×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Tuesday, 03 October 2017

အခက္အခဲကုိယ္စီႏွင့္ ကိုယ္ပိုင္ဘဝမ်ား

အခက္အခဲကုိယ္စီႏွင့္ ကိုယ္ပိုင္ဘဝမ်ား google.com

ကိုယ့္မွာဘဲ အခက္အခဲေတြရွိတယ္မထင္နဲ ့၊ ေသာကေတြရွိတယ္မထင္နဲ ့၊ ဆင္းရဲမွူေတြရွိတယ္မထင္နဲ ့။ တစ္ေလာကလုံးမွာ ကိုယ့္လိုလူေတြအမ်ားၾကီးဆိုတာ ေတြးထားပါ။ အရင္ရွိခဲ့ဖူးတာ၊ ယခုရွိေနတာနဲ ့ ေနာင္ရွိလာေတာ့မယ္ဆိုတဲ့ အခ်ိန္သာကြာျခားပါတယ္။

ျပီးျပည့္စုံတဲ့ဘ၀မ်ိဳး သိပ္ရွာရခက္လိမ့္မယ္။ ကိုယ့္ပတ္၀န္းက်င္က လူေတြက အပူရုပ္ကို ဟန္လုပ္ေနၾကတဲ့ လူေတြမ်ားတယ္။ ဘ၀ေပးအေျခအေနနဲ ့လိုက္ျပီး အမ်ိဳးမ်ိဳးရင္ဆိုင္ေျဖရွင္းေနၾကရတယ္။ အခက္အခဲ ဆိုတာ ခ်ည္းကို ခံစားေနဖို ့အခ်ိန္ ဘ၀မွာသိပ္နည္းပါတယ္။
Recommended for you - အဆင့္အတန္းရွိတဲ့ လူတန္းစား
အခ်ိန္နဲ ့ဘ၀က သူ ့ဟာသူ ဟန္ခ်က္ညီေအာင္ရွိေနပါေစ၊ မိမိကအခက္အခဲ ေၾကာင့္ရတဲ့ ခံစားမွုၾကီး ကိုပိုက္ျပီး သြားအလုပ္မေပးသင့္ဘူး။ လက္ရွိထက္ နွစ္ဆပိုပန္းသြားနိုင္တယ္။ ေအာင္ျမင္မွုေတြဟာ အခက္အခဲေတြအျဖစ္ အေယာင္ေဆာင္လာတတ္တာကို သိထားရမယ္။

လူဆင္းရဲတစ္ေယာက္ဟာ လက္ထဲမွာ ၂၉ ေဒၚလာကို ကိုင္ျပီး ေသေလာက္ေအာင္စိတ္ညစ္ေနတယ္။ သူ ႔ဘ၀က မိသားစုကေတာင္ပစ္သြားတဲ့အထိ ဆိုးရြားခဲ့တာပါ။ သိပ္ေအးတဲ့ေရခဲနွင္းေတြၾကားမွာ အကၤ်ီအစုတ္ၾကီးကို၀တ္ လက္တစ္ဖက္က အေပါစားအရက္ၾကမ္း ပုလင္းတစ္၀က္ေလာက္ သာသာကိုကိုင္ျပီး ေအးမွန္းေတာင္ သူက သိပုံမရပါဘူး။

ေသနတ္ေရာင္းတဲ့ဆိုင္ေရွ ့ကိုေရာက္တဲ့အခါ ၂၉ ေဒၚလာတန္ တစ္လက္၀ယ္ဖို ့ဆုံးျဖတ္လိုက္တယ္။ အဓိပၸာယ္ မဲ့တဲ့သူ ့ဘ၀ကို သက္ေသဖို ့အထိေတြးထားလိုက္တာပါ။ ဒါေပမယ့္ သူမ၀ယ္ျဖစ္ပါဘူး။ လက္ထဲက ၂၉ ေဒၚလာ ကိုကိုင္ျပီး ျပန္ထြက္လာခဲ့တယ္။
Recommended for you -ဆင္းရဲမွဳနဲ႔ ေမြးဖြားလာတာ သင့္အမွား မဟုတ္ေပမယ့္ ဆင္းဆင္းရဲရဲနဲ႔ပဲ ေသသြားမယ္ဆုိရင္ေတာ့ သင့္အမွားပါ
ျပီးေတာ့ ဆက္ေလွ်ာက္လာရင္းနဲ ့စာအုပ္ဆိုင္ေရွ ့ေရာက္ေတာ့ သူ ့ဘ၀ရဲ့အနွစ္သက္ဆုံးစာအုပ္တစ္အုပ္ကို ၂၉ ေဒၚလာနဲ ့ေပး၀ယ္လိုက္တယ္။ သူနဲ ့အသင့္ေတာ္ဆုံးလို ့ေရြးခ်ယ္လိုက္တဲ့ ဒီစာအုပ္တစ္အုပ္ဟာ သူ ့ဘ၀ကိုလုံး၀ေျပာင္းလဲ ေပးနိုင္ခဲ့တယ္။ အဲ့ဒီဆင္းရဲသားကေတာ့ ေအာ္မန္ဒီနိုဆိုတဲ့ ကမၻာေက်ာ္ စာေရးဆရာ၊ ေဟာေျပာမွုေကာင္းတဲ့ ပညာရွင္တစ္ေယာက္ျဖစ္လာတာပါပဲ။

