×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 19 September 2018

ပျော်ရွှင်ဖို့ဆိုတာ မခက်ခဲပါဘူး

ပျော်ရွှင်ဖို့ဆိုတာ မခက်ခဲပါဘူး google.com

ကျော်ဖြတ်လို့မရတဲ့ အခက်အခဲဆိုတာ မရှိပါဘူး၊ ကျော်ဖြတ်လို့ မရနိုင်တဲ့ စိတ်နေစိတ်ထားပဲ ရှိပါတယ်။ ဘဝမှာ တွေ့ကြုံနေရတဲ့ သောကတွေ၊ ဒုက္ခတွေ တော်တော်များများဟာ မိမိက လွှတ်မချနိုင်လို့ဖြစ်တယ်။

ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ နောင်တရဖို့ အချိန်မပေးသင့်ပါ။


လူ့ဘဝဆိုတာ စာရင်းရှင်းတမ်းတစ်ခုပါ။ သင်လိုချင်တာရော၊ မလိုချင်တာရော ရှင်းရှင်းလင်းလင်း တွက်ချက်တတ်တဲ့လူဟာ ဉာဏ်ရည်အလွန်ကောင်းသူများဖြစ်ကြပါတယ်။ တော်တဲ့လူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တွက်ချက်တတ်တဲ့သူများအဖို့ ဘဝရှင်းတမ်းရဲ့ အဖြေဟာ စိတ်သောကများစွာနဲ့ ဒုက္ခဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက တွက်ကပ်တဲ့လူဖြစ်လေလေ၊ ပေသီးအခေါက်ကောင်းလေလေ၊ ဒုက္ခတွေ့လေလေဖြစ်တယ်။ ရေတိုကာလမှာ အကျိုးအမြတ်ထွက်နိုင်ပေမဲ့ ရေရှည်မှာ ဒုက္ခအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။


အထီးကျန်တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွင်းစိတ်ထဲမှာ တံတိုင်းတည်ဆောက်နေလို့ပါ။ အထီးကျန်တာကို ပျောက်ကင်းချင်ရင် အတွင်းစိတ်ထဲမှာ ပေါင်းကူးတံတား တည်ဆောက်ပါ။ ဘဝမှာ ဆွဲဆန့်ထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။ အသက်ရယ်၊ အချိန်ရယ်၊ ပြီးတော့ အချစ်ရယ်ပါ။ ကျွန်တော်တို့လုပ်နိုင်တာကတော့ တန်ဖိုးထားခြင်းပါ။ အသက်ရှင်နေမှုကို တန်ဖိုးထားမယ်၊ ကျန်းမာအောင် စားသောက်မယ်၊ လေ့ကျင့်မယ်။ အချိန်ကို တန်ဖိုးထားမယ်၊ လေးစားမယ်။ အချိန်တိုင်း အကျိုးဖြစ်အောင် ကြိုးစားမယ်။ အချစ်ကို တန်ဖိုးထားမယ်၊ မိသားစုအပေါ်ထားတဲ့ ၅၂၈ အချစ်ရော၊ ဘဝအဖော် အပေါ်မှာထားတဲ့ ၁၅၀၀ အချစ်ရော၊ လုံးဝတန်ဖိုးထားပါမယ်။


ကျွန်တော်တို့ အမှားယွင်းဆုံးသော အပြုအမူတစ်ခုကတော့ ကျွန်တော်တို့ရဲ့ အဆိုးဝါးဆုံးသော ဒေါသနဲ့ အရင့်သီးဆုံးစကားကို ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံးနဲ့ အမြတ်နိုးဆုံး မိသားစုဝင်အပေါ် ပေါက်ကွဲစေခြင်းနဲ့ ပြောဆိုမိစေခြင်းဖြစ်ပါတယ်။ တစ်ခုခုကို ငြင်းဆိုဖို့ ရှိခဲ့ရင် ရိုးရှင်းလေ၊ ကောင်းလေပါ။ ဝေ့လည်ကြောင်ပတ် ပြောနေရင် အားနာမှုကြောင့်၊ သင်တစ်ခုခု အကြွေးတင်နေသလို ခံစားရလိမ့်မယ်။ အလကားနေရင်း စိတ်ညစ်မှုတိုးနေရအုံးမယ်။


