×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 05 July 2017

ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပစာတွေဖတ်ဖို့ ဘယ်လို စာအုပ်မျိုး ရွေးချယ်ဖတ်သင့်လဲ

ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပစာတွေဖတ်ဖို့ ဘယ်လို စာအုပ်မျိုး ရွေးချယ်ဖတ်သင့်လဲ Google.com

ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပစာအုပ်များ ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းစာတွေ လုပ်နေရတာများတော့ အပြင်စာအုပ်ဆိုတာ ဘယ်လိုစာအုပ်မျိုးကို ဖတ်ရမလဲ ဖြစ်နေတတ်ပါတယ်။

မိမိကြိုက်နှစ်သက်တဲ့ စာအုပ်မျိုးဖြစ်စေနိုင်သော စာအုပ်များသာ ဖတ်ပါ။

၁. ဗဟုသုတများကို ရယူပါ။

ကျောင်းစာအပြင် ပြင်ပစာအုပ်များဖတ်တယ်ဆိုတာ ဗဟုသုတများကို ပိုမို သိရှိစေရန် ဖြစ်ပါတယ်။ ထို့ကြောင့် ကျောင်းသားများအနေဖြင့် မိမိ ကြိုက်နှစ်သက်တဲ့ အကြောင်းအရာများ၊ ဗဟုသုတ ဖြစ်စေမည့် စာအုပ်မျိုးကိုသာ ရွေးချယ် ဖတ်စေချင်ပါတယ်။ စာအုပ်စာပေများစွာ ဖတ်ရှုခြင်းသည် အသိပညာ၊ ဗဟုသုတ များစွာ တိုးတက်လာမှာ ဖြစ်ပါတယ်။

READ - အားလပ်ချိန်မှာ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

၂. ဘယ်စာအုပ်မျိုးကို စိတ်ဝင်စားမှုလဲဆိုတာ အရင်စဉ်းစားပါ။

စာအုပ်တစ်အုပ်ဝယ်တော့မယ်ဆိုရင် သင်အရင်ဆုံး စဉ်းစားရမှာကတော့ ငါက ဘယ်စာအုပ်ကို ကြိုက်တာလဲ၊ ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲဆိုတာ အရင်ဆုံး သိထားနေရမှာ ဖြစ်ပါတယ်။ ဥပမာ - သမိုင်းစာပေတွေ ဖတ်ရတာ သဘောကျတယ်ဆိုရင် သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်ဝယ်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ သမိုင်းများထဲမှာမှ သင်ကြိုက်နှစ်တဲ့ ကာလ၊ ခေတ်တွေ အကြောင်းကို ထပ်မံရွေးချယ်လို့ ရပါတယ်။

၃. ကောင်းမွန်သော အကြံဥာဏ်ယူပါ။

ဟိုစာအုပ်ဖတ်ရမလား၊ ဒီစာအုပ်ဖတ်ရမလား ဖြစ်နေတယ်ဆိုရင် သင်နဲ့ အကြိုက်ချင်းတူတဲ့ သူငယ်ချင်းများဆီက အကြံဥာဏ်ကောင်းများ ရယူပါ။ အကြိုက်ချင်းတူတယ်လို့ ခံစားရတဲ့ သူငယ်ချင်းက ပြောတတ်တဲ့ စာအုပ်များကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

READ - စာဖတ်ချိန်ရအောင် လုပ်ဆောင်နိုင်တဲ့ အချက် (၅) ချက်

Source: lwin pyin

Read times Last modified on Monday, 30 December 2019 09:25
Rate this articles
(1 Vote)