ေအာ္မန္ဒီနိုက ေသနတ္ကို ဘာလို ့မ၀ယ္ျဖစ္ခဲ့တာလဲဆိုေတာ့ သူ ့မွာ အေတြးေကာင္းေလးတစ္ခုရလိုက္လို ့ပါ။ ဒါကေတာ့ တစ္ေလာကလုံးမွာ ငါတစ္ေယာက္ပဲ ခုလိုအခက္အခဲေတြရွိေနတာလား။ အျခားသူေတြကေရာ မရွိၾကဘူးတဲ့လား။ လူတိုင္းအခက္အခဲ ျပႆနာေတြကိုယ္စီရွိေနနိုင္တယ္လုိ ့ေတြးမိလို ့ပါပဲ။

ဒီတြက္ေၾကာင့္ ကိုယ္ပဲဒုကၡေတြေရာက္ေနတယ္၊ ဆင္းရဲတြင္းနက္ေနတယ္လို ့မထင္ၾကပါနဲ ့။ ဆင္လည္း ဆင္အခက္အခဲ၊ ပုရြက္ဆိတ္လည္း ပုရြက္ဆိတ္အခက္အခဲေပါ့ေလ။ ကိုယ့္ခြန္အားနဲ ့ကိုယ္ ေျဖရွင္းေနၾကသူခ်ည္းပါ။ ကိုယ့္ဟာကိုယ္ အလုပ္ရွုပ္ခံ ခံစားမေနနဲ ့ေတာ့။ စိတ္ေၾကာင့္ နာက်င္မွုရွိတဲ့အခါ စိတ္ရဲ့ေပ်ာ္ရႊင္မွုေတြရွာျပီး ေျဖေဖ်ာက္နိုင္ေအာင္ ၾကိဳးစားပါ။ ကိုယ့္ဘ၀မွာ ကိုယ္ဟာပညာရွင္ပဲ၊ ကိုယ္ကိုတိုင္ပဲ ေျဖရွင္းမွုေတြလုပ္ၾကရမွာ ျဖစ္ပါတယ္။

Credit; Happy Man

[Unicode version]

ကိုယ့်မှာဘဲ အခက်အခဲတွေရှိတယ်မထင်နဲ ့၊ သောကတွေရှိတယ်မထင်နဲ ့၊ ဆင်းရဲမှူတွေရှိတယ်မထင်နဲ ့။ တစ်လောကလုံးမှာ ကိုယ့်လိုလူတွေအများကြီးဆိုတာ တွေးထားပါ။ အရင်ရှိခဲ့ဖူးတာ၊ ယခုရှိနေတာနဲ ့ နောင်ရှိလာတော့မယ်ဆိုတဲ့ အချိန်သာကွာခြားပါတယ်။

ပြီးပြည့်စုံတဲ့ဘဝမျိုး သိပ်ရှာရခက်လိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေက အပူရုပ်ကို ဟန်လုပ်နေကြတဲ့ လူတွေများတယ်။ ဘဝပေးအခြေအနေနဲ ့လိုက်ပြီး အမျိုးမျိုးရင်ဆိုင်ဖြေရှင်းနေကြရတယ်။ အခက်အခဲ ဆိုတာ ချည်းကို ခံစားနေဖို ့အချိန် ဘဝမှာသိပ်နည်းပါတယ်။

Recommended for you - အဆင့်အတန်းရှိတဲ့ လူတန်းစား

အချိန်နဲ ့ဘဝက သူ ့ဟာသူ ဟန်ချက်ညီအောင်ရှိနေပါစေ၊ မိမိကအခက်အခဲ ကြောင့်ရတဲ့ ခံစားမှုကြီး ကိုပိုက်ပြီး သွားအလုပ်မပေးသင့်ဘူး။ လက်ရှိထက် နှစ်ဆပိုပန်းသွားနိုင်တယ်။ အောင်မြင်မှုတွေဟာ အခက်အခဲတွေအဖြစ် အယောင်ဆောင်လာတတ်တာကို သိထားရမယ်။

