အလုပ်တွေမအားလို့ ပဲဖြစ်ဖြစ်၊ ကျောင်းကမအားလို့ ပဲဖြစ်ဖြစ်၊ သင်တန်းတွေမတက်ချင်လို့ ပဲ ဖြစ်ဖြစ်
အိမ်ကနေ အင်္ဂလိပ်စာလေ့လာချင်သူများအတွက် အင်္ဂလိပ်စာကို လွယ်လွယ်ကူကူနဲ့ အမြန်ဆုံး ဘယ်လိုလေ့လာမလဲဆိုတာကို အောက်ပါအချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ပထမ ၇ ရက်
(၁) Myanmar to English dictionary တစ်အုပ်ဒေါင်းပါ ဖုန်းထဲထည့်ထားပါ။
(၂) မိုးလင်းမိုးချုပ် မျက်စိရှေ့ မြင်မြင်သမျှ အရာဝထ္ထုတိုင်း အင်္ဂလိပ်လို ဘယ်လိုခေါ်လဲစဉ်းစားပါ။ မသိပါက Dictionary ထဲရှာပြီး အလွတ်ကျတ်ပါ။
ဒုတိယ ၇ ရက်
(၁) ကားစီးရင်း လမ်းလျှောက်ရင်း မြင်မြင်သမျှ ဆိုင်းဘုတ် အင်္ဂလိပ်လို ဘာသာပြန်ကြည့်ပါ။
တတိယ ၇ ရက်
(၁) English Subtitle နဲ့ ဇတ်လမ်း၊ ဒါမှမဟုတ် ကာတွန်းကားတစ်ကား စကြည့်ပါ။ ဇာတ်လမ်းကြည့်တဲ့အခါ English စာတန်းပြောင်းကြည့်ဖို့ မမေ့ပါနဲ့ ။ ပြောလိုက်တဲ့ စကားနဲ့ အောက်က ရေးထားတဲ့စာ pause လုပ်ပြီး တွဲဖတ်ပါ ။ ပြီးရင်လိုက်ပြောကြည့်ပါ။
စတုတ္ထ ၇ ရက်
(၁) Facebook မှာ တပတ်လုံးလုံး တင်ချင်သမျှ ပို့စ်တွေ ခံစားချက်တွေ အင်္ဂလိပ်လို တင်ကြည့်ပါ။
(၂) ကြည့်နေတဲ့ ကားထဲက စကားလုံးလေးတွေ ကြိုက်ရင် ပြန်တင်ပါ။ မကျေနပ်လို့ ဘယ်သူမျက်စိနောက်နောက် အားရပါးရတင်ပါ။
ပထမလ ပြီးပါပြီ။
#ဒုတိယလ
ပထမ ၇ရက်
(၁) နိုင်ငံခြားသား/သူ အနည်းဆုံး ၃ ယောက် သွားအက်ပါ။ msg ပို့ပါ။ English စာလေ့လာနေကြောင်း ပြောပါ။ စကားစမြည် ပြောတဲ့ အကျင့်လုပ်ပါ။
ဒုတိယ ၇ ရက်
(၁) ဝါသနာတူ သူငယ်ချင်း ၃ ယောက်ရှာပါ။ အချင်းချင်း အင်္ဂလိပ်လို နာမည်တွေပေးပြီး ။ ဖုန်းပြောတိုင်း အင်္ဂလိပ်လို ပြောကြည့်ပါ။ သိပ်မကျွမ်းကျင်သေးရင် မြန်မာလို တဝက် အင်္ဂလိပ်လို တဝက်ပြောပါ။ ဇာတ်လမ်းတွဲတွေ ထဲက ဖိလစ်ပိုင်တွေ ပြောပါတယ်။ ပြောဖို့အဓိက ပြောသာပြောပါ။
တတိယ ၇ ရက်
(၁) Google သွားပါ။ life quotes လို့ ရိုက်ရှာပြီး image ကိုသွားပါ။ ပုံနဲ့ တွဲထားတဲ့ ဆောင်ပုဒ် စာတိုလေးတွေ လိုက်ဖတ်ပါ။ မသိတာတွေ ပါလာရင် Dictionary ဖွင့်ဖို့ မပျင်းပါနဲ့ ။
စတုတ္ထ ၇ ရက်
(၁) Google သွားပါ။ English Short Stories လို့ ရိုက်ရှာပါ။ ပုံပြင် အတိုလေးတွေ စဖတ်ပါ။
(၂)စာအုပ် အဟောင်းတွေရောင်းတဲ့ စာအုပ်တန်းသွားပါ။ Reader's Digest လို အင်္ဂလိပ်စာအုပ် လေးတွေ အင်္ဂလိပ် မဂ္ဂဇင်း စာအုပ် အဟောင်းတွေ ဝယ်ပါ။ ခေါင်းစဉ်တွေချည်း ဖတ်ပါ။
ဒုတိယလ ပြီးပါပြီ။
#တတိယလ
(၁) ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါး ဖြစ် ဖြစ်၊ ဝတ္ထု ဖြစ်ဖြစ်ဖတ်ပါ။ လူငယ်တွေအနေနဲ့ဆို အင်္ဂလိပ် စာအုပ် သီးသန့် ရောင်းတဲ့ အရောင်းပြပွဲတွေသွားပါ။ အဲ့ဒီမှာ လူငယ်တွေသာမက လူကြီးတွေကြားပါ Hit ဖြစ်တဲ့ Game of Thrones ၊ marvel comic ၊ DC comic ၊ Star wars (ကျွန်တော်ကြိုက်တဲ့စာအုပ်တွေပါ) အစရှိသဖြင့် ကိုယ့်ကို စိတ်ဝင်စားနိုင်မှုပေးနိုင်မယ့် စာအုပ်တွေဝယ်ဖတ်လိုက်ပါ။
Ref; Mya Kyar Nyo
ဒီထက်ပိုပြီး အင်္ဂလိပ်ဘာသာစကား ကို ကျွမ်းကျင်ချင်ရင်တော့ sayar.com.mm တွင် တစ်ဦးချင်းသင်ကြားပေးသောဆရာ၊ဆရာမများကို ဆက်သွယ်လိုက်ပါ။