Tuesday, 19 May 2020 13:46

Steve Jobs ရဲ့ Apple ကို ပုံဖော်ထုဆစ်နိုင်ခဲ့တဲ့ အဓိက အချက်များ

Apple ကို ၁၉၇၆ ခုနှစ်က Steve Jobs နဲ့ Ronald Wayne တို့ မှ စတင်တည်ထောင်ခဲ့ပါတယ်။Apple ဟာ ယနေ့ခေတ်မှာဆိုရင် အဆင့်အတန်းမှီမှီ iPhone တွေထုတ်ပြီး နာမည်အတော်လေး ရနေတဲ့ Brand တစ်ခုပါ။

 

Apple ဟာ ယခုဆို ကြီးမားတဲ့ ပရိသတ် တစ်စုကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး ထိုသို့ ပိုင်ဆိုင်ထားရခြင်းမှာလည်း ၎င်း တို့ အနေနဲ့ အသည်းအသန်အားပေးသူများပြားလာရခြင်းမှာ ခေတ်ရှေ့ပြေး တဲ့ ဒီဇိုင်းနဲ့ features အသစ်တွေကြောင့်ပါပဲ။

 

၎င်းတို့ရဲ့ အားသာချက်က နည်းပညာပြောင်းလဲ လာခြင်းကို အမြဲ မျက်စိဖွင့် ပြီး သူ့ ပစ္စည်းရဲ့ အရေအသွေး ကို ထိန်းသိမ်းထားလို့ ဖြစ်မယ်သိရပါတယ်။အခြား ပြိုင်ဘက် မိုဘိုင်လ်းဖုန်းထုတ်တဲ့ လုပ်ငန်းစုတွေက Apple ကို လိုက်တုကြတယ် ဈေးတွေကို ဈေးကွက်မှာ

 

လျော့ ပေါ့ ပြီး တစ်ဝက်ဈေးနည်းနည်း နဲ့ ရောင်းကျတယ် သို့ပေမဲ့ ( Think Different / ကွဲပြားခြားနားစွာတွေးပါ ) ဆိုတဲ့ သူမတူအောင်အများ နဲ့ မတူတဲ့ Apple ကို ဘယ်သူမှ မကျော်နိုင်ခဲ့ပါဘူး Apple က သူ့ရဲ့ ပစ္စည်း အရည်အသွေးနဲ့ ဈေးကွက်ချဲ့ထွင်ရေး ဗျူဟာတွေကိုက ကောင်းမွန်လွန်းတာကိုး။

 

Apple ဟာ သူ့ Brand ကို ကမ္ဘာ့နေရာ အသီးသီး မှာ ဖြန့်ကျက်ထားပြီး နိုင်ငံ ၄၀ မှာ ရှိပါတယ် အရောင်းဆိုင်အားဖြင့် ၅၁၂ ဆိုင်ရှိပါတယ်။၎င်းရဲ့ iPhone ပထမ မျိုးဆက်ကို ၂၀၀၇ ခုနှစ်ထုတ်လုပ်ခဲ့ တာဖြစ်ပြီး ၊ ယခုဆို iPhone 11 Pro Max ထိတောင်ရောက်နေပါပြီ။

 

Online Store ကနေရောင်းချခြင်း

-----------------------------------------

 

၁၉၉၇ မှာ Steve Jobs က Apple ကို ပြန်လာခဲ့ပါတယ်။ Apple ကို ပြန်လာ ဆို သူတို့ လုပ်ငန်းစု နဲ့ Dell လုပ်ငန်းစု အချင်းများခဲ့လို့ပါ

 

ထိုစဉ် Dell ရဲ့ တည်ထောင်သူ ဖြစ်သူ နဲ့ CEO ဖြစ်သူ Michael Dell နဲ့ Apple ဘက်မှ စကားအနည်းငယ်ပြောခဲ့ပါတယ် ' Apple ကို ဘယ်လို ကောင်းအောင်လုပ်မယ် ' ဆိုတာကိုပေါ့။

