စာဘယ်လောက်ကျက်ကျက် မရဘူးဆိုတဲ့ ကလေးတွေကို စာသင်ယူလေ့လာရာမှာ တကယ် ထိရောက်စေမယ့် နည်းလမ်းကောင်းများကို မကျင့်သုံးမိတာကြောင့် ဖြစ်နိုင်ပါတယ်။
၁. စာကြည့်စားပွဲကို ရှင်းလင်းပါ။
စာကြည့်စားပွဲက ရှုပ်ပွမနေဘဲ ရှင်းလင်းနေဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် အာရုံထွေပြားစေတဲ့ ဖုန်း၊ ကွန်ပျူတာ၊ iPad စတာတွ မရှိသင့်ပါဘူး။ လုံးဝရှင်းလင်းနေတဲ့ စားပွဲပေါ်မှာ ကိုယ်လေ့လာမယ့် စာအုပ်စာတမ်းတွေကိုပဲ တင်ပြီး စာကြည့်ပါ။
၂. ထပ်ခါတလဲလဲ လေ့လာပါ။
တစ်ခုခုကို အကြိမ်များများနဲ့ ထပ်ပြန်တလဲလဲ လေ့လာလေလေ၊ မှတ်မိနိုင်စွမ်း ပိုများလေ ဖြစ်ပါတယ်။ ထပ်ခါတလဲလဲ လေ့လာပြီးတိုင်း ကိုယ်ဘယ်လောက် မှတ်မိသလဲဆိုတာကို ပြန်လည်ဆန်းစစ်တဲ့ အကျင့်လုပ်ပေးပါ။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၃. အစီအစဉ်တကျ လေ့လာပါ။
စနစ်တကျနဲ့ အစီအစဉ်တကျ သင်ယူလေ့လာတာက ပညာသင်ကြားရာမှာ အရေးပါတဲ့ အဓိက သော့ချက် ဖြစ်ပါတယ်။ စာကျက်တဲ့အခါ အရေးပါမှုအလိုက် ဘယ်သင်ခန်းစာပြီးရင် ဘယ်သင်ခန်းစာကို လေ့လာမယ်ဆိုတာမျိုး စနစ်တကျ လုပ်ဆောင်ပါ။ ဒါမှသာ ဟိုဟာကျက်ရမလို၊ ဒီဟာကျက်ရမလိုဖြစ်ပြီး ဗျာများကာ စိတ်ဖိစီးမှုများရတဲ့ အခြေအနေကနေ ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။
၎. အချိန်မဆွဲပါနှင့်။
စာကျက်ဖို့ နောက်ဆုံးအချိန်အထိ စောင့်ဆိုင်းနေတာမျိုးဟာ ဘာကိုမှ မှတ်လို့မရတော့တဲ့ အခြေအနေကို ရောက်သွားစေနိုင်ပါတယ်။ အထူးသဖြင့် အိပ်ခါနီးမှ စာအုပ်ကောက်ကိုင်တာမျိုးဟာ တကယ်တမ်းမှာ အလုပ်မဖြစ်ပါဘူး။ ညစာမစားခင် ဒါမှမဟုတ် ညစာစားပြီး စာကျက်တာက မှတ်မိနိုင်စွမ်း အကောင်းဆုံး ဖြစ်ပါတယ်။
၅. စာကြည့်စားပွဲနံရံတွင် သီအိုရီများ ရေးကပ်ထားပါ။
မြင်ပါများရင် မှတ်မိနိုင်စွမ်းပိုရှိလာပြီး စာမေးပွဲမှာ ကောင်းကောင်း ဖြေနိုင်ပါလိမ့်မယ်။ ထို့ကြောင့် သီအိုရီအတိုတွေကို စာကြည့်စားပွဲနံရံမှာ ကပ်ထားပေးပါ။
၆. သူငယ်ချင်းနှင့် ဆွေးနွေးပါ။
နားမလည်တဲ့ သင်ခန်းစာ ဒါမှမဟုတ် ကျက်ရခက်နေတဲ့ စာတွေကို လေ့လာတဲ့အခါ အဲဒီသင်ခန်းစာကို နားလည်တဲ့ သူငယ်ချင်းနဲ့ ဆွေးနွေးပေးပါက ထိရောက်မှုရှိပြီး အဆင်ပြေစေတဲ့ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
၇. တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် စာကျက်ပါ။
တစ်ချို့လူတွေက တေးဂီတဖွင့်ထားတဲ့ နေရာ ဒါမှမဟုတ် ဆူညံတဲ့နေရာတွေမှာ စာသင်ယူ လေ့လာလေ့ ရှိကြပါတယ်။ တကယ်တော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ သင်ယူလေ့လာသင့်ယူလေ့လာပါက ဦးနှောက်ရဲ့ သင်ယူလေ့လာ မှတ်သားနိုင်စွမ်းက ပိုမိုထိရောက်စေနိုင်ပါတယ်။
၈. အလင်းရောင် ကောင်းကောင်းရပါစေ။
အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စာသင်ယူလေ့လာတာကြောင့် ကျောင်းစာအပေါ် ပိုအာရုံစိုက် နိုင်ပါတယ်။ မှုန်မှိုင်းပြီး အလင်းရောင်ကောင်းကောင်းမရတဲ့ နေရာမှာ စာကျက်တာက အာရုံစူးစိုက်မှု အားနည်းကာ လေးလံထိုင်းမှိုင်း စေပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
Source: healthy life