×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 29 March 2019

Master အရင်တက်ရမလား?? အလုပ်အရင်လုပ်ရမလား??

ခုခေတ်မှာ “ငါဘွဲ့ရပြီးရင် Master ဆက်တက်မှာ” ဆိုကြသူလေးတွေ ပိုပိုများလာကို တွေ့ရပါတယ်။ ဒီလို Master တက်ဖို့ ရည်ရွယ်ထားကြသူလေးတွေအနေနဲ့ ဇဝေဇဝါဖြစ်တတ်ကြတာကတော့ Master ပဲ

တစ်ခါတည်း ဆက်တက်ရမလား ဒါမှမဟုတ် မတက်ခင် အလုပ်အရင်ဝင်ရမလား ဆိုတာပါပဲ။

တချို့ကလည်း Master ပဲဆက်တက်ပါ ဆိုကြသူတွေ ရှိသလို တစ်ချို့ကျပြန်တော့လည်း အလုပ် အရင်လုပ်ပါ ဆိုတော့ ဘာရွေးရမှန်းမသိ ဖြစ်ကုန်ရောပေါ့။ ဒီလိုရွေးရခက်ခက် ဖြစ်နေကြသူလေးတွေ အတွက် Master အကြောင်း တစ်စေ့တစ်စောင်း ဆွေးနွေးကြည့်ရအောင်နော်။

နည်းပညာတွေလည်း တိုးတက်လာတယ်၊ ပညာရေးလည်း အများကြီး ပြောင်းလဲလာပြီ အခုနောက်ပိုင်း လူငယ်တွေအနေနဲ့ ဘွဲ့ရရုံနဲ့ မကျေနပ်ကြတော့ဘူး Master တက်မှာ၊ PHD ဆက်တက်မယ် နဲ့ ရည်မှန်းချက်တွေ ကြီးလာကြတာ တကယ်ကို ဝမ်းသာစရာပါပဲ။ ကိုယ်က Master ဘွဲ့ရတစ်ယောက် ဆိုရင် လစာလည်း ပိုကောင်းတယ်၊ တိုးတက်မယ့်လမ်း အခွင့်အရေးတွေလည်း အများကြီး ရှိတယ်၊ ကိုယ်နဲ့သက်ဆိုင်တဲ့ နယ်ပယ်မှာလည်း network တွေပိုကျယ်လာမယ်၊ ကျွမ်းကျင်မှုတွေ အသိပညာ ဗဟုသုတတွေ ပိုများလာမယ် ပြီးတော့ အနာဂတ်အတွက် စိတ်ချရတဲ့ ဘဝအာမခံချက်တစ်ခုလို ဖြစ်နေတော့ လူငယ်တွေ ဒီဘက်ပိုင်းမှာ ပိုအာရုံထားလာကြတာ မဆန်းပါဘူး။

Read More >>>>> စစ်မှန်တဲ့ ယှဉ်ပြိုင်မှုဆိုတာ

ဒါပေမယ့် Master မတက်ခင် စဉ်းစားသင့်တာလေးတွေ ရှိနေပါသေးတယ်။ ကိစ္စတစ်ခုခု မလုပ်ခင် အဲ့ကနေ ရမယ့် အမြတ်ချည်းပဲ တွက်ထားလို့ မရဘူးလေ။ အရှုံးကိုလည်း ကြိုတင်စဉ်းစားထားမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာပေါ့။ Master ဆိုတာကို ပေါ့ပေါ့လေး တွေးထားလို့ မရပါဘူး တကယ်ကို စိတ်ရော ကိုယ်ရော နှစ်ပြီး ကြိုးစားရမှာပါ။

အချိန်တန်တာနဲ့ အောင်သွားမှာ မဟုတ်ပါဘူး၊ solid ဆိုတာတွေလည်း မရှိပါဘူး၊ ဆရာကလည်း ကူမယ်မထင်ပါနဲ့ လမ်းကြောင်းပဲ ပြပေးမှာပါ ဘာမှလိုက်မလုပ်ပေးပါဘူး။ ကိုယ့်ဘာသာ စာတွေအများကြီးဖတ်ရမယ်၊ ကိုယ်တိုင် လေ့လာရမယ် မှတ်ထားရမယ်၊ သင်ယူရမယ်၊ Self-study လုပ်ရမယ် အကုန်လုံးကို ကြည့်ရမယ် ဒီလိုခက်ခက်ခဲခဲ ကြိုးစားရမှာပါ။ Master ဘွဲ့ဆိုတာက ပိုအဆင့်မြင့်သွားပြီမို့ ထိုက်တန်တဲ့ ကြိုးစားမှုတန်ဖိုးတွေ ပေးဆပ်မှဖြစ်ပါမယ်။

အခုနောက်ပိုင်းဆို Master ဘွဲ့ရတွေက ပိုပိုများလာတာကို သတိပြုမိကြမှာပေါ့။ အဲလိုများလာတာနဲ့အမျှ အလုပ်ရှင်တွေက ဘွဲ့လက်မှတ်တစ်ခုတည်းကို မကြည့်ကြတော့ပါဘူး။ အရင်လို Master မြင်တာနဲ့ ဝမ်းသာအားရ အလုပ်တန်းမခန့်ကြတော့ပါဘူး။ အရည်အချင်းတွေ အလုပ်အတွေ့အကြုံတွေကို အများကြီး အကဲဖြတ်လာကြပါတယ်။