 

ဒါကိုတောင်မှ Dell အနေနဲ့ သူ့ရဲ့ အစုရှယ်ရာငွေကိုသာ ပြန်လည်တောင်းယူခဲ့ပါတယ်။Dell ဟာ ထိုအချိန် တစ်ခေတ်တစ်ခါက အွန်လိုင်းဈေးရောင်း ခြင်း နဲ့ အောင်မြင်နေတဲ့ အချိန်ဖြစ်ပြီး ၎င်းတို့ Online Store ကို NeXT နဲ့ တည်ဆောက်ထားကာ ရောင်းနေချိန်ပဲဖြစ်ပါတယ်။

 

" အကယ်၍ သင်အနေနဲ့ သင်အရမ်း စိတ်အားထက်သန်ပြီး စိတ်နှစ်ထားတဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ,
သင့် ကို သင် တွန်းနေစရာ မလိုပါဘူး , သင့်ရဲ့ အမြင်တွေက သင့်ကို ဆွဲခေါ်သွားပါလိမ့်မယ် " ပြောကြားသူ Steve Jobs .

 

Steve က Apple ရဲ့ Founder ဖြစ်တဲ့ အလျှောက် Dell နဲ့ Apple စကားများ အချင်းပွား နေချိန် Apple ဆီကို ပြန်လာကာ NeXT က ဝန်ထမ်းအနည်းငယ်နဲ့ ၎င်းတို့ Online Store ကို သူကိုယ်တိုင် စိတ်နှစ်ကာ တည်ဆောက်ခဲ့ပါတယ်။

 

ထိုအချိန် Steve Jobs စိတ်ထဲမှာရှိတာက ဈေးကွက်နဲ့ အကျွမ်းတဝင်ရှိဖို့ နည်းလမ်းက အွန်လိုင်း ကနေရောင်းချ ချင်းသာ ဖြစ်တယ် ဒါ့ထက် အွန်လိုင်းအရောင်း လောက မှာ Dell ထက်ခြေတစ်လှမ်းသာနေရမယ်ဆိုတာပါပဲ ။

 

၁၉၉၇ ရဲ့ နိုဝင်ဘာလမှာ Apple ရဲ့ စာနယ်ဇင်းရှင်းလင်း ပွဲမှာ ၎င်းတို့ Online Store အကြောင်းကိုဖော်ပြသွားခဲ့ပါတယ်။

 

Apple ရဲ့ ပြောင်းလဲခဲ့တဲ့ အချက်များကို ပြောပြရမယ်ဆိုလျှင် -

 

၁ . ကြော်ငြာ ကိစ္စ ရပ်တွေအတွက် လိုအပ်ချက်ကို ထပ်တလဲလဲ တွေးပါ

 

၂ . ဈေးကစားခြင်းကို ရှောင်ကြည်ပြီး သင့်အတွက်သင့်လျော်တဲ့ ပမာဏကိုသာမက်မောပါ


၃ . သင့်ရဲ့ ဈေးကွက်မြှင့်တင်ရေးကိစ္စတွေနဲ့ သင့်ရဲ့ Product ကို ရိုးရိုရှင်းရှင်းလေးဖြစ်နေပါစေ


၄ . သင့်ကို အားပေးတဲ့ လူတစ်စု ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါ


၅ . ကာစတန်မာတွေရဲ့ ခံစားချက်ကို ရှေးရှုပြီး ဒီဇိုင်းလုပ်ဆောင်ပါ။


၆ . သင့် စိတ်ခံစားချက်အလိုက် ရည်မှန်းချက်ထားတတ်ပါစေ


၇ . သင့် Product ရဲ့ အသုံးပြုသူတွေနဲ့ Community တစ်ခု တည်ဆောက်ပါ။

 

