Thursday, 26 March 2020 13:22
Jack ma (ဂျက်မား) ပြောတဲ့သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့ အရာ (၆) ခု
Jack ma (ဂျက်မား) ပြောတဲ့သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့ အရာ (၆) ခု
Alibaba ကုမ္ပဏီပိုင်ရှင် တရုတ်သန်းကြွယ်တစ်ယောက်ဖြစ်တဲ့ Jack ma ရဲ့ခေါင်းထဲကထုတ်ပစ်သင့်တဲ့ အဆိုအမိတ်(၆) ခုကိုဖော်ပြပေးလိုက်ပါတယ်။
Thursday, 10 October 2019 10:17
ဂျက်မားက လိုက်ပို့ပြီှးရှင်းပြရတာတွေအတွက် စရိတ်မတောင်းခံခဲ့ဘူး။
Recommended For You >>> ချမ်းသာချင်ရင် စွန့်လွှတ်ရမယ့် အလေ့အကျင့်ဆိုးများ
Unicode
"ဂျက်မား၏ လူငယ်ဘဝအား လေ့လာခြင်း"
ဂျက်မားလို့ဆိုလိုက်တာနဲ့ အလီဘာဘာလုပ်ငန်းစုကို တည်ထောင်ခဲ့တဲ့၊ တရုတ်ပြည်မှာ အင်တာနက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတာ လူတိုင်းသိကြမှာပါ။
အောင်မြင်သူတွေမှာ သူတပါးနဲ့ မတူ၊ ထူးခြားတဲ့ ဘဝရှုမြင်ပုံတွေနဲ့ စရိုက်လက္ခဏာတွေ ရှိတတ်ကြပါတယ်။
ဂျက်မားရဲ့ လူငယ်ဘဝဖြတ်သန်းခဲ့မှုမှာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေက နောင်တချိန် သူရဲ့ အောင်မြင်မှု လမ်းကြောင်းမှာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။
(၁) အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်ခြင်း
ဂျက်မားဟာ အင်္ဂလိပ်စာတတ်မြောက်လာဖို့ကို ၉နှစ်တိုင်တိုင် ကြိုးစားသင်ယူလေ့လာခဲ့ပါတယ်။
မနက် ၅နာရီမထိုးခင် အိပ်ယာထ၊ တိုးရစ်တွေရှိနေတဲ့ ဟိုတယ်တွေကိုသွား၊ သူတို့ကိုလည်ပတ်တဲ့နေရာတွေကို လိုက်ပို့၊ လိုက်ရှင်းပြပေးခဲ့တယ်။
ရလာဒ်အနေနဲ့ ပြန်ရတာက တိုးရစ်တွေက အင်္ဂလိပ်စာနဲ့ စကားပြောကို အလကားပြန်သင်ပေးခဲ့ကြတာပါပဲ။
အဲဒီမှာ ထူးခြားတဲ့အချက်က ရာသီဥတု ဘယ်လိုအခြေအနေရှိနေပါစေ သူက မပျက်မကွက်ပဲ နေ့တိုင်းသွားနေခဲ့တာပါ။
(၂) အပေးအယူ သဘောတရားကို နားလည်ခြင်း
ဂျက်မားက လိုက်ပို့ပြီးှရှင်းပြရတာတွေအတွက် စရိတ်မတောင်းခံခဲ့ဘူး။
သူသာ တောင်းခံခဲ့မယ်ဆိုရင် သူ့ရဲ့ လိုလားမှုဖြစ်တဲ့ နေ့တိုင်းအင်္ဂလိပ်စာနဲ့ ထိတွေ့မှု ရဖို့ဆိုတာ ဘယ်လွယ်နိုင်ပါမလည်း။
တစ်စုံတစ်ခုကိုလိုချင်ရင် ပေးဆပ်ရမယ်ဆိုတဲ့ သဘောတရားကိုနားလည်သလို ကိုယ်လိုချင်တဲ့အရာအတွက် ဘယ်အရာကို ပေးဆပ်ရမယ်ဆိုတာကိုလည်း သိနေခဲ့ပါသေးတယ်။
(၃) မိမိစိတ်ဝင်စားရာကို လေ့လာသင်ယူရာတွင် အရှက်၊ အကြောက်တရားကို ဘေးဖယ်ထားနိုင်ခြင်း
ဂျက်မားဒီလိုမျိုးတိုးရစ်တွေကိုလိုက်ပို့ရာမှာ ယုံကြည်လက်ခံတဲ့သူတွေရှိသလို မယုံကြည်ပဲ ငြင်းပယ်ခဲ့တဲ့ လူတွေနဲ့လည်း ကြုံတွေ့ခဲ့ရမှာပါ။ ဒါပေမယ့် ဂျက်မားဟာ သူစိတ်ဝင်စားရာ ဘာသာရပ်ကို လေ့လာရာမှာ အရှက်တရား၊
