×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 05 April 2019

ကျောင်းသား ၊ ကျောင်းသူများအတွက် Self-Studying မှာလိုအပ်တဲ့ အချက် (၃) ချက်

ကျောင်းသား ၊ ကျောင်းသူများအတွက် Self-Studying မှာလိုအပ်တဲ့ အချက် (၃) ချက် google

လူတိုင်းဟာ မွေးဖွားလာကတည်းက သင်ယူရင်း လုပ်ကိုင်ရင်းနဲ့ ရှင်သန်လာကြရတာ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ် မိမိကိုယ်တိုင် မတွေးတောနိုင်ခင် မဖန်တီးနိုင်သေးခင်မှာ ကျောင်း၊ သင်တန်းများ တက်ရောက်ရင်း ဆရာများရဲ့လမ်းညွှန်ပြသမှုနဲ့  ပညာယူကြရပါတယ်။

ထိုနည်းတူ မိမိတို့  ရှင်သန်နေသမျှကာလ ပတ်လုံး လေ့လာသင်ယူနေရမှာ ဖြစ်ပါတယ်။

မိမိဘာသာ လေ့လာသင်ယူခြင်း Self Studying ဟာ လူတိုင်းလိုအပ်ပါတယ်။

Self-Studying လုပ်တဲ့ အခါမှာ ကိုယ်တိုင် စာအုပ်တွေ ဖတ်တယ်။ လေ့လာတယ်။ လုပ်တယ်ဆိုပြီး မရိုးရှင်းပါဘူး။ တိကျသေချာမှု ရှိဖို့  ၊ မှန်ကန်တဲ့ ရလဒ်ထွက်ဖို့ လိုအပ်ပါတယ်။

ပထမဆုံး မိမိဘာသာ လေ့လာတဲ့ ဘာသာရပ် နည်းလမ်းကို

Act - စမ်းသပ်လုပ်ဆောင်ကြည့်ပါ။

- မိမိဘယ်လောက် အထိ တက်မြောက်တယ်ဆိုတာ သိနိုင်ဖို့  မိမိဘာသာ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။

- ဥပမာ Program တစ်ခုကို ကိုယ်တိုင်ဖန်တီးပြီး Run ကြည့်ပါ။

Reflect - ပြန်ဆန်းစစ်ကြည့်ပါ။

- ပြီးသွားတဲ့ Program ကို ဘာတွေ လိုအပ်ချက်တွေ ရှိနေသလဲ ၊ ဘာတွေမှားနေသလဲ ၊ ဘယ်လိုပြုပြင်မလဲ ၊ ဒီထက် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုပါတယ်။

- တခြားသူကိုလည်း မိမိ လုပ်ခဲ့တဲ့ Program ကို ပြပြီး ဝေဖန်အကြံဥာဏ်တောင်းတာ လုပ်သင့်ပါတယ်။

Apply - အသုံးချပါ။

ရရှိထားတဲ့ အတွေ့ အကြုံ ၊ စမ်းသပ်လုပ်ဆောင်ချက်တွေ ၊ အကြံပြုချက်တွေကို လေ့လာပြီး ထပ်ခါ ထပ်ခါ လုပ်ဆောင်ဖို့ လိုပါတယ်။ အသုံးချဖို့ လိုပါတယ်။

Source: mcc

Read times Last modified on Monday, 17 February 2020 16:11
Rate this articles
(0 votes)