ထို အချက်တွေဟာ Apple ရဲ့အချက်အလက်ဗျူဟာ များဖြစ်ပြီး ၎င်း တို့ လုပ်ငန်းစု အနေနှင့်လည်း ယခုလက်ရှိမှာ အသုံးပြု နေတယ်သိရပါတယ်။သုတ အဖြစ်ဖတ်ရှုသူအားလုံးအတွက်ရည်ရွယ်ပါတယ်။

 

<<< Zawgyi >>>

 


-------------------------------------------------------------------------

 


 


 


 


 


 


-----------------------------------------

 


 


 


 


 


 


 


 


 







၎ . သင့်ကို အားပေးတဲ့ လူတစ်စု ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါ







 


 

Ref ; People Magazine 

Saturday, 16 May 2020 17:09

Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs ရဲ့ ဘ၀ ပန်းချီကားချပ်ကိုဖော်ပြတဲ့ဇာတ်ကား

Steve Jobsလို့ဆိုလိုက်ရင် ထိပ်ပိုင်းပဲ့နေတဲ့ ပန်းသီးကို လူတိုင်းပြေးမြင်မိကြတယ်။ဒီBrandနဲ့သူနဲ့ကလည်း ခွဲလို့မရဘူး။
သူမကွယ်လွန်ခင်ကတည်းက နည်းပညာလောကမှာ Geniusလို့သတ်မှတ်ခံထားရတဲ့ ဒီလူအကြောင်းကိုတစ်လောကလုံးသိပြီးသားပါပဲ။ ၂၀၁၃ မှာ မင်းသားAshton Kutcherက စတိဗ်ဂျော့ဘ်အဖြစ်သရုပ်ဆောင်ထားတဲ့ Jobs ရုပ်ရှင် ထွက်ခဲ့ပြီးပြီ။ထင်သလောက် မအောင်မြင်ခဲ့ဘူး။

 

၂၀၁၅ မှာ Steve Jobsရုပ်ရှင်အတွက်အဓိက သရုပ်ဆောင်ရွေးတဲ့အခါ MichaelFassbenderကို ရွေးလိုက်တဲ့ အပေါ်
သဘောမကျခဲ့ဘူး။ Jobsတဲ့ ရုပ်မတူဘူးလို့ထင်မိတယ်။ စတိဗ်ဝါဇ်နီးယက်နေရာမှာSeth Rogenသရုပ်ဆောင်မှာကိုလည်းသဘောမကျခဲ့ဘူး။ Steve Jobsရုပ်ရှင်ရဲ့ဇာတ်လမ်းဖွဲ့ပုံကရှင်းရှင်းလေး Apple Macintosh,NeXT နဲ့ iMacကထုတ်ခဲ့တဲ့ အချိန် ၁၄ နှစ်ခရီးကို သုံးပိုင်းခွဲပြီး ရိုက်ပြထားတယ်။ ဒီအချိန်တွေဟာစတိဗ်ဂျော့ဘ်ရဲ့ ဘဝမှာ အချိုးအကွေ့တွေချည်းပဲ။

 

တစ်ကားလုံး မရပ်မနားစကားပြောတယ်။ရုပ်ရှင်တစ်ကားထက် ပြဇာတ်တစ်ပုဒ်နဲ့ပိုတူတယ်။စတိဗ်ဝါဇ်နီးယက် ဂျိုအန်နာဟော့မန်း ဂျွန်စကယ်လီလီဆာဘရန်န်တို့နဲ့ စတိဗ်ဂျော့ဘ်တို့ကြားကဆက်ဆံရေးတွေက တစ်ကားလုံးကိုသယ်သွားတာပဲ။

 

ဂျော့ဘ်နဲ့ဝါဇ်နီးယက်က လုပ်ငန်းထူထောင်ဘက်ပါတနာ စစ်စစ်တွေပါ။ သူတို့မှာ ဒီထက်ပိုတဲ့ခင်မင်တဲ့ဆက်ဆံရေးရှိတယ်။ ဝါဇ်နီးယက်ကနည်းပညာပိုင်းကို ပိုစိတ်ဝင်စားချိန်မှာဂျော့ဘ်က လုပ်ငန်းပိုင်းကို ပိုစိတ်ဝင်စားနေတယ်။ရှိတာလေးတွေရောင်းပြီး Apple ကို ဖန်တီးခဲ့တဲ့သူတို့နှစ်ယောက်ဟာ ခဏခဏ သဘောကွဲလွဲတယ်ရန်ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဆက်ဆံရေးကဝေးလျက်နဲ့ နီးတယ်။