အကြောက်တရားတွေကို ဘေးဖယ်ထားပြီး ကိုယ်လိုချင်ရာ၊ လိုအပ်ရာကိုပဲ အာရုံစူးစိုက်ထားနိုင်ခဲ့တာပါ။
(၄) ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်း
ဂျက်မားရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမှုတွေကြောင့် အင်္ဂလိပ်စာ သင်ယူရာမှာ ပိုမိုအဆင်ပြေခဲ့သလို
အသက်(၂၀) ကျော်အရွယ်မှာပဲ နိုင်ငံရပ်ခြားသို့ သွားရောက်ဖို့ အခွင့်အလမ်းတစ်ရပ် ရရှိခဲ့ပါတယ်။
တစ်ကယ်လို့ သူသာ ဒီအခွင့်အရေးကို မရရှိခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ဖို့ ကိစ္စ အကူအညီတောင်းခြင်းခံခဲ့ရတဲ့အချိန်မှာ
လက်ခံဖို့ ဆုံးဖြတ်ရမှာ တွန့်ဆုတ်မှုတွေ ရှိရင် ရှိနေခဲ့မှာပါ။သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမှုတွေဟာ နောင်တချိန် တက္ကသိုလ်ပညာရေး
ဆုံးခန်းတိုင်ရောက်ဖို့နေရာမှာ အထောက်အပံ့ဖြစ်ခဲ့သလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာလည်း တပည့်တွေစီကနေ အထောက်အကူတွေ ရရှိခဲ့ပါတယ်။
Recommended For You >>> ချမ်းသာချင်ရင် စွန့်လွှတ်ရမယ့် အလေ့အကျင့်ဆိုးများ
(၅) အရှုံးနှင့် ရင်ဆိုင်ရသော်လည်း စိတ်ဓာတ်မကျခြင်း
ဂျက်မားဟာ တက္ကသိုလ်ဝင်ခွင့်ရဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ သူ့ရဲ့ ပထမဆုံး စာမေးပွဲမှာ သချာၤ (၁)မှတ်ပဲ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေ ရှိခဲ့တဲ့အတွက် တတိယအကြိမ် ဖြေဆိုရာမှာ အောင်မြင်ခဲ့ပါတယ်။ သူရဲ့ ကျရှုံးမှုကို စိတ်ဓာတ်မကျ၊ နောက်လှည့်မပြန်ပဲ
ကြိုးပမ်းတတ်တဲ့ စိတ်ဓာတ်တွေက နောင်တချိန် စီးပွားရေးလုပ်ကိုင်ရာမှာ အခက်အခဲတွေ တွေ့ကြုံလာခဲ့ရာမှာလည်း ခိုင်မာတဲ့ စိတ်ဓာတ်အဖြစ်နဲ့ အောင်မြင်စေခဲ့ပါတယ်။
(၆) အားနည်းချက်ကို ဖြည့်စည်းတတ်ခြင်း
ဂျက်မားဟာ တရုတ်သိုင်းပညာ ဖြစ်တဲ့ ထိုက်ချိသိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပါသေးတယ်။
သူ့ကို ရန်စအနိုင်ကျင့်မှုတွေကို တွန်းလှန်နိုင်တဲ့ အနေအထား၊ ပြိုင်ဖက်တွေကို အနိုင်တိုက်နိုင်တဲ့ အနေအထားတွေရှိခဲ့ပါတယ်။ သူဟာ လူကောင်သေးပါတယ်။
အဲဒီလိုအားနည်းချက်တစ်ခုကို ထိုက်ချိသိုင်းတတ်မြောက်မှုနဲ့ ဖြည့်စည်း ကာကွယ်ထားနိုင်ခဲ့ပါတယ်။
(၇) အရည်အချင်းတစ်ရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခြင်း
