×

Warning

JUser: :_load: Unable to load user with ID: 723


Student

Friday, 04 August 2017

စာမေးပွဲကို စိုးရိမ်စိတ် ကင်းကင်းနဲ့ဖြေကြမယ်

စာမေးပွဲကို စိုးရိမ်စိတ် ကင်းကင်းနဲ့ဖြေကြမယ် google.com

စာမေးပွဲဖြေခါနီးပြီဆိုရင် စိုးရိမ်စိတ်ကတော့ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။

 စာမေးပွဲနဲ့ပက်သက်ပြီး စိုးရိမ်စိတ်မထားပဲ အကောင်းဆုံးဖြေနိုင်အောင် သိထားသင့်တဲ့အချက်လေးတွေမျှဝေပေး လိုက်ပါတယ်။

 

၁ - စိုးရိမ်စိတ်တွေများနေတာလား

စာမေးပွဲဖြေဆိုဖို့ စာမရသေးဘူးဆိုပြီး အရမ်းကြီးစိုးရိမ်စိတ်မထားပါနဲ့။ သင်ယူမှတ်သားရမှာတွေကို လုံလုံလောက်လောက်သင်ယူ လေ့ကျင့်ခဲ့တယ်၊ မှတ်သားလေ့ကျင့်ရမှာတွေကိုလည်း သေချာမှတ်သား ခဲ့တယ်ဆိုတာ ပြန်လည်သတိရပါ။ ဖြေဆိုဖို့ကလည်း တစ်လလောက်လိုသေးတယ်ဆိုတော့ စာကျက်ချိန် ပြန်လည်လေ့ကျင့်ချန်ကလည်း အလုံအလောက်ကျန်သေးတယ်ဆိုတာ မမေ့ပါနဲ့။

၂ - မဖြေခင်ည

နောက်တစ်နေ့ စာမေးပွဲဖြေရတော့မယ့်ဆိုရင် ဒီနေ့လိုညဘက်တွေမှာ အသည်းအသန် လေ့လာနေတာ တွေဟာ စိုးရိမ်စိတ်ကို မြင့်တက်နေစေမှာ ဖြစ်ပါတယ်။ လေ့လာနေရင်း မေ့တာမျိုးကြုံလာပြီဆိုရင်တော့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး ခေါင်းတွေက ဘာမှစဉ်းစားမရအောင် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ပုံမှန်စာလေ့လာနေတဲ့အတိုင်းပဲ လေ့လာပါ။ စာမေးပွဲဆိုတာကြီးကို ခေါင်းထဲအရမ်း မထည့်ထားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။ ဒါမှလည်းခေါင်းက ကြည်နေပြီးတော့ ကျက်မှတ်သမျှ မှတ်မိနေ မှာပါ။

 

READ -ကျောင်းသားများ စာလုပ်တဲ့အခါ နားချိန်ရအောင် ပြုလုပ်သင့်တဲ့ အချက်များ

 

၃ - အစီစဉ်တကျ

သင့်ရဲ့ မှတ်စုစာအုပ်တွေ၊ ဘာသာရပ်အတွက် အရေးကြီးဆုံးစာအုပ်တွေ စတာတွေကို အစီစဉ်တကျ ထားရမှာပါ။  အနားနီးမှ အစီစဉ်တကျမရှိတာကြောင့် အသည်းအသန်ပြန်လုပ်နေရတဲ့အခါ သင့်စိုးရိမ်စိတ်တွေက မြင့်တက်လာမှာ ဖြစ်ပါတယ်။ စာလေ့လာနေချိန်မှာ သင်လိုအပ်တာတွေ အကုန်လုံးကို အစီစဉ်တကျ ထားရင် အကောင်းဆုံးပါပဲ။ အစီစဉ်တကျမရှိတဲ့ အလေ့အကျင့်ကြောင့် စာမေးပွဲမှ မဟုတ်ဘဲ တခြားကိစ္စတွေမှာပါ စိုးရိမ်မှုက မြင့်တက်စေနိုင်တာပါ။

 

၎ - အမြင်ကျယ်ပါ

စာမေးပွဲက သင့်ဘဝမဟုတ်ပါဘူး။ သင် အစမ်းဖြေကြည့်ခဲ့တဲ့ စာမေးပွဲတွေက အခြေအနေကောင်းတယ်၊ စာလည်း လုပ်ထားတယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာမရှိပါဘူး။ စာမေးပွဲဆိုတာ ဘဝမဟုတ်ပါဘူး။ စာမေးပွဲထက် ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ သင့်မှာ ရှိလာဦးမှာပါ။ ရုန်းထွက်စရာလမ်းမရှိတော့ဘူးလို့ ထင်ရလောက်တဲ့ အခြေအနေတွေကို ကြုံလာရဦးမှာပါ။ စာမေးပွဲဆိုတာကို ဘဝကြီးတစ်ခုလိုတော့ မတွေးပါနဲ့။

 

၅ - သီချင်းနားထောင်ခြင်းနဲ့ လှုပ်ရှားမှု

စာမေးပွဲကို စိုးရိမ်မှုကြီးတဲ့အခါ ခေါင်းတွေနောက်တာ၊ ပါးစပ်တွေခြောက်တာ၊ ချွေးစေးတွေထွက်တာ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ငြိမ်မနေဘဲ တစ်ခုခုနဲ့ ဖြေဖျောက်သင့်ပါတယ်။ အပြင်ထွက်လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ စက်ဘီးထွက်စီးတာ စတာတွေက သင့်စိုးရိမ်စိတ်ကို ပျောက်ကင်းစေပါတယ်။

 

READ- အချိန်ကြာကြာ စာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်

 

Source; duwun

Read times Last modified on Saturday, 14 March 2020 10:45
Rate this articles
(1 Vote)