 

ဝါဇ်နီးယက် - မင်းကဘာလုပ်တတ်လို့လဲ။ မင်းကနည်းပညာ ကျွမ်းကျင်သူလည်းမဟုတ်ဘူး။ဆားကစ်ဘုတ်ပြားတစ်ခုတောင်မထွင်တတ်ဘူး။ သံတစ်ချောင်းတောင်ဖြောင့်အောင်မရိုက်တတ်ဘူး။ Appleရဲ့ကွန်ပျူ တာကို ထွင်ခဲ့တာက ငါပါ။ဒါနဲ့များ စတိဗ်ဂျော့ဘ်က ဉာဏ်ကြီးရှင်ဆိုတာဘာလို့ တစ်နေ့ ၁၀ ခါလောက်ကြားနေရတာလဲ။ဂျော့ဘ် - ငါက ဂီတမှူ းလိုလူမျိုးလေ။ မင်းတို့ကတော့အတီးသမားတွေ။ မင်းကတော့တီးဝိုင်းရှေ့နားမှာထိုင်တဲ့လူ။


စတိဗ်ဂျော့ဘ်နဲ့ ဂျွန်စကယ်လီတို့ရဲ့ဆက်ဆံရေးကလည်း ထူးခြားတယ်။ Pepsi-Colaရဲ့CEO လုပ်နေတဲ့ ဂျွန်စကယ်လီကို စတိဗ်ဂျော့ဘ်ကAppleကို လာအောင်အရခေါ်ခဲ့တာပါ။စကယ်လီကို တခြားသူတွေထက်ပိုယုံပြီးသူဘယ်သူနဲ့မှမပြောချင်တဲ့ အစွန့်ပစ်ခံဘဝအကြောင်းတွေဂျော့ဘ်က ပြောပြတတ်တယ်။

 

ဂျော့ဘ်ရိုက်ခိုင်းလို့လီကလောင်းရိုက်ပေးတဲ့ ၁၉၈၄ ဝတ္ထုကိုမှီငြမ်းတဲ့ကွန်ပျူ တာကြော်ငြာကိစ္စကြောင့် ဘုတ်အဖွဲ့နဲ့ဂျော့ဘ် အကွဲအပြဲကြီးလာချိန်မှာ စကယ်လီကကြားနေဖို့ကြိုးစားခဲ့တယ်။ Macနဲ့ Lisaတို့ရဲ့ရောင်းအားမကောင်းတဲ့ ပြဿ နာတွေအပြင်Apple III စီမံကိန်းအပေါ် ဂျော့ဘ်ကသဘောတူတဲ့အတွက် ဘုတ်အဖွဲ့နဲ့ပြဿဿဿ နာတက်ပြီးစကယ်လီနဲ့ ဂျော့ဘ် တစ်ယောက်ယောက်ထွက်ဖို့မဲခွဲမယ်လို့ စိန်ခေါ်တဲ့အခါ သေးသေးတင်မခံတဲ့ဂျော့ဘ်က ရှုံးမယ်မှန်းသိပေမယ့် မဲခွဲခိုင်းတယ်။သူ့ဘက်မှာ သူဘာသာသူပေးတဲ့ တစ်မဲပဲရှိတယ်။

 

