×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Tuesday, 05 December 2017

စာဖတ္ျခင္းက သင့္ကို ဘယ္လိုထူးျခားတဲ့စြမး္အင္ေတြ ေပးနိုင္တယ္လို႔ထင္ပါသလဲ

စာဖတ္ျခင္းက သင့္ကို ဘယ္လိုထူးျခားတဲ့စြမး္အင္ေတြ ေပးနိုင္တယ္လို႔ထင္ပါသလဲ google.com

စာဖတ္ျခင္းက ဗဟုသုတတိုးပြါးဖုိ႔အတြက္ပဲလို႕ထင္ေနၾကပါတယ္။ တကယ္ေတာ့ စာဖတ္ျခင္းကေန ဗဟုသုတ တိုးပြါးရံုသာမက သင္မသိေသးတဲ့ အျခားေကာင္းမြန္တဲ့ရလဒ္ေတြအမ်ားၾကီး ရွိပါေသးတယ္။ ဒါေၾကာင့္ အားလပ္ခ်ိန္ေတြမွာ စာအုပ္ေလးေတြ ဖတ္ေပးပါ။

 

၁. ဦးေႏွာက္ကို ပိုမိုလွံု႕ေဆာ္ေပးနိုင္တယ္။

စာဖတ္ျခင္းဟာ သင့္ရဲ႕ဦးေႏွာက္ကုိ အလုပ္လုပ္ေစပါတယ္။ ဦးေနွာက္ဟာ ခႏၶာကုိယ္ရဲ႕ တျခားၾကြက္သားေတြလုိပဲ သင့္ေလ့က်င့္ခန္းလုပ္ေလ သင္ရဲ႕ၾကြက္သားေတြႀကီးထြားလာေလ ျဖစ္ပါတယ္။

Recommended for you - ေန႔လည္တေရးအိပ္တာက မွတ္ဥာဏ္ကို ေကာင္းေစတာလား ထိုင္မွိဳင္းေစတာလား

၂. စာဖတ္ျခင္းက အာရံုစူးစုိက္မွဳ အားေကာင္းေစပါတယ္။

ဘ၀မွာ တစ္ခုခုကို ေအာင္ျမင္ခ်င္တယ္ဆုိရင္ အာရုံစူးစုိက္မူရွိေနဖုိ႔က အရမ္းအေရးႀကီးပါတယ္။ သင္ဟာ စာအုပ္တစ္အုပ္ကုိ ဖတ္ေနတဲ့အခါမွာ စာရြက္ေပၚက စာလုံးေတြတုိင္းအေပၚကုိ အာရုံစူးစုိက္ထားၿပီး ဇာတ္လမ္းထဲမွာ ေမ်ာပါေနပါတယ္။ စာဖတ္ျခင္းဟာ သင့္ရဲ႕ အာရုံစူးစုိက္မူအက်င့္ကုိ အလြယ္တကူ ျပဳစု ပ်ဳိးေထာင္ေပးႏုိင္ပါတယ္။

၃. ဗဟုသုတမ်ားစြာ ၾကြယ္ဝေစတယ္။

စာအုပ္ဖတ္ျခင္းဟာ ဗဟုသုတၾကြယ္၀ေစၿပီး အေတြးအေခၚ ျမင့္တက္လာေစႏုိင္ပါတယ္။ စာအုပ္ေလး ဘယ္ေလာက္ပါးပါေစ သင္တစ္ခ်ိန္ခ်ိန္မွာ ျပန္လည္ အသုံးျပဳရမဲ့ အသိပညာေတြပါ၀င္ၿပီး သင္ စာမ်ားမ်ား ဖတ္ႏုိင္ေလ သင့္အတြက္ ပိုအက်ိဳးမ်ားေလ ျဖစ္ပါတယ္။

၄. စိတ္ဖိစီးမွဳ ေလ်ာ့က်ေစတယ္။

စာအုပ္ေကာင္းေကာင္း၊ ၀တၳဳေကာင္းေကာင္းတစ္အုပ္ဟာ သင့္ကုိ တျခားကမာၻတစ္ခုဆီ ဆြဲေခၚသြားႏုိင္ၿပီး  သင့္လက္ရွိဘ၀ရဲ႕ စိတ္ဖိစီးမူေတြကုိ ကုသဖုိ႕အတြက္ အေကာင္းဆုံး နည္းလမ္း တစ္ခုျဖစ္ပါတယ္။

Recommended for you - သင္က အိမ္မက္ေတြနဲ႕ ရွင္သန္ေနတာလား အိပ္မက္ေတြနဲ႕ အခ်ိန္ကုန္ေနတာလား

