြီး ခေါင်းစဉ်တပ်လိုက်တာနဲ့ စဉ်းစားစရာ တွေးစရာလေးတွေ ဝင်လာမှာပါ။ ဘဝအဆင့်အတန်းဆိုတာ ဘာနဲ့ခွဲခြားသလဲ။ ငွေကြေးပိုင်ဆိုင်မှုနဲ့လား…၊ ပညာတွေ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့လား…။ ဘယ်လိုလူမျိုးတွေက အဆင့်အတန်းမြင့့်ပြီး ဘယ်လိုလူမျိုးတွေက အဆင့်အတန်းနိမ့်တယ်လို့ သတ်မှတ်ထားတာလဲ။ အားလုံးက လူတွေ အတူတူပဲ မဟုတ်လား။ စောဒကတက် စရာပါ။
ဘဝအဆင့်အတန်းဆိုတာ လူနေမှုအဆင့်အတန်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကားအကောင်းစား အိမ်အကောင်းစားတွေ ပိုင်ဆိုင်တာကိုပြောတာ မဟုတ်ပါဘူး။ စိတ်ဓါတ်နဲ့ အသိဉာဏ်ကို ပြောတာပါ။ အဆင့်အတန်းရှိတဲ့လူတန်းစား အဆင့်အတန်းမြင့်တဲ့လူတန်းစားဆိုတာ ယဉ်ကျေးမှု၊ အသိဉာဏ်၊ ခံစားမှု၊ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရား၊ အမှန်တရားကို သိမြင်နိုင်စွမ်းရှိပြီး လက်ခံကျင့်သုံးတဲ့ လူမျိုးတွေပါ။
ပိုက်ဆံတွေ အရမး်ကို ချမ်းသာပြီး စိတ်ဓါတ်က ဟိုးအောက်မှာ ရှိတဲ့သူတွေ ယဉ်ကျေးမှု မရှိတဲ့သူတွေကို အဆင့်အတန်းရှိတဲ့ လူတွေအဖြစ် သတ်မှတ်လို့ မရပါဘူး။ လူတစ်ယောက်က အဆင့်အတန်းရှိလားဆိုတာ သူပြောတဲ့စကား အသုံးအနှုန်း အပြုအမူတွေကနေ သိနိုင်ပါတယ်။ ကိုယ်ကောင်းစားဖို့အတွက် တခြားဘယ်သူ့ကိုမှ ဂရုစိုက် စရာမလိုဘူး ကိုယ်အဆင်ပြေပြီး ကြီးပွါးမယ်ဆိုရင် ပြီးရောဆိုတဲ့သူတွေ ကိုယ်ချင်းစာတရား မထားနိုင်တဲ့သူ တွေ လောကကြီးမှာ ရှိနေသမျှတော့ လှပတဲ့ ကမ္ဘာကြီး အဆင့်အတန်း ရှိတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

Recommended for you - ခြောက်ပြစ်ကင်း သဲလဲစင် အလုပ်ခေါ်စာများနှင့် အလုပ်ရှာကြသူများ
ရှင်သန်နေထိုင်တဲ့ ကမ္ဘာကြီးတူပေမယ့် လူ ဆိုတာ တူပေမယ့် ကြီးပြင်းလာတဲ့ပတ်ဝန်းကျင် မတူတဲ့အတွက် ခံယူချက်ချင်း မတူတဲ့အတွက် မြင်တဲ့အမြင်တွေ မတူတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ကြ တော့ဘူး။
လူတိုင်းက ကိုယ့်ရဲ့စိတ် ကိုယ်ပိုင်ဆိုင်တဲ့ အသိဉာဏ်နဲ့ ကိုယ်မြင်ရ၊ သိရ၊ ခံစားရတဲ့ ပတ်ဝန်းကျင် ကိုယ့်လောကမှာပဲ ကိုယ်နေကြတာပါ။ စိတ်ဓါတ်ချင်း အသိဉာဏ်ခြင်း မတူရင် လောကချင်းလည်း မတူနိုင်ပါဘူး။ အဆင့်အတန်းချင်းလည်း မတူနိုင်ပါဘူး။
ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ယဉ်ကျေးမှု ဘာသာတရား၊ မိဘဆရာသမားတို့ရဲ့ သွန်သင်မှု၊ ကိုယ်ကိုယ်တိုင် လေ့ကျင့်အားထုတ်မှုပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့ ရပ်တည်ချက်က လူပီသတဲ့ လူသား အဆင့်အတန်းရှိတဲ့လူသား ဖြစ်နိုင်လားဆိုတာ ကွာခြားသွားမှာပါ။

Recommended for you - သရဲကြောက်တတ်သူများအတွက် နည်းလမ်းကောင်းများ
လူတစ်ဦးချင်းရဲ့ အသိဉာဏ်နဲ့ စိတ်ဓါတ် အဆင့်အတန်း ယဉ်ကျေးမှုပေါ် မူတည်ပြီးတော့ သူနဲ့ထိုက်တန်သလောက်ပဲ သူနားလည်နိုင်မှာပါ။ ယဉ်ကျေးမှုဆိုတာဘာလဲ… ပန်းချီ ပန်းပု အနုပညာ ဂီတလောက်ကိုပဲ ယဉ်ကျေးမှုလို့ ပြောရင် မပြည့်စုံပါဘူး။ ကိုယ့်စိတ်ထားနဲ့ အသိဉာဏ်ကို မြင့်မားအောင် လုပ်တာက ယဉ်ကျေးမှုပါပဲ။
အဆင့်အတန်းမြင့်တဲ့ လူတန်းစား အဆင့်အတန်းရှိတဲ့ လူတန်းစားဖြစ်ချင်တယ်ဆိုရင်တော့ စိတ်ထားနဲ့ အသိဉာဏ်ကို မြင့်မားအောင် လေ့ကျင့်ယူရမှာပါ။ လေ့ကျင့်ယူဖို့အတွက်ဆိုရင် စာပေတွေများများဖတ်ပြီး ကိုယ့်စိတ်ကို သတိနဲ့ အမြဲမြင်အောင်ကြည့်နေမှ ရမှာပါ။ ကိုယ့်စိတ်ကို မြင်အောင်ကြည့်နိုင်ပြီဆိုတဲ့အခါ အတွေးဆိုးတွေ မတွေးဖြစ်နိုင်တော့မှာပါ။
အဆင့်အတန်းဆိုတာကို နားလည်ပြီး အမှန်တကယ် အဆင့်အတန်းရှိတဲ့ လူ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း…
Sayar.com.mm မှာရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်ပြီး မိမိတို့ အနာဂတ်လှပပြီး အောင်မြင်တဲ့သူတွေ ဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းဖြည့်ဖို့အတွက် အခုပဲ လုပ်ဆောင်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Scorpian

Read times Last modified on Friday, 27 December 2019 16:06
Rate this articles
(1 Vote)