လူဆင်းရဲတစ်ယောက်ဟာ လက်ထဲမှာ ၂၉ ဒေါ်လာကို ကိုင်ပြီး သေလောက်အောင်စိတ်ညစ်နေတယ်။ သူ ့ဘဝက မိသားစုကတောင်ပစ်သွားတဲ့အထိ ဆိုးရွားခဲ့တာပါ။ သိပ်အေးတဲ့ရေခဲနှင်းတွေကြားမှာ အင်္ကျီအစုတ်ကြီးကိုဝတ် လက်တစ်ဖက်က အပေါစားအရက်ကြမ်း ပုလင်းတစ်ဝက်လောက် သာသာကိုကိုင်ပြီး အေးမှန်းတောင် သူက သိပုံမရပါဘူး။

သေနတ်ရောင်းတဲ့ဆိုင်ရှေ ့ကိုရောက်တဲ့အခါ ၂၉ ဒေါ်လာတန် တစ်လက်ဝယ်ဖို ့ဆုံးဖြတ်လိုက်တယ်။ အဓိပ္ပာယ် မဲ့တဲ့သူ ့ဘဝကို သက်သေဖို ့အထိတွေးထားလိုက်တာပါ။ ဒါပေမယ့် သူမဝယ်ဖြစ်ပါဘူး။ လက်ထဲက ၂၉ ဒေါ်လာ ကိုကိုင်ပြီး ပြန်ထွက်လာခဲ့တယ်။

Recommended for you -ဆင်းရဲမှုနဲ့ မွေးဖွားလာတာ သင့်အမှား မဟုတ်ပေမယ့် ဆင်းဆင်းရဲရဲနဲ့ပဲ သေသွားမယ်ဆိုရင်တော့ သင့်အမှားပါ

ပြီးတော့ ဆက်လျှောက်လာရင်းနဲ ့စာအုပ်ဆိုင်ရှေ ့ရောက်တော့ သူ ့ဘဝရဲ့အနှစ်သက်ဆုံးစာအုပ်တစ်အုပ်ကို ၂၉ ဒေါ်လာနဲ ့ပေးဝယ်လိုက်တယ်။ သူနဲ ့အသင့်တော်ဆုံးလို ့ရွေးချယ်လိုက်တဲ့ ဒီစာအုပ်တစ်အုပ်ဟာ သူ ့ဘဝကိုလုံးဝပြောင်းလဲ ပေးနိုင်ခဲ့တယ်။ အဲ့ဒီဆင်းရဲသားကတော့ အော်မန်ဒီနိုဆိုတဲ့ ကမ္ဘာကျော် စာရေးဆရာ၊ ဟောပြောမှုကောင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်လာတာပါပဲ။

အော်မန်ဒီနိုက သေနတ်ကို ဘာလို ့မဝယ်ဖြစ်ခဲ့တာလဲဆိုတော့ သူ ့မှာ အတွေးကောင်းလေးတစ်ခုရလိုက်လို ့ပါ။ ဒါကတော့ တစ်လောကလုံးမှာ ငါတစ်ယောက်ပဲ ခုလိုအခက်အခဲတွေရှိနေတာလား။ အခြားသူတွေကရော မရှိကြဘူးတဲ့လား။ လူတိုင်းအခက်အခဲ ပြဿနာတွေကိုယ်စီရှိနေနိုင်တယ်လို ့တွေးမိလို ့ပါပဲ။

ဒီတွက်ကြောင့် ကိုယ်ပဲဒုက္ခတွေရောက်နေတယ်၊ ဆင်းရဲတွင်းနက်နေတယ်လို ့မထင်ကြပါနဲ ့။ ဆင်လည်း ဆင်အခက်အခဲ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အခက်အခဲပေါ့လေ။ ကိုယ့်ခွန်အားနဲ ့ကိုယ် ဖြေရှင်းနေကြသူချည်းပါ။ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်ခံ ခံစားမနေနဲ ့တော့။ စိတ်ကြောင့် နာကျင်မှုရှိတဲ့အခါ စိတ်ရဲ့ပျော်ရွှင်မှုတွေရှာပြီး ဖြေဖျောက်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝမှာ ကိုယ်ဟာပညာရှင်ပဲ၊ ကိုယ်ကိုတိုင်ပဲ ဖြေရှင်းမှုတွေလုပ်ကြရမှာ ဖြစ်ပါတယ်။
Credit; Happy Man

Read times Last modified on Friday, 27 December 2019 16:09
Rate this articles
(1 Vote)