၅. စာဖတ္ျခင္းက ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစနိုင္ပါတယ္။

စာအုပ္တစ္အုပ္ကုိင္လုိက္တာနဲ႕ အိပ္ေပ်ာ္သြားတဲ့သူေတြ မ်ားစြာ ရွိတတ္ပါတယ္။ စာဖတ္တဲ့ အေလ့အက်င့္မရွိေသးၾကလုိ႕ျဖစ္ပါတယ္။ ဒါေပမယ့္ သင္ဟာ အိပ္ယာမ၀င္ခင္ စာအုပ္ကုိ နည္းနည္းပဲျဖစ္ျဖစ္ ဖတ္တတ္တဲ့အက်င့္ရွိမယ္ဆုိရင္ သင့္အိပ္စက္ခ်ိန္မွာ  ပုိၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏုိင္မွာ ျဖစ္ပါတယ္။

၆. လူေတြကို ပိုျပီးနားလည္ေပးနိုင္လာမယ္။

တျခားလူေတြရဲ႕အေတြ႕အႀကံဳေတြ၊ အခက္အခဲေတြကုိ ဖတ္ရူျခင္းဟာ ဘ၀မွာ တျခားလူေတြရဲ႕ အခက္အခဲေတြကုိ ပုိမုိသိလာၿပီး လူေတြကုိ ပုိမုိနားလည္တတ္လာပါတယ္။ လူတစ္ေယာက္ကုိ အေပၚယံၾကည့္ျပီး ေ၀ဖန္ဖုိ႕ကလြယ္ပါတယ္။ သို႔ေပမယ့္ သင္ဟာ စာအုပ္ေတြထဲကေန လူအမ်ားရဲ႕ အေတြ႕အႀကံဳမ်ိဳးစုံကို ဖတ္ထားမယ္ဆုိရင္ လူအမ်ိဳးမ်ိဳးကုိ ပုိၿပီး နားလည္ေပးတတ္ႏုိင္လာပါတယ္။

မိမိတို႔ သင္ၾကားလိုသည့္ ဘာသာရပ္မ်ားစြာကို အလြယ္တကူ ရွာေဖြလိုပါက ဒီ Link မွာ ရွိေသာ ဆရာမ်ားနဲ႕ တုိက္ရုိက္ ဆက္သြယ္ႏိုင္ပါတယ္။

ဆရာ၊ ဆရာမမ်ားသည္ မိမိသင္ၾကားေနသည့္ ဘာသာရပ္မ်ားကိုလည္း sayar.com.mm တြင္ အခမဲ့ register ျပဳလုပ္ႏိုင္ပါတယ္။

Source: shwemom

[Unicode Version]

စာဖတ်ခြင်းက ဗဟုသုတတိုးပွါးဖို့အတွက်ပဲလို့ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွါးရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေအများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်လေးတွေ ဖတ်ပေးပါ။
၁. ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင့်လေ့ကျင့်ခန်းလုပ်လေ သင်ရဲ့ကြွက်သားတွေကြီးထွားလာလေ ဖြစ်ပါတယ်။

Recommended for you - နေ့လည်တရေးအိပ်တာက မှတ်ဉာဏ်ကို ကောင်းစေတာလား ထိုင်မှိုင်းစေတာလား
၂. စာဖတ်ခြင်းက အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။
ဘဝမှာ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မူရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ သင်ဟာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အခါမှာ စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ မျောပါနေပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မူအကျင့်ကို အလွယ်တကူ ပြုစု ပျိုးထောင်ပေးနိုင်ပါတယ်။
၃. ဗဟုသုတများစွာ ကြွယ်ဝစေတယ်။
စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။ စာအုပ်လေး ဘယ်လောက်ပါးပါစေ သင်တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမဲ့ အသိပညာတွေပါ၀င်ပြီး သင် စာများများ ဖတ်နိုင်လေ သင့်အတွက် ပိုအကျိုးများလေ ဖြစ်ပါတယ်။
၄. စိတ်ဖိစီးမှု လျော့ကျစေတယ်။
စာအုပ်ကောင်းကောင်း၊ ၀တ္ထုကောင်းကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘဝရဲ့ စိတ်ဖိစီးမူတွေကို ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

Recommended for you - သင်က အိမ်မက်တွေနဲ့ ရှင်သန်နေတာလား အိပ်မက်တွေနဲ့ အချိန်ကုန်နေတာလား
၅. စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့ အလေ့အကျင့်မရှိသေးကြလို့ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ အိပ်ယာမဝင်ခင် စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ် ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။
၆. လူတွေကို ပိုပြီးနားလည်ပေးနိုင်လာမယ်။
တခြားလူတွေရဲ့အတွေ့အကြံုတွေ၊ အခက်အခဲတွေကို ဖတ်ရူခြင်းဟာ ဘဝမှာ တခြားလူတွေရဲ့ အခက်အခဲတွေကို ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဝေဖန်ဖို့ကလွယ်ပါတယ်။ သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြံုမျိုးစုံကို ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။
Source: shwemom

Read times Last modified on Monday, 30 December 2019 15:55
Rate this articles
(2 votes)