ဂျက်မားဟာ အရည်အချင်းတွေ အများကြီးနဲ့ ပြည့်စုံနေတဲ့သူမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ သူ့အရည်အချင်းဖြစ်တဲ့ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဆိုတာကို အသက်မွေးဝမ်းကျောင်းအဖြစ် နည်းလမ်းမျိုးစုံနဲ့ အသုံးချနိုင်ခဲ့ပါတယ်။
တက္ကသိုလ်မှာ ဆရာဖြစ်ခဲ့တယ်။ ကိုယ်ပိုင်အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်နိုင်ခဲ့တယ်။
အဲဒီလိုပဲ ဒီအရည်အချင်းကို အသုံးချပြီး ဘာသာပြန်လုပ်ငန်းကုမ္ပဏီထောင်ရာက စတင်ပြီး စီးပွားရေးလောကထဲကို ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ နောင်တချိန်မှာလည်း
ဒီအရည်အချင်းကြောင့် အမေရိကသွားဖို့အခွင့်အလမ်းပေါ်လာခဲ့သလို အင်တာနက်ဆိုတာကို စတင်ထိတွေ့ခွင့်ရရှိလာခဲ့တာပါ။
(၈) ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိခြင်း
သူဟာ ပညာရေးမှာ ဖြစ်စေ၊ စီးပွားရေးမှာ ဖြစ်စေ အလွယ်တကူနဲ့ အောင်မြင်လာခဲ့တာတော့ မဟုတ်ပါဘူး။
လူတိုင်း ကြုံရသလိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခဲ့တယ်။ ဒါပေမယ့် သူရဲ့ အရည်အချင်းတစ်ရပ်က ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိခြင်းပါ။
မအောင်မြင်ဘူး… အိုကေ… ထပ်ကြိုးစားမယ်… တစ်ချိန်မှာ အောင်မြင်လာမယ်ဆိုတဲ့ လူမျိုးပါ ဂျက်မားရဲ့ ငယ်ဘဝကို လေ့လာကြည့်တဲ့အချိန်မှာ သူဟာ သူတပါးတွေထက် ထူးချွန်လွန်း၊
ထက်မြက်လွန်းတဲ့ လူတော့ မဟုတ်ပါဘူး။ သာမန်လူတွေလိုပဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူတစ်ယောက်ပါ။
သာမန်လူတွေနဲ့ ကွာခြားသွားပြီး သူ့ကို အောင်မြင်စေခဲ့တဲ့ အချက်ကတော့ အခက်အခဲတွေ ကြုံတွေ့လာရင် လက်မလျှော့တဲ့ စိတ်ဓာတ်၊ ကိစ္စတစ်ခုကို အာရုံစူးစိုက်လေ့လာမှု၊
ကိုယ်ကိုကိုယ် အပြည့်အ၀ ယုံကြည်မှုတွေပါပဲ။ ကျွန်တော်တို့ဆိုရင်ကော…. ကိုယ်ဝါသနာပါ၊ စိတ်ဝင်စားတဲ့ အရာတစ်ခုကို ၉နှစ်လုံးလုံး တစ်ရက် မပျက်ပဲ အာရုံစူးစိုက်
လေ့လာနေခဲ့မယ်ဆိုရင်၊ အကြိမ်ကြိမ်ကျရှုံးမှုတွေကို အတွေ့အကြုံသင်ခန်းစာအဖြစ်ယူပြီး မဆုတ်မနစ်နဲ့ အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် …မအောင်မြင်မှုပဲ ရှိပါဦးမလားခင်ဗျ။
သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။
STI Myanmar University
sayar.com.mm
Monday, 08 April 2019 09:54
() သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို ပစ်ထားလေလေပါပဲ။
Monday, 25 March 2019 16:10
"ဂျက်မားပြောပြတဲ့ သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့အရာ ၆ ခု"
၁။သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။တစ်ချို့လူတွေကသူတို့ကို ဂရုစိုက်လေလေ၊