×
Warning
JUser: :_load: Unable to load user with ID: 81428
Motivate
Thursday, 28 January 2021
“မင်းလုပ်နိုင်ပါတယ်” လို့ တစ်စုံတစ်ယောက်ကအားပေးတာကို ခံဖူးလား? ဘယ်လိုခံစားခဲ့ရလဲ?
“မင်းလုပ်နိုင်ပါတယ်” လို့ တစ်စုံတစ်ယောက်ကအားပေးတာကို ခံဖူးလား? ဘယ်လိုခံစားခဲ့ရလဲ?
ရင်ထဲမှာနွေးသွားတယ်မလား? ဒီလိုပဲ။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ သင့်ကို စိတ်အားထက်သန်စေတဲ့စကားလုံးလေးတွေကို ကြားနေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အတွေးနဲ့လက်တွေ့က ထပ်တူကျနိုင်စရာအကြောင်းတော့ရှိမှမရှိတာလေ။ နေ့စဉ်ဘဝမှာ သင့်ကို အားတက်စေမယ့်စကားလုံးတွေအစား သိမ်ငယ်နစ်မွန်းစေမယ့် စကားလုံးတွေကို သင်ပိုကြားရမှာပါ။ ဒါက ငြင်းလို့မရတဲ့အမှန်တရားပါပဲ။ ဒါဆို တစ်ချိန်လုံးစိတ်ဓာတ်ကျပြီး သိမ်ငယ်စိတ်တွေကြားမှာ နေရမှာလား။ နိုး လို့ပဲ ဖြေပါရစေ။ သင့်ကိုယ်သင် စိတ်ဓာတ်တက်ကြွအောင် လုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်။ သူတို့ဆီက မကြားရတဲ့ သင့်ရဲ့ စိတ်ဓာတ်ထက်သန်စေဖို့ စကားလုံးတွေကို သင်ကိုယ်တိုင်ရှာဖွေလိုက်ပါ။ သင်ကိုယ်တိုင်ရှာဖွေပြီး ဖတ်ပါ။ ဒီနေ့အတွက် သင့်မှာရှာဖို့အချိန်မရှိတော့ဘူး ဆိုရင် ကျွန်တော်ရှာဖွေထားတဲ့ စိတ်အားထက်သန်စေတဲ့ စကားလုံးလေးတွေကို မျှဝေပေးပါရစေ။
1. "People often say that motivation doesn't last. Well, neither does bathing -- that's why we recommend it daily." -Zig Ziglar
လူတွေက Motivation က မလိုဘူးလို့ပြောကြတယ်။ အဲ့တာဆို နေ့တိုင်းရေမချိုးနဲ့လေ။ ဒါကြောင့် Motivation ကို နေ့တိုင်းလိုအပ်တာပေါ့။
2. "Someday is not a day of the week." -Denise Brennan-Nelson
တစ်နေ့နေ့ ဆိုတာ ရက်သတ္တပတ်ထဲမှာ မပါဘူးနော်။
3. "Hire character. Train skill." -Peter Schutz
ပုံစံကို အလုပ်ခန့်ထား။ ကျွမ်းကျင်မှုကိုတော့ သေချာလေ့ကျင့်ပေါ့။
4. "Your time is limited, so don't waste it living someone else's life." -Steve Jobs
မင်းရဲ့အချိန်တွေကအကန့်အသတ်ရှိတယ်။ ဒါကြောင့် သူများတွေအတွက်နဲ့ မဖြုန်းတီးနဲ့။
5. "Everyone lives by selling something." -Robert Louis Stevenson
လူတိုင်းက တစ်ခုခုကို ရောင်းပြီးပဲအသက်ရှင်နေကြတာချည်းပါပဲ။
6. "The golden rule for every businessman is this: Put yourself in your customer's place." -Orison Swett Marden
စီးပွားရေးသမားတိုင်းအတွက် ရွှေရောင်စည်းမျဉ်းတစ်ခုက ကိုယ့်ကိုယ်ကို ဝယ်သူအနေနဲ့သဘောထားဖို့ပါပဲ။
7. "The key to life is accepting challenges. Once someone stops doing this, he's dead." -Bette
Davis
ဘဝမှာရှင်သန်နေဖို့ သော့ချက်က စိန်ခေါ်မှုတွေကိုဆက်တိုက်ကျော်ဖြတ်နေဖို့ပဲ။ မင်းရပ်လိုက်ပြီလား။ ဒါဆို မင်းသေပြီ။
8. "Energy and persistence conquer all things." -Benjamin Franklin
မင်းရဲ့ စွမ်းအားနဲ့ ခံနိုင်ရည်အားက အရာရာကို အောင်နိုင်တယ်။
9. "Formula for success: rise early, work hard, strike oil." -J. Paul Getty
အောင်မြင်ခြင်းအတွက်ဖော်မြူလာက စောစောတွေ့၊ များများကြိုးစား၊ အားပိုထည့် (အဆီပိုညှစ်) ဒါပဲ။
10. "Done is better than perfect." -Sheryl Sandberg
လုပ်နိုင်ပြီ ဆိုတဲ့စကားက ပြည့်စုံပြီ ဆိုတဲ့စကားထက် ပိုသာတယ်။
ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့ ဒီစကားလေးတွေက စာဖတ်သူအတွက် အားအင်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ အရှုံးမပေးဘဲ နေ့သစ်တစ်နေ့ကို အခုပဲ ပုံဖော်လိုက်ပါ။
Davis
Read times
Rate this articles
(0 votes)