ဒါ့ကြောင့်လည်း အလုပ်ခေါ်စာတွေမှာ Master ဘွဲ့ရဖြစ်ရမယ် ဆိုရင်တောင် အတွေ့အကြုံဘယ်လောက်ဆိုတာက အမြဲလိုလို ကပ်ပါနေတာလေ။ အတွေ့အကြုံမရှိတာနဲ့ အလုပ်မရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ရတော့ရပါလိမ့်မယ် ဒါပေမယ့် အလုပ်ရှင်တွေဘက်က အတွေ့အကြုံရှိတဲ့ Master ဘွဲ့ရတွေကို ပိုလိုလားလာတာကတော့ အမှန်ပဲလေ။

တစ်ချို့တက္ကသိုလ်တွေက Master တက်ဖို့ဆို အလုပ်အတွေ့အကြုံရှိမှ လက်ခံတာမျိုး ရှိပါတယ် ဒီလိုဆိုရင်တော့ အဆင်ပြေတာပေါ့ Master တက်ရဖို့ အလုပ်အရင်လုပ်လိုက်တယ်၊ အတွေ့အကြုံလည်း ရှိသွားတယ် Master လည်းရမယ် အတွေ့အကြုံလည်း ရပြီးသားဖြစ်သွားမယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ Master အရင်တက်ရမလား အလုပ်အရင်ဝင်ရမလား တွေဝေနေစရာမလိုတော့ဘူးလေ။ ဒါပေမယ့် တစ်ချို့တက္ကသိုလ်တွေကျတော့ ဘွဲ့ရတာနဲ့ အတွေ့အကြုံလည်း မလို Master တန်းတက်လို့ ရတယ်လေ။ ဒီလိုကျတော့ အလုပ်လုပ်သင့်လား စဉ်းစားရတော့မှာပေါ့။

ပြောရရင်တော့ Master မတက်ခင် အလုပ်အရင်လုပ်တာ ပိုကောင်းပါတယ် အနည်းဆုံး တစ်နှစ်လောက်ပေါ့။ ဒါဆို Master တက်တဲ့အခါ အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလိုမှ Theory နဲ့ လက်တွေ့ကို ယှဉ်နိုင်မှာပါ။

Master တန်းမှာက theory ချည်းပဲ သိနေလို့ မဖြစ်ဘူးလေ လက်တွေ့ကိုလည်း သိထားမှ သေချာနားလည်နိုင်တာ မို့လို့ပါ။ ဒါပေမယ့် တစ်ခုရှိတာက အလုပ်လုပ်တယ်ဆိုရင်လည်း လေ့လာတာတော့ မပြတ်စေနဲ့ပေါ့။ လုံးဝအဆက်ပြတ် သွားရင်တော့ မကောင်းဘူးလေ။ နည်းနည်းချင်းလေ့လာနေမှ အဆက်မပြတ်ဖြစ်နေမှ Theory သင်တဲ့အခါ လက်တွေ့နဲ့ ပြန်ချိတ်ဆက်နိုင်မှာပေါ့။ လက်တွေ့ကိုလုပ်နေလည်း theory ကိုမမေ့ပါစေနဲ့နော်။

Master ဆိုတာက အချိန်ရော၊ ငွေရော၊ ခွန်အားပါ အများကြီး ရင်းနှီးမြုပ်နှံရတာမို့ မတက်ခင် သေချာစဉ်းစားသင့်ပါတယ်နော်။ Master ဘာကြောင့်တက်မှာလဲ၊ တက်ပြီးတော့ ဘာအခွင့်အရေးတွေ ရှိလာမှာလဲ၊ Master ရပြီး ဘာဆက်လုပ်မှာလဲ၊ Master တကယ်တက်ဖို့ လိုလား၊ ကြုံရမယ့် အခက်အခဲ တွေကိုရော တကယ်ရင်ဆိုင်နိုင်ပါ့မလား လက်မလျှော့ဘဲနဲ့လေ။

တစ်ဝက်လောက်ရောက်မှ ပင်ပန်းလိုက်တာ မရတော့ဘူးဆိုပြီး လက်လျှော့လိုက်ရင် နစ်နာမှာက ကိုယ်တိုင်ပါပဲ ရင်းနှီးထားသမျှ အချိန်တွေ ငွေတွေ အကုန်လုံး အလကားဖြစ်သွားမှာပါ။ ဒါ့ကြောင့် စလိုက်ပြီးရင် အပြီးထိသွားရပါမယ်နော်။ Master မတက်ခင် ဒီမေးခွန်းလေးတွေကို သေချာစဉ်းစားစေချင်ပါတယ်။ ပြီးမှ အလုပ်လုပ်မယ့်အပိုင်းကို သုံးသပ်ပေါ့။ ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက လက်မလျှော့စတမ်း ကြိုးစားဖို့ပါပဲ။

 

Source: livethedream

Read times Last modified on Tuesday, 04 February 2020 15:12
Rate this articles
(0 votes)