သူတည်ထောင်တဲ့ ကုမ္ပဏီက သူထွက်ခဲ့ရတယ်။ဂျွန်စကယ်လီမှာလည်း မစားသာပါဘူး။ အပြင်လူတွေရဲ့အမြင်မှာ ဂျော့ဘ်အထုတ်ခံရတဲ့ဖြစ်ရပ်ရဲ့ ဗီလိန်လိုဖြစ်ခဲ့ရပြီး ခြိမ်းခြောက်စာတွေပို့ခံရတယ်။အမြင်ကျယ်တဲ့ ဂျော့ဘ်က NeXTကို ဦးစီးပြီးAppleရဲ့ ပျော့ကွက်ကိုနင်းလိုက်တဲ့အခါAppleက NeXTကိုဝယ်ပြီး ဂျော့ဘ်ကိုCEOပြန်ခန့်ရတယ်။ ဂျွန်စကယ်လီကတော့ဒီမတိုင်ခင်မှာဘဲ အလုပ်ဖြုတ်ခံလိုက်ရပြီးအရှက်တကွဲဖြစ်ခဲ့တယ်။ Steve Jobsရုပ်ရှင်မှာဂျော့ဘ်နဲ့စကယ်လီတို့ အခြေအတင်ဖြစ်ကြတာတွေစကားများကြတဲ့အခန်းတွေက သရုပ်ဆောင်တွေရဲ့ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်မှုနဲ့ ရုပ်လုံးကြွနေတယ်။

 

စတိဗ်ဂျော့ဘ်နဲ့ သူ့သမီး လီဆာတို့ကြားကဆက်ဆံရေးတွေ စိတ်ခံစားချက်တွေကိုသရုပ်ဖော်ပုံမှာ Michael Fassbenderရဲ့သရုပ်ဆောင်ပိုင်နိုင်မှုကို အသေအချာတွေ့ရပါမယ်။ရည်းစားဟောင်း ခရစ်ရှန်ဘရန်နန်နဲ့ ရခဲ့တဲ့လီဆာဆိုတဲ့သမီးကို သူ့သမီးလို့မယုံတဲ့အပြင်ငယ်ငယ်ကတည်းက စွန့်ပစ်ခံရပြီးမွေးမိဘနဲ့ ကျွေးမိဘကြားထဲမှာ အခက်အခဲတွေနဲ့နေခဲ့ရတဲ့ ခံစားချက်ရှိသူဂျော့ဘ်ဟာ မထင်မှတ်ဘဲဖခင်ဖြစ်လာတဲ့အခါ ကသိကအောက်ခံစားရပုံကို Michael Fassbenderက ပေါ်လွင်အောင်သရုပ်ဆောင်ပြသွားတယ်။

 

မိသားစုရမှာကြောက်စိတ်အနီးဆုံးလူကို အဝေးဆုံးကို တွန်းပို့ထားချင်တဲ့စိတ်အခံတွေကြားထဲကနေ ဖခင်မေတ္တာလေးတစ်ချက်တစ်ချက် ထိုးထွက်လာပုံကို ရိုက်ပြတာသဘောကျဖို့ကောင်းပါတယ်။Biography dramaတွေရဲ့ ရိုက်ကူးမှုပုံစံပြောင်းလာတဲ့ခေတ်မှာ Steve Jobsရဲ့ဇာတ်ညွှန်းကအစ ထူးခြားမှုရှိတယ်။ Michael Fassbenderကိုကြည့်ရင်း Steve Jobsနဲ့တူလာတာကိုဝန်ခံရလိမ့်မယ်။ ဂျိုအန်နာဟော့မန်းအဖြစ်ဇာတ်ပို့ပေးခဲ့တဲ့ ကိတ်ဝင်းစလတ်ကတော့ဒီကားနဲ့ဆုတွေ အထပ်ထပ်ရခဲ့ပါတယ်။ဒီရုပ်ရှင်ထဲမှာအကြိုက်ဆုံး ဒိုင်ယာလော့ကတော့-

"စကြဝဠာထဲမှာ အမှတ်သညာတစ်ခုလုပ်လိုက်စမ်းပါ" တဲ့။

 

<<< Zawgyi >>>

 


----------------------------------------------------------------------------------------

 


 


 


 


 



 



 


 


 


 


 

Sayar Guide