အတိတ်က သောကဝေဒနာများနဲ့ အနာဂါတ်က စိုးရိမ်ကြောင့်ကြမှုများကို ပစ္စုပ္ပန်မှာရှိတဲ့ ပျော်ရွှင်ချမ်းမြေ့မှုအပေါ် အဟန့်အတား မဖြစ်ပါစေနှင့်။ ပျော်ရွှင်ချမ်းမြေ့ချင်ရင် မခက်ပါဘူး၊ ရောင့်ရဲနိုင်မယ်၊ လွှတ်ချနိုင်မယ်၊ မေ့ပျောက်နိုင်မယ်၊ ဒါပါပဲ။ ဘယ်သူမှ တစ်သက်လုံး ဒုက္ခဆင်းရဲမှု ရောက်နေမည်မဟုတ်ပါ။ တစ်ချိန်တစ်ခါတော့ ဒုက္ခဆင်းရဲမှုများ ကြုံတွေ့တတ်ပါတယ်။ လူတော်တော်များများဟာ တစ်ချိန်တစ်ခါရဲ့ ဒုက္ခဆင်းရဲမှုကို ရှောင်ကျဉ်နိုင်ဖို့ တစ်သက်လုံး ဒုက္ခရောက်သွားပါတော့တယ်။

 

Recommended for you - တက္ကသိုလ် စတက်ကြမည့်သူများ အမှတ်မီသည့် အခြားတက္ကသိုလ်သို့ ပြောင်းလိုပါက ပြောင်းနိုင်


စိတ်မောတယ်ဆိုတာ အသက်ရှင်ရပ်တည်ဖို့အတွက် တစ်ဝက်ပါမယ်။ သူများနဲ့ ယှဉ်ပြိုင်နေတာ တစ်ဝက်ပါမယ်။ ယှဉ်ပြိုင်တာကို လွှတ်ချနိုင်ရင်တော့ စိတ်တစ်ဝက်ပေါ့သွားတာပေါ့။ သင့်ကို နားလည်တဲ့သူများကို ရှင်းပြနေစရာမလိုပါ။ နားမလည်တဲ့လူ၊ နားမလည်ချင်တဲ့လူများကိုတော့ ရှင်းပြနေစရာ မလိုပါ။ ရှင်းပြလည်း အပိုဖြစ်နေလို့ပါ။


အကြောင်းအရာ သုံးပါး သင့်ကို မထိန်းကွပ်မိပါစေနှင့်၊ အတိတ်ရယ်၊ အခြားသူများရဲ့ ချမ်းသာမှုရယ်၊ ပြီးတော့ စိုးရိမ်ကြောင့်ကြမှုရယ်တို့ဖြစ်ပါတယ်။ စိတ်သောက ရောက်နေတဲ့အချိန်မျိုးမှာ စကားသုံးခွန်းကို သတိရပါ။ ရှိပါစေတော့၊ ကိစ္စမရှိပါဘူး၊ အားလုံးပြီးသွားမှာပါ။


အသက်ကြီးလာလေလေ၊ အသိမိတ်ဆွေ ပျောက်ဆုံးသွားမှုများလေလေ၊ ကျန်ခဲ့တဲ့လူတွေ အရေးကြီးလာလေလေဖြစ်ပါတယ်။ တန်ဖိုးထားပါ။ နားမလည်တဲ့အခါ လျှောက်မပြောပါနဲ့၊ နားလည်တယ်ဆိုရင်လည်း အလွန်အကျွံ မပြောပါနဲ့၊ စိတ်ရှုပ်တဲ့အခါကျရင် ဖြေးဖြေးပြောပါ။ ပြောစရာစကားမရှိရင် ပါးစပ်ပိတ်ထားပါ။


စိတ်သဘောငယ်ရင်၊ ငယ်တဲ့အမှု ကြီးသွားတတ်တယ်။ စိတ်သဘော ကြီးရင်၊ ကြီးတဲ့အမှု ငယ်သွားတတ်တယ်။ ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့ အမှုပပျောက်စေဆိုတာ ပြဿနာကို မီးထွန်းပြီးမရှာခိုင်းတာပါ။ ဖြစ်သင့်တာက ပြဿနာမရှိရင် ဘယ်တော့မှ ပြဿနာကို သွားမရှာပါနဲ့၊ ပြဿနာကြုံလာပြီဆိုရင် ဘယ်တော့မှ သွားမရှောင်ရှားမိပါစေနဲ့၊ ပြေးပြီသာ ရင်ဆိုင်လိုက်ပါ။ ပိုက်ဆံချမ်းသာရင် အလုပ်ကောင်းလုပ်ပါ။ ပိုက်ဆံမချမ်းသာရင် လူကောင်းတော့လုပ်ပါ။ ဘဝကို တန်ဖိုးရှိစေဖို့ပါ။

 

Recommended for you - အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုက ဘယ်လိုအရာနဲ့တန်ဖိုးခြင်းယှဉ်လို့ရမလဲ?

 

Recommended for you - 2018 - 2019 ပညာသင်နှစ် ၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ

 

Credit; Aung Ko Latt

Read times Last modified on Wednesday, 08 January 2020 14:48
Rate this articles
(1 Vote)