×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 27 August 2019

IELTS/TOEFL ဖြေလိုက်တာနဲ့  Scholarship ရပြီလား?

IELTS/TOEFL ဖြေလိုက်တာနဲ့  Scholarship ရပြီလား? google.com

ဒီမေးခွန်းဟာ အမေးများပြီး နိုင်ငံတကာပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားတော်တော်များများလည်း သိချင်ကြတဲ့ မေးခွန်းတစ်ခုပါ။

IELTS/TOEFL ဖြေလိုက်တာနဲ့ Scholarship ရပြီလားပေါ့။

Scholarship ဆိုတဲ့နေရာမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေက တိုက်ရိုက်ပေးတဲ့ scholarship တွေရှိသလို scholarship အဖွဲ့ အစည်းတွေကနေ ပေးတဲ့ scholarship တွေရှိပါတယ်။

ကျောင်းတွေက တိုက်ရိုက်ပေးတဲ့ Scholarship တွေဆိုလျှင်တော့ အဲ့ဒီ ကျောင်း၊ တက္ကသိုလ်ကို တိုက်ရိုက် လျှောက်ထားရတာဖြစ်ပြီး အဲ့ဒီကျောင်းက တောင်းဆိုထားတဲ့ အချက်အလက်တွေကို အကုန်တင်ပြရတာ ဖြစ်ပါတယ်။ အဲ့ဒီ တောင်းဆိုတဲ့အချက်အလက်တွေထဲမှာ English စာ ကျွမ်းကျင်ကြောင်းကို ပြသဖို့  အတွက် English Proficiency Test တစ်ခုဖြေဆိုထားတဲ့ အချက်အလက်ကို ပြရပါတယ်။

အဲ့ဒီ English Proficiency ကို IELTS/TOEFL ဖြေထားတဲ့အမှတ်တွေ ပြလို့ ရပါတယ်။ ဘာဖြစ်လို့ English Proficiency ကို စစ်ဆေးလဲဆိုတော့ စာသင်မှာက English လိုသင်မှာဖြစ်တဲ့အတွက် English စာကို ကျွမ်းကျင်နေဖို့  လိုပါတယ်။

 

Scholarship အဖွဲ့ အစည်းဆိုတာကတော့ scholarship ပေးတာတွေကို စီမံပေးတဲ့ အဖွဲ့ အစည်းတွေ ဖြစ်ပါတယ်။

သူတို့ ဆီမှာ အလှူငွေတွေရှိတယ်၊ပြီးတော့ ကျောင်းတွေနဲ့ ချိတ်ဆက်ထားတာတွေရှိတယ်။ သူတို့ က ကျောင်းသားတွေကို ရွေးချယ်ပေးပြီး ချိတ်ထားတဲ့ ကျောင်းတွေမှာ ထားပေးတယ်။

ကျောင်းတွေ ဖက်က အဲ့ဒီအဖွဲ့ အစည်းတွေက လာတဲ့ ကျောင်းသားတွေကို အသင့်လက်ခံရုံပဲ။ ဘာမှ စစ်ဆေးစရာမလို တော့ဘူး။

အဲ့ဒီအတွက် အဲ့ဒီ scholarship အဖွဲ့ အစည်းတွေကလည်း scholarship လျှောက်တဲ့ သူတွေ ရဲ့ အရည်အချင်းတွေကို စစ်ဆေးကြတယ်။

အဲ့ဒီလို စစ်ဆေးတဲ့အခါမှာလည်း English Proficiency ကို စစ်ဆေးပါတယ်။ အဲ့ဒီမှာလည်း IELTS/TOEFL အမှတ်ကို ပြလို့ ရပါတယ်။

တစ်ခါက Scholarship အဖွဲ့ အစည်းက တာဝန်ရှိသူတစ်ယောက်နဲ့ စကားပြောဖူးပါတယ်။ အဲ့ဒီမှာ IELTS/TOEFL အမှတ်က ဘယ်လောက်အရေးကြီးလဲဆိုတာကို မေးဖြစ်တယ်။

Read More >>> "တစ်ကိုယ်တည်း အင်္ဂလိပ် စကားပြော လေ့လာနိုင်တဲ့ နည်းလမ်း (၈) သွယ်"

သူပြောတာကတော့ “IELTS/TOEFL ဖြေထားတဲ့ကျောင်းသား တစ်ယောက်ဟာ သူ ဒီ scholarship ကိုဘယ်လောက်လိုချင်လဲ ဆိုတဲ့ စိတ်ကို ပြသရာရောက်ပါတယ်တဲ့။

IELTS/TOEFL ဖြေဖို့  တော်တော် ကြိုးစားရပါတယ်။ အဲ့ဒီလို ကြိုးစားချင်စိတ်ရှိတဲ့ ကျောင်းသားဟာ ဒီ scholarship ကို ရလိုစိတ် ပြင်းထန် တာကို ပြပါတယ်တဲ့။

နောက်တစ်ခုကတော့ ဒီ ကျောင်းသားကို scholarship ပေးလိုက်လို့ သူ တက္ကသိုလ်၊ ကျောင်းတတ်ရတော့မယ်ဆိုလျှင် သူ ကျောင်းမှာ စာကြိုးစားရတော့မှာပါ။

IELTS/TOEFL ကိုတောင် ကြိုးစားပြီး မဖြေထားတဲ့ ကျောင်းသား တစ်ယောက်ဟာ scholarship ရသွားလျှင်လည်း အဲ့ဒီကျောင်း၊ တက္ကသိုလ်မှာ ကြိုးစားမှာမဟုတ်ဘူးလို့ ယူဆပါတယ်တဲ့။

အဲ့ဒီအတွက် scholarship ကျောင်းသားတွေ ရွေးချယ်တဲ့နေရာမှာ IELTS/TOEFL ဖြေထားလား ဆိုတာကို အရေးကြီးတဲ့အချက်တစ်ခု အနေနဲ့  ထည့်သွင်းစဉ်းစားတယ်လို့ ပြောပါတယ်”

 

ကဲ… အပေါ်က မေးခွန်းကို ပြန်ဖြေပါ့မယ်။ IELTS/TOEFL ဖြေထားလျှင် scholarship ရဖို့ သေချာပြီလား။

အဖြေကတော့ IELTS/TOEFL ဖြေထားရုံနဲ့ scholarship ရဖို့ မသေချာသေးပါဘူး။

တခြား လိုအပ်တဲ့အချက်တွေရှိပါသေးတယ်။ ဥပမာ အထက်တန်းကျောင်းတုန်းက ရမှတ်တွေ၊ volunteer လုပ်ငန်းတွေလုပ်ထားဖူးလား၊ လုပ်ငန်းအတွေ့ အကြုံ၊ ကျောင်းတတ်ခဲ့တုန်းက ဆရာတွေရဲ့ ထောက်ခံစာ၊ schoarlship interview ရလဒ် အဲ့ဒီအချက်တွေ ပေါ်လည်းမူတည်ပါသေးတယ်။

ဒါပေမယ့် IELTS/TOEFL ဖြေထားလျှင်တော့ scholarship ရဖို့ အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ အထောက်အပံ့ဖြစ်ပါတယ်လို့  အကြံပေးပါရစေ။

Read More >>> "စာမေးပွဲအတွက်ပြင်ဆင်ချိန်မှာ မမေ့သင့်တဲ့ အချက် (၉) ချက်"

 

Sources : Learn English Today

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 14:43
Rate this articles
(0 votes)