×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 25 January 2022

လိပ်ကလေးရဲ့ စေတနာ

လိပ်ကလေးရဲ့ စေတနာ

 

တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာ မြေပြင်မှာ တွားသွားနေတယ်။

 

ဒါကိုလိပ်တစ်ကောင်ကတွေ့တော့ "ငါ့ကျော်ပေါ်တက်ပါ။ ငါခရီးကြုံပို့ပေးပါ့မယ်"လို့ ဆိုသတဲ့။

 

ခရုလေးက ကျေးဇူးတင်စကားဆိုပြီး လိပ်ကျော်ပေါ် တက်သွားခဲ့တယ်။ လိပ်ကျော်ပေါ် ခရုငယ်တက်သွားတော့ ကျောပေါ်မှာ တီကောင်တစ်ကောင်လည်း ရှိနေပါတယ်။

 

တီကောင်က ခရုငယ်ကို "သေချာထိုင်နော်။ သူသွားတာ တော်တော်မြန်တယ်" လို့ ပြောလိုက်ပါတယ်။

 

ဒီစာလေးကို ဖတ်ရတဲ့အချိန်မှာ ကူညီတတ်တဲ့လိပ်ရဲ့လေးစားအထင်ကြီးဖွယ် သဘောထား၊ တီကောင်လေးရဲ့ အထင်ကြီးအားကျပုံနဲ့ ခရုငယာ်ရဲ့ ကျေးဇူးတရားတွေနဲ့ ပြည့်နှက်နေတဲ့ မျက်ဝန်းလေးကို ခံစားမိပါတယ်။

 

ဒီပုံပြင်လေးကို ဖတ်ပြီး အချို့က "လိပ်က သူ့ကိုယ်တိုင်တောင် အင်အားမရှိ၊ တုန်ချိချိနဲ့ သွားနေရာပြီး ဒီလောက်နှေးတာတောင် အခြားသူကို ကူညီချင်နေသေးတယ်"လို့ ဝေဖန်အပြစ်တင်ကြတယ်။

 

တစ်ချို့ကလည်း ဒီပုံပြင်လေးကို ဟာသတစ်ပုဒ်အဖြစ် ခံစားတတ်ကြတယ်။

အချို့အချို့တွေကျပြန်တော့လည်း "တီကောင်ကို အမြင်မကျယ်တဲ့ တွင်းထဲက ဖားသူငယ်" "ခရုငယ်ကိုတော့ ကိုယ့်အားကိုယ်မကိုးချင်ဘူး။ အမြန်လိုတာကို လိပ်လိုနှေးတဲ့သူကို အကူအညီတောင်းတော့ အမြန်လို အနှေးဖြစ်ပြီလေ"ဆိုပြီး အပြစ်မြင်ကြပြန်ပါလေရော။

 

ဒီပုံပြင်လေးကိုဖတ်ပြီး လူငယ်တစ်ဦးပြောတဲ့စကားလေးကတော့ "လိပ်ကနှေးတယ်။ ဒါပေမယ့် တီကောင်နဲ့ ခရုငယ်ရဲ့အမြင်မှာတော့ သူကမြန်တယ်။ ကိုယ့်လောက်မစွမ်းသူကို ကူညီတာ၊ အကူအညီလိုတဲ့သူကို ကူညီတာဟာ ဘယ်လောက်ပဲ ကူညီနိုင်တာဖြစ်ပါစေ၊ ချစ်စရာလေးပါ" လို့ဆိုတယ်။

 

အများနဲ့မတူပဲ တမူထူးခြားစွာ ဒီဟာသလေးကိုခံစားတဲ့ ဒီလူငယ်လေးရဲ့ စကားလေးက ပုံပြင်ရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်သွားစေပါတယ်။

"တတ်စွမ်းသလောက်ကူညီတယ်၊ ကိုယ့်ထက်ခွန်အားနည်းသူကို ကူညီတယ်၊ အကူအညီလိုသူကို လက်တစ်ဖက်ကမ်းပေးတယ်။ ကူညီမှုက နည်းများမဆို အကူအညီလိုသူတွေအတွက် မွန်မြတ်ခြင်းတစ်ပါးပါ။"

 

"ဖယောင်းတိုင်ငယ်လေးက အလင်းက ဘယ်လောက်ထိ ဝေးဝေးလင်းနိုင်မလဲ။ ဒါပေမယ့် သူ့အနီးဝန်းကျင်က အမှောင်ကိုတော့ ခွင်းနိုင်ပါတယ်။"

 

Credit : Original Uploader

 

စာကြွင်း - www.sayar.com.mm အနေနဲ့လည်း အကုန်လုံးကို အလင်းရောင်မပေးနိုင်ပေမယ့် ကိုယ့်အနီးဝန်းကျင်မှာရှိတဲ့သူတွေကိုတော့ အလင်းရောင်ပေးနိုင်တန်ကောင်းပါရဲ့နော်။

Read times
Rate this articles
(0 votes)